Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

ထိုင္းဖြဲ႔စည္းပံုသစ္ ေရးဆဲြဖို႔ ခံု႐ံုးသစ္ အစိုးရေရြးခ်ယ္


 ၂၀၁၇ ခုႏွစ္ေလာက္က်မွ ေရြးေကာက္ပြဲကို အေစာဆုံး က်င္းပႏိုင္မယ့္ ဖြဲ႔စည္းပုံအေျခခံဥပေဒ မူၾကမ္းကို ထုိင္းစစ္အစိုးရက ပယ္ခ်ခဲ့ၿပီးေနာက္ ဖြဲ႔စည္းပုံ အေျခခံဥပေဒ အသစ္တခုေရးဆြဲဖို႔ ေကာ္မတီတရပ္ကို တာဝန္ေပးလိုက္ပါတယ္။

 ဖြဲ႔စည္းပုံ ဥပေဒသစ္ ေရးဆြဲေရးေကာ္မတီထဲမွာ အဖြဲ႔၀င္ ၂၁ ဦးပါ၀င္ၿပီး လုပ္ငန္းေတြ အျမန္ဆုံးလုပ္ေဆာင္သြားမယ့္အေၾကာင္းနဲ႔ လာမယ့္ ၆ လအတြင္း အၿပီးေရးဆြဲရမွာျဖစ္တယ္လို႔ထိုင္း ဒုဝန္ႀကီးခ်ဳပ္ Visanu Krua-ngam က ေျပာပါတယ္။

 ဖြဲ႔စည္းပုံဥပေဒသစ္ ေကာ္မတီကို ဥပေဒကၽြမ္းက်င္သူ Meechai Ruchupan ကဦးေဆာင္မွာျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ခ္ဆင္ကို ဖယ္ရွားၿပီးေနာက္ ၂၀၀၇ ခုႏွစ္မွာ ေရးဆြဲခဲ့တဲ့ ဖြဲ႔စည္းပုံ အေျခခံဥပေဒကိုလည္း သူကပဲ ဦးေဆာင္ေရးဆြဲခဲ့တာပါ။

ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com
........................................

 ၂၀၁၇ ခုနှစ်လောက်ကျမှ ရွေးကောက်ပွဲကို အစောဆုံး ကျင်းပနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ထိုင်းစစ်အစိုးရက ပယ်ချခဲ့ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တခုရေးဆွဲဖို့ ကော်မတီတရပ်ကို တာဝန်ပေးလိုက်ပါတယ်။

 ဖွဲ့စည်းပုံ ဥပဒေသစ် ရေးဆွဲရေးကော်မတီထဲမှာ အဖွဲ့ဝင် ၂၁ ဦးပါ၀င်ပြီး လုပ်ငန်းတွေ အမြန်ဆုံးလုပ်ဆောင်သွားမယ့်အကြောင်းနဲ့ လာမယ့် ၆ လအတွင်း အပြီးရေးဆွဲရမှာဖြစ်တယ်လို့ထိုင်း ဒုဝန်ကြီးချုပ် Visanu Krua-ngam က ပြောပါတယ်။

 ဖွဲ့စည်းပုံဥပဒေသစ် ကော်မတီကို ဥပဒေကျွမ်းကျင်သူ Meechai Ruchupan ကဦးဆောင်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ခ်ဆင်ကို ဖယ်ရှားပြီးနောက် ၂၀၀၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း သူကပဲ ဦးဆောင်ရေးဆွဲခဲ့တာပါ။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

No comments:

Post a Comment