Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 20, 2015

ထိန္းသိမ္းခံေက်ာင္းသား တစ္ဝက္ နီးပါးႀကိဳတင္မဲေပးဖုိ႔ ျငင္းဆန္

သာယာဝတီအက်ဥ္းေထာင္မွာ ဖမ္းဆီးခံထားရတဲ့ ဗကသ ေက်ာင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္သူ ကိုမင္းေသြးသစ္ ကိုရံုးထုတ္လာစဥ္။ Photo:Aung Thain Kha/RFA
 သာယာဝတီအက်ဥ္းေထာင္မွာ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသား၊ ေက်ာင္းသူနဲ႔ ဝန္းရံသူ ၅၄ ဦးထဲက တစ္ဝက္ေလာက္က ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးမွာျဖစ္ၿပီး က်န္တဲ့တစ္ဝက္က ႀကိဳတင္မဲေပး ဖို႔ ျငင္းဆန္ထားပါတယ္။

ႀကိဳတင္မဲေပးဖို႔ ျငင္းထားတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ဝန္းရံသူေတြကို အက်ဥ္းဦးစီးဌာနနဲ႔ ေရြးေကာက္ ပဲြေကာ္မရွင္က ႀကိဳတင္မဲ မေပးေၾကာင္း လက္ေဗြႏွိပ္ၿပီး လက္မွတ္ထိုးခိုင္းတယ္လုိ႔ ႀကိဳတင္မဲေပးဖို႔ စာရင္းတင္ထားတဲ့ ဗကသ ေက်ာင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္သူ ကိုမင္းေသြးသစ္က ေျပာပါတယ္။

"ေက်ာင္းသားနဲ႔ ဝန္းရံျပည္သူေတြထဲက တစ္ဝက္ေလာက္ကေပါ့ေလ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ႀကိဳတင္မဲကို သူတို႔ရဲ႕ တစ္ဦးခ်င္းသေဘာအရေပါ့ ေရြးေကာက္ပြဲေကာ္မရွင္ကို အယံုအၾကည္မရွိဘူး၊ ဒီႀကိဳတင္မဲက ကိုယ္ထည့္တဲ့ပါတီကို ျဖစ္ခ်င္မွျဖစ္ႏိုင္မယ္ေပါ့၊ အဲ့အတြက္ အယံုအၾကည္မရွိလို႔ မဲမေပးဘူးဆိုၿပီးေတာ့ ေထာင္ အာဏာပိုင္ေတြကို အေၾကာင္းျပန္လိုက္တယ္၊ အဲ့ဒီမွာ ေထာင္အာဏာပိုင္ေတြက လက္ေဗြႏွိပ္ၿပီးေတာ့ လက္မွတ္ထိုးခိုင္းထားပါတယ္၊ ႀကိဳတင္မဲ မထည့္မယ့္ သူေတြကို"

ဗမာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖဲြ႔ခ်ဳပ္ ဗကသ အေနနဲ႔ အက်ဥ္းက်ေနတဲ့ ဗကသ အဖဲြ႔ဝင္ေတြကို ႀကိဳတင္မဲေပးဖို႔ မေပးဖို႔နဲ႔ပတ္သက္ၿပီး တားျမစ္ကန္႔သတ္ထားတာ မရွိဘဲ တစ္ဦးခ်င္းဆံုးျဖတ္ခ်က္နဲ႔ သက္ဆိုင္ တယ္လို႔ ကိုမင္းေသြးသစ္က ေျပာပါတယ္။

ႀကိဳတင္မဲေပးမယ့္သူေတြဟာ စာရင္းသာေပးထားရတာျဖစ္ၿပီး မဲေပးရမယ့္ရက္ကို မသိရိွရေသးဘူး လို႔ ေျပာပါတယ္။

အက်ဥ္းက်ေနတဲ့ ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ဝန္းရံသူအားလံုးကို စဲြဆုိထားတဲ့အမႈေတြကို ပယ္ဖ်က္ေပးဖို႔ သူတုိ႔ရဲ႕ေရွ႕ေနေတြက ပဲခူးတုိင္းေဒသႀကီး တရားလႊတ္ေတာ္ထံ တင္ျပထားၿပီး ေနာက္လ ႏုိဝင္ဘာလ ၂ ရက္ေန႔မွာ အၿပီးသတ္ေလွ်ာက္လဲခ်က္ ေပးရမွာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............................

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ် ကိုရုံးထုတ်လာစဉ်။ Photo:Aung Thain Kha/RFA
 သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူ ၅၄ ဦးထဲက တစ်ဝက်လောက်က ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှာဖြစ်ပြီး ကျန်တဲ့တစ်ဝက်က ကြိုတင်မဲပေး ဖို့ ငြင်းဆန်ထားပါတယ်။

ကြိုတင်မဲပေးဖို့ ငြင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို အကျဉ်းဦးစီးဌာနနဲ့ ရွေးကောက် ပွဲကော်မရှင်က ကြိုတင်မဲ မပေးကြောင်း လက်ဗွေနှိပ်ပြီး လက်မှတ်ထိုးခိုင်းတယ်လို့ ကြိုတင်မဲပေးဖို့ စာရင်းတင်ထားတဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ်က ပြောပါတယ်။

"ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေထဲက တစ်ဝက်လောက်ကပေါ့လေ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြိုတင်မဲကို သူတို့ရဲ့ တစ်ဦးချင်းသဘောအရပေါ့ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဘူး၊ ဒီကြိုတင်မဲက ကိုယ်ထည့်တဲ့ပါတီကို ဖြစ်ချင်မှဖြစ်နိုင်မယ်ပေါ့၊ အဲ့အတွက် အယုံအကြည်မရှိလို့ မဲမပေးဘူးဆိုပြီးတော့ ထောင် အာဏာပိုင်တွေကို အကြောင်းပြန်လိုက်တယ်၊ အဲ့ဒီမှာ ထောင်အာဏာပိုင်တွေက လက်ဗွေနှိပ်ပြီးတော့ လက်မှတ်ထိုးခိုင်းထားပါတယ်၊ ကြိုတင်မဲ မထည့်မယ့် သူတွေကို"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အနေနဲ့ အကျဉ်းကျနေတဲ့ ဗကသ အဖွဲ့ဝင်တွေကို ကြိုတင်မဲပေးဖို့ မပေးဖို့နဲ့ပတ်သက်ပြီး တားမြစ်ကန့်သတ်ထားတာ မရှိဘဲ တစ်ဦးချင်းဆုံးဖြတ်ချက်နဲ့ သက်ဆိုင် တယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

ကြိုတင်မဲပေးမယ့်သူတွေဟာ စာရင်းသာပေးထားရတာဖြစ်ပြီး မဲပေးရမယ့်ရက်ကို မသိရှိရသေးဘူး လို့ ပြောပါတယ်။

အကျဉ်းကျနေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူအားလုံးကို စွဲဆိုထားတဲ့အမှုတွေကို ပယ်ဖျက်ပေးဖို့ သူတို့ရဲ့ရှေ့နေတွေက ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ထံ တင်ပြထားပြီး နောက်လ နိုဝင်ဘာလ ၂ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက် ပေးရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment