Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

ကုမၸဏီတန္ေၾကး ေပါင္ ၁၁၂ ဘီလီယံနဲ ့Apple က ကမၻာတန္ဖုိးအၾကီးဆုံးကုန္အမွတ္တံဆိပ္ အျဖစ္ ေရြးခ်ယ္ခံရ

Apple ကုမၸဏီရဲ့ အေရာင္းအားကို တြန္းတင္ေပးခဲ့တဲ့ စမတ္နာရီနဲ ့iPhone 6s တုိ ့ထြက္ရွိျပီးေနာက္မွာ Apple ဟာ ကမၻာ့တန္ဖုိးအၾကီးဆုံးကုန္အမွတ္တံဆိပ္အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

Apple ေနာက္မွာ Google က ဒုတိယလုိက္ျပီး Coca Cola က တတိယေနရာ ရယူထားေၾကာင္း ကုန္အမွတ္တံဆိပ္နဲ ့ဒီဇုိင္းအတုိင္ပင္ခံကုမၸဏီ Interbrand က ျပဳစုခဲ့တဲ့ ထိပ္တန္း ကုန္အမွတ္တံဆိပ္ ၁၀၀ စာရင္းအရ သိရပါတယ္။

Apple ဟာ ခန္ ့မွန္းေျခ ကန္ေဒၚလာ ၁၇၀.၂၇၆ ဘီလီယံ တန္ေၾကးနဲ ့ထိပ္ဆုံးေနရာက ဦးေဆာင္ခဲ့တာ ျဖစ္ပါတယ္။

အဆုိပါ ထိပ္တန္း ကုန္အမွတ္တံဆိပ္ ၁၀၀ စာရင္းမွာ လြန္ခဲ့တဲ့ႏွစ္အတြင္း တန္ဖုိးေငြ ၅၄ ရာခုိင္ႏွဳန္း ျမင့္တက္သြားခဲ့တဲ့ Facebook အပါအ၀င္ Microsoft ၊ Samsung စတဲ့ နည္းပညာဆုိင္ရာကုန္အမွတ္တံဆိပ္ ၁၃ ခု ပါ၀င္ကာ ဒီဂ်စ္တယ္ကုမၸဏီေတြက စာရင္းမွာ ၾကီးစုိးေနရာယူထားပါတယ္။

အဆုိပါအဆင့္သတ္မွတ္ခ်က္ဟာ ကုမၸဏီေတြရဲ့ ဘ႑ာေရးစြမ္းေဆာင္ရည္၊ စားသုံးသူအေပၚ အရွိန္အ၀ါလႊမ္းမုိးမွဳ၊ ကုမၸဏီအတြက္ ၀င္ေငြမ်ားမ်ား သို ့မဟုတ္ ေစ်းႏွဳန္းပုိမိုမ်ားမ်ားရယူေပးႏိုင္တဲ့ ကုန္အမွတ္တံဆိပ္ရဲ့စြမ္းအား တုိ ့အေပၚ မူတည္တြက္ခ်က္ခဲ့တာျဖစ္ပါတယ္။

( Ye Wint )

#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com

Ref: Mirror
..................................

Apple ကုမ္ပဏီရဲ့ အရောင်းအားကို တွန်းတင်ပေးခဲ့တဲ့ စမတ်နာရီနဲ ့iPhone 6s တို ့ထွက်ရှိပြီးနောက်မှာ Apple ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုန်အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Apple နောက်မှာ Google က ဒုတိယလိုက်ပြီး Coca Cola က တတိယနေရာ ရယူထားကြောင်း ကုန်အမှတ်တံဆိပ်နဲ ့ဒီဇိုင်းအတိုင်ပင်ခံကုမ္ပဏီ Interbrand က ပြုစုခဲ့တဲ့ ထိပ်တန်း ကုန်အမှတ်တံဆိပ် ၁၀၀ စာရင်းအရ သိရပါတယ်။

Apple ဟာ ခန် ့မှန်းခြေ ကန်ဒေါ်လာ ၁၇၀.၂၇၆ ဘီလီယံ တန်ကြေးနဲ ့ထိပ်ဆုံးနေရာက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ထိပ်တန်း ကုန်အမှတ်တံဆိပ် ၁၀၀ စာရင်းမှာ လွန်ခဲ့တဲ့နှစ်အတွင်း တန်ဖိုးငွေ ၅၄ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တဲ့ Facebook အပါအဝင် Microsoft ၊ Samsung စတဲ့ နည်းပညာဆိုင်ရာကုန်အမှတ်တံဆိပ် ၁၃ ခု ပါ၀င်ကာ ဒီဂျစ်တယ်ကုမ္ပဏီတွေက စာရင်းမှာ ကြီးစိုးနေရာယူထားပါတယ်။

အဆိုပါအဆင့်သတ်မှတ်ချက်ဟာ ကုမ္ပဏီတွေရဲ့ ဘဏ္ဍာရေးစွမ်းဆောင်ရည်၊ စားသုံးသူအပေါ် အရှိန်အဝါလွှမ်းမိုးမှု၊ ကုမ္ပဏီအတွက် ၀င်ငွေများများ သို ့မဟုတ် စျေးနှုန်းပိုမိုများများရယူပေးနိုင်တဲ့ ကုန်အမှတ်တံဆိပ်ရဲ့စွမ်းအား တို ့အပေါ် မူတည်တွက်ချက်ခဲ့တာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror

No comments:

Post a Comment