CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, October 8, 2015
ဘဂၤလာေဒ့ရွ္ ႏိုင္ငံသား ႏွစ္ဦးကို ျပန္ေပးဆြဲသည္ဟု စြပ္စြဲျခင္းမွာ မဟုတ္မွန္ေၾကာင္း ALP ျငင္းဆို
ရန္ကုန္၊ ေအာက္တိုဘာလ ၈
ဘဂၤလာေဒ့ရွ္ ႏိုင္ငံ ၊ စစ္တေကာင္း ေတာင္တန္းနယ္၊ ဘင္ဒရိုဘင္ခရိုင္မွ လူႏွစ္ဦးကို ရခိုင္ျပည္ လြတ္ေျမာက္ေရး ပါတီ (ALP) တပ္ဖြဲ႕၀င္မ်ားမွ ျပန္ေပးဆြဲသြားေၾကာင္း ဘဂၤလာေဒ့ရွ္ သတင္းစာမ်ားတြင္ ေရးသားေနမႈမ်ားမွာ အေျခအျမစ္မရွိေသာ စြပ္စြဲခ်က္သာ ျဖစ္ေၾကာင္း ရခိုင္ျပည္ လြတ္ေျမာက္ေရး ပါတီ ဗဟုိေကာ္မတီ၀င္ ေဒၚေစာျမရာဇာလင္းက ေျပာသည္။
“ ကၽြန္မ ALP အေနနဲ႕ ဒီလို ဖမ္းဆီးဖို႕ ညႊန္ၾကားခ်က္ မရွိပါဘူး။ ဘယ္ေတာ့မွ မျဖစ္ႏိုင္ပါ။ ရခိုင္ျပည္ လြတ္ေျမာက္ေရး ပါတီက အဲဒီဘင္ဒရိုဘင္ ေဒသမွာ တပ္စြဲထားတာလည္း မရွိပါဘူး။ အကုန္လံုးက ဌာနခ်ဳပ္ကို ေရာက္ေနၾကပါတယ္။ ခုလို စြပ္စြဲတာက အေျခအျမစ္ မရွိတဲ့ စြပ္စြဲခ်က္ တစ္ခုသာ ျဖစ္တယ္လို႕ ေျပာခ်င္ပါတယ္” ဟု သူမက ဆိုသည္။
လြန္ခဲ့ေသာ စေနေန႕က ျမန္မာ နယ္စပ္ အနီးရွိ ဘင္ဒရိုင္ဘင္ခရိုင္၊ ရံုေမာ္ျမိဳ႕နယ္အတြင္းရွိ ရန္ေခ်ာင္းသို႕ လမ္းျပ ျမိဳအမ်ိဳးသားႏွစ္ ဦးႏွင့္ သြား ေရာက္သည့္ ဒကၠားျမိဳ႕မွ ဧည့္သည္ ႏွစ္ဦးကို ALP တပ္ဖြဲ႕၀င္ ၁၀ ဦးခန္႕မွ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျပီး ယခုအခါ တာကာေငြ သိန္း ၅၀ ( ျမန္မာ က်ပ္ေငြႏွင့္ ဆိုလ်င္ သိန္းေပါင္း ၇၅၀) ကို ျပန္ေပးေငြ အျဖစ္ ေတာင္းခံေၾကာင္း Dhaka Tribune သတင္းစာ အပါအ၀င္ ဘဂၤလီ သတင္းစာ အမ်ားအျပားတြင္ စြပ္စြဲ ေရးသား ေဖာ္ျပသည္။
ဖမ္းဆီးျပန္ေပးဆြဲ ခံရသူ ၂ ဦးမွာ ဒါကာျမိဳ႕ မီပူရ္အရပ္မွ Munna (၃၅) ႏွစ္ႏွင့္ Zubayer (၂၈) ႏွစ္ တို႕ ျဖစ္ၾကသည္။
ယခုကဲ့သို႕ ျပန္ေပးဆြဲ တာကာ သိန္း ၅၀ ေတာင္းခံသည္ဆိုသည့္ သတင္းကိုု ယမန္ေန႕ညေနပိုင္းက ATN ဘဂၤလာရုပ္သံ သတင္း တြင္ စတင္ေၾကျငာခဲ့သည္ဟုလည္း ေဒသခံ တစ္ဦးက ေျပာသည္။
အဖမ္းခံရရာတြင္ ပါ၀င္သူ လမ္းျပ ျမိဳ Mangsai Mro ၏ အစ္ကို ျဖစ္သူမွ သူ႕အား ALP မွ ေဒသဆိုင္ရာ တပ္မွဴး တစ္ဦးမွ သူ႕အား ေခၚယူျပီး ျပန္ေပးေငြ ကို ေတာင္းခံခဲ့သည္ဟု ေျပာဆိုေၾကာင္း Dhaka Tribune သတင္းတြင္ ေဖာ္ျပသည္။
“ အဲဒီစကားဟာ မမွန္ကန္ဘူးဆိုတာကို အခိုင္အမာ ျငင္းဆိုခ်င္ပါတယ္” ဟု ေဒၚေစာျမရာဇာလင္းက ဆိုသည္။
ဘဂၤလာေဒ့ရွ္ႏိုင္ငံ စစ္တေကာင္းေဒသတြင္ ျမိဳ၊ ျမံဳ၊ သက္၊ ဒိုင္းနက္၊ မာရမာ (ရခိုင္မ်ိဳးႏြယ္စု) ေတာင္ေပၚတိုင္းရင္းသား လူမ်ိဳးစု အမ်ားအျပားေနထိုင္ၾကျပီး ယင္းေဒသတြင္ ျမန္မာႏိုင္ငံမွ ရခိုင္ လက္နက္ကိုင္ အင္အားစုမ်ားသာမက ယင္းေဒသရွိ လူမ်ိဳးစု ေတာ္လွန္ေရး အဖြဲ႕မ်ားလည္း လူပ္ရွားမႈမ်ား ရွိေနေသာ ေဒသ တစ္ခု ျဖစ္ေၾကာင္း သိရသည္။
ေမာင္ေအး၊ ေကာင္းျမတ္ႏိုင္ (ေမာင္ေတာ)
Arakan State
https://www.facebook.com/NarinjaraNews
.......................
ရန်ကုန်၊ အောက်တိုဘာလ ၈
ဘင်္ဂလာဒေ့ရှ် နိုင်ငံ ၊ စစ်တကောင်း တောင်တန်းနယ်၊ ဘင်ဒရိုဘင်ခရိုင်မှ လူနှစ်ဦးကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တပ်ဖွဲ့ဝင်များမှ ပြန်ပေးဆွဲသွားကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းစာများတွင် ရေးသားနေမှုများမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်သာ ဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။
“ ကျွန်မ ALP အနေနဲ့ ဒီလို ဖမ်းဆီးဖို့ ညွှန်ကြားချက် မရှိပါဘူး။ ဘယ်တော့မှ မဖြစ်နိုင်ပါ။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက အဲဒီဘင်ဒရိုဘင် ဒေသမှာ တပ်စွဲထားတာလည်း မရှိပါဘူး။ အကုန်လုံးက ဌာနချုပ်ကို ရောက်နေကြပါတယ်။ ခုလို စွပ်စွဲတာက အခြေအမြစ် မရှိတဲ့ စွပ်စွဲချက် တစ်ခုသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု သူမက ဆိုသည်။
လွန်ခဲ့သော စနေနေ့က မြန်မာ နယ်စပ် အနီးရှိ ဘင်ဒရိုင်ဘင်ခရိုင်၊ ရုံမော်မြို့နယ်အတွင်းရှိ ရန်ချောင်းသို့ လမ်းပြ မြိုအမျိုးသားနှစ် ဦးနှင့် သွား ရောက်သည့် ဒက္ကားမြို့မှ ဧည့်သည် နှစ်ဦးကို ALP တပ်ဖွဲ့ဝင် ၁၀ ဦးခန့်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ တာကာငွေ သိန်း ၅၀ ( မြန်မာ ကျပ်ငွေနှင့် ဆိုလျင် သိန်းပေါင်း ရ၅၀) ကို ပြန်ပေးငွေ အဖြစ် တောင်းခံကြောင်း Dhaka Tribune သတင်းစာ အပါအဝင် ဘင်္ဂလီ သတင်းစာ အများအပြားတွင် စွပ်စွဲ ရေးသား ဖော်ပြသည်။
ဖမ်းဆီးပြန်ပေးဆွဲ ခံရသူ ၂ ဦးမှာ ဒါကာမြို့ မီပူရ်အရပ်မှ Munna (၃၅) နှစ်နှင့် Zubayer (၂၈) နှစ် တို့ ဖြစ်ကြသည်။
ယခုကဲ့သို့ ပြန်ပေးဆွဲ တာကာ သိန်း ၅၀ တောင်းခံသည်ဆိုသည့် သတင်းကိုု ယမန်နေ့ညနေပိုင်းက ATN ဘင်္ဂလာရုပ်သံ သတင်း တွင် စတင်ကြေငြာခဲ့သည်ဟုလည်း ဒေသခံ တစ်ဦးက ပြောသည်။
အဖမ်းခံရရာတွင် ပါ၀င်သူ လမ်းပြ မြို Mangsai Mro ၏ အစ်ကို ဖြစ်သူမှ သူ့အား ALP မှ ဒေသဆိုင်ရာ တပ်မှူး တစ်ဦးမှ သူ့အား ခေါ်ယူပြီး ပြန်ပေးငွေ ကို တောင်းခံခဲ့သည်ဟု ပြောဆိုကြောင်း Dhaka Tribune သတင်းတွင် ဖော်ပြသည်။
“ အဲဒီစကားဟာ မမှန်ကန်ဘူးဆိုတာကို အခိုင်အမာ ငြင်းဆိုချင်ပါတယ်” ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတွင် မြို၊ မြုံ၊ သက်၊ ဒိုင်းနက်၊ မာရမာ (ရခိုင်မျိုးနွယ်စု) တောင်ပေါ်တိုင်းရင်းသား လူမျိုးစု အများအပြားနေထိုင်ကြပြီး ယင်းဒေသတွင် မြန်မာနိုင်ငံမှ ရခိုင် လက်နက်ကိုင် အင်အားစုများသာမက ယင်းဒေသရှိ လူမျိုးစု တော်လှန်ရေး အဖွဲ့များလည်း လူပ်ရှားမှုများ ရှိနေသော ဒေသ တစ်ခု ဖြစ်ကြောင်း သိရသည်။
မောင်အေး၊ ကောင်းမြတ်နိုင် (မောင်တော)
Arakan State
https://www.facebook.com/NarinjaraNews
ဘဂၤလာေဒ့ရွ္ ႏိုင္ငံသား ႏွစ္ဦးကို ျပန္ေပးဆြဲသည္ဟု စြပ္စြဲျခင္းမွာ မဟုတ္မွန္ေၾကာင္း ALP ျငင္းဆို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 08, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment