Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 21, 2015

ေဒၚေအာင္ဆန္းစုၾကည္ပံုကို ညစ္ညမ္းစြာ ျပင္ဆင္ျပီး ေဖ့စ္ဘုတ္တြင္ တင္ခဲ့သျဖင့္ အမႈဖြင့္ခံထားရသည့္ ႔ျပည္ခိုင္ၿဖဳိးပါတီ ေခါင္းေဆာင္တစ္ဦးကို ပါတီ႐ံုးအတြင္း ၀င္ ေရာက္ ဖမ္းဆီး

ေဒၚေအာင္ဆန္းစုၾကည္၏ ဓာတ္ပံုအား Photoshop ျဖင့္ ညစ္ညမ္းပံုအျဖစ္ ျပင္ထားၿပီး ေဖ့စ္ဘုတ္တြင္ ျဖန္႔ေ၀ခဲ့သည့္ ဧရာ၀တီတိုင္းေဒသႀကီး ကန္ႀကီးေထာင့္ၿမိဳ႕နယ္
ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြ႕ံၿဖိဳးေရးပါတီ ေခါင္းေဆာင္တစ္ဦးအား ကန္ႀကီးေထာင့္ ၿမိဳ႕မရဲစခန္းက ပါတီ႐ံုးတြင္း ၀င္ေရာက္ ဖမ္းဆီးလိုက္ေၾကာင္း သိရွိရသည္။
၎အား တိုင္တန္းထားၿပီး သုံးရက္ေျမာက္ေန႔ ေအာက္တိုဘာ ၂၀ ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဖမ္းဆီးလိုက္ျခင္း ျဖစ္သည္။

“လူငယ္တစ္ေယာက္က သူဟာ ဒီေန႔ ပါတီ႐ုံးထဲမွာ ရွိေနပါတယ္လို႔ သတင္းေပးလို႔ေန႔လယ္ ၁၂ ေက်ာ္ ေလာက္မွာ ဖမ္းဆီးခဲ့တာပါ။ အခုသူ႔ကို စခန္းမွဴးက စစ္ေဆးေနပါတယ္” ဟု
ကန္ႀကီးေထာင့္ ၿမိဳ႕မ ရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံၿဖိဳးေရးပါတီ တြဲဖက္အတြင္းေရးမွဴး
ဦးသန္းထြန္းသည္ စက္တင္ဘာ ၂ ရက္ေန႔ ညေန ၆း၄၂ နာရီ ခန္႔က ၎သံုးစြဲေန
သည့္ Thu Thu အမည္ရွိ ေဖ့စ္ဘုတ္အေကာင့္တြင္ အဆိုပါ ဓာတ္ပံုမ်ားအား တင္
ထားခဲ့ျခင္းျဖစ္ၿပီး ၎ျပဳလုပ္ခဲ့သည္ကို ၀န္ခံခဲ့ေၾကာင္း ကန္ႀကီးေထာင့္ ရဲစခန္းမွ သိ
ရသည္။

ဦးသန္းထြန္းအား လူသိရွင္ၾကား ျပန္လည္ေတာင္းပန္ရန္ ညိွႏိႈင္းသည္ကို လက္မခံ
သည့္အတြက္ ေအာက္တိုဘာလ ၁၇ ရက္ေန႔ညပိုင္းက ကန္ႀကီးေထာင့္ ၿမိဳ႕မရဲစခန္း
တြင္ ၿမိဳ႕ခံလူငယ္မ်ားက အမႈဖြင့္ခဲ့ၿပီးေနာက္ ဦးသန္းထြန္းသည္ ေနအိမ္မွ တိမ္းေရွာင္
ေနသျဖင့္ သုံးရက္အၾကာမွ သတင္းေပး တိုင္ၾကားမႈေၾကာင့္ ဖမ္းဆီးခဲ့ျခင္း ျဖစ္
ေၾကာင္း ကန္ႀကီးေထာင့္ ရဲစခန္းမွ သိရသည္။

ယခုျဖစ္ရပ္ႏွင့္ ပတ္သက္၍ ျပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ၏ ကန္ႀကီး
ေထာင့္ၿမိဳ႕နယ္ ကိုယ္စားလွယ္ေလာင္းႏွင့္ ဧရာ၀တီတိုင္းေဒသႀကီး အစိုးရအဖဲြ႔၀င္
တစ္ဦးတည္းေသာ အမ်ိဳးသမီး လူမႈေရး၀န္ႀကီးေဒၚခင္ေစာမူက စည္႐ုံးေရးကာလ
ျဖစ္သည့္အတြက္ အဆိုပါျဖစ္ရပ္ကို မွတ္ခ်က္ တစ္စံုတစ္ရာ မေပးလိုေၾကာင္း ေျဖ
ၾကားထားသည္။

“ကၽြန္ေတာ့္ကိုေတာ့ အေၾကာင္း မၾကားေသးပါဘူး။ ဒါေပမဲ့ ရဲစခန္းကို သတင္းေပးခဲ့
သူက ဖုန္းဆက္လို႔ ဖမ္းထားတယ္ဆိုတာ သိရပါတယ္။ တိုင္ထားတာ သုံးရက္ရွိၿပီ”
ဟု အမႈဖြင့္တိုင္ၾကားခဲ့သူ ကန္ႀကီးေထာင့္ၿမိဳ႕ Hand To Hand အခမဲ့ပညာဒါန ကြန္
ရက္ အတြင္းေရးမွဴး ကိုစည္သူေအာင္က ေျပာသည္။

ကန္ႀကီးေထာင့္ၿမိဳ႕မရဲစခန္းတြင္ ဦးသန္းထြန္းအား (ပ) ၁၅၇/၂၀၁၅၊ အီလက္ထေရာ
နစ္ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ) ျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္း
သိရသည္။

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အစိုးရအရာရွိ
မ်ားကို ေလွာင္ေျပာင္ေသာပံုမ်ားကို ေဖ့စ္ဘုတ္ေပၚတြင္ တင္ျခင္း၊ ေ၀မွ်ျခင္းမ်ား ျပဳ
လုပ္သည္ဟုဆိုကာ မအူပင္ၿမိဳ႕မွ အမ်ဳိးသမီး တစ္ဦးႏွင့္ ရန္ကုန္ၿမိဳ႕မွ အမ်ဳိးသား ႏွစ္
ဦးတို႔လည္း အီလက္ထေရာနစ္ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆ (ဃ) ျဖင့္ ယခုရက္
ပိုင္းအတြင္း ဖမ္းဆီးတရားစဲြဆို ခံေနရသည္။

အီလက္ထေရာနစ္ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ) မွာ ႏိုင္ငံေတာ္ေအးခ်မ္း
သာယာေရးႏွင့္ ဖြံ႔ၿဖိဳးေရးေကာင္စီ လက္ထက္ ၂၀၀၄ ခုႏွစ္တြင္ ျပ႒ာန္းခဲ့ျခင္းျဖစ္ၿပီး
ဆက္သြယ္ေရး ကြန္ရက္တစ္ခုခုကို အသံုးျပဳ၍ ပုဂၢိဳလ္တဦးဦးအား ေျခာက္လွန္႔
ေတာင္းယူျခင္း၊ အႏိုင့္အထက္ ျပဳျခင္း၊ မတရားတားဆီး ကန္႔ကြက္ျခင္း၊ အသေရ
ဖ်က္ျခင္း၊ ေႏွာင့္ယွက္ျခင္း၊ မေလ်ာ္ၾသဇာသံုးျခင္းႏွင့္ ၿခိမ္းေျခာက္ျခင္းမ်ား က်ဴးလြန္
ပါက ေထာင္ဒဏ္ သုံးႏွစ္ သို႔မဟုတ္ ေငြဒဏ္ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္စလံုး ခ်မွတ္ႏိုင္
သည္ဟု ျပ႒ာန္းထားသည္။

သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
........................

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား Photoshop ဖြင့် ညစ်ညမ်းပုံအဖြစ် ပြင်ထား
ပြီး ဖေ့စ်ဘုတ်တွင် ဖြန့်ဝေခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ ခေါင်းဆောင်တစ်ဦးအား ကန်ကြီး
ထောင့် မြို့မရဲစခန်းက ပါတီရုံးတွင်း ၀င်ရောက် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
၎င်းအား တိုင်တန်းထားပြီး သုံးရက်မြောက်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ နေ့လယ်
ပိုင်းတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“လူငယ်တစ်ယောက်က သူဟာ ဒီနေ့ ပါတီရုံးထဲမှာ ရှိနေပါတယ်လို့ သတင်းပေးလို့
နေ့လယ် ၁၂ ကျော် လောက်မှာ ဖမ်းဆီးခဲ့တာပါ။ အခုသူ့ကို စခန်းမှူးက စစ်ဆေးနေ
ပါတယ်” ဟု ကန်ကြီးထောင့် မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကန်
ကြီးထောင့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူး
ဦးသန်းထွန်းသည် စက်တင်ဘာ ၂ ရက်နေ့ ညနေ ၆း၄၂ နာရီ ခန့်က ၎င်းသုံးစွဲနေ
သည့် Thu Thu အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တွင် အဆိုပါ ဓာတ်ပုံများအား တင်
ထားခဲ့ခြင်းဖြစ်ပြီး ၎င်းပြုလုပ်ခဲ့သည်ကို ၀န်ခံခဲ့ကြောင်း ကန်ကြီးထောင့် ရဲစခန်းမှ သိ
ရသည်။

ဦးသန်းထွန်းအား လူသိရှင်ကြား ပြန်လည်တောင်းပန်ရန် ညှိနှိုင်းသည်ကို လက်မခံ
သည့်အတွက် အောက်တိုဘာလ ၁၇ ရက်နေ့ညပိုင်းက ကန်ကြီးထောင့် မြို့မရဲစခန်း
တွင် မြို့ခံလူငယ်များက အမှုဖွင့်ခဲ့ပြီးနောက် ဦးသန်းထွန်းသည် နေအိမ်မှ တိမ်းရှောင်
နေသဖြင့် သုံးရက်အကြာမှ သတင်းပေး တိုင်ကြားမှုကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်
ကြောင်း ကန်ကြီးထောင့် ရဲစခန်းမှ သိရသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကန်ကြီး
ထောင့်မြို့နယ် ကိုယ်စားလှယ်လောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
တစ်ဦးတည်းသော အမျိုးသမီး လူမှုရေးဝန်ကြီးဒေါ်ခင်စောမူက စည်ရုံးရေးကာလ
ဖြစ်သည့်အတွက် အဆိုပါဖြစ်ရပ်ကို မှတ်ချက် တစ်စုံတစ်ရာ မပေးလိုကြောင်း ဖြေ
ကြားထားသည်။

“ကျွန်တော့်ကိုတော့ အကြောင်း မကြားသေးပါဘူး။ ဒါပေမဲ့ ရဲစခန်းကို သတင်းပေးခဲ့
သူက ဖုန်းဆက်လို့ ဖမ်းထားတယ်ဆိုတာ သိရပါတယ်။ တိုင်ထားတာ သုံးရက်ရှိပြီ”
ဟု အမှုဖွင့်တိုင်ကြားခဲ့သူ ကန်ကြီးထောင့်မြို့ Hand To Hand အခမဲ့ပညာဒါန ကွန်
ရက် အတွင်းရေးမှူး ကိုစည်သူအောင်က ပြောသည်။

ကန်ကြီးထောင့်မြို့မရဲစခန်းတွင် ဦးသန်းထွန်းအား (ပ) ၁၅၇/၂၀၁၅၊ အီလက်ထရော
နစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း
သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရအရာရှိ
များကို လှောင်ပြောင်သောပုံများကို ဖေ့စ်ဘုတ်ပေါ်တွင် တင်ခြင်း၊ ဝေမျှခြင်းများ ပြု
လုပ်သည်ဟုဆိုကာ မအူပင်မြို့မှ အမျိုးသမီး တစ်ဦးနှင့် ရန်ကုန်မြို့မှ အမျိုးသား နှစ်
ဦးတို့လည်း အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ယခုရက်
ပိုင်းအတွင်း ဖမ်းဆီးတရားစွဲဆို ခံနေရသည်။

အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) မှာ နိုင်ငံတော်အေးချမ်း
သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး
ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်
တောင်းယူခြင်း၊ အနိုင့်အထက် ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေ
ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ကျူးလွန်
ပါက ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်
သည်ဟု ပြဋ္ဌာန်းထားသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment