Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 9, 2015

အမ်ဳိးေစာင့္ဥပေဒနဲ႕ ေဒၚေအာင္ဆန္းစုၾကည္


|| ဦးၾသဘာသ (ထားဝယ္) ||

 အမ်ိဳးေစာင့္ဥပေဒ စတင္ေပၚေပါက္စဥ္အခါက “တိုင္းျပည္အတြက္ အက်ိဳးရွိလ်င္ လက္သင့္ခံမည္။ အက်ိဳးမရွိလ်င္ လက္သင့္မခံ” ဟု ေဒၚေအာင္ဆန္းစုႀကည္ေျဖႀကားခ်က္ကို နားေထာင္ခဲ႕ဖူးသည္။ “မေထာက္ခံနိုင္”ဟု ယတိျပတ္ျငင္းပယ္ခဲ႕တာ မႀကားမိခဲ့။ ေဒၚေအာင္ဆန္းစုႀကည္ ဆိုလိုသည့္သေဘာက ကိုယ့္ဖက္ သူ႕ဖက္ ဘာသာေရးေခါင္းေဆာင္ေတြ အသိပညာရွင္ေတြ တိုင္ပင္ညွိနွိဳင္းျပီး လူအမ်ား လက္သင့္ခံနိုင္ေသာ ဥပေဒမ်ိဳးကို ဆိုလိုသည့္သေဘာ ျဖစ္ဖို႕မ်ားပါသည္။ ထိုအခ်ိန္မွစတင္၍ မဘသက “ငါတို႕ဥပေဒကို မေထာက္ခံရေကာင္းလား” ဆိုျပီး ေဒၚေအာင္ဆန္းစုႀကည္ကို နည္းမ်ိဳးစံုျဖင့္ ေ၀ဖန္လာခဲ႕သည္။ မႀကား၀ံ႕ မနာ၀ံ့ေသာ စကားေတြ တြင္တြင္သံုးကာ ေသြးခၽြန္တို႕လို လူေတြက သာကီေသြးဂ်ာနယ္မွာ အက်ယ္တ၀င့္ ေပၚေပၚထင္ထင္ တိုက္ခိုက္ခဲ႕သည္။

ေဒၚေအာင္ဆန္းစုႀကည္သာ မဘသရဲ႕ အမ်ိဳးေစာင့္ဥပေဒ ကို ေထာက္ခံ ပါတယ္၊ လက္ခံပါတယ္၊ အမ်ိဳးဘာသာ သာသနာအတြက္ ထမ္းေဆာင္ ပါမယ္လို႕ သာ တစ္ခြန္းေလာက္ေျပာလိုက္ရင္ မဲေတြ အကုန္ မရဘူးလား၊ ဘာသာ သာသာနာကို မေလးစားလို႕ မခ်စ္လို႕ အဲလို မေျပာတာလား၊ အဲဒီစကားကို ရဟန္းေတာ္အခ်ိဳ႕ေရာ လူပုဂၢိဳလ္အခ်ိဳ႕ပါ မိမိကိုယ္ အတိုက္အခံလုပ္ၿပီး ေမးႀကသည္။ သူတို႕ျဖစ္ေစခ်င္တာက ေထာက္ခံ လိုက္ေပါ့။ မဲရဖို႕အဓိကပဲ ဆိုသည့္သေဘာပင္။

ဒီေနရာမွာ ေျပာစရာရွိတာက ဒီလိုသာ ေထာက္ခံၿပီး ေျပာလိုက္ရင္ မဘသေတြ ျဖစ္ေစခ်င္တဲ႕ မဲေတာ့ရမွာေသခ်ာသည္။ ေရတို အတြက္ႀကည့္လ်င္ မွန္သေယာင္ရွိေပမယ့္ ေရရွည္အတြက္ ဆိုလ်င္ ေဒၚေအာင္ဆန္းစုႀကည္အတြက္ေရာ နိုင္ငံအတြက္ပါ အႏၱရာယ္ႀကီးမားသည္။ ေဒၚေအာင္ဆန္းစုႀကည္လို နိုင္ငံေရး သီလသိကၡာ အျပည့္ရွိသူတစ္ေယာက္၊ ဥပေဒကို ေလးစားလိုက္နာသူ တစ္ေယာက္၊ တိုင္းရင္းသား လူမ်ိဳးစု အားလံုးနဲ႕ ညီညြတ္စြာ ေနထိုင္လိုသူ တစ္ေယာက္ အေနနဲ႕ အဲဒီအမ်ိဳးေစာင့္ ဥပေဒကိုသာ ေထာက္ခံလိုက္ရင္ သူမရဲ႕ နိုင္ငံေရး သီလသိကၡာဟာ ေျမာင္းထဲေရာက္သြားမွာ ေသခ်ာသည္။

အစိုးရက ဒီအကြက္ကို ေကာင္းေကာင္းသိလို႕ ဘာသာေရးဖက္လွည့္ အသံုးခ်ကာ နည္းမ်ိဳးစံုနဲ႕ က်ံဳးသြင္းဖို႕ ႀကိဳးစားခဲ႕တာျဖစ္သည္။ ဒီေန႕အခ်ိန္မွာ အမ်ိဳးသား ျပန္လည္ရင္ႀကားေစ့ေရးအတြက္ တိုင္းရင္းသားေရးရာ အခန္းက႑လည္း အေရးပါလာသည္ကား အမွန္ပင္၊ “လူမ်ိဳးႀကီးလို႕ ဘာသာ၀င္မ်ားလို႕” ဆိုပီး ထင္ရာလုပ္ခဲ႕ႀကလို႕ မိမိတို႕အတိတ္ က ျဖစ္ပ်က္ ခဲ႕တာေတြ ျပန္ႀကည့္လ်င္ သိနိုင္ ျမင္နိုင္ပါေသးသည္။ ဒီဥပေဒကို တိုင္းရင္းသားအမ်ားစု ျငင္းဆန္ခဲ႕ဖူးတာ ႀကားသိႀကလိမ့္မည္ထင္သည္။ တိုင္းရင္းသား လူမ်ိဳးစုေပါင္းစံု မွီတင္းေနထိုင္ေနတဲ႕ နိုင္ငံတစ္နိုင္ငံမွာ ဒီလိုမ်ိဳးဥပေဒတစ္ခုသည္ ကိုယ့္ဖက္ သူ႕ဖက္ဘာသာေရးေခါင္းေဆာင္ေတြြ လူပညာရွိပုဂၢိဳလ္ေတြ စုေပါင္းျပီး ညွိႏိုင္းတိုင္ပင္ အတည္ျပဳ ျပဌာန္းမယ္ ဆိုလ်င္ အေကာင္းဆံုးျဖစ္သည္။

လက္ရွိ ျမန္မာနိုင္ငံ ဥပေဒကိုေလ့လာႀကည့္လ်င္ မ်ားေသာအားျဖင့္ အာဏာရွိသူဖက္က အျမဲတမ္း အသာရေနေသာ ဥပေဒျဖစ္ေနသည္။ တနည္းအားျဖင့္ “ပါးစပ္ဥပေဒ”ဟု ေခၚလိုက ေခၚနိုင္သည္။ လက္ရွိ ဖြဲ႕စည္းပံုအေျခခံဥပေဒမွာလည္း ဘာသာေရးကို အသံုးခ်ျပီး နိုင္ငံေရး အျမတ္မထုတ္ရဟု အတိအလင္း ျပဌာန္းထားတာ ေတြ႕ရမည္ျဖစ္ သည္။ ေဒၚေအာင္ဆန္းစုႀကည္ တစ္ခြန္းေျပာလိုက္တာနဲ႕ ဖြဲ႕စည္းပံုအေျခခံ ဥပေဒကို ခ်ိဳးေဖာက္လို႕ဆိုျပီး လိုသလို အေရးယူမွာ ေသခ်ာသည္။

အဲဒါတင္ပဲလား ဆိုေတာ့ မဟုတ္ေသး။ ဒီအမ်ိဳးေစာင့္ ဥပေဒရဲ႕ ေနာက္ကြယ္ က ဖန္တီးရွင္ေတြကို လက္လွမ္းမီသေလာက္ ဆြဲထုတ္ရရင္ အစိုးရ လူေတြ ကေနၿပီး ထဲထဲ၀င္၀င္ ပါ၀င္ပတ္သက္ေနတာကို ေတြ႕ရွိ ရသည္။ ေသေသ ခ်ာခ်ာစဥ္းစားနိုင္မွ ကြင္းဆက္ကို ေလ့လာနိုင္မွာျဖစ္သည္။ မဘသေတြက ဘာေႀကာင့္ အတင္းဖိအားေပးေထာက္ခံခိုင္းရသလဲဆိုရင္ အစိုးရ က ေနာက္ကြယ္ကနေနပီး သူတို႕လိုခ်င္တဲ႕ အကြက္ထဲကို ဆြဲေခၚသြင္း ကာ ေဒၚေအာင္ဆန္းစုႀကည္ရဲ႕ နိုင္ငံေရး သီလသိကၡာတရား ႀကီးမားမွဳ ကို ေရစုန္ေမ်ွာပစ္ခ်င္လို႕ဆိုတာသိသာသည္။ အျခားေသာ နည္းလမ္းျဖင့္ ေဒၚေအာင္ဆန္းစုႀကည္ကို သူတို႕ဖက္က ဘယ္လိုနည္းနဲ႕မွ နိုင္ငံေရးဘက္ ယွဥ္ျပိဳင္၍ မနိုင္ေတာ့မွန္း သိေသာေႀကာင့္ပင္။ ေစ့စ့ ငုငု ေလ့လာလိုက္ရင္ အင္မတန္ ေအာက္တန္းက်ေသာ လုပ္ရပ္ျဖစ္သည္။

အစိုးရအေနနဲ႕ ကိုယ္တိုင္အႀကမ္းနည္းျဖင့္ အသံုးျပဳလို႕မရေတာ့ဘူးဆိုတာ သိေနလို႕ အနုနည္းနဲ႕ ဦး၀ီရသူဦးေဆာင္ေသာ မဘသအခ်ိဳ႕ကို အသံုးခ် ကာ ေဒၚေအာင္ဆန္းစုႀကည္ကို ဘာသာေရးက်ဴံးသြင္းျပီး ထိန္းခ်ဳပ္ ဖို႕ ႏိုင္ငံသိကၡာ အဖတ္ဆယ္လို႕မရနိုင္ေအာင္ ႀကိဳးစားေနသည္ကား အမွန္ပင္။ ထိုအခ်က္ကို လူေတာ္ေတာ္မ်ားမ်ားနဲ႕ ရဟန္းေတာ္အခ်ိဳ႕ပါ သိျမင္ႀကပါသည္။

ေဒၚေအာင္ဆန္းစုႀကည္ဟာ မဘသအခ်ိဳ႕ေျပာေနသလိုမ်ိဳး တကယ္ပဲ အမ်ိဳးဘာသာ သာသနာအေပၚ အေလးမထားသလားဆိုတာကို ျပန္ သံုးသပ္ ရလ်င္ အထင္နဲ႕ အျမင္ တည့္တည့္စင္ေအာင္ လြဲေနတာကို ေတြ႕ျမင္နိုင္ ပါသည္။ ေရႊေတာင္ကုန္း ဆရာေတာ္ႀကီးတို႕လို ဆရာေတာ္ႀကီးမ်ားရဲ႕ ႀသ၀ါဒကိုခံယူကာ အျမဲမျပတ္ တရားဘာ၀နာ ပြားမ်ားေလ႕ရွိသည္။

ဦးခင္ညႊန္႕လက္ထက္က ေဒၚေအာင္ဆန္းစုႀကည္ ေရႊေတာင္ကုန္းရိပ္သာကို ၀င္ထြက္သြားလာမ်ားလို႕ နိုင္ငံေရးကို အေႀကာင္းျပကာ ေရႊေတာင္ကုန္း ရိပ္သာကို သိမ္းပိုင္ဖို႕အထိ ႀကိဳးစားခဲ႕ဖူးသည္။ ဘိုးေတာ္ စသည္ကို ေနရာေပး ဆည္းကပ္ကိုးကြယ္ျပီး ေဗဒင္စတာေတြကို ယံုႀကည္မွဳ လြန္ကဲကာ ရဟန္းသံဃာေတာ္ေတြကိုပင္ ျပစ္မွားဖို႕ ၀န္မေလးပဲ ေထာင္သြင္း အက်ဥ္းခ်ခဲ႕ဖူးတဲ႕ လက္ရွိအစိုးရ ထိပ္ပိုင္း လူေတြနဲ႕ နွိဳင္းယွဥ္ရလ်င္ ပ႑ိတာရာမ ေရႊေတာင္ကုန္း ဆရာေတာ္ႀကီး တို႕လို သီလ သမာဓိ ပညာအလြန္ျပည့္စံုတဲ႕ ပုဂၢိဳလ္ေတြရဲ႕ ဆံုးမႀသ၀ါဒကို နာယူ မွတ္သားကာ ၀ိႆနာတရားကို ဆယ္စုနွစ္မက အားထုတ္လာေသာ ေဒၚေအာင္ဆန္းစုႀကည္ရဲ႕ ဘာသာေရးသီလသိကၡာကို အနည္းငယ္မွ် ယံုမွားသံသယျဖစ္ဖြယ္မရွိသင့္၊ယံုမွားစရာလည္း လိုမည္မထင္ေခ်။

ရိုးရွင္း ထင္ရွားေသာ သာဓကတစ္ခုျပအံ႕၊ ပခံုးေပၚ အပြင့္မ်ားစြာ တန္းစီခ်ိပ္ ထားေသာ စစ္ဗိုလ္မ်ားစြာ ျခံရံလ်က္ ေဒၚေအာင္ဆန္းစုႀကည္နွင့္ ေတြ႕ဆံုဖုိ႕ ႀကိဳးစားတဲ႕အခါတိုင္း ေဒၚေအာင္ဆန္းစုႀကည္၏ သမာဓိစြမ္းအင္ အလြန္ျပည့္စံုသည့္ မ်က္လံုးအစံုကို ယွဥ္ႀကည့္မ၀ံ႕ပဲ ရိုးတိုးရွန္႕တန္းျဖစ္ေနႀကေသာ လက္ရွိ အာဏာရွိပုဂၢိဳလ္ေတြရဲ႕ မ်က္နွာကိုႀကည့္လ်င္ပင္ နိုင္ငံေရး, ဘာသာေရး သီလသိကၡာ မည္မွ်နည္းပါးသည္ကို သိနိုင္ ျမင္နိုင္ပါသည္။

ပါးစပ္ကသာ အမ်ိဳးဘာသာ သာသနာလို႕ တြင္တြင္ေျပာျပီး သာသနာကို လိုသလိုအသံုးခ် မလိုရင္ မလိုသလို ေစာ္ကားဖို႕ ၀န္မေလးသူေတြေတြထက္
ပါးစပ္က ထုတ္မေျပာေပမယ့္လို႕ ရင္ထဲက နွစ္နွစ္ကာကာ ယံုႀကည္ေလးစား
က်င့္ႀကံေနသူကသာ ဘာသာ သာသနာအတြက္ ပို၍ အားကိုး ယံုႀကည္ စိတ္ခ်ရပါသည္။

ဆရာေတာ္ ဦးၾသဘာသ (ထား၀ယ္)
The Ladies News Journal
https://www.facebook.com/News.TheLadies

..........................................................................
|| ဦးသြဘာသ (ထားဝယ်) ||

 အမျိုးစောင့်ဥပဒေ စတင်ပေါ်ပေါက်စဉ်အခါက “တိုင်းပြည်အတွက် အကျိုးရှိလျင် လက်သင့်ခံမည်။ အကျိုးမရှိလျင် လက်သင့်မခံ” ဟု ဒေါ်အောင်ဆန်းစုကြည်ဖြေကြားချက်ကို နားထောင်ခဲ့ဖူးသည်။ “မထောက်ခံနိုင်”ဟု ယတိပြတ်ငြင်းပယ်ခဲ့တာ မကြားမိခဲ့။ ဒေါ်အောင်ဆန်းစုကြည် ဆိုလိုသည့်သဘောက ကိုယ့်ဖက် သူ့ဖက် ဘာသာရေးခေါင်းဆောင်တွေ အသိပညာရှင်တွေ တိုင်ပင်ညှိနှိုင်းပြီး လူအများ လက်သင့်ခံနိုင်သော ဥပဒေမျိုးကို ဆိုလိုသည့်သဘော ဖြစ်ဖို့များပါသည်။ ထိုအချိန်မှစတင်၍ မဘသက “ငါတို့ဥပဒေကို မထောက်ခံရကောင်းလား” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံဖြင့် ဝေဖန်လာခဲ့သည်။ မကြားဝံ့ မနာဝံ့သော စကားတွေ တွင်တွင်သုံးကာ သွေးချွန်တို့လို လူတွေက သာကီသွေးဂျာနယ်မှာ အကျယ်တဝင့် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သာ မဘသရဲ့ အမျိုးစောင့်ဥပဒေ ကို ထောက်ခံ ပါတယ်၊ လက်ခံပါတယ်၊ အမျိုးဘာသာ သာသနာအတွက် ထမ်းဆောင် ပါမယ်လို့ သာ တစ်ခွန်းလောက်ပြောလိုက်ရင် မဲတွေ အကုန် မရဘူးလား၊ ဘာသာ သာသာနာကို မလေးစားလို့ မချစ်လို့ အဲလို မပြောတာလား၊ အဲဒီစကားကို ရဟန်းတော်အချို့ရော လူပုဂ္ဂိုလ်အချို့ပါ မိမိကိုယ် အတိုက်အခံလုပ်ပြီး မေးကြသည်။ သူတို့ဖြစ်စေချင်တာက ထောက်ခံ လိုက်ပေါ့။ မဲရဖို့အဓိကပဲ ဆိုသည့်သဘောပင်။

ဒီနေရာမှာ ပြောစရာရှိတာက ဒီလိုသာ ထောက်ခံပြီး ပြောလိုက်ရင် မဘသတွေ ဖြစ်စေချင်တဲ့ မဲတော့ရမှာသေချာသည်။ ရေတို အတွက်ကြည့်လျင် မှန်သယောင်ရှိပေမယ့် ရေရှည်အတွက် ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်အတွက်ရော နိုင်ငံအတွက်ပါ အန္တရာယ်ကြီးမားသည်။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေး သီလသိက္ခာ အပြည့်ရှိသူတစ်ယောက်၊ ဥပဒေကို လေးစားလိုက်နာသူ တစ်ယောက်၊ တိုင်းရင်းသား လူမျိုးစု အားလုံးနဲ့ ညီညွတ်စွာ နေထိုင်လိုသူ တစ်ယောက် အနေနဲ့ အဲဒီအမျိုးစောင့် ဥပဒေကိုသာ ထောက်ခံလိုက်ရင် သူမရဲ့ နိုင်ငံရေး သီလသိက္ခာဟာ မြောင်းထဲရောက်သွားမှာ သေချာသည်။

အစိုးရက ဒီအကွက်ကို ကောင်းကောင်းသိလို့ ဘာသာရေးဖက်လှည့် အသုံးချကာ နည်းမျိုးစုံနဲ့ ကျုံးသွင်းဖို့ ကြိုးစားခဲ့တာဖြစ်သည်။ ဒီနေ့အချိန်မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားရေးရာ အခန်းကဏ္ဍလည်း အရေးပါလာသည်ကား အမှန်ပင်၊ “လူမျိုးကြီးလို့ ဘာသာဝင်များလို့” ဆိုပီး ထင်ရာလုပ်ခဲ့ကြလို့ မိမိတို့အတိတ် က ဖြစ်ပျက် ခဲ့တာတွေ ပြန်ကြည့်လျင် သိနိုင် မြင်နိုင်ပါသေးသည်။ ဒီဥပဒေကို တိုင်းရင်းသားအများစု ငြင်းဆန်ခဲ့ဖူးတာ ကြားသိကြလိမ့်မည်ထင်သည်။ တိုင်းရင်းသား လူမျိုးစုပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဒီလိုမျိုးဥပဒေတစ်ခုသည် ကိုယ့်ဖက် သူ့ဖက်ဘာသာရေးခေါင်းဆောင်တွွေ လူပညာရှိပုဂ္ဂိုလ်တွေ စုပေါင်းပြီး ညှိနိုင်းတိုင်ပင် အတည်ပြု ပြဌာန်းမယ် ဆိုလျင် အကောင်းဆုံးဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ ဥပဒေကိုလေ့လာကြည့်လျင် များသောအားဖြင့် အာဏာရှိသူဖက်က အမြဲတမ်း အသာရနေသော ဥပဒေဖြစ်နေသည်။ တနည်းအားဖြင့် “ပါးစပ်ဥပဒေ”ဟု ခေါ်လိုက ခေါ်နိုင်သည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာသာရေးကို အသုံးချပြီး နိုင်ငံရေး အမြတ်မထုတ်ရဟု အတိအလင်း ပြဌာန်းထားတာ တွေ့ရမည်ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည် တစ်ခွန်းပြောလိုက်တာနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်လို့ဆိုပြီး လိုသလို အရေးယူမှာ သေချာသည်။

အဲဒါတင်ပဲလား ဆိုတော့ မဟုတ်သေး။ ဒီအမျိုးစောင့် ဥပဒေရဲ့ နောက်ကွယ် က ဖန်တီးရှင်တွေကို လက်လှမ်းမီသလောက် ဆွဲထုတ်ရရင် အစိုးရ လူတွေ ကနေပြီး ထဲထဲဝင်ဝင် ပါ၀င်ပတ်သက်နေတာကို တွေ့ရှိ ရသည်။ သေသေ ချာချာစဉ်းစားနိုင်မှ ကွင်းဆက်ကို လေ့လာနိုင်မှာဖြစ်သည်။ မဘသတွေက ဘာကြောင့် အတင်းဖိအားပေးထောက်ခံခိုင်းရသလဲဆိုရင် အစိုးရ က နောက်ကွယ်ကနနေပီး သူတို့လိုချင်တဲ့ အကွက်ထဲကို ဆွဲခေါ်သွင်း ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သီလသိက္ခာတရား ကြီးမားမှု ကို ရေစုန်မျှောပစ်ချင်လို့ဆိုတာသိသာသည်။ အခြားသော နည်းလမ်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ဖက်က ဘယ်လိုနည်းနဲ့မှ နိုင်ငံရေးဘက် ယှဉ်ပြိုင်၍ မနိုင်တော့မှန်း သိသောကြောင့်ပင်။ စေ့စ့ ငုငု လေ့လာလိုက်ရင် အင်မတန် အောက်တန်းကျသော လုပ်ရပ်ဖြစ်သည်။

အစိုးရအနေနဲ့ ကိုယ်တိုင်အကြမ်းနည်းဖြင့် အသုံးပြုလို့မရတော့ဘူးဆိုတာ သိနေလို့ အနုနည်းနဲ့ ဦးဝီရသူဦးဆောင်သော မဘသအချို့ကို အသုံးချ ကာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာသာရေးကျူံးသွင်းပြီး ထိန်းချုပ် ဖို့ နိုင်ငံသိက္ခာ အဖတ်ဆယ်လို့မရနိုင်အောင် ကြိုးစားနေသည်ကား အမှန်ပင်။ ထိုအချက်ကို လူတော်တော်များများနဲ့ ရဟန်းတော်အချို့ပါ သိမြင်ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မဘသအချို့ပြောနေသလိုမျိုး တကယ်ပဲ အမျိုးဘာသာ သာသနာအပေါ် အလေးမထားသလားဆိုတာကို ပြန် သုံးသပ် ရလျင် အထင်နဲ့ အမြင် တည့်တည့်စင်အောင် လွဲနေတာကို တွေ့မြင်နိုင် ပါသည်။ ရွှေတောင်ကုန်း ဆရာတော်ကြီးတို့လို ဆရာတော်ကြီးများရဲ့ သြဝါဒကိုခံယူကာ အမြဲမပြတ် တရားဘာဝနာ ပွားများလေ့ရှိသည်။

ဦးခင်ညွှန့်လက်ထက်က ဒေါ်အောင်ဆန်းစုကြည် ရွှေတောင်ကုန်းရိပ်သာကို ၀င်ထွက်သွားလာများလို့ နိုင်ငံရေးကို အကြောင်းပြကာ ရွှေတောင်ကုန်း ရိပ်သာကို သိမ်းပိုင်ဖို့အထိ ကြိုးစားခဲ့ဖူးသည်။ ဘိုးတော် စသည်ကို နေရာပေး ဆည်းကပ်ကိုးကွယ်ပြီး ဗေဒင်စတာတွေကို ယုံကြည်မှု လွန်ကဲကာ ရဟန်းသံဃာတော်တွေကိုပင် ပြစ်မှားဖို့ ၀န်မလေးပဲ ထောင်သွင်း အကျဉ်းချခဲ့ဖူးတဲ့ လက်ရှိအစိုးရ ထိပ်ပိုင်း လူတွေနဲ့ နှိုင်းယှဉ်ရလျင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်ကြီး တို့လို သီလ သမာဓိ ပညာအလွန်ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆုံးမသြဝါဒကို နာယူ မှတ်သားကာ ၀ိဿနာတရားကို ဆယ်စုနှစ်မက အားထုတ်လာသော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာသာရေးသီလသိက္ခာကို အနည်းငယ်မျှ ယုံမှားသံသယဖြစ်ဖွယ်မရှိသင့်၊ယုံမှားစရာလည်း လိုမည်မထင်ချေ။

ရိုးရှင်း ထင်ရှားသော သာဓကတစ်ခုပြအံ့၊ ပခုံးပေါ် အပွင့်များစွာ တန်းစီချိပ် ထားသော စစ်ဗိုလ်များစွာ ခြံရံလျက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ ကြိုးစားတဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ သမာဓိစွမ်းအင် အလွန်ပြည့်စုံသည့် မျက်လုံးအစုံကို ယှဉ်ကြည့်မဝံ့ပဲ ရိုးတိုးရှန့်တန်းဖြစ်နေကြသော လက်ရှိ အာဏာရှိပုဂ္ဂိုလ်တွေရဲ့ မျက်နှာကိုကြည့်လျင်ပင် နိုင်ငံရေး, ဘာသာရေး သီလသိက္ခာ မည်မျှနည်းပါးသည်ကို သိနိုင် မြင်နိုင်ပါသည်။

ပါးစပ်ကသာ အမျိုးဘာသာ သာသနာလို့ တွင်တွင်ပြောပြီး သာသနာကို လိုသလိုအသုံးချ မလိုရင် မလိုသလို စော်ကားဖို့ ၀န်မလေးသူတွေတွေထက်
ပါးစပ်က ထုတ်မပြောပေမယ့်လို့ ရင်ထဲက နှစ်နှစ်ကာကာ ယုံကြည်လေးစား
ကျင့်ကြံနေသူကသာ ဘာသာ သာသနာအတွက် ပို၍ အားကိုး ယုံကြည် စိတ်ချရပါသည်။

ဆရာတော် ဦးသြဘာသ (ထားဝယ်)
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment