Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 16, 2015

တစ္ပတ္ကို ၄ ႀကိမ္ခန္႔ ခ်စ္တင္းေႏွာျခင္းဟာ ဆီးေက်ာက္တည္ ျခင္းကို ေပ်ာက္ကင္းေစႏိုင္

အမ်ိဳးသားေတြမွာ ျဖစ္ပြားေလ့ရွိၿပီး နာက်င္မႈ ျပင္းထန္တဲ့ ဆီးေက်ာက္တည္ျခင္း ကို ကုသႏိုင္မယ့္နည္းလမ္းတစ္ခု ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲဒါကေတာ့ စဥ္ဆက္မျပတ္ ခ်စ္တင္းေႏွာျခင္းပဲ ျဖစ္ပါတယ္။

ထိုနည္းလမ္းဟာ ဆီးလမ္းေၾကာင္းမွာ ရွိေနတဲ့ ေက်ာက္ေတြကို သန္႔စင္သြားေအာင္ ဖယ္ရွားေပးႏိုင္တဲ့ သက္ေရာက္မႈ ေတြရွိတယ္လို႔ သုေတသီေတြက အခိုင္အမာဆိုလိုက္ပါတယ္။

တူရကီ ႏိုင္ငံမွာ ရွိတဲ့ Ankara ေလ့က်င့္ေရးနဲ႔ သုေတသန ေဆးရံုက ေဆးပညာ အဖြဲ႕ တစ္ဖြဲ႕ဟာ ဆီးေက်ာက္တည္တဲ့ ေ၀ဒနာ ခံစားေနရတဲ့ အမ်ိဳးသား လူနာ အေယာက္ ၉၀ ကို အဖြဲ႕၃ ဖြဲ႕ခြဲၿပီး ကုသနည္း ၃ မ်ိဳးနဲ႔ စမ္းသပ္ၾကည့္ခဲ့ၾကပါတယ္။ တစ္ဖြဲ႕ေတာ့ တစ္ပတ္ကို ၃ ႀကိမ္ (သို႔) ၄ ႀကိမ္ခန္႔ ခ်စ္တင္းေႏွာျခင္းနဲ႔ ဆီးေက်ာက္တည္ျခင္းကို ကုသမႈ ခံယူေစခဲ့ၿပီး ေနာက္တစ္ဖြဲ႕ကေတာ့ လက္ရွိေရပန္းစားေနတဲ့ ေဆးပညာ ကုထံုး နဲ႔ ကုသမႈ ခံယူေစခဲ့ကာ က်န္အဖြဲ႕ကေတာ့ ထိန္းခ်ဳပ္မႈ ခံယူတဲ့ အဖြဲ႕ ပဲ ျဖစ္ပါတယ္။

ရက္သတၱပတ္ ၂ ပတ္ ခန္႔အၾကာမွာေတာ့ တစ္ပတ္ကို ၃ ႀကိမ္ (သို႔) ၄ ႀကိမ္ခန္႔ခ်စ္တင္းေႏွာခဲ့တဲ့ အဖြဲ႕မွာ လူနာ ၂၆ ေယာက္ဟာ ဆီးေက်ာက္တည္ျခင္း ေရာဂါကို သက္သာေပ်ာက္ကင္းသြားၾကၿပီး ေဆးကုသမႈ ခံယူတဲ့အဖြဲ႕မွာေတာ့ ၁၀ ေယာက္ပဲ ေရာဂါ သက္သာ ေပ်ာက္ကင္းခဲ့တာကိုေတြ႔ရပါတယ္။ ထိန္းခ်ဳပ္မႈ ခံယူတဲ့အဖြဲ႕ကေတာ့ ၈ ေယာက္ပဲ သက္သာခဲ့ပါတယ္။

ဒါေၾကာင့္ ေဆးပညာ အဖြဲ႔အေနနဲ႔ ခ်စ္တင္းေႏွာျခင္းနဲ႔ကုသမႈဟာ ဆီးေက်ာက္တည္ျခင္း အတြက္ သိသိသာသာ ေကာင္းမြန္လာေစတာကို ယံုၾကည္ခဲ့ၾကပါတယ္။ ထိုကဲ့သို႔ ခ်စ္တင္းေႏွာျခင္းနဲ႔ ဆီးေက်ာက္တည္ျခင္းကို ကုသမယ္ဆိုရင္ ၂ ပတ္ (သို႔) ၁၀ ရက္ခန္႔ေတာ့ အခ်ိန္ယူၿပီး စဥ္ဆက္မျပတ္ ခ်စ္တင္းေႏွာသင့္တယ္လို႔ သုေတသီေတြက လက္ခံခဲ့ၾကပါတယ္။

ဒီ ရွာေဖြေတြ႕ရွိမႈနဲ႔ပတ္သက္ၿပီး သုေတသီ ေတြ ယံုၾကည္ခဲ့ၾကတာကေတာ့ လိင္စိတ္ႏိုးၾကားေနျခင္းနဲ႔ ႀကိမ္ဖန္တလဲလဲ ခ်စ္တင္းေႏွာျခင္း တို႔ဟာ နိုက္ထရစ္ အက္ဆစ္ကို ထုတ္လုပ္ေပးတဲ့အတြက္ ဆီးလမ္းေၾကာင္းဆိုင္ရာ ၾကြက္သားေတြကို ေျပေလ်ာ့သြားေစတယ္ဆိုတာပါပဲ။

( Mario )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Mirror
...........................


အမျိုးသားတွေမှာ ဖြစ်ပွားလေ့ရှိပြီး နာကျင်မှု ပြင်းထန်တဲ့ ဆီးကျောက်တည်ခြင်း ကို ကုသနိုင်မယ့်နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ စဉ်ဆက်မပြတ် ချစ်တင်းနှောခြင်းပဲ ဖြစ်ပါတယ်။

ထိုနည်းလမ်းဟာ ဆီးလမ်းကြောင်းမှာ ရှိနေတဲ့ ကျောက်တွေကို သန့်စင်သွားအောင် ဖယ်ရှားပေးနိုင်တဲ့ သက်ရောက်မှု တွေရှိတယ်လို့ သုတေသီတွေက အခိုင်အမာဆိုလိုက်ပါတယ်။

တူရကီ နိုင်ငံမှာ ရှိတဲ့ Ankara လေ့ကျင့်ရေးနဲ့ သုတေသန ဆေးရုံက ဆေးပညာ အဖွဲ့ တစ်ဖွဲ့ဟာ ဆီးကျောက်တည်တဲ့ ဝေဒနာ ခံစားနေရတဲ့ အမျိုးသား လူနာ အယောက် ၉၀ ကို အဖွဲ့၃ ဖွဲ့ခွဲပြီး ကုသနည်း ၃ မျိုးနဲ့ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ တစ်ဖွဲ့တော့ တစ်ပတ်ကို ၃ ကြိမ် (သို့) ၄ ကြိမ်ခန့် ချစ်တင်းနှောခြင်းနဲ့ ဆီးကျောက်တည်ခြင်းကို ကုသမှု ခံယူစေခဲ့ပြီး နောက်တစ်ဖွဲ့ကတော့ လက်ရှိရေပန်းစားနေတဲ့ ဆေးပညာ ကုထုံး နဲ့ ကုသမှု ခံယူစေခဲ့ကာ ကျန်အဖွဲ့ကတော့ ထိန်းချုပ်မှု ခံယူတဲ့ အဖွဲ့ ပဲ ဖြစ်ပါတယ်။

ရက်သတ္တပတ် ၂ ပတ် ခန့်အကြာမှာတော့ တစ်ပတ်ကို ၃ ကြိမ် (သို့) ၄ ကြိမ်ခန့်ချစ်တင်းနှောခဲ့တဲ့ အဖွဲ့မှာ လူနာ ၂၆ ယောက်ဟာ ဆီးကျောက်တည်ခြင်း ရောဂါကို သက်သာပျောက်ကင်းသွားကြပြီး ဆေးကုသမှု ခံယူတဲ့အဖွဲ့မှာတော့ ၁၀ ယောက်ပဲ ရောဂါ သက်သာ ပျောက်ကင်းခဲ့တာကိုတွေ့ရပါတယ်။ ထိန်းချုပ်မှု ခံယူတဲ့အဖွဲ့ကတော့ ၈ ယောက်ပဲ သက်သာခဲ့ပါတယ်။

ဒါကြောင့် ဆေးပညာ အဖွဲ့အနေနဲ့ ချစ်တင်းနှောခြင်းနဲ့ကုသမှုဟာ ဆီးကျောက်တည်ခြင်း အတွက် သိသိသာသာ ကောင်းမွန်လာစေတာကို ယုံကြည်ခဲ့ကြပါတယ်။ ထိုကဲ့သို့ ချစ်တင်းနှောခြင်းနဲ့ ဆီးကျောက်တည်ခြင်းကို ကုသမယ်ဆိုရင် ၂ ပတ် (သို့) ၁၀ ရက်ခန့်တော့ အချိန်ယူပြီး စဉ်ဆက်မပြတ် ချစ်တင်းနှောသင့်တယ်လို့ သုတေသီတွေက လက်ခံခဲ့ကြပါတယ်။

ဒီ ရှာဖွေတွေ့ရှိမှုနဲ့ပတ်သက်ပြီး သုတေသီ တွေ ယုံကြည်ခဲ့ကြတာကတော့ လိင်စိတ်နိုးကြားနေခြင်းနဲ့ ကြိမ်ဖန်တလဲလဲ ချစ်တင်းနှောခြင်း တို့ဟာ နိုက်ထရစ် အက်ဆစ်ကို ထုတ်လုပ်ပေးတဲ့အတွက် ဆီးလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကို ပြေလျော့သွားစေတယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

No comments:

Post a Comment