Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 6, 2015

မႏၲေလးေဆး႐ံုႀကီးတြင္ ဆရာဝန္ဟန္ေဆာင္၍ လူနာထံမွ ေငြလိမ္မႈျဖစ္

မႏၲေလးအေထြေထြေရာ ဂါကုေဆး႐ံုႀကီးသုိ႔ တက္ေရာက္ေဆးကုသေနသည့္အမ်ိဳးသမီး လူနာတစ္ဦးထံမွ ဆရာဝန္ဟန္ ေဆာင္၍ ေငြက်ပ္သိန္း ၂၀ လိမ္ လည္ေတာင္းရမ္းမႈ ျဖစ္ပြားခဲ့ ေၾကာင္း သတင္းရရွိသည္။

ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ အ ေထြေထြေရာဂါကုေဆး႐ံုႀကီးတြင္ ေအာက္တိုဘာ ၄ ရက္ ညေန ၃ နာရီက ဦးေႏွာက္ႏွင့္အာ႐ံုေၾကာ ခြဲစိတ္ကုသေဆာင္၌ ေဆးကုသမႈ ခံယူေနသည့္အသက္(၆၇)ႏွစ္အ ရြယ္ လူနာတစ္ဦးအား ၎မွာ ယင္းေဆး႐ံုမွ ဆရာဝန္တစ္ဦး ျဖစ္ၿပီး ေဆးကုသေပးမည္ျဖစ္ ေၾကာင္း လိမ္လည္ေျပာဆိုကာေငြ ေၾကးေတာင္းခံခဲ့သည့္အမ်ိဳးသမီး တစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေဆး႐ံုႀကီးမွ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

ေဆး႐ံုႀကီးတြင္ ဆရာဝန္ ဟန္ေဆာင္၍ လိမ္လည္သည့္အ မ်ိဳးသမီးသည္ တာဝန္က်ဆရာဝန္ ကုတ္အက်ႌဝတ္ဆင္ထားျခင္း၊ ဆရာဝန္သံုးနားၾကပ္ တပ္ဆင္ ထားျခင္း၊ မ်က္ႏွာတြင္ မက္စ္အုပ္ ထားၿပီး ေဆးကုသေပးမည္ဟု ေျပာဆို၍ ေအာက္တိုဘာ ၂ ရက္ က ေငြက်ပ္ႏွစ္သိန္းဦးစြာယူ ေဆာင္သြားခဲ့သည္။

‘‘မနက္ပိုင္း ဆရာဝန္ေတြ လွည့္လည္ၾကည့္႐ႈတဲ့အခါမွာ ပါ လာတယ္လို႔ ထင္သြားတာျဖစ္ မယ္။ ခႏၶာကိုယ္မွာလည္း ေရႊအ တုေတြ ဝတ္ထားတယ္။ ဆရာဝန္ အေယာင္ေဆာင္ၿပီး လိုအပ္တာ ေတြ ေဆးကုသေပးမယ္လို႔ေျပာ ၿပီး ေငြသိန္း ၂၀ ေတာင္းတယ္။ ပိုက္ဆံကို အျပင္က အေအးဆုိင္ မွာ ခ်ိန္းဆိုၿပီး ေတာင္းတာျဖစ္ တယ္။ လူနာရွင္အမ်ိဳးသမီးဘက္ ကလည္း မယံုလို႔ သူ႔ကို ေဆး႐ံုက ဆရာဝန္ဟုတ္၊ မဟုတ္ေမးလိုက္ မွ လိမ္လည္တယ္ဆိုတာ သိရ တယ္’’ဟု အထက္ပါတာဝန္ရွိသူ က ရွင္းျပသည္။

မႏၲေလးေဆး႐ုံႀကီးတြင္ လာေရာက္ေဆးကုသသည့္လူနာ အမ်ိဳးသမီးသည္ ေအာင္ေျမသာစံ ၿမိဳ႕နယ္ ေဒါနပြားရပ္ကြက္ေနသူ ျဖစ္ၿပီး လိမ္လည္သည့္အမ်ိဳးသမီး သည္လည္း ယင္းရပ္ကြက္တြင္ ပင္ေနသူျဖစ္သည္။

ဆရာဝန္ဟန္ေဆာင္၍ ေငြ လိမ္သည့္အမ်ိဳးသမီးကို အေရး ယူေပးရန္ လူနာရွင္ဘက္က လာ ေရာက္တုိင္ၾကားမႈ မရွိေသာ္ လည္း ရဲအက္ဥပေဒျဖင့္ အေရး ယူ၍ ခ်မ္းေအးသာစံၿမိဳ႕နယ္တ ရား႐ံုးသို႔ တရားစြဲဆိုတင္ပို႔ခဲ့ ေၾကာင္း အမွတ္(၈)နယ္ေျမရဲ တပ္ဖြဲ႕စခန္းမွ သိရသည္။

