Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

ျပည္တြင္း ေရႊ႕ေျပာင္းသူမ်ား မဲေပးႏိုင္ခြင့္ ပညာေပးမႈ အားနည္း

မဲစာရင္း လာစစ္ေနသူမ်ား။ 
 ကိုယ့္ရဲ႕ကိုယ္ပိုင္ မဲဆႏၵနယ္ ျပင္ပကို ေရာက္ေနၾကတဲ့ မဲဆႏၵရွင္ေတြ အေနနဲ႔ ကိုယ္ေရာက္ရွိေနတဲ့ ျပည္နယ္၊ တုိင္းေဒသႀကီးအသီးသီးက မဲဆႏၵနယ္ေတြမွာ မဲေပးခြင့္ရဖုိ႔ ပံုစံ (၃-က) ေလွ်ာက္လႊာ တင္ႏုိင္တဲ့ရက္ ဟာ ေအာက္တိုဘာလ ၁၀ရက္ေန႔မွာ စာရင္းပိတ္ေတာ့မွာမို႔အခ်ိန္ ၄ ရက္ပဲ က်န္ပါေတာ့တယ္။ ရန္ကုန္ၿမိဳ႕ အပါအဝင္ ျမန္မာႏုိင္ငံတြင္းက ေနရာအေတာ္မ်ားမ်ားမွာ သိန္းခ်ီတဲ့ ေရႊ႕ေျပာင္းေန ထိုင္သူ ေတြ ဟာ မိမိတို႔ဆႏၵမဲ ေပးပိုင္ခြင့္ရွိတယ္ ဆုိတာကို ျပည္ေထာင္စုေရြးေကာက္ ပြဲေကာ္မရွင္ဘက္က ေရြးေကာက္ပြဲဆုိင္ရာ အသိပညာေပးမႈ အားနည္းေနတယ္လို႔ ေစာင့္ၾကည့္ေလ့လာသူေတြကေျပာပါတယ္။ အေသးစိတ္ မဆုမြန္ တင္ျပေပးထားပါတယ္။

ႏိုဝင္ဘာလ ၈ရက္ေန႔မွာ က်င္းပမွာျဖစ္တဲ့ ၂၀၁၅ ေရြးေကာက္ပြဲအတြက္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ျမန္မာႏုိင္ငံသားေတြ ႏုိင္ငံသား အခြင့္အေရးနဲ႔အညီ မဲေပးႏုိင္ခြင့္ရွိေရး ျမန္မာႏုိင္ငံတြင္း ရက္ေပါင္း(၁၈၀) ေျခာက္လထက္မနည္း မဲဆႏၵနယ္ျပင္ပကိုေရာက္ေနတဲ့ မဲဆႏၵရွင္ေတြအေနနဲ႔ မဲစာရင္းထဲပါဝင္ႏိုင္ေအာင္ ပံုစံ(၃-က) ျဖည့္ၿပီး ေအာက္တိုဘာလ ၁၀ရက္ေန႔ ေနာက္ဆံုး ထား ေလွ်ာက္ ထားၾကဖို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ႏိုးေဆာ္ထားတာပါ။ ဒါေၾကာင့္ ျမန္မာႏုိင္ငံအႏွံ႔က ေရႊ႕ေျပာင္းေနထိုင္ အလုပ္လုပ္ကိုင္ေနသူေတြအတြက္ မဲစာရင္းမွာ အမည္ပါေရး ပံုစံ(၃-က) ျဖည့္ဖို႔ရက္က အခ်ိန္ ၄ရက္ပဲ က်န္ပါေတာ့တယ္။

ဒါေပမဲ့ျပည္ေထာင္စုေရြးေကာက္ပြဲေက္ာမရွင္က ဒီေရႊ႕ေျပာင္းေနထိုင္သူေတြအေပၚ ထိထိေရာက္ေရာက္ အသိပညာေပးႏုိးေဆာ္မႈ လုပ္ေဆာင္ေနတာ အားနည္းလြန္းတယ္လို႔ ဆင္ေျခဖံုးအရပ္ေတြမွာ ေရႊ႕ေျပာင္းေနထိုင္သူေတြကို အဓိက ေရြးေကာက္ပြဲဆုိင္ရာ ပညာေပးလုပ္ငန္းေတြ လုပ္ေနတဲ့ Independent Youth for Change လူငယ္ အဖြဲ႔က ကိုေဆာင္းခက ေျပာပါတယ္။

“တကယ့္ႏိုင္ငံအေျပာင္းအလဲလိုခ်င္တယ္ဆိုရင္ ကိုယ္ကိုတိုင္ မဲေပးခြင့္ရေအာင္ ဒီေလးရက္အတြင္းမွာ ရပ္ကြက္ရံုးေတြမွာ မဲေပးခြင့္ရေအာင္ သြားေရာက္ေလွ်ာက္ ထားသင့္တယ္လို႔ က်ေနာ္ထင္တယ္။ ၁၀ ရက္အတြင္းလုပ္ရမယ့္ကိစၥကို စိတ္၀င္စားမႈ လံုး၀မရွိဘူး။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ရပ္ကြက္ထဲမွာကိုပဲ UEC ကေန လာေအာ္တာက အဲဒီေန႔ တရက္ပဲ လာေအာ္တယ္။ သူက အဲဒီေန႔တရက္ဘဲလာေအာ္ၿပီး ထပ္မလာေတာ့ဘူး။ ၿပီးေတာ့ UEC အေနနဲ႔ လုပ္သင့္တာက ေန႔ရက္တိုင္းကိုဗ်ာ။ လာေအာ္ၿပီးေတာ့ လူထုကို အၿမဲတမ္း alarm လုပ္ေပးရမယ္။ဘာေၾကာင့္လဲဆိုေတာ့ လူေတြက အခုအခ်ိန္မွာ က်ေနာ္တို႔ ေရႊျပည္သာ၊ လိႈင္သာယာေတြမွာ အားလံုးက တေန႔လုပ္မွ တေန႔စားရတဲ့လူေတြမ်ားတယ္ ဆိုေတာ့ အဲဒီဟာကို အာရံုမစိုက္ႏိုင္ဘူး။ ဒီဘက္က UEC ရဲ႕လုပ္ေဆာင္မႈေတြအရမ္းအားနည္းေနတယ္လို႔ က်ေနာ္ျမင္တယ္။”

ျပည္သူေတြအေနနဲ႔ မိမိ အိမ္ေထာင္စုစာရင္း အမည္မေပါက္တဲ့ ေနရာကိုေရာက္ေနတယ္ ဆိုရင္ ကိုယ္ေရာက္ေနတဲ့ မဲဆႏၵနယ္မွာ မဲေပးခြင့္ ရခ်င္တယ္ဆုိရင္ မဲဆႏၵရွင္စာရင္းပါဝင္ႏုိင္ေရး သက္ဆိုင္ရာ ရပ္ကြက္/ေက်းရြာအုပ္စု ေကာ္မရွင္အဖြဲ႔႐ံုးေတြမွာ ပံုစံ (၃-က) ေလွ်ာက္လႊာေတြ ေတာင္းယူၿပီး ဒီလ ၁၀ ရက္ေန႔ ေနာက္ဆံုးထား အခ်ိန္မွီေလွ်ာက္ထားၾကရမွာျဖစ္ပါတယ္။

“တခ်ိဳ႕ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြက ျငင္းလႊတ္တယ္ဗ်ာ။ ဥပမာ က်ေနာ္တို႔ေရႊ႔ျပည္သာ က ရပ္ကြက္ UEC ေကာ္မရွင္ ဥကၠဌအေနနဲ႔ လာၿပီးေတာ့ သူက အဲဒီမွာ ရွိတဲ့လူစာရင္းေတြကို ေကာက္ေပးတဲ့ ေကာက္ေပးၿပီးေတာ့ အဲဒီမွာ တာ၀န္ခံတေယာက္ထားၿပီးေတာ့ ရပ္ကြက္ထဲက ရပ္မိရပ္ဖ သေဘာမ်ိဳးေပါ့၊ ၿပီးေတာ့ နဲနဲႀကီးတဲ့လူကို ပါ၀င္ေပးၿပီးေတာ့ သူကေနၿပီးေတာ့ အဲဒီအစည္းအေ၀းမွာ ရွိတဲ့လူေတြအားလံုးကို စာရင္းလိုက္ေကာက္ၿပီး (၃-က) နဲ႔ျပန္တင္ေပးတာမ်ိဳးရွိတယ္။ အဲလိုမ်ိဳးရပ္ကြက္တိုင္းမွာ လုပ္ႏိုင္ရင္အေကာင္းဆံုးပဲ။ အဲ့လုိကိုလုပ္သင့္တယ္လို႔ က်ေနာ္ထင္တယ္။ ဒီလက္ရွိအေျခအေနအရ။ ျပည္သူက ၀င္ပါမွ၊ ျပည္သူက လုပ္မွရမယ္ဆိုတာမ်ိဳးမဟုတ္ဘဲနဲ႔ UEC ကလုပ္ေပးရင္ အမ်ားႀကီးေကာင္းလိမ့္မယ္လို႔ က်ေနာ္ထင္တယ္။”

 ေရြးေကာက္ပြဲ ေကာ္မရွင္က ၿပီးခဲ့တဲ့ ၾသဂုတ္လကတည္းက ေၾကညာခ်က္ ထုတ္ျပန္ထားတာပါ။ ဒါေပမဲ့လည္းမဲဆႏၵရွင္ျပည္သူေတြၾကားမွာေတာ့ ပံုစံ (၃-က) နဲ႔ ပတ္သက္တဲ့ နားလည္မႈ၊ ဒီေလွ်ာက္လႊာကို ဘယ္လုိ ရယူ ျဖည့္စြက္ၿပီး ဘယ္လို တင္ရမလဲ ဆုိတာကို မသိၾကတဲ့သူေတြ အမ်ားအျပား ရွိေနပါတယ္လို႔ ကိုယ္တုိင္အသိပညာေပးလုိက္လံ ေဆာင္ရြက္ေပးေနတဲ့သူေတြကေျပာပါတယ္။

ျပည္တြင္းမွာ ေရႊ႕ေျပာင္းေနထိုင္လုပ္ကိုင္ေနတဲ့ မဲဆႏၵရွင္ေတြအေနနဲ႔ လည္း ႏိုင္ငံသားအခြင့္အေရးနဲ႔အညီ ဆႏၵမဲေပးပိုင္ခြင့္ ရွ္ိတယ္ ဆုိတာ ကို ေရြးေကာက္ပြဲ ဆုိင္ရာ အသိ အားနည္းေနပါတယ္လို႔ ကိုယ့္အသိစိတ္ဓာတ္နဲ႔ ကိုယ္ ေစတနာ့ ဝန္ထမ္းအေနနဲ႔ ေရြးေကာက္ပြဲ ပညာေပးလုပ္ငန္း လုိက္လံ ေဆာင္ရြက္ေပးေနတဲ့ လူငယ္ေတြက ေျပာပါတယ္။ ဆင္ေျခဖံုး ရပ္ကြက္ေတြကို ကိုယ္တုိင္အသိပညာေပးလုိက္လံ ေဆာင္ရြက္ေပးေနတဲ့ မေရႊဆက္က-

“ေရြ႕ေျပာင္းေတြအတြက္က က်မတို႔က အဓိက မဲစာရင္းစစ္ေပးဖို႔ပဲေပါ့။ မဲစာရင္း သြားစစ္ဖို႔ရယ္ ေျပာင္းလာတာ ဘယ္ေလာက္ၾကာၿပီလဲေပါ့ေနာ္။ ၆ လျပည့္ၿပီဆိုရင္ မဲစာရင္းသြားစစ္ၿပီးေတာ့ မပါလို႔ရွိရင္ေတာ့ ပံုစံေတြသြားယူၿပီးျဖည့္ဖို႔ အဲဒါမ်ိဳးေတြ တိုက္တြန္းခဲ့တာပါပဲ။ အမ်ားစုကေတာ့ ေစ်းေရာင္းၾကတယ္။ အဲဒီနားမွာ ၿပီးသြားေတာ့ စက္ရံုေတြ၊ အလုပ္ရံုေတြေပါ့ေနာ္။ အဲလိုမ်ိဳးေတြရွိတယ္။ မဲစာရင္း သြားမစစ္ျဖစ္ဘူးေပါ့ေနာ္။ သြားစစ္ဖို႔အခ်ိန္မေပးဘူးေပါ့ေနာ္။ သိပ္ၿပီးေတာ့ နည္း မလည္ သေဘာမေပါက္ဘူး၊ ဒါေပမယ့္ေျပာျပရင္ေတာ့ နားေထာင္တယ္။”

ျမန္မာႏုိင္ငံအႏွံ႔အျပားက ေရႊ႕ေျပာင္း ေနထိုင္ အလုပ္လုပ္ၾက သူေတြၾကား ေရြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ မဲဆႏၵရွင္ အသိပညာေပးမႈေတြ နည္းပါးလြန္းတာေၾကာင့္ မဲဆႏၵရွင္ေတြ အေနနဲ႔ မဲေပးခြင့္ ဆံုး႐ံႈးရမယ့္ အေျခအေနမွာ ရွိေနတာပါ။ ရန္ကုန္၊ မႏၱေလးလို ၿမိဳ႕ႀကီးေတြက စက္မႈလုပ္ငန္းဇုံေတြ ကခ်င္ျပည္နယ္ ဖားကန္႔ေဒသလို အစုလိုက္အျပံဳလိုက္ အလုပ္ေရႊ႕ေျပာင္း လုပ္ကိုင္သူေတြ သိန္းခ်ီရွိေနတဲ့ ဒီဆႏၵမဲေပး ခြင့္ရွိတဲ့ျပည္သူေတြ အတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဘက္က ထိေရာက္ တဲ့ေဆာင္ရြက္ျခင္း မရွိဘူးလို႔လည္း ေရြးေကာက္ပြဲ ေလ့လာ ေစာင့္ၾကည့္ သူေတြက ေ၀ဖန္ေျပာဆိုေနၾကပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............................................

မဲစာရင်း လာစစ်နေသူများ။
 ကိုယ့်ရဲ့ကိုယ်ပိုင် မဲဆန္ဒနယ် ပြင်ပကို ရောက်နေကြတဲ့ မဲဆန္ဒရှင်တွေ အနေနဲ့ ကိုယ်ရောက်ရှိနေတဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးက မဲဆန္ဒနယ်တွေမှာ မဲပေးခွင့်ရဖို့ ပုံစံ (၃-က) လျှောက်လွှာ တင်နိုင်တဲ့ရက် ဟာ အောက်တိုဘာလ ၁၀ရက်နေ့မှာ စာရင်းပိတ်တော့မှာမို့အချိန် ၄ ရက်ပဲ ကျန်ပါတော့တယ်။ ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံတွင်းက နေရာအတော်များများမှာ သိန်းချီတဲ့ ရွှေ့ပြောင်းနေ ထိုင်သူ တွေ ဟာ မိမိတို့ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတယ် ဆိုတာကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု အားနည်းနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားတွေ နိုင်ငံသား အခွင့်အရေးနဲ့အညီ မဲပေးနိုင်ခွင့်ရှိရေး မြန်မာနိုင်ငံတွင်း ရက်ပေါင်း(၁၈၀) ခြောက်လထက်မနည်း မဲဆန္ဒနယ်ပြင်ပကိုရောက်နေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းထဲပါဝင်နိုင်အောင် ပုံစံ(၃-က) ဖြည့်ပြီး အောက်တိုဘာလ ၁၀ရက်နေ့ နောက်ဆုံး ထား လျှောက် ထားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုးဆော်ထားတာပါ။ ဒါကြောင့် မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်နေသူတွေအတွက် မဲစာရင်းမှာ အမည်ပါရေး ပုံစံ(၃-က) ဖြည့်ဖို့ရက်က အချိန် ၄ရက်ပဲ ကျန်ပါတော့တယ်။

ဒါပေမဲ့ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်က ဒီရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ထိထိရောက်ရောက် အသိပညာပေးနိုးဆော်မှု လုပ်ဆောင်နေတာ အားနည်းလွန်းတယ်လို့ ဆင်ခြေဖုံးအရပ်တွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အဓိက ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းတွေ လုပ်နေတဲ့ Independent Youth for Change လူငယ် အဖွဲ့က ကိုဆောင်းခက ပြောပါတယ်။

“တကယ့်နိုင်ငံအပြောင်းအလဲလိုချင်တယ်ဆိုရင် ကိုယ်ကိုတိုင် မဲပေးခွင့်ရအောင် ဒီလေးရက်အတွင်းမှာ ရပ်ကွက်ရုံးတွေမှာ မဲပေးခွင့်ရအောင် သွားရောက်လျှောက် ထားသင့်တယ်လို့ ကျနော်ထင်တယ်။ ၁၀ ရက်အတွင်းလုပ်ရမယ့်ကိစ္စကို စိတ်ဝင်စားမှု လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရပ်ကွက်ထဲမှာကိုပဲ UEC ကနေ လာအော်တာက အဲဒီနေ့ တရက်ပဲ လာအော်တယ်။ သူက အဲဒီနေ့တရက်ဘဲလာအော်ပြီး ထပ်မလာတော့ဘူး။ ပြီးတော့ UEC အနေနဲ့ လုပ်သင့်တာက နေ့ရက်တိုင်းကိုဗျာ။ လာအော်ပြီးတော့ လူထုကို အမြဲတမ်း alarm လုပ်ပေးရမယ်။ဘာကြောင့်လဲဆိုတော့ လူတွေက အခုအချိန်မှာ ကျနော်တို့ ရွှေပြည်သာ၊ လှိုင်သာယာတွေမှာ အားလုံးက တနေ့လုပ်မှ တနေ့စားရတဲ့လူတွေများတယ် ဆိုတော့ အဲဒီဟာကို အာရုံမစိုက်နိုင်ဘူး။ ဒီဘက်က UEC ရဲ့လုပ်ဆောင်မှုတွေအရမ်းအားနည်းနေတယ်လို့ ကျနော်မြင်တယ်။”

ပြည်သူတွေအနေနဲ့ မိမိ အိမ်ထောင်စုစာရင်း အမည်မပေါက်တဲ့ နေရာကိုရောက်နေတယ် ဆိုရင် ကိုယ်ရောက်နေတဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့် ရချင်တယ်ဆိုရင် မဲဆန္ဒရှင်စာရင်းပါဝင်နိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ရုံးတွေမှာ ပုံစံ (၃-က) လျှောက်လွှာတွေ တောင်းယူပြီး ဒီလ ၁၀ ရက်နေ့ နောက်ဆုံးထား အချိန်မှီလျှောက်ထားကြရမှာဖြစ်ပါတယ်။

“တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ငြင်းလွှတ်တယ်ဗျာ။ ဥပမာ ကျနော်တို့ရွှေ့ပြည်သာ က ရပ်ကွက် UEC ကော်မရှင် ဥက္ကဌအနေနဲ့ လာပြီးတော့ သူက အဲဒီမှာ ရှိတဲ့လူစာရင်းတွေကို ကောက်ပေးတဲ့ ကောက်ပေးပြီးတော့ အဲဒီမှာ တာဝန်ခံတယောက်ထားပြီးတော့ ရပ်ကွက်ထဲက ရပ်မိရပ်ဖ သဘောမျိုးပေါ့၊ ပြီးတော့ နဲနဲကြီးတဲ့လူကို ပါ၀င်ပေးပြီးတော့ သူကနေပြီးတော့ အဲဒီအစည်းအဝေးမှာ ရှိတဲ့လူတွေအားလုံးကို စာရင်းလိုက်ကောက်ပြီး (၃-က) နဲ့ပြန်တင်ပေးတာမျိုးရှိတယ်။ အဲလိုမျိုးရပ်ကွက်တိုင်းမှာ လုပ်နိုင်ရင်အကောင်းဆုံးပဲ။ အဲ့လိုကိုလုပ်သင့်တယ်လို့ ကျနော်ထင်တယ်။ ဒီလက်ရှိအခြေအနေအရ။ ပြည်သူက ၀င်ပါမှ၊ ပြည်သူက လုပ်မှရမယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ UEC ကလုပ်ပေးရင် အများကြီးကောင်းလိမ့်မယ်လို့ ကျနော်ထင်တယ်။”

 ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ကြေညာချက် ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့လည်းမဲဆန္ဒရှင်ပြည်သူတွေကြားမှာတော့ ပုံစံ (၃-က) နဲ့ ပတ်သက်တဲ့ နားလည်မှု၊ ဒီလျှောက်လွှာကို ဘယ်လို ရယူ ဖြည့်စွက်ပြီး ဘယ်လို တင်ရမလဲ ဆိုတာကို မသိကြတဲ့သူတွေ အများအပြား ရှိနေပါတယ်လို့ ကိုယ်တိုင်အသိပညာပေးလိုက်လံ ဆောင်ရွက်ပေးနေတဲ့သူတွေကပြောပါတယ်။

ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်နေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ လည်း နိုင်ငံသားအခွင့်အရေးနဲ့အညီ ဆန္ဒမဲပေးပိုင်ခွင့် ရှ်ိတယ် ဆိုတာ ကို ရွေးကောက်ပွဲ ဆိုင်ရာ အသိ အားနည်းနေပါတယ်လို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် စေတနာ့ ဝန်ထမ်းအနေနဲ့ ရွေးကောက်ပွဲ ပညာပေးလုပ်ငန်း လိုက်လံ ဆောင်ရွက်ပေးနေတဲ့ လူငယ်တွေက ပြောပါတယ်။ ဆင်ခြေဖုံး ရပ်ကွက်တွေကို ကိုယ်တိုင်အသိပညာပေးလိုက်လံ ဆောင်ရွက်ပေးနေတဲ့ မရွှေဆက်က-

“ရွေ့ပြောင်းတွေအတွက်က ကျမတို့က အဓိက မဲစာရင်းစစ်ပေးဖို့ပဲပေါ့။ မဲစာရင်း သွားစစ်ဖို့ရယ် ပြောင်းလာတာ ဘယ်လောက်ကြာပြီလဲပေါ့နော်။ ၆ လပြည့်ပြီဆိုရင် မဲစာရင်းသွားစစ်ပြီးတော့ မပါလို့ရှိရင်တော့ ပုံစံတွေသွားယူပြီးဖြည့်ဖို့ အဲဒါမျိုးတွေ တိုက်တွန်းခဲ့တာပါပဲ။ အများစုကတော့ စျေးရောင်းကြတယ်။ အဲဒီနားမှာ ပြီးသွားတော့ စက်ရုံတွေ၊ အလုပ်ရုံတွေပေါ့နော်။ အဲလိုမျိုးတွေရှိတယ်။ မဲစာရင်း သွားမစစ်ဖြစ်ဘူးပေါ့နော်။ သွားစစ်ဖို့အချိန်မပေးဘူးပေါ့နော်။ သိပ်ပြီးတော့ နည်း မလည် သဘောမပေါက်ဘူး၊ ဒါပေမယ့်ပြောပြရင်တော့ နားထောင်တယ်။”

မြန်မာနိုင်ငံအနှံ့အပြားက ရွှေ့ပြောင်း နေထိုင် အလုပ်လုပ်ကြ သူတွေကြား ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆန္ဒရှင် အသိပညာပေးမှုတွေ နည်းပါးလွန်းတာကြောင့် မဲဆန္ဒရှင်တွေ အနေနဲ့ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေမှာ ရှိနေတာပါ။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက စက်မှုလုပ်ငန်းဇုံတွေ ကချင်ပြည်နယ် ဖားကန့်ဒေသလို အစုလိုက်အပြုံလိုက် အလုပ်ရွှေ့ပြောင်း လုပ်ကိုင်သူတွေ သိန်းချီရှိနေတဲ့ ဒီဆန္ဒမဲပေး ခွင့်ရှိတဲ့ပြည်သူတွေ အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က ထိရောက် တဲ့ဆောင်ရွက်ခြင်း မရှိဘူးလို့လည်း ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့် သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment