Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရး ထုိးပြဲ ေဒၚေအာင္ဆန္းစုၾကည္ကုိ ဖိတ္ၾကားမည္

အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႕ရစဥ္။ Photo: Kyaw Zaw Win/RFA
 တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ NCA လက္မွတ္ေရးထိုးပြဲမွာ အသိသက္ေသေတြအျဖစ္ ေဒၚေအာင္ဆန္း စုၾကည္၊ ဦးခြန္ထြန္းဦးနဲ႔ တိုင္းရင္းသားေခါင္းေဆာင္ေတြ အပါအ၀င္ ၈၈မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔ အစည္းကို ဖိတ္ၾကားသြားမယ္လို႔ KNU ကရင္အမ်ိဳးသားအစည္းအရံုး အေထြေထြအတြင္းေရးမွဴး ပဒိုေစာကြယ္ ထူး၀င္း က ေျပာပါတယ္။

လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ကြန္ဗန္းရွင္းစင္တာမွာ ျပဳလုပ္မယ့္ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ရွစ္ဖြဲ႔တို႔ရဲ႕ အပစ္ရပ္စာခ်ဳပ္လက္မွတ္ေရးထိုးပြဲကို ျပည္တြင္း က ႏိုင္ငံေရးေခါင္းေဆာင္ အစံုအလင္ ဖိတ္ၾကားသြားဖို႔ရွိေၾကာင္း KNU ေခါင္းေဆာင္တစ္ဦးျဖစ္သူ ပဒိုေစာကြယ္ထူး၀င္းက ေျပာပါတယ္။

"ျပည္တြင္းမွာ ဖိတ္ၾကားထားတာေတြက အခုေလာေလာဆယ္ေပါေ့လ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးခြန္ထြန္းဦး အပါအဝင္ UNA က ကိုယ္စားလွယ္သံုးဦး၊ NBF က ကိုယ္စားလွယ္သံုးဦး၊ USDP ကတစ္ဦး၊ NLD က ကိုယ္စားလွယ္တစ္ဦး က်န္တာေတြက အစိုးရဘက္က တင္ျပတဲ့ပုဂၢိဳလ္ေတြရွိတယ္၊ အထူးသျဖင့္ ကရင္အမ်ဳိးသားကိုယ္စားလွယ္၊ ကခ်င္အမ်ဳိးသားကိုယ္စားလွယ္၊ ရွမ္းအမ်ဳိးသားကိုယ္စားလွယ္ အဲ့လိုေပါ့ေလရွိတယ္"

ဒါ့အျပင္ ႏိုင္ငံတကာက အသိသက္ေသေတြအျဖစ္ လက္မွတ္ေရးထိုးဖို႔ ကုလသမဂၢ၊ ဥေရာပသမဂၢ၊ တရုတ္ႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ အိႏၵိယႏိုင္ငံနဲ႔ ဂ်ပန္ႏိုင္ငံက ကိုယ္စားလွယ္ေတြကို ဖိတ္ၾကားထားၿပီး ျပည္တြင္းမွာရွိတဲ့ သံရံုးေတြအားလံုး ကို ဖိတ္ၾကားသြားမယ္လို႔ ေျပာပါတယ္။

ေအာက္တိုဘာလ ၁၅ရက္ေန႔ လက္မွတ္ေရးထိုးပြဲမွာ မပါ၀င္ေသးေပမယ့္ အစိုးရက အသိအမွတ္ျပဳထားတဲ့ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရးဆိုင္ရာ ညိွႏိႈင္းေရးအဖြဲ႔ (NCCT)အဖြဲ႔၀င္ေတြနဲ႔ အဆင့္ျမင့္ညိႈႏိႈင္းေရးအဖြဲ႔ (SD) ကိုယ္စားလွယ္ေတြကိုလည္း ဖိတ္ၾကားသြားမယ္လို႔ သိရပါတယ္။

ဒီစာခ်ဳပ္ကို KNU ကရင္အမ်ိဳးသားအစည္းအရံုးနဲ႔ RCSS/ SSA ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္ တပ္မေတာ္ (ေတာင္ပိုင္း)တို႔ အပါအ၀င္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၈ ဖြဲ႔ လက္မွတ္ေရးထိုးသြားမွာျဖစ္ၿပီး ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ KIO၊ မြန္ျပည္သစ္ပါတီ ၊ ရွမ္းျပည္တိုးတက္ေရးပါတီ/ရွမ္းျပည္တပ္မေတာ္ SSPP/SSA စတဲ့ အဖြဲ႔ေတြကေတာ့ လက္မွတ္မထိုးေသးဘူးလို႔ ေျပာထားပါတယ္။

ပဒိုေစာကြယ္ထူး၀င္းကုိ RFA သတင္းေထာက္ ကုိသီဟထြန္း ဆက္သြယ္ေမးျမန္းထားတာ နာဆင္ႏုိင္ပါတယ္။

ဒီအေတာအတြင္း တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဴပ္ (NCA) ကို ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႔ လက္မွတ္ေရးထိုးဖို႔ ဆံုးျဖတ္ရတာနဲ႔ ပတ္သက္ၿပီး RCSS ဥကၠဌ ဒုတိယဗိုလ္ခ်ဴပ္ႀကီးယြက္ဆစ္က ထုိင္း-ျမန္မာနယ္စပ္တစ္ေနရာမွာ ဒီကေန႔ သတင္းစာရွင္းလင္းပြဲလုပ္ခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........................

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
 တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပွဲမှာ အသိသက်သေတွေအဖြစ် ဒေါ်အောင်ဆန်း စုကြည်၊ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းကို ဖိတ်ကြားသွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ် ထူးဝင်း က ပြောပါတယ်။

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ပြုလုပ်မယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ရဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပွဲကို ပြည်တွင်း က နိုင်ငံရေးခေါင်းဆောင် အစုံအလင် ဖိတ်ကြားသွားဖို့ရှိကြောင်း KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

"ပြည်တွင်းမှာ ဖိတ်ကြားထားတာတွေက အခုလောလောဆယ်ပေါေ့လ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအဝင် UNA က ကိုယ်စားလှယ်သုံးဦး၊ NBF က ကိုယ်စားလှယ်သုံးဦး၊ USDP ကတစ်ဦး၊ NLD က ကိုယ်စားလှယ်တစ်ဦး ကျန်တာတွေက အစိုးရဘက်က တင်ပြတဲ့ပုဂ္ဂိုလ်တွေရှိတယ်၊ အထူးသဖြင့် ကရင်အမျိုးသားကိုယ်စားလှယ်၊ ကချင်အမျိုးသားကိုယ်စားလှယ်၊ ရှမ်းအမျိုးသားကိုယ်စားလှယ် အဲ့လိုပေါ့လေရှိတယ်"

ဒါ့အပြင် နိုင်ငံတကာက အသိသက်သေတွေအဖြစ် လက်မှတ်ရေးထိုးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပြီး ပြည်တွင်းမှာရှိတဲ့ သံရုံးတွေအားလုံး ကို ဖိတ်ကြားသွားမယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၁၅ရက်နေ့ လက်မှတ်ရေးထိုးပွဲမှာ မပါ၀င်သေးပေမယ့် အစိုးရက အသိအမှတ်ပြုထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)အဖွဲ့ဝင်တွေနဲ့ အဆင့်မြင့်ညှိုနှိုင်းရေးအဖွဲ့ (SD) ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။

ဒီစာချုပ်ကို KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ RCSS/ SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း)တို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA စတဲ့ အဖွဲ့တွေကတော့ လက်မှတ်မထိုးသေးဘူးလို့ ပြောထားပါတယ်။

ပဒိုစောကွယ်ထူးဝင်းကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နာဆင်နိုင်ပါတယ်။

ဒီအတောအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် (NCA) ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ရတာနဲ့ ပတ်သက်ပြီး RCSS ဥက္ကဌ ဒုတိယဗိုလ်ချူပ်ကြီးယွက်ဆစ်က ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment