Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 19, 2015

မဲစာရင်းမှာ မပါသူတွေ မဲ ပြန်ပေးနိုင်ကြောင်း တိုကျို မြန်မာသံရုံး ကြေညာ


 ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ကြိုတင်မဲပေးခွင့်ရှိသူ စာရင်းမှာပါပေမယ့် မဲလက်မှတ်မပါ တာကြောင့် မဲမပေးခဲ့ရသူတွေနဲ့ မဲပေးခွင့်ရပေမယ့် မဲလက်မှတ် အားလုံးမရခဲ့သူတွေ ပြန်လည်မဲပေးခွင့်ရ မှာဖြစ်ကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီနေ့ ကြေညာလိုက်ပါတယ်။

ကြိုတင်မဲပေးခွင့်ရှိသူစာရင်းမှာ မပါတာတွေ ဆန္ဒမဲလက်မှတ် အပြည့်အစုံမရတာတွေကို မြန်မာနိုင်ငံသားတွေက သံရုံးကို တင်ပြတာကြောင့် အခုလိုသံရုံးက ဆောင်ရွက်ပေးတာဖြစ်တယ်လို့ ဂျပန်နိုင်ငံရောက်ရှိ နေတဲ့ ကိုသောင်းမြင့်ဦးက ပြောပါတယ်။

"အဲဒါကတော့ သူတို့အနေနဲ့ အတတ်နိုင်ဆုံး လုပ်ကိုင်ဆောင်ရွက်ပေးတယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်၊ ဒါပေမဲ့ တမင်သက်သက်လုပ်တာလား၊ အားနည်းတာလား၊ တိကျသေချာမှု မရှိတာကတော့ သေချာတာဗျာ၊ ဒီဟာက ရွေးကောက်ပွဲကော်မရှင်က လုပ်ကိုင်ဆောင်ရွက်မှုအပေါ်မှာ မူတည်ပါတယ်လို့ မြင်ပါတယ်"

ဂျပန်နိုင်ငံမှာ ကြိုတင်မဲပေးခွင့်ကို အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ၂၃ ရက်နေ့အထိ ခွင့်ပြုပေးထားတာဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ အင်္ဂလန်၊ အမေရိကန်စတဲ့ ၄၆ နိုင်ငံကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ရက်နေ့ကစပြီး သက်ဆိုင်ရာသံရုံးတွေက သတ် မှတ်ပေးတဲ့ရက်မှာ ကြိုတင်မဲပေးနေကြတာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၃ရက်နေ့ကစပြီး ၁၇ရက်နေ့အထိ ၅ရက်အတွင်း ကြိုတင်မဲပေးတဲ့ ပြည် ပရောက် မြန်မာနိုင်ငံသား တစ်သောင်းတစ်ထောင်ကျော် ရှိတယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
...................................................................................

မဲစာရင်းမွာ မပါသူတြေ မျဲပန်ပေးနိုင်ကြောင်း တိုက်ျိုမန္မာသံရုံး ကြေညာ


 ဂ်ပန်နိုင်ငံမွာ ရောက်ရွိနေတျဲ့မန္မာနိုင်ငံသားတြေထဲမွာ ကြိုတင္မဲပေးခြင့်ရွိသူ စာရင်းမွာပါပေမယ့် မဲလက္မွတ္မပါ တာကြောင့် မဲမေပးခဲ့ရသူတြေနဲ့ မဲပေးခြင့်ရေပမယ့် မဲလက္မွတ် အားလုံးမရခဲ့သူတျြေပန္လည္မဲပေးခြင့်ရ မျွာဖစ်ကြောင်း ဂ်ပန်နိုင်ငံ တိုကိုမြို့မွာရွိတျဲ့မန္မာသံရုံးက ဒီနေ့ ကြေညာလိုက္ပါတယ်။

ကြိုတင္မဲပေးခြင့်ရွိသူစာရင်းမွာ မပါတာတြေ ဆန္ဒမဲလက္မွတ် အျပည့်အစုံမရတာတြေကျိုမန္မာနိုင်ငံသားတြေက သံရုံးကို တင်ျပတာကြောင့် အခုလိုသံရုံးက ဆောင်ြရက်ပေးတျာဖစ္တယ္လို့ ဂ်ပန်နိုင်ငံရောက်ရွိ နေတဲ့ ကိုသောင်ျးမင့်ဦးကျေပာပါတယ်။

"အဲဒါကေတာ့ သူတို့အေနနဲ့ အတတ်နိုင္ဆုံး လုပ္ကိုင်ဆောင်ြရက်ပေးတယ္လို့ က်နော့်အေနနဲ့ ယုံကြည္ပါတယ်၊ ဒါပေမဲ့ တမင်သက်သက္လုပ္တာလား၊ အားနည်းတာလား၊ တိက်သေခ်ာမှု မရွိတာကေတာ့ သေခ်ာတာဗ်ာ၊ ဒီဟာက ရြေးကောက္ပြဲက္မောရွင္က လုပ္ကိုင်ဆောင်ြရက္မှုအေပ်ါမွာ မူတည္ပါတယ္လိျု့မင္ပါတယ်"

ဂ်ပန်နိုင်ငံမွာ ကြိုတင္မဲပေးခြင့်ကို အောက္တိုဘာလ ၁၇ ရက်နေ့ကစပြီး ၂၃ ရက်နေ့အထိ ခြင့်ျပုပေးထားတျာဖစ်ပြီး ဆန္ဒမဲပေးပိုင္ခြင့်ရွိသူ ၁ ထောင်ကော််ရွိတယ္လို့ သိရပါတယ်။

ထိုင်း၊ မေလးရွား၊ စင္ကာပူ၊ သြစေတြးလ်၊ ဂ်ပန်၊ ကိုရီးယား၊ အဂင်္လန်၊ အေမရိကန္စတဲ့ ၄၆ နိုင်ငံကို ရောက်ရွိနေ တျဲ့မန္မာနိုင်ငံသားတြေဟာ ပြီးခဲ့တဲ့ အောက္တိုဘာလ ၁၃ရက်နေ့ကစပြီး သက္ဆိုင်ရာသံရုံးတြေက သတ် မွတ်ပေးတဲ့ရက္မွာ ကြိုတင္မဲပေးနေကြတျာဖစ္ပါတယ်။

အောက္တိုဘာလ ၁၃ရက်နေ့ကစပြီး ၁၇ရက်နေ့အထိ ၅ရက်အတြင်း ကြိုတင္မဲပေးတျဲ့ပည် ပေရာက်ျမန္မာနိုင်ငံသား တစ်သောင်းတစ်ထောင်ကော်် ရွိတယ္လို့ က္မောရွင္က ကြေညာထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment