Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

အထူးရဲမ်ား ျဗဴးျဗဴးၿဗဲၿဗဲလုပ္မွာလား


ရန္ကုန္၊ ေအာက္တိုဘာ ၂၇ ­

 တခ်ိဳ႕က ဆံပင္နီေၾကာင္ၾကား၊ အခ်ိဳ႕က ေဆးမင္ ေၾကာင္ေတြနဲ႔ လူအခ်ိဳ႕ပါ ဝင္တဲ့ လူတန္းရွည္ႀကီးဟာ ေအး စက္စက္ၾကမ္းျပင္ေပၚမွာ ထိုင္ေနၾက ပါတယ္။

ႏြမ္းပါးတဲ့ပံုစံရွိေပမဲ့ သူတို႔ရဲ႕ မ်က္လံုးနဲ႔ မ်က္ႏွာသြင္ျပင္ဟာ မထီမဲ့ျမင္ပံုစံေတြနဲ႔ ေဟာင္ဖြာဖြာ စကားေျပာေနတာေၾကာင့္ ရဲတပ္ ဖြဲ႕ယူနီေဖာင္းဝတ္ထားသူေတြက လိုက္သတိေပးေနပါတယ္။

သူတို႔က ႏိုဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲေန႔မွာ မဲ႐ံုတစ္႐ံုကို တစ္ေယာက္ႏႈန္းနဲ႔ ေစာင့္ၾကည့္ မယ့္ အထူးရဲေတြပါ။ ရန္ကုန္တိုင္းအတြင္း ၄၅ ၿမိဳ႕နယ္က အထူးရဲအျဖစ္ ေလွ်ာက္ထားသူေတြ ကို ရန္ကုန္တိုင္းေဒသႀကီး သုဝဏၰကြင္းမွာ ေရြးခ်ယ္တာျဖစ္ပါတယ္။

'ျပည္သူျပည္သားေတြ ေအးခ်မ္းသာယာလံုၿခံဳစြာေနထိုင္ႏိုင္ ေရးအတြက္ ရပ္ကြက္တစ္ကြက္မွာ အထူးရဲတစ္ေယာက္စီထားဖို႔စီစဥ္ေဆာင္ရြက္တာဆိုၿပီးတကယ္တမ္းေတာ့ အာဏာအျပည့္ေပး လိုက္ သလိုျဖစ္ေနတယ္˘လို႔ရန္ကုန္တိုင္းေဒသႀကီးက ေရြေကာက္ပြဲေစာင့္ၾကည့္ေလ့လာေနတဲ့ ကိုေက်ာ္ေဌးက သူ႔အျမင္ေျပာပါတယ္။

ေရြးေကာက္ပြဲအထူးရဲအျဖစ္ခန္႔အပ္ခံရသူဟာ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ ၁၅ ရက္ေန႔ကေန ႏိုဝင္ဘာ ၁၃ ရက္ေန႔အထိ တစ္လၾကာတာဝန္ထမ္းေဆာင္ရမွာ ျဖစ္တယ္။ တစ္လကို အေျခခံ လစာ က်ပ္ ၁၂၀,ဝ၀ဝ နဲ႔ ေန႔တြက္စရိတ္အျဖစ္ တစ္ရက္ကို က်ပ္ ၁၀ဝ၀ ခံစားခြင့္နဲ႔ေပါင္းရင္ တစ္လကို က်ပ္ ၁၅၀,ဝ၀ဝ ခံစားခြင့္ရွိမယ္။ လစာေငြကို ၁၅ ရက္တစ္ႀကိမ္ႏႈန္း ထုတ္ေပးမွာျဖစ္ တယ္လို႔ ေၾကညာထားပါတယ္။

ဘာေတြသင္ေပးေနသလဲ

တစ္ႏိုင္ငံလံုးမွာ မဲ႐ံုလံုၿခံဳေရးအတြက္ ခန္႔ထားတဲ့အရပ္သားအထူးရဲ ၄၀,၃၀၄ ဦးေက်ာ္ရွိၿပီး ေအာက္တိုဘာ ၂၁ ရက္ေန႔ကေန ၃၁ ရက္ေန႔အထိ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕က ေလ့က်င့္သင္ ၾကားေပးေနပါတယ္။
ျပည္ၿမိဳ႕နယ္က လယ္သမားေရးလႈပ္ရွားသူ ဦးေအးျမင့္က 'ဒီ နယ္ေျမမွာကေတာ့ နီးစပ္ရာကို ေခၚ ခန္႔ထားတာေတြ႕ရတယ္၊ အထူးရဲရဲ႕လုပ္ပိုင္ခြင့္ကို အမ်ားျပည္ သူသိေအာင္ထုတ္ျပန္ေပးတာလဲ မေတြ႕ဘူး၊ အခုသူတို႔ကို လက္ေဝွ႔ ထိုးတာေတြသင္ေပးေနတယ္˘ လို႔ သူျမင္ေတြ႕ခဲ့တာကို ေျပာပါ တယ္။

ေရြးေကာက္ပြဲက်င္းပမယ့္ေန႔အတြက္ အထူးရဲတပ္ဖြဲ႕ဝင္ ၄၀, ဝ၀ဝ ေက်ာ္ကို ခန္႔အပ္ဖို႔ေၾကညာ ထားေပမဲ့ ဘယ္လိုခန္႔အပ္မယ္၊ ဘယ္ေနရာေတြမွာ တာဝန္ထမ္း ေဆာင္ေစမယ္၊ သူတို႔ရဲ႕လုပ္ပိုင္ ခြင့္အာဏာက ဘယ္အတိုင္းအတာအထိရွိမယ္ဆိုတာေတြ မရွင္းလင္းတာေၾကာင့္ စိုးရိမ္မႈေတြကို ျဖစ္ေပၚေစတယ္လို႔ ေရြးေကာက္ပြဲေလ့လာေစာင့္ၾကည့္မယ့္ အေမရိကန္အေျခစိုက္ ကာတာစင္တာ က အစီရင္ခံစာထုတ္ျပန္ထားပါတယ္။

ေရြးေကာက္ပြဲကာလအတြင္း မဲ႐ံုတစ္႐ံုကို အထူးရဲတပ္ဖြဲ႕ဝင္တစ္ဦးႏႈန္း ခ်ထားေပးမွာျဖစ္ၿပီး အဲ သည့္မဲ႐ုံအတြင္း ရဲဝန္ထမ္းေတြ စည္းကမ္းေဖာက္ဖ်က္ရင္ ရဲစည္းကမ္းဥပေဒအရ အေရးယူမွာျဖစ္ ၿပီး မဲလာေရာက္ေပးသူေတြအေနနဲ႔ ေက်နပ္မႈမရွိရင္ အဲသည္မဲ႐ံုအတြင္းက လံုၿခံဳေရး၊ ေစ့စပ္ညႇိႏိႈင္း ေရးအဖြဲ႕နဲ႔ ေလ့လာေစာင့္ၾကည့္ ေရးအဖြဲ႕ေတြကို တိုင္ၾကားႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

အထူးရဲေတြဟာ ေရြးေကာက္ပြဲက်င္းပတဲ့ေန႔မွာ မဲ႐ံုျပင္ပမလွမ္းမကမ္းမွာသာ လံုၿခံဳေရးယူရမယ္ လို႔ ေျပာဆိုေနေပမဲ့တိက်တဲ့ အကြာအေဝးအတိုင္းအတာ သတ္မွတ္ခ်က္ေတြမေတြ႕ရတဲ့အတြက္ ႏိုင္ငံေရးပါတီေတြနဲ႔ ေလ့လာေစာင့္ၾကည့္သူေတြ စိုးရိမ္ပူပန္ေနၾကပါတယ္။
'လာမယ့္ေရြးေကာက္ပြဲမွာ လြတ္လပ္စြာမဲေပးခြင့္ျပဳထားတယ္၊ ဘယ္ပါတီကို မဲေပးပါလို႔ မေျပာဘူး၊ လြတ္လပ္စြာ ကိုယ့္ဆႏၵရွိသလို မဲေပးႏိုင္တယ္˘ လို႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ ဒုတိယတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီးဝင္းဗိုလ္က ေျပာပါတယ္။

စပါယ္ရွယ္ပူးလစ္

အထူးရဲတပ္ဖြဲ႕ကဝတ္စံုက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝတ္စံုအတိုင္း အက်ႌမီးခိုးေရာင္ ေဘာင္းဘီနက္ျပာ ေရာင္ျဖစ္တယ္။ လက္ေမာင္းတံဆိပ္ အထက္နားမွာ Special Police ဆိုတဲ့အနက္ေရာင္စာတမ္း အခံုးကို အျဖဴေရာင္ေအာက္ခံ၊ ပခံုးေဒါက္ကြဲျပားေစဖို႔ အနီေရာင္ပခံုးေဒါက္မွာ ကန္႔လန္႔အျဖဴလိုင္း ပါၿပီး လွ်ာထိုးဦးထုပ္ နက္ျပာေရာင္နဲ႔ ခါးပတ္၊ ဖိနပ္မွာအျပာေရာင္ကင္းဘတ္ဖိနပ္ကို ဝတ္ဆင္ရမွာ ျဖစ္ပါတယ္။

အထူးရဲေတြက တာဝန္နဲ႔ ဝတၱရား ၁၂ ခ်က္ကို ထမ္းေဆာင္ရမွာ ျဖစ္တယ္လို႔ သတ္မွတ္ ထားပါတယ္။
အထူးရဲေတြကို ဥပေဒလုပ္ထံုးလုပ္နည္းနဲ႔အညီေရးခ်ယ္ထားရာ မွာ ဘြဲ႕ရရွိသူ ေလး ရာခိုင္ႏႈန္း၊ ၁၀ တန္းေအာင္ျမင္သူ ကိုး ရာခိုင္ႏႈန္း၊ အထက္တန္းအဆင့္ေအာင္ျမင္သူ ၆၀ ရာခိုင္ႏႈန္း၊ အ လယ္တန္းအ ဆင့္ေအာင္ျမင္သူ ၇၀ ရာခိုင္ႏႈန္းပါဝင္ပါတယ္။

အထူးရဲတပ္ဖြဲ႕မွာ ဗမာလူမ်ိဳး ၃၁၇၇၇ ဦး ၊ ကခ်င္လူမ်ိဳး ၄၀ဝ ဦး၊ ကယားလူမ်ိဳး ၆၂ ဦး၊ ကရင္လူမ်ိဳး ၁၂၀၇ ဦး၊ ခ်င္းလူမ်ိဳး ၁၀၃၈ ဦး၊ မြန္ လူမ်ိဳး ၂၆၉ ဦး၊ ရခိုင္လူမ်ိဳး ၂၅, ၅၇၇ ဦး၊ ရွမ္းလူမ်ိဳး ၁၁၃၉ ဦးနဲ႔ အ ျခားတိုင္းရင္းသား ၁၅၆၅ ဦးပါဝင္တယ္လို႔ ျပည္သူ႔ရဲတပ္ဖြဲ႕ က ထုတ္ျပန္ထားပါတယ္။

လုပ္ငန္းတာဝန္နဲ႔ ဝတၱရားမ်ား

၁။ အထူးရဲဟာ မိမိရဲ႕တာဝန္နဲ႔ ဝတၱရားေတြကို ရဲတပ္ဖြဲ႕ဝင္ေတြနည္းတူ အၿမဲတေစ ေန႔၊ ည မျခား တာဝန္ခ်ထားတဲ့ေနရာေဒသမွာ ထမ္းေဆာင္ရမည္။
၂။ အထူးရဲတိုင္း မိမိအား အမိန္႔ေပးပိုင္ခြင့္ရွိတဲ့ ရဲအရာရွိက တရားဥပေဒနဲ႔အညီ ထုတ္ဆင့္တဲ့ အမိန္႔ေတြကို လ်င္ျမန္စြာ လိုက္နာေဆာင္ရြက္ရမည္။
၃။ ျပည္သူၿငိမ္ဝပ္ပိျပားေရးကို ထိခိုက္ေစမယ့္ သတင္းေတြကို စုေဆာင္းအစီရင္ခံစာရမည္။
၄။ အမ်ားျပည္သူတို႔ သြားလာရာ လမ္းေပၚမွာ ယာဥ္အသြားအလာကို ၾကပ္မတ္တာနဲ႔ လမ္း ေတြေပၚမွာ တားဆီးပိတ္ဆို႔ေနတဲ့ အရာေတြကို ဖယ္ရွားေပးရမည္။
၅။ အမ်ားျပည္သူ ဝင္/ထြက္သြားလာတဲ့ေနရာေတြမွာလည္းေကာင္း၊ အမ်ားျပည္သူတို႔သြားေရာက္ ေပ်ာ္ရႊင္ရာေနရာမွာ လည္းေကာင္း၊ ပြဲလမ္းသဘင္ေတြမွာလည္းေကာင္း၊ ဣေျႏၵေစာင့္စည္းမႈကို ထိန္းသိမ္းေစာင့္ေရွာက္ေပးရမည္။
၆။ အထူးရဲေတြဟာ မိမိတို႔ေရွ႕ေမွာက္မွာ အာမခံမေပးႏိုင္တဲ့၊ ရဲအေရးယူပိုင္ခြင့္ရွိတဲ့ ျပစ္မႈ တစ္ စံုတစ္ရာ က်ဴးလြန္သူ သို႔မဟုတ္ ျပစ္မႈက်ဴးလြန္ေၾကာင္းေၾကညာခံထားရသူတစ္ဦးဦးကို တားဆီး ထိန္းသိမ္းျခင္းမွအပ က်န္အေျခအေနေတြမွာ တစ္ဦးတစ္ေယာက္ကို တားဆီးထိန္းသိမ္းျခင္း မျပဳ ရ။ ယင္းကဲ့သို႔ ထိန္းသိမ္းထားသူကို အေၾကာင္းမဲ့ၾကန္႔ၾကာျခင္းမရွိဘဲ ရဲအရာရွိတစ္ဦးထံပို႔ အပ္ရ မည္။
၇။ မည္သည့္ေဘးအႏၱရာယ္မဆို က်ေရာက္တဲ့သတင္းရရွိသည့္အခါ မိမိရဲ႕ အထက္အရာရွိထံ ခ်က္ခ်င္းအစီရင္ခံရမယ့္အျပင္ အသက္နဲ႔ပစၥည္းကို ကာကြယ္ေစာင့္ေရွာက္ရာမွာ ရဲတပ္ဖြဲ႕ဝင္ေတြ နဲ႔အတူ ကူညီျခင္း၊ ျပည္သူပိုင္ပစၥည္းမဆံုး႐ံႈးဖို႔ သို႔မဟုတ္ မပ်က္စီးဖို႔ ကာကြယ္ ေစာင့္ေရွာက္ရ မည္။
၈။ မည္သည့္အထူးရဲမဆို ျပည္သူေတြကို ယဥ္ေက်းသိမ္ေမြ႕စြာ ေျပာဆိုဆက္ဆံရမည္။ တတ္ ႏိုင္သမွ် ကူညီေစာင့္ေရွာက္ရမည္။
၉။ အထူးရဲေတြဟာ ေရြးေကာက္ပြဲကာလ မဲ႐ံုေတြမွာ တာဝန္ခ်ထားစဥ္ မဲ႐ံုမွဴးရဲ႕ ခြင့္ျပဳခ်က္နဲ႔ ဝင္ေရာက္ျခင္းမွအပ မဲ႐ံုအတြင္းကို ဝင္ေရာက္ျခင္းမျပဳရ။
၁၀။ အထူးရဲေတြဟာ မဲ႐ံုေတြမွာ တာဝန္ခ်ထားစဥ္ လက္နက္၊ ခဲယမ္း တစ္စံုတစ္ရာ ကိုင္ ေဆာင္ျခင္း မျပဳရ။
၁၁။ အထူးရဲေတြဟာ မဲ႐ံုအတြင္း ထူးျခားျဖစ္စဥ္ ျဖစ္ပ်က္ေနမႈသတင္းေတြ၊ လံုၿခံဳေရးရဲတပ္ဖြဲ႕ ဝင္ေတြ လာေရာက္ေဆာင္ရြက္ဖို႔လိုအပ္တဲ့ အေျခအေနသတင္းေတြကို အနီး ဆံုးႀကီးၾကပ္သူရဲအ ရာရွိထံ ေဆာလ်င္စြာ သတင္းပို႔ရမည္။
၁၂။ အထူးရဲေတြဟာ အထက္ပါတာဝန္နဲ႔ ဝတၱရားေတြအေပၚ ေကာင္းမြန္စြာေဆာင္ရြက္ျခင္း ရွိ/ မရွိကို တာဝန္ရွိရဲအရာရွိေတြရဲ႕ စစ္ေဆးၾကပ္မတ္မႈကို ခံယူရမည္။

author ေမစုၾကည္
photo စစ္ထက္ေအာင္
(ယေန ့ထုတ္ ေမာ္ဒန္ဂ်ာနယ္မွ)
Kumudra
https://www.facebook.com/newsKumudra
...............


ရန်ကုန်၊ အောက်တိုဘာ ၂၇ ­

 တချို့က ဆံပင်နီကြောင်ကြား၊ အချို့က ဆေးမင် ကြောင်တွေနဲ့ လူအချို့ပါ ဝင်တဲ့ လူတန်းရှည်ကြီးဟာ အေး စက်စက်ကြမ်းပြင်ပေါ်မှာ ထိုင်နေကြ ပါတယ်။

နွမ်းပါးတဲ့ပုံစံရှိပေမဲ့ သူတို့ရဲ့ မျက်လုံးနဲ့ မျက်နှာသွင်ပြင်ဟာ မထီမဲ့မြင်ပုံစံတွေနဲ့ ဟောင်ဖွာဖွာ စကားပြောနေတာကြောင့် ရဲတပ် ဖွဲ့ယူနီဖောင်းဝတ်ထားသူတွေက လိုက်သတိပေးနေပါတယ်။

သူတို့က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ မဲရုံတစ်ရုံကို တစ်ယောက်နှုန်းနဲ့ စောင့်ကြည့် မယ့် အထူးရဲတွေပါ။ ရန်ကုန်တိုင်းအတွင်း ၄၅ မြို့နယ်က အထူးရဲအဖြစ် လျှောက်ထားသူတွေ ကို ရန်ကုန်တိုင်းဒေသကြီး သုဝဏ္ဏကွင်းမှာ ရွေးချယ်တာဖြစ်ပါတယ်။

'ပြည်သူပြည်သားတွေ အေးချမ်းသာယာလုံခြုံစွာနေထိုင်နိုင် ရေးအတွက် ရပ်ကွက်တစ်ကွက်မှာ အထူးရဲတစ်ယောက်စီထားဖို့စီစဉ်ဆောင်ရွက်တာဆိုပြီးတကယ်တမ်းတော့ အာဏာအပြည့်ပေး လိုက် သလိုဖြစ်နေတယ်˘လို့ရန်ကုန်တိုင်းဒေသကြီးက ရွေကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့ ကိုကျော်ဌေးက သူ့အမြင်ပြောပါတယ်။

ရွေးကောက်ပွဲအထူးရဲအဖြစ်ခန့်အပ်ခံရသူဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ တစ်လကြာတာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။ တစ်လကို အခြေခံ လစာ ကျပ် ၁၂၀,ဝဝဝ နဲ့ နေ့တွက်စရိတ်အဖြစ် တစ်ရက်ကို ကျပ် ၁၀ဝဝ ခံစားခွင့်နဲ့ပေါင်းရင် တစ်လကို ကျပ် ၁၅၀,ဝဝဝ ခံစားခွင့်ရှိမယ်။ လစာငွေကို ၁၅ ရက်တစ်ကြိမ်နှုန်း ထုတ်ပေးမှာဖြစ် တယ်လို့ ကြေညာထားပါတယ်။

ဘာတွေသင်ပေးနေသလဲ

တစ်နိုင်ငံလုံးမှာ မဲရုံလုံခြံုရေးအတွက် ခန့်ထားတဲ့အရပ်သားအထူးရဲ ၄၀,၃၀၄ ဦးကျော်ရှိပြီး အောက်တိုဘာ ၂၁ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က လေ့ကျင့်သင် ကြားပေးနေပါတယ်။
ပြည်မြို့နယ်က လယ်သမားရေးလှုပ်ရှားသူ ဦးအေးမြင့်က 'ဒီ နယ်မြေမှာကတော့ နီးစပ်ရာကို ခေါ် ခန့်ထားတာတွေ့ရတယ်၊ အထူးရဲရဲ့လုပ်ပိုင်ခွင့်ကို အများပြည် သူသိအောင်ထုတ်ပြန်ပေးတာလဲ မတွေ့ဘူး၊ အခုသူတို့ကို လက်ဝှေ့ ထိုးတာတွေသင်ပေးနေတယ်˘ လို့ သူမြင်တွေ့ခဲ့တာကို ပြောပါ တယ်။

ရွေးကောက်ပွဲကျင်းပမယ့်နေ့အတွက် အထူးရဲတပ်ဖွဲ့ဝင် ၄၀, ဝဝဝ ကျော်ကို ခန့်အပ်ဖို့ကြေညာ ထားပေမဲ့ ဘယ်လိုခန့်အပ်မယ်၊ ဘယ်နေရာတွေမှာ တာဝန်ထမ်း ဆောင်စေမယ်၊ သူတို့ရဲ့လုပ်ပိုင် ခွင့်အာဏာက ဘယ်အတိုင်းအတာအထိရှိမယ်ဆိုတာတွေ မရှင်းလင်းတာကြောင့် စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မယ့် အမေရိကန်အခြေစိုက် ကာတာစင်တာ က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကာလအတွင်း မဲရုံတစ်ရုံကို အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်း ချထားပေးမှာဖြစ်ပြီး အဲ သည့်မဲရုံအတွင်း ရဲဝန်ထမ်းတွေ စည်းကမ်းဖောက်ဖျက်ရင် ရဲစည်းကမ်းဥပဒေအရ အရေးယူမှာဖြစ် ပြီး မဲလာရောက်ပေးသူတွေအနေနဲ့ ကျေနပ်မှုမရှိရင် အဲသည်မဲရုံအတွင်းက လုံခြံုရေး၊ စေ့စပ်ညှိနှိုင်း ရေးအဖွဲ့နဲ့ လေ့လာစောင့်ကြည့် ရေးအဖွဲ့တွေကို တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အထူးရဲတွေဟာ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံပြင်ပမလှမ်းမကမ်းမှာသာ လုံခြံုရေးယူရမယ် လို့ ပြောဆိုနေပေမဲ့တိကျတဲ့ အကွာအဝေးအတိုင်းအတာ သတ်မှတ်ချက်တွေမတွေ့ရတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
'လာမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်စွာမဲပေးခွင့်ပြုထားတယ်၊ ဘယ်ပါတီကို မဲပေးပါလို့ မပြောဘူး၊ လွတ်လပ်စွာ ကိုယ့်ဆန္ဒရှိသလို မဲပေးနိုင်တယ်˘ လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောပါတယ်။

စပါယ်ရှယ်ပူးလစ်

အထူးရဲတပ်ဖွဲ့ကဝတ်စုံက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝတ်စုံအတိုင်း အကျႌမီးခိုးရောင် ဘောင်းဘီနက်ပြာ ရောင်ဖြစ်တယ်။ လက်မောင်းတံဆိပ် အထက်နားမှာ Special Police ဆိုတဲ့အနက်ရောင်စာတမ်း အခုံးကို အဖြူရောင်အောက်ခံ၊ ပခုံးဒေါက်ကွဲပြားစေဖို့ အနီရောင်ပခုံးဒေါက်မှာ ကန့်လန့်အဖြူလိုင်း ပါပြီး လျှာထိုးဦးထုပ် နက်ပြာရောင်နဲ့ ခါးပတ်၊ ဖိနပ်မှာအပြာရောင်ကင်းဘတ်ဖိနပ်ကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

အထူးရဲတွေက တာဝန်နဲ့ ဝတ္တရား ၁၂ ချက်ကို ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သတ်မှတ် ထားပါတယ်။
အထူးရဲတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီရေးချယ်ထားရာ မှာ ဘွဲ့ရရှိသူ လေး ရာခိုင်နှုန်း၊ ၁၀ တန်းအောင်မြင်သူ ကိုး ရာခိုင်နှုန်း၊ အထက်တန်းအဆင့်အောင်မြင်သူ ၆၀ ရာခိုင်နှုန်း၊ အ လယ်တန်းအ ဆင့်အောင်မြင်သူ ရ၀ ရာခိုင်နှုန်းပါဝင်ပါတယ်။

အထူးရဲတပ်ဖွဲ့မှာ ဗမာလူမျိုး ၃၁၇၇၇ ဦး ၊ ကချင်လူမျိုး ၄၀ဝ ဦး၊ ကယားလူမျိုး ၆၂ ဦး၊ ကရင်လူမျိုး ၁၂၀၇ ဦး၊ ချင်းလူမျိုး ၁၀၃၈ ဦး၊ မွန် လူမျိုး ၂၆၉ ဦး၊ ရခိုင်လူမျိုး ၂၅, ၅၇၇ ဦး၊ ရှမ်းလူမျိုး ၁၁၃၉ ဦးနဲ့ အ ခြားတိုင်းရင်းသား ၁၅၆၅ ဦးပါဝင်တယ်လို့ ပြည်သူ့ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

လုပ်ငန်းတာဝန်နဲ့ ဝတ္တရားများ

၁။ အထူးရဲဟာ မိမိရဲ့တာဝန်နဲ့ ဝတ္တရားတွေကို ရဲတပ်ဖွဲ့ဝင်တွေနည်းတူ အမြဲတစေ နေ့၊ ည မခြား တာဝန်ချထားတဲ့နေရာဒေသမှာ ထမ်းဆောင်ရမည်။
၂။ အထူးရဲတိုင်း မိမိအား အမိန့်ပေးပိုင်ခွင့်ရှိတဲ့ ရဲအရာရှိက တရားဥပဒေနဲ့အညီ ထုတ်ဆင့်တဲ့ အမိန့်တွေကို လျင်မြန်စွာ လိုက်နာဆောင်ရွက်ရမည်။
၃။ ပြည်သူငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမယ့် သတင်းတွေကို စုဆောင်းအစီရင်ခံစာရမည်။
၄။ အများပြည်သူတို့ သွားလာရာ လမ်းပေါ်မှာ ယာဉ်အသွားအလာကို ကြပ်မတ်တာနဲ့ လမ်း တွေပေါ်မှာ တားဆီးပိတ်ဆို့နေတဲ့ အရာတွေကို ဖယ်ရှားပေးရမည်။
၅။ အများပြည်သူ ဝင်/ထွက်သွားလာတဲ့နေရာတွေမှာလည်းကောင်း၊ အများပြည်သူတို့သွားရောက် ပျော်ရွှင်ရာနေရာမှာ လည်းကောင်း၊ ပွဲလမ်းသဘင်တွေမှာလည်းကောင်း၊ ဣန္ဒြေစောင့်စည်းမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးရမည်။
၆။ အထူးရဲတွေဟာ မိမိတို့ရှေ့မှောက်မှာ အာမခံမပေးနိုင်တဲ့၊ ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှု တစ် စုံတစ်ရာ ကျူးလွန်သူ သို့မဟုတ် ပြစ်မှုကျူးလွန်ကြောင်းကြေညာခံထားရသူတစ်ဦးဦးကို တားဆီး ထိန်းသိမ်းခြင်းမှအပ ကျန်အခြေအနေတွေမှာ တစ်ဦးတစ်ယောက်ကို တားဆီးထိန်းသိမ်းခြင်း မပြု ရ။ ယင်းကဲ့သို့ ထိန်းသိမ်းထားသူကို အကြောင်းမဲ့ကြန့်ကြာခြင်းမရှိဘဲ ရဲအရာရှိတစ်ဦးထံပို့ အပ်ရ မည်။
၇။ မည်သည့်ဘေးအန္တရာယ်မဆို ကျရောက်တဲ့သတင်းရရှိသည့်အခါ မိမိရဲ့ အထက်အရာရှိထံ ချက်ချင်းအစီရင်ခံရမယ့်အပြင် အသက်နဲ့ပစ္စည်းကို ကာကွယ်စောင့်ရှောက်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေ နဲ့အတူ ကူညီခြင်း၊ ပြည်သူပိုင်ပစ္စည်းမဆုံးရှုံးဖို့ သို့မဟုတ် မပျက်စီးဖို့ ကာကွယ် စောင့်ရှောက်ရ မည်။
၈။ မည်သည့်အထူးရဲမဆို ပြည်သူတွေကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံရမည်။ တတ် နိုင်သမျှ ကူညီစောင့်ရှောက်ရမည်။
၉။ အထူးရဲတွေဟာ ရွေးကောက်ပွဲကာလ မဲရုံတွေမှာ တာဝန်ချထားစဉ် မဲရုံမှူးရဲ့ ခွင့်ပြုချက်နဲ့ ဝင်ရောက်ခြင်းမှအပ မဲရုံအတွင်းကို ဝင်ရောက်ခြင်းမပြုရ။
၁၀။ အထူးရဲတွေဟာ မဲရုံတွေမှာ တာဝန်ချထားစဉ် လက်နက်၊ ခဲယမ်း တစ်စုံတစ်ရာ ကိုင် ဆောင်ခြင်း မပြုရ။
၁၁။ အထူးရဲတွေဟာ မဲရုံအတွင်း ထူးခြားဖြစ်စဉ် ဖြစ်ပျက်နေမှုသတင်းတွေ၊ လုံခြံုရေးရဲတပ်ဖွဲ့ ဝင်တွေ လာရောက်ဆောင်ရွက်ဖို့လိုအပ်တဲ့ အခြေအနေသတင်းတွေကို အနီး ဆုံးကြီးကြပ်သူရဲအ ရာရှိထံ ဆောလျင်စွာ သတင်းပို့ရမည်။
၁၂။ အထူးရဲတွေဟာ အထက်ပါတာဝန်နဲ့ ဝတ္တရားတွေအပေါ် ကောင်းမွန်စွာဆောင်ရွက်ခြင်း ရှိ/ မရှိကို တာဝန်ရှိရဲအရာရှိတွေရဲ့ စစ်ဆေးကြပ်မတ်မှုကို ခံယူရမည်။

author မေစုကြည်
photo စစ်ထက်အောင်
(ယနေ ့ထုတ် မော်ဒန်ဂျာနယ်မှ)
Kumudra
https://www.facebook.com/newsKumudra

No comments:

Post a Comment