လူနာမ်ားထံမွ ေငြေတာင္းခံျခင္းမ်ား ျပဳလုပ္ပါက ကုသ ေဆာင္ရွိ ဆရာမမ်ားထံသို႔ ခ်က္ ခ်င္းအေၾကာင္းၾကားရန္၊ မိမိ၏ ေငြမ်ားကို လိုသေလာက္သာ ေဆး႐ံုအတြင္းသို႔ ယူေဆာင္ လာရန္၊ အဖိုးတန္ေရႊေငြ၊ လက္ ဝတ္ရတနာမ်ားကို ယူေဆာင္လာ ျခင္းမျပဳရန္၊ လူနာႏွင့္လူနာေစာင့္ တစ္ဦးသာ ေနထုိင္ရန္၊ အေရး ေပၚျဖစ္ပြားမွသာ လူနာေစာင့္ တစ္ဦးထက္ပို၍ ထားရွိေပးရန္၊ မသကၤာသည့္ လူမ်ားကိုေတြ႕ရွိပါ က အေၾကာင္းၾကားေပးရန္ ေဆး ႐ံု၌ တက္ေရာက္ေနသည့္ လူနာ မ်ားႏွင့္ လူနာေစာင့္မ်ားအား မွာ ၾကားထားရွိေၾကာင္း မႏၲေလး ေဆး႐ံုႀကီးမွ ေဆးႏွင့္လူမႈဆက္ဆံ ေရးအရာရွိ ဦးမင္းလြင္က ေျပာ ၾကားသည္။

မႏၲေလးေဆး႐ံုႀကီးတြင္ တက္ေရာက္ေနသည့္ လူနာႏွင့္ လူနာေစာင့္မ်ားထံမွ ဖုန္းေပ်ာက္ ဆံုးမႈ၊ ေငြေၾကးေပ်ာက္ဆံုးမႈမ်ား ျဖစ္ပြားေနမႈေၾကာင့္ ညအခ်ိန္ အမွတ္(၈)နယ္ ေျမရဲတပ္ဖြဲ႕စခန္းမွ တာဝန္ရွိသူမ်ားႏွင့္ပူးေပါင္း၍ လံုၿခံဳေရးေဆာင္ရြက္ထားေၾကာင္းဦးမင္းလြင္က ေျပာသည္။ စက္တင္ဘာ ၄ ရက္ညပိုင္း ကလည္း ေဆး႐ံုႀကီးဝင္းအတြင္း ကိုးထပ္ေဆာင္ရွိ အမ်ိဳးသမီး ဖ်ား နာေဆာင္တြင္ ေဆးကုသမႈခံယူ ေနသည့္ အမ်ိဳးသမီးတစ္ဦးက်ပ္ ၁၀ သိန္း ေပ်ာက္ဆံုးသြားခဲ့သည္။
7day daily
................................
မန္တလေးအထွေထွေရော ဂါကုဆေးရုံကြီးသို့ တက်ရောက်ဆေးကုသနေသည့်အမျိုးသမီး လူနာတစ်ဦးထံမှ ဆရာဝန်ဟန် ဆောင်၍ ငွေကျပ်သိန်း ၂၀ လိမ် လည်တောင်းရမ်းမှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ချမ်းအေးသာစံမြို့နယ်ရှိ အ ထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်တိုဘာ ၄ ရက် ညနေ ၃ နာရီက ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသဆောင်၌ ဆေးကုသမှု ခံယူနေသည့်အသက်(၆၇)နှစ်အ ရွယ် လူနာတစ်ဦးအား ၎င်းမှာ ယင်းဆေးရုံမှ ဆရာဝန်တစ်ဦး ဖြစ်ပြီး ဆေးကုသပေးမည်ဖြစ် ကြောင်း လိမ်လည်ပြောဆိုကာငွေ ကြေးတောင်းခံခဲ့သည့်အမျိုးသမီး တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆေးရုံကြီးတွင် ဆရာဝန် ဟန်ဆောင်၍ လိမ်လည်သည့်အ မျိုးသမီးသည် တာဝန်ကျဆရာဝန် ကုတ်အကျႌဝတ်ဆင်ထားခြင်း၊ ဆရာဝန်သုံးနားကြပ် တပ်ဆင် ထားခြင်း၊ မျက်နှာတွင် မက်စ်အုပ် ထားပြီး ဆေးကုသပေးမည်ဟု ပြောဆို၍ အောက်တိုဘာ ၂ ရက် က ငွေကျပ်နှစ်သိန်းဦးစွာယူ ဆောင်သွားခဲ့သည်။

‘‘မနက်ပိုင်း ဆရာဝန်တွေ လှည့်လည်ကြည့်ရှုတဲ့အခါမှာ ပါ လာတယ်လို့ ထင်သွားတာဖြစ် မယ်။ ခန္ဓာကိုယ်မှာလည်း ရွှေအ တုတွေ ဝတ်ထားတယ်။ ဆရာဝန် အယောင်ဆောင်ပြီး လိုအပ်တာ တွေ ဆေးကုသပေးမယ်လို့ပြော ပြီး ငွေသိန်း ၂၀ တောင်းတယ်။ ပိုက်ဆံကို အပြင်က အအေးဆိုင် မှာ ချိန်းဆိုပြီး တောင်းတာဖြစ် တယ်။ လူနာရှင်အမျိုးသမီးဘက် ကလည်း မယုံလို့ သူ့ကို ဆေးရုံက ဆရာဝန်ဟုတ်၊ မဟုတ်မေးလိုက် မှ လိမ်လည်တယ်ဆိုတာ သိရ တယ်’’ဟု အထက်ပါတာဝန်ရှိသူ က ရှင်းပြသည်။

မန္တလေးဆေးရုံကြီးတွင် လာရောက်ဆေးကုသသည့်လူနာ အမျိုးသမီးသည် အောင်မြေသာစံ မြို့နယ် ဒေါနပွားရပ်ကွက်နေသူ ဖြစ်ပြီး လိမ်လည်သည့်အမျိုးသမီး သည်လည်း ယင်းရပ်ကွက်တွင် ပင်နေသူဖြစ်သည်။

ဆရာဝန်ဟန်ဆောင်၍ ငွေ လိမ်သည့်အမျိုးသမီးကို အရေး ယူပေးရန် လူနာရှင်ဘက်က လာ ရောက်တိုင်ကြားမှု မရှိသော် လည်း ရဲအက်ဥပဒေဖြင့် အရေး ယူ၍ ချမ်းအေးသာစံမြို့နယ်တ ရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ ကြောင်း အမှတ်(၈)နယ်မြေရဲ တပ်ဖွဲ့စခန်းမှ သိရသည်။

လူနာများထံမှ ငွေတောင်းခံခြင်းများ ပြုလုပ်ပါက ကုသ ဆောင်ရှိ ဆရာမများထံသို့ ချက် ချင်းအကြောင်းကြားရန်၊ မိမိ၏ ငွေများကို လိုသလောက်သာ ဆေးရုံအတွင်းသို့ ယူဆောင် လာရန်၊ အဖိုးတန်ရွှေငွေ၊ လက် ဝတ်ရတနာများကို ယူဆောင်လာ ခြင်းမပြုရန်၊ လူနာနှင့်လူနာစောင့် တစ်ဦးသာ နေထိုင်ရန်၊ အရေး ပေါ်ဖြစ်ပွားမှသာ လူနာစောင့် တစ်ဦးထက်ပို၍ ထားရှိပေးရန်၊ မသင်္ကာသည့် လူများကိုတွေ့ရှိပါ က အကြောင်းကြားပေးရန် ဆေး ရုံ၌ တက်ရောက်နေသည့် လူနာ များနှင့် လူနာစောင့်များအား မှာ ကြားထားရှိကြောင်း မန္တလေး ဆေးရုံကြီးမှ ဆေးနှင့်လူမှုဆက်ဆံ ရေးအရာရှိ ဦးမင်းလွင်က ပြော ကြားသည်။

မန္တလေးဆေးရုံကြီးတွင် တက်ရောက်နေသည့် လူနာနှင့် လူနာစောင့်များထံမှ ဖုန်းပျောက် ဆုံးမှု၊ ငွေကြေးပျောက်ဆုံးမှုများ ဖြစ်ပွားနေမှုကြောင့် ညအချိန် အမှတ်(၈)နယ် မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ထားကြောင်းဦးမင်းလွင်က ပြောသည်။ စက်တင်ဘာ ၄ ရက်ညပိုင်း ကလည်း ဆေးရုံကြီးဝင်းအတွင်း ကိုးထပ်ဆောင်ရှိ အမျိုးသမီး ဖျား နာဆောင်တွင် ဆေးကုသမှုခံယူ နေသည့် အမျိုးသမီးတစ်ဦးကျပ် ၁၀ သိန်း ပျောက်ဆုံးသွားခဲ့သည်။
7day daily


No comments:

Post a Comment