Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 30, 2015

လကမ္ဘာသို့ အသွားအပြန်ခရီးတွင် အခက်အခဲများ ကြုံတွေ့နိုင်၍ အမျိုးသမီးခြောက်ဦး အလုံခန်းများတွင် စမ်းသပ် နေထိုင်လျက်ရှိ



မော်စကို ၊ ၃၀-၁၀-၂၀၁၅

လကမ္ဘာသို့ အသွားအပြန် ခရီးစဉ်တွင် အခက်အခဲများ ကြုံတွေ့ရမည် ဖြစ်သည့်အတွက် စမ်းသပ်မှုတစ်ခု အဖြစ် ရုရှား အမျိုးသမီး ခြောက်ဦးတို့ကို အထူး စီမံထားသော အလုံခန်း များတွင် နေထိုင် စေခြင်းကို ရုရှားအစိုးရက စမ်းသပ် လုပ်ဆောင် နေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ခြောက်ဦးသည် စိတ်ပညာရှင် တစ်ဦး၊ ဆရာဝန်တစ်ဦးနှင့် သုတေသီများ ပါဝင်မည် ဖြစ်သည်။ မော်စကိုမြို့ရှိ Institute of Biomedical Problems ရှိ သစ်သားဖြင့် ပြုလုပ်ထားသော အလုံခန်းတွင် ရှစ်ရက်ကြာ နေထိုင်ခြင်းဖြင့် အာကာသအတွင်း ရောက်ရှိစဉ် ကြုံတွေ့ရမည့် စိတ်ပိုင်းဆိုင်ရာ အကျိုးအပြစ် များကို သုတေသနပြု လေ့လာသွားမည် ဖြစ်သည်။ အာကာသ ခရီးစဉ်အတွင်း အမျိုးသမီးများ စေလွှတ်ပါက ကြုံတွေ့နိုင်သည့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲ များကို လေ့လာသည့် အစီအစဉ်တစ်ရပ် ဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ် ကလည်း အင်္ဂါဂြိုဟ် ခရီးစဉ်အတွက် အမျိုးသား စေတနာ့ ဝန်ထမ်း ခြောက်ဦး တို့ကို ရက်ပေါင်း ၅၂ဝ ကြာ ယခုကဲ့သို့ လေ့ကျင့် စမ်းသပ် ခဲ့ဖူးသည်။ ရုရှား အစိုးရသည် ၁၉၆၃ ခုနှစ်က ပထမဆုံး အမျိုးသမီး အဖြစ် ဘလန်တီနာ ထရက်ကိုဗာ ကို အာကာသသို့ စေလွှတ် ခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်က စတုတ္ထအကြိမ် အဖြစ် အမျိုးသမီး အာကာသ သူရဲကောင်း တစ်ဦးဖြစ်သူ ဆာရိုမာ ကို အာကာသသို့ ပို့ဆောင် ခဲ့ဖူးသည်။

ယခု အာကာသ ဝတ်စုံများ ဝတ်ဆင် ထားရှိသည့် အမျိုးသမီး ခြောက်ဦးတို့က သတင်းစာ ရှင်းလင်းပွဲ၌ ရှစ်ရက်ကြာ စမ်းသပ်မှုတွင် အမျိုးသားများ မပါဘဲ မိမိတို့ လုပ်ဆောင် နိုင်ကြောင်း ဖြေကြားခဲ့ကြသည်။

#PyiChitThar
.............................................................................
လကမ္ဘာသို့ အသြားအျပန္ခရီးတြင် အခက်အခဲမ်ား ကြုံတြေ့နိုင်၍ အမိုးသမီျးေခာက်ဦး အလုံခန်းမ်ားတြင် စမ်းသပ် နေထိုင္လ်က်ရွိ





မ္စောကို ၊ ၃၀-၁၀-၂၀၁၅

လကမ္ဘာသို့ အသြားအျပန် ခရီးစဉ်တြင် အခက်အခဲမ်ား ကြုံတြေ့ရမည်ျဖစ်သည့်အတြက် စမ်းသပ္မှုတစ္ခု အျဖစ် ရုရွား အမိုးသမီးျေခာက်ဦးတို့ကို အထူး စီမံထားသော အလုံခန်း မ်ားတြင် နေထိုင် ဈေခင်းကို ရုရွားအစိုးရက စမ်းသပ် လုပ်ဆောင် နေကြာင်း သိရသည်။

အဆိုပါ အမိုးသမီးျေခာက်ဦးသည် စိတ္ပညာရွင် တစ်ဦး၊ ဆရာဝန္တစ်ဦးနွင့် သုတေသီမ်ား ပါဝင္မည်ျဖစ်သည်။ မ္စောကိုမြို့ရွိ Institute of Biomedical Problems ရွိ သစ်သာျးဖင့်ျပုလုပ္ထားသော အလုံခန်းတြင် ရွစ်ရက်ကြာ နေထိုင်ျခင်ျးဖင့် အာကာသအတြင်း ရောက်ရွိစဉ် ကြုံတြေ့ရမည့် စိတ္ပိုင်းဆိုင်ရာ အကိုးအျပစ် မ်ားကို သုတေသနျပု လေ့လာသြားမည်ျဖစ်သည်။ အာကာသ ခရီးစဉ်အတြင်း အမိုးသမီးမ်ား စေလွှတ္ပါက ကြုံတြေ့နိုင်သည့် စိတ္ပိုင်းဆိုင်ရာ အခက်အခဲ မ်ားကို လေ့လာသည့် အစီအစဥ္တစ်ရပ်ျဖစ်သည်။

၂ဝ၁ဝျပည့်နွစ် ကလည်း အင်္ဂါဂြိုဟ် ခရီးစဉ်အတြက် အမိုးသား စေတနာ့ ဝန္ထမ်းျေခာက်ဦး တို့ကို ရက်ပေါင်း ၅၂ဝ ကြာ ယခုကဲ့သို့ လေ့က်င့် စမ်းသပ် ခဲ့ဖူးသည်။ ရုရွား အစိုးရသည် ၁၉၆၃ ခုနွစ္က ပထမဆုံး အမိုးသမီး အျဖစ် ဘလန္တီနာ ထရက္ကိုဗာ ကို အာကာသသို့ စေလွှတ် ခဲ့ဖူးသည်။ ပြီးခဲ့သည့်နွစ္က စတုတ္ထအကြိမ် အျဖစ် အမိုးသမီး အာကာသ သူရဲကောင်း တစ်ဦျးဖစ်သူ ဆာရိုမာ ကို အာကာသသို့ ပို့ဆောင် ခဲ့ဖူးသည်။

ယခု အာကာသ ဝတ္စုံမ်ား ဝတ္ဆင် ထားရွိသည့် အမိုးသမီးျေခာက်ဦးတို့က သတင်းစာ ရွင်းလင်းပြဲ၌ ရွစ်ရက်ကြာ စမ်းသပ္မှုတြင် အမိုးသားမ်ား မပါဘဲ မိမိတို့ လုပ်ဆောင် နိုင်ကြောင်းျေဖကြားခဲ့ကြသည်။

#PyiChitThar

No comments:

Post a Comment