Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 6, 2015





TrendMyanmar
.....................................
လေယာဉ် အိမ်သာထဲမှာ ခရီးသည်တွေနဲ ့လိင်ဆက်ဆံကာ နှစ်နှစ် အတွင်း ပေါင်ခြောက်သိန်းခွဲ ရှာခဲ့တဲ့ လေယာဉ်မယ် အလုပ်ဖြုတ်ခံရ

လေယာဉ်မယ်တစ်ယောက်ဟာ လေယာဉ်ပေါ်ကအိမ်သာထဲမှာ ခရီးသည်တွေနဲ ့လိင်ဆက်ဆံပြီး နှစ်နှစ် တာအချိန်အတွင်းမှာ ပေါင် ခြောက်သိန်းခွဲအထိ ရရှိခဲ့တယ်လို ့သိရပါတယ်။သူမရဲ့အပြုအမူကို နှစ်နှစ်ကျော်ကြာ ဘယ်သူမှမသိခဲ့ကြဘဲ နောက်ဆုံးမှာတော့ သူမကို အိမ်သာထဲမှာ မငြင်းနိုင်တဲ့ အခြေအနေနဲ ့လက်ပူးလက်ကြပ်မိခဲ့ပြီး အလုပ်ထုတ်ခံခဲ့ရပါတယ်။

အဆိုပါလေယာဉ်မယ်ဟာ အရှေ ့အလယ်ပိုင်းဒေသ လေကြောင်းလိုင်းတစ်ခုက လေယာဉ်မယ်ဖြစ်တယ်လို ့သိရပါတယ်။ ဆော်ဒီအာရေဗျနေ ့စဉ်သတင်းစာ Sada က သူမဟာ လေယာဉ်ပျံသန်းနေတုန်း ခရီးသည်တွေ အများအပြားနဲ ့လိင်ဆက်ဆံမှုပြုခဲ့တယ်လို ့ဝန်ခံခဲ့ပါတယ်။

ဒါကြောင့်မို ့လို ့သူမဟာ ပင်လယ်ကွေ ့နဲ ့အမေရိကန်ပြည်ထောင်စုကို ပျံသန်းတဲ့ လေယာဉ်ခရီးရှည်တွေမှာ ပိုလိုက်ချင်ခဲ့တာ ဖြစ်တယ်လို ့ ဖော်ပြခဲ့ပါတယ်။ အမျိုးသမီးဟာ မြေပြင်အထက် မိုင်ချီ အကွာအဝေးအမြင့်ကပျော်ပါးမှု တစ်ကြိမ်တိုင်းအတွက် ပေါင် ၁၅၀၀ တောင်းခဲ့ပြီး လေယာဉ်ခရီးစဉ်တိုင်းမှာ သူမတောင်းတဲ့ ပမာဏပေးချင်တဲ့ သူတစ်ယောက်ယောက်ကို အမြဲ တွေ ့ခဲ့ရတယ်လို ့လေကြောင်းလိုင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။

သူမရဲ့နာမည်ကို လေကြောင်းလိုင်းက အတိအကျထုတ်ပြန်ခဲ့ခြင်း မရှိပေမယ့်၊ ချက်ချင်းဆိုသလို အလုပ်ထုတ်ပစ်ခဲ့ပြီး နိုင်ငံကနေနှင်ထုတ်ခဲ့တယ်လို ့သိရပါတယ်။
TrendMyanmar

No comments:

Post a Comment