Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

တ႐ုတ္လႊမ္းမိုးမႈ တန္ျပန္မယ့္ TPP သေဘာတူညီမႈရရွိ

TPP ႏိုင္ငံမ်ားနဲ႔ တျခား ကမၻာ့ကုန္သြယ္ေရး သေဘာတူညီခ်က္မ်ား 
 အေမရိကန္ျပည္ေထာင္စုနဲ႔ ပစိဖိတ္ရပ္ဝန္း ၁၁ ႏိုင္ငံတို႔ၾကား လြတ္လပ္စြာ ကုန္သြယ္ခြင့္ ေနာက္ဆုံးအဆင့္ သေဘာတူညီခ်က္ကို တနလၤာ မေန႔တုန္းက ရယူႏုိင္ခဲ့ၿပီး ကမၻာ့စီးပြားေရးရဲ႕ ထက္ဝက္နီးပါးရွိတဲ့ ပစိဖိတ္သမုဒၵရာႏုိင္ငံေတြၾကား ကုန္သြယ္ေရး အဟန္႔အတားေတြကို ေလွ်ာ့ခ်သြားမွာျဖစ္သလို အခြန္ေလွ်ာ့ခ်တာေတြလည္း ပါဝင္မွာျဖစ္ပါတယ္။

TPP လို႔အတုိေကာက္ေခၚတဲ့ ပစိဖိတ္သမုဒၵရာ တဖက္တခ်က္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူစာခ်ဳပ္ကို လႊတ္ေတာ္က အတည္ ျပဳ ျပဌာန္းေပးဖုိ႔ အခ်ိန္ယူရဦးမွာျဖစ္ေပမယ့္ ပစိဖိတ္ႏုိင္ငံေတြနဲ႔ အခုလို သေဘာတူညီမႈ ရလိုက္တာဟာ သမၼတအုိဘားမားအတြက္ သူ႔ ႏိုင္ငံျခားေရး မူဝါဒထဲကအဓိကေအာင္ျမင္မႈတရပ္ ျဖစ္ပါတယ္။ ဒီ သေဘာတူညီခ်က္ဟာ အေမရိကန္ေတြရဲ႕စံတန္းဖိုးကို ထင္ဟပ္ေစသလို အေမရိကန္ အလုပ္သမားေတြ ခံစားထုိက္တဲ့ ေအာင္ျမင္မႈရရွိေရးအတြက္ ႀကဳိးပမ္းခြင့္ကိုလည္း ဖန္တီးေပးရာေရာက္တယ္လို႔ သမၼတ အုိဘားမားက ေျပာပါတယ္။

ဒါ့အျပင္ ကမၻာ့စီးပြားေရးနဲ႔ပတ္သက္တဲ့ စည္းမ်ည္းေတြကို တ႐ုတ္လုိ ႏိုင္ငံမ်ဳိးကေရးဆြဲဖို႔ အေမရိကန္က ခြင့္မျပဳႏိုင္ဘူးလို႔လည္း သမၼတ အုိဘားမားက ေျပာပါတယ္။ အလုပ္သမားေတြကို အကာကြယ္ေပးထားမယ့္ ဒီ စည္းမ်ည္းေတြကို အေမရိကန္ကသာ ေရးဆြဲသင့္တယ္ လို႔လည္း သမၼတက ဆိုပါတယ္။ TPP စာခ်ဳပ္ဟာ တ႐ုတ္ရဲ႕ေဒသတြင္း စီးပြားၾသဇာႀကီးထြားမႈကို တန္ျပန္လိုတဲ့သေဘာလို႔ ပညာရွင္ေတြက သုံးသပ္ ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe ကလည္း ဒီ သေဘာတူညီမႈဟာ TPP မွာပါတဲ့ ႏိုင္ငံေတြအားလုံးအတြက္ အေျမာ္အျမင္ႀကီးတဲ့ ေပၚလစီ တရပ္ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဒီသေဘာတူညီမႈ ရ႐ွိေရးအတြက္ (၇)ႏွစ္ၾကာ အႀကိတ္အနယ္ ေဆြးေႏြးခဲ့ရတာျဖစ္ပါတယ္။ အေသးစိတ္ အခ်က္ အလက္ေတြကိုေတာ့ ထုတ္ျပန္ေၾကညာဖို႔ က်န္ရွိေနပါတယ္။ အေျခခံအားျဖင့္ ေမာ္ေတာ္ကား၊ ေဆး၀ါးနဲ႔ ႏုိ႔ထြက္ပစၥည္းေတြအပါအဝင္ ကုန္စည္နဲ႔ ဝန္ေဆာင္လုပ္ငန္း အမ်ားအျပားအေပၚ ဒီသေဘာတူညီမႈဟာ အခြန္ေငြေတြနဲ႔ ကုန္သြယ္ေရး အတား အဆီးေတြကို ေလွ်ာ့ခ် ေပးမွာျဖစ္ပါတယ္။ သမၼတ အုိဘားမားအေနနဲ႔ ဒီ သေဘာတူညီမႈကို ရက္ေပါင္း ၉၀ အတြင္း လက္မွတ္ေရးထုိးရမွာျဖစ္ၿပီး အတည္ျပဳခ်က္ ယူဖို႔ လႊတ္ေတာ္ထံ တင္ျပရမွာ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ ဂ်ပန္တို႔အပါအဝင္ ၾသစေၾတးလ်ား ဘ႐ူႏိုင္း ကေနဒါ ခ်ီလီ မေလး႐ွား မကၠဆီကို နယူးဇီလန္ ပီ႐ူး စကၤာပူနဲ႔ ဗီယက္နမ္တို႔ ဒီသေဘာတူညီမႈမွာ ပါဝင္ၾကတာျဖစ္ပါတယ္။ ကမၻာ့ ဒုတိယအႀကီးဆုံး စီးပြားေရး ႏုိင္ငံျဖစ္တဲ့ တ႐ုတ္ကေတာ့ ဒီ သေဘာတူညီမႈမွာ မပါဝင္ပဲ သူ႔ကိုယ္ပိုင္ စီးပြားေရး စနစ္ကို လုိက္နာက်င့္သုံး ဆုံးျဖတ္ခဲ့ပါတယ္။

ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com
.......................................

TPP နိုင်ငံများနဲ့ တခြား ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်များ
 အမေရိကန်ပြည်ထောင်စုနဲ့ ပစိဖိတ်ရပ်ဝန်း ၁၁ နိုင်ငံတို့ကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် နောက်ဆုံးအဆင့် သဘောတူညီချက်ကို တနင်္လာ မနေ့တုန်းက ရယူနိုင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးရဲ့ ထက်ဝက်နီးပါးရှိတဲ့ ပစိဖိတ်သမုဒ္ဒရာနိုင်ငံတွေကြား ကုန်သွယ်ရေး အဟန့်အတားတွေကို လျှော့ချသွားမှာဖြစ်သလို အခွန်လျှော့ချတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

TPP လို့အတိုကောက်ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာ တဖက်တချက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လွှတ်တော်က အတည် ပြု ပြဌာန်းပေးဖို့ အချိန်ယူရဦးမှာဖြစ်ပေမယ့် ပစိဖိတ်နိုင်ငံတွေနဲ့ အခုလို သဘောတူညီမှု ရလိုက်တာဟာ သမ္မတအိုဘားမားအတွက် သူ့ နိုင်ငံခြားရေး မူဝါဒထဲကအဓိကအောင်မြင်မှုတရပ် ဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ဟာ အမေရိကန်တွေရဲ့စံတန်းဖိုးကို ထင်ဟပ်စေသလို အမေရိကန် အလုပ်သမားတွေ ခံစားထိုက်တဲ့ အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းခွင့်ကိုလည်း ဖန်တီးပေးရာရောက်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်တဲ့ စည်းမျည်းတွေကို တရုတ်လို နိုင်ငံမျိုးကရေးဆွဲဖို့ အမေရိကန်က ခွင့်မပြုနိုင်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အလုပ်သမားတွေကို အကာကွယ်ပေးထားမယ့် ဒီ စည်းမျည်းတွေကို အမေရိကန်ကသာ ရေးဆွဲသင့်တယ် လို့လည်း သမ္မတက ဆိုပါတယ်။ TPP စာချုပ်ဟာ တရုတ်ရဲ့ဒေသတွင်း စီးပွားသြဇာကြီးထွားမှုကို တန်ပြန်လိုတဲ့သဘောလို့ ပညာရှင်တွေက သုံးသပ် ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကလည်း ဒီ သဘောတူညီမှုဟာ TPP မှာပါတဲ့ နိုင်ငံတွေအားလုံးအတွက် အမြော်အမြင်ကြီးတဲ့ ပေါ်လစီ တရပ် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသဘောတူညီမှု ရရှိရေးအတွက် (၇)နှစ်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာဖြစ်ပါတယ်။ အသေးစိတ် အချက် အလက်တွေကိုတော့ ထုတ်ပြန်ကြေညာဖို့ ကျန်ရှိနေပါတယ်။ အခြေခံအားဖြင့် မော်တော်ကား၊ ဆေးဝါးနဲ့ နို့ထွက်ပစ္စည်းတွေအပါအဝင် ကုန်စည်နဲ့ ဝန်ဆောင်လုပ်ငန်း အများအပြားအပေါ် ဒီသဘောတူညီမှုဟာ အခွန်ငွေတွေနဲ့ ကုန်သွယ်ရေး အတား အဆီးတွေကို လျှော့ချ ပေးမှာဖြစ်ပါတယ်။ သမ္မတ အိုဘားမားအနေနဲ့ ဒီ သဘောတူညီမှုကို ရက်ပေါင်း ၉၀ အတွင်း လက်မှတ်ရေးထိုးရမှာဖြစ်ပြီး အတည်ပြုချက် ယူဖို့ လွှတ်တော်ထံ တင်ပြရမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့အပါအဝင် သြစတြေးလျား ဘရူနိုင်း ကနေဒါ ချီလီ မလေးရှား မက္ကဆီကို နယူးဇီလန် ပီရူး စင်္ကာပူနဲ့ ဗီယက်နမ်တို့ ဒီသဘောတူညီမှုမှာ ပါဝင်ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး နိုင်ငံဖြစ်တဲ့ တရုတ်ကတော့ ဒီ သဘောတူညီမှုမှာ မပါဝင်ပဲ သူ့ကိုယ်ပိုင် စီးပွားရေး စနစ်ကို လိုက်နာကျင့်သုံး ဆုံးဖြတ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

No comments:

Post a Comment