Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 17, 2015

ရင္သား ကင္ဆာ ျဖစ္/မျဖစ္ သိရွိႏိုင္ေစမယ့္ အခ်က္မ်ား

ၿဗိတိန္ ႏိုင္ငံမွာဆိုရင္ေတာ့ အမ်ိဳးသမီး ၈ ေယာက္မွာ ၁ ေယာက္ဟာ ရင္သား ကင္ဆာ ေရာဂါကို ခံစားေနၾကရပါတယ္။ ဒါေၾကာင့္ ကင္ဆာ ေရာဂါနဲ႔ ပတ္သက္ၿပီး ကၽြမ္းက်င္သူေတြက အမ်ိဳးသမီးေတြကို မိမိတို႔ရဲ႕ ရင္သားေတြအား ေန႔စဥ္ ၾကည့္ရႈစစ္ေဆးေပးဖို႔ အႀကံေပးထားပါတယ္။ ဒါေပမယ့္လည္း အမ်ိဳးသမီးေတြအတြက္ ေတာ့ ရင္သား ကင္ဆာ ျဖစ္ႏိုင္ေခ်ကို ရင္သား စစ္ေဆးရံုနဲ႔ ဘယ္လိုသိႏိုင္မလဲဆိုတာ မသိၾကပါဘူး။ ဒါေၾကာင့္ ရင္သား ကင္ဆာ ျဖစ္ပြားႏိုင္တဲ့အေျခအေနကို အကဲခတ္ ႏိုင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သာမာန္ ဟုတ္/မဟုတ္ သင္သိပါတယ္

မိခင္ေတြမွာဆိုရင္ေတာ့ မိမိကေလးငယ္ကို ေန႔စဥ္ ႏို႔ခ်ိဳ တိုက္ေကၽြးေနရတဲ့အတြက္ မိမိ ရင္သားေတြဟာ သာမန္အတိုင္းခံစားေနရသလား မဟုတ္သလားဆိုတာသိၾကပါတယ္။ ဥပမာ အားျဖင့္ အမ်ိဳးသမီးေတြဟာ ဓမၼတာ ခ်ိန္ ပတ္၀န္းက်င္မွာ ရင္သားေတြ အဖုအထစ္ျဖစ္သလို ၊ နာက်င္သလို ခံစားေနရတတ္ပါတယ္။ အဲဒီအတိုင္းမဟုတ္ရင္ေတာ့ ဒါသာမာန္ မဟုတ္ေတာ့ပါဘူး။

၂။ မွန္ထဲမွာ ၾကည့္လိုက္ပါ ၊ သင့္ရဲ႕ ရင္သားေတြ ၾကည့္ေကာင္းေနေသးရဲ႕လား

ရင္သားေတြ ၾကည့္ေကာင္းတယ္ဆိုတာ Sexy ျဖစ္ေသးလားကို ဆိုလိုတာ မဟုတ္ပါဘူး။ က်န္းမာေရးနဲ႔ ညီညြတ္ေသးရဲ႕လားကိုဆိုလိုတာပါ။ မွန္ေရွ႕မွာ ရပ္ၿပီးရင္ သင့္ရဲ႕ ပခံုးေတြကို ေျဖာင့္တန္းေနေအာင္ မတ္မတ္ ရပ္ပါ ၿပီးရင္ လက္ေမာင္းေတြကို တင္ပါး နဲ႔ တစ္တန္းတည္းျဖစ္ေနပါေစ။ အဲဒီအခါမွာ က်န္းမာတဲ့ ရင္သားေတြဟာ သာမာန္ အရြယ္အစား နဲ႔ အေရာင္မ်ိဳးရွိပါတယ္။ ေပ်ာ့ရြဲေနတာမ်ိဳး တြန္႔လိမ္ေနတာ မ်ိဳး မရွိပါဘူး။ စိတ္ပူရမယ့္ အေျခအေနကေတာ့ ရင္သား အေရျပားေတြ ေဖာင္းကားေနတာမ်ိဳး ၊ ရင္သားထိပ္  (Nipple) ေတြ ေနရာ ေျပာင္းေနတာမ်ိဳး ၊ ရင္သားဟာ အနီေရာင္သမ္းေနတာမ်ိဳး ၊ မိခင္ေတြအတြက္ေတာ့ ႏို႔ခ်ိဳတိုက္ေကၽြးတဲ့အခါ ႏို႔ရည္ဟာ အ၀ါေရာင္ျဖစ္ေနတာ ၊ က်ဲေတာက္ေနတာမ်ိဳးေတြ စတာ ေတြပဲျဖစ္ပါတယ္။

၃။ အမ်ိဳးမ်ိဳး စမ္းသပ္ၾကည့္ပါ

မိမိရင္သားကို မိမိ စမ္းသပ္တယ္ဆိုတာဟာ ေရခ်ိဳးတဲ့အခ်ိန္ မ်ိဳး ၊ အိပ္စက္တဲ့အခ်ိန္မ်ိဳးမွာ သင့္ရဲ႕ ရင္သားဟာ သာမာန္အတိုင္းဟုတ္ရဲ႕လား။ မတူညီတဲ့ ခံစားမႈမ်ိဳးရွိေနလားဆိုတာကို စမ္းသပ္ဖို႔ ဆိုလိုတာပါ။ breastcancer.org ဆိုတဲ့ ၀က္ဘ္ဆိုက္က ေဖာ္ျပထားတာကေတာ့ ရင္သားေတြကို စစ္ေဆးရမယ့္ နည္းလမ္းေတြကေတာ့ မတ္တပ္ရပ္ အေနအထား ၊ ထိုင္လ်က္အေနအထား ၊ အိပ္စက္တဲ့အေနအထားေတြမွာ ရင္သားရဲ႕ အေျခအေနဟာ တူညီလားဆိုတာကို စစ္ေဆးရမယ္လို႔ ဆိုထားပါတယ္။

၄။ အရမ္းလည္း စိတ္ပူမလြန္ပါနဲ႔

ရင္သား ေတြ နာက်င္တာမ်ိဳး ေလာက္ကိုေတာ့ ရင္သားကင္ဆာ ျဖစ္ေနပါတယ္ဆိုၿပီး ကင္ဆာေဆးေတြ စြတ္ မေသာက္လိုက္ပါနဲ႔။ အမ်ိဳးသမီးတိုင္းကေတာ့ ဓမၼတာ ခ်ိန္နီးရင္ ရင္သားေတြနာက်င္တတ္ပါတယ္။ ဒါေၾကာင့္ အလ်င္စလို ဆံုးျဖတ္ခ်က္မခ်ပါနဲ႔။

၅။ အထူးကုဆရာ၀န္ေတြကို တိုင္ပင္ၾကည့္ပါ

ကိုယ့္ကိုကိုယ္ ရင္သား ကင္ဆာ ျဖစ္ေနတယ္လို႕ သံသယ ရွိလာရင္ေတာ့ ကၽြမ္းက်င္သူ ဆရာ၀န္ေတြရဲ႕ အႀကံဥာဏ္ကိုရယူလိုက္ပါ။ ဘယ္ကင္ဆာမွ ေဆးၿမီးတိုနဲ႔ ကိုယ့္ဘာသာကိုယ္ ကုသလို႔ မေပ်ာက္ကင္းႏိုင္ပါဘူး။

( Mario )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Metro
...............................

ဗြိတိန် နိုင်ငံမှာဆိုရင်တော့ အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဟာ ရင်သား ကင်ဆာ ရောဂါကို ခံစားနေကြရပါတယ်။ ဒါကြောင့် ကင်ဆာ ရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက အမျိုးသမီးတွေကို မိမိတို့ရဲ့ ရင်သားတွေအား နေ့စဉ် ကြည့်ရှုစစ်ဆေးပေးဖို့ အကြံပေးထားပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေအတွက် တော့ ရင်သား ကင်ဆာ ဖြစ်နိုင်ချေကို ရင်သား စစ်ဆေးရုံနဲ့ ဘယ်လိုသိနိုင်မလဲဆိုတာ မသိကြပါဘူး။ ဒါကြောင့် ရင်သား ကင်ဆာ ဖြစ်ပွားနိုင်တဲ့အခြေအနေကို အကဲခတ် နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သာမာန် ဟုတ်/မဟုတ် သင်သိပါတယ်

မိခင်တွေမှာဆိုရင်တော့ မိမိကလေးငယ်ကို နေ့စဉ် နို့ချို တိုက်ကျွေးနေရတဲ့အတွက် မိမိ ရင်သားတွေဟာ သာမန်အတိုင်းခံစားနေရသလား မဟုတ်သလားဆိုတာသိကြပါတယ်။ ဥပမာ အားဖြင့် အမျိုးသမီးတွေဟာ ဓမ္မတာ ချိန် ပတ်ဝန်းကျင်မှာ ရင်သားတွေ အဖုအထစ်ဖြစ်သလို ၊ နာကျင်သလို ခံစားနေရတတ်ပါတယ်။ အဲဒီအတိုင်းမဟုတ်ရင်တော့ ဒါသာမာန် မဟုတ်တော့ပါဘူး။

၂။ မှန်ထဲမှာ ကြည့်လိုက်ပါ ၊ သင့်ရဲ့ ရင်သားတွေ ကြည့်ကောင်းနေသေးရဲ့လား

ရင်သားတွေ ကြည့်ကောင်းတယ်ဆိုတာ Sexy ဖြစ်သေးလားကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်သေးရဲ့လားကိုဆိုလိုတာပါ။ မှန်ရှေ့မှာ ရပ်ပြီးရင် သင့်ရဲ့ ပခုံးတွေကို ဖြောင့်တန်းနေအောင် မတ်မတ် ရပ်ပါ ပြီးရင် လက်မောင်းတွေကို တင်ပါး နဲ့ တစ်တန်းတည်းဖြစ်နေပါစေ။ အဲဒီအခါမှာ ကျန်းမာတဲ့ ရင်သားတွေဟာ သာမာန် အရွယ်အစား နဲ့ အရောင်မျိုးရှိပါတယ်။ ပျော့ရွဲနေတာမျိုး တွန့်လိမ်နေတာ မျိုး မရှိပါဘူး။ စိတ်ပူရမယ့် အခြေအနေကတော့ ရင်သား အရေပြားတွေ ဖောင်းကားနေတာမျိုး ၊ ရင်သားထိပ်  (Nipple) တွေ နေရာ ပြောင်းနေတာမျိုး ၊ ရင်သားဟာ အနီရောင်သမ်းနေတာမျိုး ၊ မိခင်တွေအတွက်တော့ နို့ချိုတိုက်ကျွေးတဲ့အခါ နို့ရည်ဟာ အဝါရောင်ဖြစ်နေတာ ၊ ကျဲတောက်နေတာမျိုးတွေ စတာ တွေပဲဖြစ်ပါတယ်။

၃။ အမျိုးမျိုး စမ်းသပ်ကြည့်ပါ

မိမိရင်သားကို မိမိ စမ်းသပ်တယ်ဆိုတာဟာ ရေချိုးတဲ့အချိန် မျိုး ၊ အိပ်စက်တဲ့အချိန်မျိုးမှာ သင့်ရဲ့ ရင်သားဟာ သာမာန်အတိုင်းဟုတ်ရဲ့လား။ မတူညီတဲ့ ခံစားမှုမျိုးရှိနေလားဆိုတာကို စမ်းသပ်ဖို့ ဆိုလိုတာပါ။ breastcancer.org ဆိုတဲ့ ၀က်ဘ်ဆိုက်က ဖော်ပြထားတာကတော့ ရင်သားတွေကို စစ်ဆေးရမယ့် နည်းလမ်းတွေကတော့ မတ်တပ်ရပ် အနေအထား ၊ ထိုင်လျက်အနေအထား ၊ အိပ်စက်တဲ့အနေအထားတွေမှာ ရင်သားရဲ့ အခြေအနေဟာ တူညီလားဆိုတာကို စစ်ဆေးရမယ်လို့ ဆိုထားပါတယ်။

၄။ အရမ်းလည်း စိတ်ပူမလွန်ပါနဲ့

ရင်သား တွေ နာကျင်တာမျိုး လောက်ကိုတော့ ရင်သားကင်ဆာ ဖြစ်နေပါတယ်ဆိုပြီး ကင်ဆာဆေးတွေ စွတ် မသောက်လိုက်ပါနဲ့။ အမျိုးသမီးတိုင်းကတော့ ဓမ္မတာ ချိန်နီးရင် ရင်သားတွေနာကျင်တတ်ပါတယ်။ ဒါကြောင့် အလျင်စလို ဆုံးဖြတ်ချက်မချပါနဲ့။

၅။ အထူးကုဆရာဝန်တွေကို တိုင်ပင်ကြည့်ပါ

ကိုယ့်ကိုကိုယ် ရင်သား ကင်ဆာ ဖြစ်နေတယ်လို့ သံသယ ရှိလာရင်တော့ ကျွမ်းကျင်သူ ဆရာဝန်တွေရဲ့ အကြံဉာဏ်ကိုရယူလိုက်ပါ။ ဘယ်ကင်ဆာမှ ဆေးမြီးတိုနဲ့ ကိုယ့်ဘာသာကိုယ် ကုသလို့ မပျောက်ကင်းနိုင်ပါဘူး။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Metro

No comments:

Post a Comment