Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

ရန္ကုန္ ေျမာက္ပိုင္းခရိုင္ ၈ ၿမိဳ႕နယ္ မဲစာရင္း လူသံုးသိန္း မပါ၀င္

 ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တစ္ခုမွာ မဲစာရင္းစစ္ေနသူတခ်ဳိ႕ကို ေတြ႕ရစဥ္။ Photo: Aung Thain Kha/RFA
 ရန္ကုန္တုိင္းေဒသႀကီး ေျမာက္ပိုင္းခရိုင္ ၈ ၿမိဳ႕နယ္မွာ ထုတ္ျပန္ခဲ့တဲ့ မဲဆႏၵရွင္စာရင္းမွာ ေရႊ႕ေျပာင္းလုပ္သားေတြ က်ဴးေက်ာ္ေနထုိင္သူေတြ ၃သိန္းေလာက္ မပါ၀င္ေသးေၾကာင္း ရန္ကုန္ေျမာက္ပိုင္းခရိုင္ ေရြးေကာက္ပဲြ ေကာ္မရွင္ ဥကၠဌ ဦးေအာင္ခိုင္က ေျပာပါတယ္။

အဲဒီလို ေရႊ႕ေျပာင္းေနထိုင္သူေတြက ပံုစံ ၃-က နဲ႔ သက္ဆုိင္ရာ ရပ္ေက်းေကာ္မရွင္ရံုးခဲြေတြဆီကို ေလွ်ာက္ထားရ မွာျဖစ္ေပမယ့္ အခုခ်ိန္ထိ ေလွ်ာက္တဲ့သူနည္းေနေသးတယ္လို႔ ခရိုင္ေကာ္မရွင္ ဥကၠဌ ဦးေအာင္ခိုင္ က ေျပာ ပါတယ္။

"လူေတြက စိတ္မဝင္စားဘူးေလ၊ မဲေပးဖို႔စိတ္မဝင္စားဘူး၊ ၃-က နဲ႔ ေလွ်ာက္တယ္ဆိုတာက သူတို႔က လက္လုပ္လက္စားနဲ႔ ေန႔လုပ္ေန႔စား ညလုပ္ညစား သြားေနၾကတဲ့သူေတြေလ၊ အဲေတာ့ စေန တနဂၤေႏြ အတြင္းမွာလည္း သူတို႔မရွိဘူးဆိုေတာ့ သူတို႔ရဲ႕မဲစာရင္းလည္း လာမၾကည့္ႏိုင္ဘူး၊ မဲေပးဖို႔လည္း သူတို႔မွာစိတ္ဝင္စားမႈ သိပ္မရွိၾကဘူး၊ အဲေတာ့ လာၿပီးျပင္တဲ့လူအေရအတြက္က တအားနည္းတာေပါ့၊ တစ္ခရိုင္လံုး မဲေပးခြင့္ရွိတဲ့လူဆိုရင္ ခုလက္ရွိထုတ္ျပန္တာ ၁၃ သိန္းေက်ာ္ရွိတယ္၊ သူတို႔ပါမွ ၁၅ သိန္း ပတ္ဝန္းက်င္ ၁၆ သိန္းျဖစ္သြားမယ္၊ သူတို႔မပါရင္ ၁၃ သိန္းေက်ာ္ေက်ာ္ေလာက္နဲ႔ ျဖစ္သြားမွာေပါ့ေနာ္"

ရန္ကုန္ေျမာက္ပိုင္းခရိုင္အတြင္းမွာ လႈိင္သာယာ၊ ေရႊျပည္သာ၊ ထန္းတပင္၊ အင္းစိန္၊ မဂၤလာဒံု၊ တုိက္ၾကီး၊ ေမွာ္ဘီ၊ လွည္းကူး စတဲ့ ၿမိဳ႔နယ္ ၈ ၿမိဳ႔နယ္ပါ၀င္ၿပီး အဲဒီၿမိဳ႔နယ္ ၈ခုမွာ ၂ပတ္ၾကာထုတ္ျပန္ခဲ့တဲ့ မဲေပးခြင့္ ရွိသူစာရင္းမွာ ၁ ဒသမ ၃သန္းေက်ာ္ရွိတယ္လို႔ သိရပါတယ္။

အဲဒီၿမိဳ ႔နယ္ ၈ၿမိဳ႕နယ္ထဲက လႈိင္သာယာၿမိဳ႕နယ္မွာဆိုရင္ စက္ရံု၊ အလုပ္ရံုေတြမ်ားတာေၾကာင့္ ေရႊ႕ေျပာင္း လုပ္သားေတြ၊ က်ဴးေက်ာ္ေနထိုင္သူေတြ ၂သိန္းနီးပါးေလာက္ရွိတယ္လို႔ သိရပါတယ္။

ေရႊ႕ေျပာင္းလုပ္သားေတြ၊ က်ဴးေက်ာ္ေနထိုင္သူေတြမွာ ပံုစံ ၆၆/၆ လို႔ေခၚတဲ့ အိမ္ေထာင္စုစာရင္းမရွိတာေၾကာင့္ မဲေပးခြင့္ရွိသူစာရင္းမွာ နာမည္ေတြမပါခဲ့ဘဲ ရက္ေပါင္း ၁၈၀ ေနထိုင္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးေတြရဲ့ ေထာက္ခံစာနဲ႔ အတူ ပံုစံ ၃-ကမွာ ျဖည့္စြက္ေလွ်ာက္ထားမွသာ ႏုိ၀င္ဘာလ ၈ရက္ေန႔ ေရြးေကာက္ပဲြေန႔မတုိင္ခင္ တစ္ပတ္အလို မွာ ထုတ္ျပန္မယ့္ မဲေပးခြင့္ရွိသူစာရင္းမွာ ပါ၀င္မွာျဖစ္ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးမွာ လူဦးေရ ၇သန္းေက်ာ္ရွိၿပီး မဲေပးခြင့္ရွိသူ ၅သန္းေက်ာ္ရွိတယ္လို႔ ေကာ္မရွင္ရဲ့ စာရင္းေတြအရ သိရပါတယ္။

ရန္ကုန္တုိင္းေဒသႀကီး လွည္းကူးၿမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္ မယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးၿဖိဳးမင္းသိန္းကို ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းေတြျဖစ္တဲ့ ျပည္ေထာင္စု၀န္ႀကီး ဦးခင္ေမာင္စိုးနဲ႔ ၈ ဦးက အသေရဖ်က္မႈနဲ႔ တရားစြဲဆို သြားမယ္လို႔ ပါတီရဲ့ ေအာင္ႏိုင္ေရးေကာ္မတီ ဥကၠ႒ ဦးလွသန္းက ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
................................

 ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
 ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ၈ မြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ ကျူးကျော်နေထိုင်သူတွေ ၃သိန်းလောက် မပါ၀င်သေးကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်ခိုင်က ပြောပါတယ်။

အဲဒီလို ရွှေ့ပြောင်းနေထိုင်သူတွေက ပုံစံ ၃-က နဲ့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးခွဲတွေဆီကို လျှောက်ထားရ မှာဖြစ်ပေမယ့် အခုချိန်ထိ လျှောက်တဲ့သူနည်းနေသေးတယ်လို့ ခရိုင်ကော်မရှင် ဥက္ကဌ ဦးအောင်ခိုင် က ပြော ပါတယ်။

"လူတွေက စိတ်မဝင်စားဘူးလေ၊ မဲပေးဖို့စိတ်မဝင်စားဘူး၊ ၃-က နဲ့ လျှောက်တယ်ဆိုတာက သူတို့က လက်လုပ်လက်စားနဲ့ နေ့လုပ်နေ့စား ညလုပ်ညစား သွားနေကြတဲ့သူတွေလေ၊ အဲတော့ စနေ တနင်္ဂနွေ အတွင်းမှာလည်း သူတို့မရှိဘူးဆိုတော့ သူတို့ရဲ့မဲစာရင်းလည်း လာမကြည့်နိုင်ဘူး၊ မဲပေးဖို့လည်း သူတို့မှာစိတ်ဝင်စားမှု သိပ်မရှိကြဘူး၊ အဲတော့ လာပြီးပြင်တဲ့လူအရေအတွက်က တအားနည်းတာပေါ့၊ တစ်ခရိုင်လုံး မဲပေးခွင့်ရှိတဲ့လူဆိုရင် ခုလက်ရှိထုတ်ပြန်တာ ၁၃ သိန်းကျော်ရှိတယ်၊ သူတို့ပါမှ ၁၅ သိန်း ပတ်ဝန်းကျင် ၁၆ သိန်းဖြစ်သွားမယ်၊ သူတို့မပါရင် ၁၃ သိန်းကျော်ကျော်လောက်နဲ့ ဖြစ်သွားမှာပေါ့နော်"

ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး စတဲ့ မြို့နယ် ၈ မြို့နယ်ပါ၀င်ပြီး အဲဒီမြို့နယ် ၈ခုမှာ ၂ပတ်ကြာထုတ်ပြန်ခဲ့တဲ့ မဲပေးခွင့် ရှိသူစာရင်းမှာ ၁ ဒသမ ၃သန်းကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီမြို ့နယ် ၈မြို့နယ်ထဲက လှိုင်သာယာမြို့နယ်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတွေများတာကြောင့် ရွှေ့ပြောင်း လုပ်သားတွေ၊ ကျူးကျော်နေထိုင်သူတွေ ၂သိန်းနီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ၊ ကျူးကျော်နေထိုင်သူတွေမှာ ပုံစံ ၆၆/၆ လို့ခေါ်တဲ့ အိမ်ထောင်စုစာရင်းမရှိတာကြောင့် မဲပေးခွင့်ရှိသူစာရင်းမှာ နာမည်တွေမပါခဲ့ဘဲ ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာနဲ့ အတူ ပုံစံ ၃-ကမှာ ဖြည့်စွက်လျှောက်ထားမှသာ နို၀င်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲနေ့မတိုင်ခင် တစ်ပတ်အလို မှာ ထုတ်ပြန်မယ့် မဲပေးခွင့်ရှိသူစာရင်းမှာ ပါ၀င်မှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ရသန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၅သန်းကျော်ရှိတယ်လို့ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင် မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနဲ့ ၈ ဦးက အသရေဖျက်မှုနဲ့ တရားစွဲဆို သွားမယ်လို့ ပါတီရဲ့ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသန်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment