Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 19, 2015

ျပည္သူခ်စ္တဲ့ တပ္မေတာ္ျပန္ျဖစ္ဖို႔ ျပည္သူခ်စ္သူကိုသာ ေထာက္ခံၾကရန္ ဒုဗိုလ္မွဴးႀကီး(ၿငိမ္း) တိုက္တြန္း

တပ္မေတာ္တြင္ ႏွစ္ ၃၀ နီးပါး တာဝန္ထမ္းေဆာင္ခဲ့ၿပီး တပ္ရင္းမွဴး၊ ဒုတိယ ဗိုလ္မွဴးႀကီး ရာထူးမွ အနားယူခဲ့သူ ဦးေက်ာ္ေဇယ်သည္ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ကိုယ္စားျပဳ ဒဂံုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၂ တြင္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

စီးပြားေရး ဦးပိုင္လီမိတက္တြင္ ဒါ႐ိုက္တာအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့သည့္ အၿငိမ္းစား ဒု ဗိုလ္မွဴးႀကီးႏွင့္ မဇၩိမတို႔ ေတြ႔ဆံု ေမးျမန္းမႈတြင္ ျပည္သူခ်စ္တဲ့ တပ္မေတာ္ ျပန္ျဖစ္ဖို႔ ျပည္သူခ်စ္သည့္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာက္ခံၾကရန္ တပ္မေတာ္သားမ်ားကို တိုက္တြန္းခဲ့သည္။

မဇၩိမႏွင့္ အင္တာဗ်ဴးတြင္ တပ္မေတာ္သားဘဝ အေတြ႔အႀကံဳႏွင့္ ယခု ၂၀၁၅ တြင္ NLD ပါတီကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ အမတ္ေလာင္းဘဝ ကြာျခားပံုတို႔ကိုလည္း ေျပာဆိုခဲ့သည္။

“၈၈ ေနာက္ပိုင္းမွာ ျပည္သူလူထုနဲ႔ကို ေ၀းကြားသြားတယ္ေပ့ါေနာ္။ ေ၀းကြားေနတဲ့ဟာကို ကြၽန္ေတာ့္အေနန႔ဲက စိတ္ထဲမွာလည္း မေကာင္းပါဘူး။ ကြၽန္ေတာ္ေျပာခ်င္တာက ျပည္သူခ်စ္တဲ့ တပ္မေတာ္ျဖစ္ေအာင္ ျပည္သူလူထု ခ်စ္ေနတဲ့ ေခါင္းေဆာင္ကို ေထာက္ခံမွ ျပည္သူခ်စ္တဲ့ တပ္မေတာ္ျဖစ္မယ္” လို႔ သူက ဆိုခဲ့သည္။

သူ၏ လုပ္ေဖၚကိုင္ဘက္၊ ရဲေဘာ္ရဲဘက္မ်ား ျဖစ္သည့္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြ႔ံၿဖိဳးေရး ပါတီဝင္မ်ားကိုလည္း အယူအဆခ်င္း မတူဟုဆိုကာ မည္သူ႔အယူအဆက မွန္သည္ကို ႏုိဝင္ဘာ ၈ ရက္တြင္ သိရမည္ဟုဆိုခဲ့သည္။

ေရြးေကာက္ပြဲတြင္ “တပ္မေတာ္သားေတြ ကိုလည္းပဲ ဒါလွ်ိဳ႕၀ွက္စြားနဲ႔ မဲျဖစ္တဲ့အတြက္ ကိုယ္ႀကိဳက္တဲ့လူကို ရဲရဲ၀ံ့၀ံ့မဲေပးပါ” ဟု တိုက္တြန္းသြားခဲ့သည္။ ယခုေတြ႔ဆံုေမးျမန္းမႈသည္ ပထမပိုင္းျဖစ္ၿပီး ဒုတိယပိုင္းကို ဆက္လက္ တင္ျပပါမည္။

ကြၽန္ေတာ္တို႔ အင္တာဗ်ဴးမွာ ပထမပိုင္းမွာ ဆရာေျပာခဲ့တာ ရွိတယ္။ အေျခခံဥပေဒ ျပင္ဆင္ဖို႔ဒါ လႊတ္ေတာ္ထဲကို ၀င္ေရာက္ျခင္း ျဖစ္တယ္။ ဆရာကလည္း တပ္မေတာ္က အၿငိမ္းစား ယူခဲ့သူဆုိေတာ့ တပ္မေတာ္သား လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္းကေနၿပီးေတာ့ ဆရာကိုဘာေတြမ်ား ထင္ျမင္ခ်က္ ေပးၾကပါသလဲ။



ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီထဲမွာ ကြၽန္ေတာ္တို႔ တစ္ပါတ္စဥ္ထဲ အရာရွိေတြ အမ်ားႀကီး ပါပါတယ္။ အမ်ဳိးသား လြတ္ေတာ္မွာေကာ ျပည္သူ႔ လြတ္ေတာ္မွာေကာ အယူအဆကေတာ့ မတူၾကဘူးေပ့ါ။ ကြၽန္ေတာ္ ၀င္ၿပိဳင္မယ္ ေသခ်ာၿပီလို႔ ထုတ္လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္က ေရးလိုက္တယ္။ ကြၽန္ေတာ္၀င္ၿပိဳင္မယ္ ကြၽန္ေတာ္ ဒုတိယ ဗိုလ္မွဴးႀကီး ေက်ာ္ေဇယ် (ၿငိမ္း) ေပါ့။ ဦးေက်ာ္ေဇယ် ဒဂံုၿမိဳ႕နယ္ကေန ၿပိဳင္မယ္ေပါ့။

ကြၽန္ေတာ္ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ကြၽန္ေတာ္တို႔ရဲ့ ေရြးေကာက္ပြဲ ေၾကညာစာတမ္းမွာ ပါတဲ့အတိုင္းပဲ ျပည္သူ႔တပ္မေတာ္ေပ့ါ ျပည္သူ႔ တပ္မေတာ္ႀကီးက ျပည္သူလူထု ယံုၾကည္ကိုးစား ေလးစားရတဲ့၊ ယံုၾကည္အားကိုး ေလးစားရတဲ့ တပ္မေတာ္ႀကီးျဖစ္ေအာင္ အႏွစ္သာရအားျဖင့္ ျပည္သူခ်စ္တဲ့ တပ္မေတာ္စစ္စစ္ ျဖစ္ေအာင္ ကြၽန္ေတာ္ အတတ္ႏိုင္ဆံုးလုပ္မယ္ဆိုၿပီး ကြၽန္ေတာ္ကေန တင္လိုက္တာ ေပ့ါေနာ္။

ေဒါက္တာဆိတ္ဖြားကစၿပီး ႏွိပ္ေတာ့တာဘဲ။ ဟာဒီေကာင္ ဒီအသံေျပာင္းသြားၿပီ အရင္တုန္းက စီးပြားေရး ဦးပိုင္ဘက္မွာ ဒါ႐ိုင္တာ အလုပ္လုပ္ရေတာ့ ဒီေလသံ မဟုတ္ပါဘူး။ စီးပြားေရး ဦးပိုင္မွာႀကီးပဲ ထံုးစံအတိုင္းေပ့ါဗ်ား ကြၽန္ေတာ့္ကို မိန္းမ ေပြတယ္ေပါ့။ ႐ႈပ္တယ္ေပါ့ အဲ့ဒါမ်ဳိး ေတြေပ့ါ။

ေနာက္ စီးပြားေရး ဦးပိုင္မွာ ကြၽန္ေတာ္က အစုရွယ္ရာဌာနမွာ ရွယ္ရာေငြေတြကို ဘုန္းၿပီးေတာ့ ဦးေက်ာ္ေဇယ် သူေဌးျဖစ္ၿပီး ထြက္သြားတယ္။ သူအဲဒါမ်ဳိး ပစ္ထည့္ လိုက္တာေပ့ါ။ ၿပီးေတာ့ ကြၽန္ေတာ္ကလည္း အဲဒါမင္းမွားေနၿပီ သတင္းအခ်က္ အလက္ေတြ မွားေနၿပီး မင္း စီးပြားေရးဦးပိုင္မွာ ဦးေက်ာ္ေဇယ်အေၾကာင္း စီးပြားဦးပိုင္ ဆိုတာ ရန္ကုန္ ဗိုလ္တစ္ေထာင္မွာ နီးနီေလး ၅၁ လမ္းမွာ မင္းသြားေမးၾကည့္။ ရွယ္ရာဌနက ၀န္ထမ္းေတြ သြားေမးၾကည့္ သူ႔၀န္ထမ္း ၅၀ ေက်ာ္ရွိတယ္။ သြားေမးၾကည့္ ေနာက္ဆံုးပိတ္ အဲဒီမွာ သမၼတႀကီး သမီးေတာင္ရွိေနတယ္။ ဦးပိုင္မွာ။ သမၼတႀကီး သမီးနဲ႔မင္း အဲဒီလိုအနီးကပ္ မင္းေနလို႔ေနခြင့္ အနီးကပ္ မင္းသတင္းမရဘူးလာ။ အဲဒီသတင္း တိတိက်က် မရတာေတာ့ မင္းေတာ္ေတာ္ ညံ့တဲ့ေကာင္းကြား ကြၽန္ေတာ္ျပန္လိုက္ေတာ့ ေနာက္ထပ္ ဘာမွမလာေတာ့ဘူး။



ဒီလို အယူအဆခ်င္းမတူဘူး။ ဒါဆန္႔က်င္ဘက္ပဲ ဆိုၾကပါစို႔။ ဒီအယူအဆ မတူတဲ့ ပုဂိၢဳလ္ေတြကိုေကာ ဘာမ်ား သတင္းစကား ပါးခ်င္ပါသလဲ။

အယူအဆကေတာ့ ဒီမိုကေရစီက သူ႔အယူအဆ ကိုယ့္အယူအဆ ေပ့ါေနာ္။ Message ေပးခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ ဒီတပ္မေတာ္သားေတြဟာ တစ္ကယ္ေတာ့ တစ္ျဖည္းျဖည္းနဲ႔ ဒါ ၈၈ ေနာက္ပိုင္းမွာ ျပည္သူလူထုနဲ႔ကို ေ၀းကြားသြားတယ္ေပ့ါေနာ္။ ေ၀းကြားေနတဲ့ဟာကို ကြၽန္ေတာ့္အေနန႔ဲက စိတ္ထဲမွာလည္း မေကာင္းပါဘူး။ ကြၽန္ေတာ္ေျပာခ်င္တာက ျပည္သူခ်စ္တဲ့ တပ္မေတာ္ျဖစ္ေအာင္ ျပည္သူလူထု ခ်စ္ေနတဲ့ ေခါင္းေဆာင္ကို ေထာက္ခံမွ ျပည္သူခ်စ္တဲ့ တပ္မေတာ္ျဖစ္မယ္။ ျပည္သူခ်စ္တဲ့ပါတီ၊ ျပည္သူခ်စ္တဲ့ အဖြဲ႔အစည္းကို တပ္မေတာ္ကေန တပ္မေတာ္နဲ႔ျပည္သူ ကြၽန္ေတာ္တို႔ ဒီအစိုးရဆိုတာ ကြၽန္းကိုင္းမွီ ကိုင္းကြၽန္းမွီေနၾကမွာပဲ။ အကယ္၍မ်ား ကြၽန္ေတာ္တို႔ အစိုးရဖြဲ႔ႏုိ္င္ခဲ့လို႔ရွိရင္ ကြၽန္ေတာ္တို႔ကလည္း အစိုးရျဖစ္ေပမဲ့လို႔ တပ္မေတာ္ကို ဒါကြၽန္းကိုင္းမွီ ကိုင္းကြၽန္းမွီ ေနရမွာပဲ။ အဲဒီေတာ့ ျပည္သူခ်စ္တဲ့အစိုးရကို ပံ့ပိုးတဲ့ တပ္မေတာ္ဆိုရင္ ျပည္သူကလည္း ခ်စ္ၿပီးေပါ့ဗ်ာ။ အဲဒါေလးကြၽန္ေတာ္ သတင္းစကား ပါးခ်င္တာပါ။



ဆရာက အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို ေရြးခ်ယ္တယ္။ တစ္ခ်ိဳ႕ေတြ က်ေတာ့ ဆရာရဲ့ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြက ျပည္ေထာင္စုႀကံ့ခိုင္ေရးပါတီမွာ က်န္ခဲ့ေကာင္း က်န္ခဲ့မယ္။ ဆိုတဲ့အခါကေတာ့ ကိုယ္စားလွယ္ေလာင္း ႏွစ္ခုကေတာ့ မတူေတာ့ဘူး။ ဒီဆရာရဲ့ လုပ္ေဖာ္ကိုင္ဘက္ေဟာင္း ျပည္ေထာင္စုႀက့ံခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီမွာ က်န္ခဲ့တဲ့ လုပ္ေဖာ္ကိုင္ဘက္ ေဟာင္းေတြကိုေကာ ဒီအမွတ္ေလာင္းေတြေပ့ါ ဒီပုဂိၢဳလ္ေတြေကာ ဘာမ်ားေျပာခ်င္သလဲ။

ကြၽန္ေတာ္ ေျပာခ်င္တာကေတာ့ ဒါသူတို႔လည္း သူတို ႔အယူအဆေပ့ါ။ ျပည္ေထာင္စု ႀက့ံခိုင္ေရးႏွင့္ ဖြ႔ံၿဖိဳးေရးပါတီမွာ သူတို႔ေပ့ါ အမွန္ေတာ့ အယူအဆခ်င္းေတာ့ မတူဘူး ေပါ့ေနာ္။ ဘယ္အယူအဆက မွန္လဲဆိုေတာ့ သူတို႔ကိုကြၽန္ေတာ္ ႏို၀င္ဘာလ ၈ ရက္ေန႔က်ရင္ သူတို႔သိသြားလိမ့္မယ္။ အဲဒါေလးပဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။



ဟုတ္ကဲ့ တခ်ိဳ႕ေသာသူေတြ မဲဆြယ္စည္း႐ံုးတဲ့ ေနရာမွာ တစ္ခ်ဳိ႕ ကိုယ္စားလွယ္ ကေနၿပီးေတာ့ ပုတ္ခတ္ၿပီးေတာ့ မဲဆြယ္တာေတြ ရွိတယ္ဆိုတာ သိမွာပါ။ ဒီလိုမ်ဳိး ပုတ္ခတ္ၿပီးေတာ့ မဲဆြယ္စည္း႐ံုးတဲ့ အေပၚမွာေကာ ဆရာနည္းနည္း ျဖည့္ေျပာလို႔ ရမလား။

ပထမဆံုး ေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔ ပါတီေခါင္းေဆာင္ကလည္း ေျပာသြားတယ္။ ဒါဥပေဒႏွင့္ မညီဘူးေပ့ါေနာ္။ မဲဆြယ္ စည္း႐ံုးတဲ့ ေနရာမွာ ဥပေဒႏွင့္မညီဘူး။ ဒါအမွန္ေတာ့ ဒါအေရးယူသင့္တယ္ေပ့ါ။ ဒါေတြကလည္းပဲ ဒါတကယ္တမ္းက်ေတာ့ ကြၽန္ေတာ္ထင္ပါတယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကို အားနည္းခ်က္ ဒါျပည္သူလူထု ထင္ေယာင္ထင္မွားျဖစ္ေအာင္ အားနည္းသြားေအာင္ ခ်ိနဲ႔သြားေအာင္ လုပ္တဲ့ သေဘာပါဘဲ။ အမွန္ေတာ့ ဒီဟာေတြဟ ဒါမလုပ္သင့္တဲ့ဟာပါ။ မလုပ္သင့္တဲ့ဟာလို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။



ႀက့ံခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီကေနၿပီးေတာ့ သူတို႔ေျပာတာရွိတယ္ ေနာက္ထပ္ ဒီအစိုးရ ဖြဲ႔ႏိုင္လို႔ရွိရင္ သူတို႔ရဲ့ သမၼတေလာင္းဟာ လက္ရွိသမၼတ ဦးသိန္းစိန္ ျဖစ္ပါတယ္လို႔ ေျပာတယ္။ ဆရာ့အေနနဲ႔ေကာ ဒီလိုမ်ဳိးသူတို႔ရဲ့ေျပာဆိုခ်က္ကို ဘယ္လုိ တုန္႔ျပန္ခ်င္သလဲ။

မဲအေပၚ ျပည္သူလူထုရဲ့ ေထာက္ခံေပၚ မူတည္သြားမွာေပ့ါ။ အဲဒါနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ့္ အျမင္ကေတာ့ အကယ္၍မ်ားေပ့ါ ႀက့ံခိုင္ဖြံ႔ၿဖိဳးေရးပါတီက သိတဲ့အတိုင္းပဲ ၂၆% ေပ့ါေနာ္။ ၂၆% ျပည္ေထာင္စု လႊတ္ေတာ္မွာ ၂၆% ျဖစ္သြားလို႔ရွိရင္ေတာ့ ေသခ်ာတယ္ဗ်။ တပ္မေတာ္က ျပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးနဲ႔ ေပါင္းမယ္လို႔ ကြၽန္ေတာ္ ေျပာတာမဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုေလာေလာဆယ္ အၿငိမ္းစား ယူသြားတဲ့ ဗိုလ္ခ်ဳပ္ႀကီးေတြ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေတြက ဘယ္ပါတီကို သြားၿပိဳင္သလဲ ဒါေလးကို ၾကည့္ျခင္းအားျဖင့္ကို ဒီအနာဂတ္ ဘယ္လိုလွမ္းတယ္ဆိုတာ ေပၚေနၿပီးေပါ့ေနာ္။ အကယ္၍သာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးက ၂၆% သာ ျပည္ေထာင္စု လြတ္ေတာ္မွာ ေရာက္သြားလို႔ရွိရင္ေတာ့ ကြၽန္ေတာ္ထင္တယ္ သူတို႔ေျပာတဲ့အတိုင္းဘဲ ျဖစ္မယ္ထင္တယ္။



ဆရာတို႔ပါတီ တကယ္လို႔ဆရာတို႔ အစုိးရအဖြဲ႔ႏုိင္ရင္ေကာ ဆရာတို႔ပါတီက ဘယ္သူ႔ကို သမၼတ ေရြးမလဲ။

ဒါကေတာ့ ကြၽန္ေတာ္တို႔ကိုေတာ့ ေျပာလို႔မရေသးဘူး ခင္ဗ်ာ။ ဒါကေတာ့ ေခါင္းေဆာင္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ျဖစ္မွာပဲ။ သမၼတ သူမလုပ္ရလဲ ေခါင္းေဆာင္ကေတာ့ သူပဲဆိုတာကေတာ့ ဒါေျပာၿပီးသားပါ။



ေနာက္ထပ္ထပ္ၿပီးေတာ့ နည္းနည္းေမးရမယ္ဆိုရင္ ဆရာအခ ုဒဂံုၿမိဳ႕နယ္မွာသြားၿပီးေတာ့ ျပည္သူလူထုနဲ႔ ထိေတြ႔ေနတယ္။ ထိေတြ႔ေနတဲ့ အခါ ျပည္သူလူထုရဲ့ တုန္႔ျပန္မႈက ဘယ္လို ျပန္လာသလဲ။

ျပည္သူလူတုရဲ့ Response ကေတာ့ ကြၽန္ေတာ္တို႔ တစ္ျဖည္းျဖည္းေပ့ါ ကြၽန္ေတာ္တို႔အခု မဲဆြယ္ စည္း႐ံုးတာက ရပ္ကြက္တစ္ခုကို တစ္ႀကိမ္၊ ႏွစ္ႀကိမ္ အနည္းဆံုး ၿပီးသြားၿပီ။ ျပည္သူ လူထုကေတာ့ ကြၽန္ေတာ္တို႔ကို လႈိက္လိႈက္လဲလဲ ႀကိဳဆိုတယ္။ ကြၽန္ေတာ္ဆိုရင္ ဒီပန္းစည္းေတြ ဘာေတြ ေပးတယ္ဆိုတာက တကယ္ သူတို႔ရင္ထဲက ပန္းစည္း စစ္တာေပ့ါေနာ္။ ကြၽန္ေတာ္အရင္ တပ္မေတာ္သား လုပ္တုန္းက အရာရွိငယ္ ဘ၀တုန္း ကလည္း တကယ္ကို ျပည္သူလူတုက လႈိက္လိႈက္လဲလဲပဲ ခ်စ္တယ္။ ေနာက္ ၈၈ ေနာက္ပိုင္းက်ေတာ့ ကြၽန္ေတာ္တို႔ ဒီကြၽန္ေတာ္တို႔ စစ္ေရးတပ္ေတြ ေလွ်ာက္ဖူးပါတယ္။ ကြၽန္ေတာ္တို႔ ျပည္သူလူထုလည္း သိမွာေပ့ါ။ လံုၿခံဳေရးေတြက အနားကပ္လို႔မရေတာ့ဘူး။ ကြၽန္ေတာ္တို႔ အခ်င္းခ်င္းေျပာရင္ ကြၽန္ေတာ္တို႔ တပ္မေတာ္သား အခ်င္းခ်င္း မိသားစုေတြဘဲ ျပန္ေပးေနေတာ့ သိပ္ၿပီးေတာ့ Feeling မလာေတာ့ ဘူးေပ့ါေနာ္။ ကိုယ့္လူ အခ်င္းခ်င္းဘဲျဖစ္ေနတယ္။

ကြၽန္ေတာ္ဆိုရင္ မ်က္ရည္ေတာင္၀ဲတယ္။ ဒီေနာက္ပိုင္းမွာ တကယ့္ ျပည္သူလူထုရဲ့ ပန္းစည္းကို ငါရေနပါလား ဆိုတာကို။ ဒါေပမဲ့ တစ္ခုရွိတာက ကြၽန္ေတာ့္အေနနဲ႔ စိုးရိမ္ရတာက မဲဆႏၵနယ္ေျမေတြက ျပည္ေထာင္စု ရိပ္သာႀကီးဆိုရင္ လူမရွိေတာ့ဘူး အဲဒီမွာ မဲအင္အားက တစ္ေထာင္ေက်ာ္ ေပါက္ေနတယ္။ ပိုေနတယ္ေပ့ါ။ အဲဒီလူေတြက ၀န္ထမ္းေတြဆိုေတာ့ သူတို႔က လာပဲေပးမလား၊ ဒါမွမဟုတ္၊ ဘယ္လိုလဲ မသိဘူးေပ့ါေလ။ ကြၽန္ေတာ္ မသိေသးဘူးေပ့ါ။



အခုနက နည္းနည္းေလး စိတ္၀င္စားစရာေကာင္းတာက ပန္းစည္းခ်င္း မတူဘူးေပ့ါ။ အဓိပၸါယ္ ႏွစ္ခု မတူဘူးေပ့ါ။ တပ္မေတာ္သား ဘ၀တုန္းက ရတဲ့ပန္းစည္းနဲ႔ အခု လြတ္ေတာ္ကိုယ္စားလွယ္ ဘ၀မွာ ရတဲ့ပန္းစည္း အဓိပၸါယ္ မတူဘူးေပ့ါ။ အဲဒီအဓိပၸါယ္ေလး နည္းနည္းဖြင့္ၿပီးေတာ့ ဆရာ႔ရဲ့ဒီ ပန္းဆီး ရတဲ့အေပၚ ခံစားခ်က္ေကာ ဘယ္လိုကြာျခားလဲ။

ကြၽန္ေတာ္က အရာရွိငယ္ဘ၀တုန္းက ကြၽန္ေတာ္ စစ္ေရးဘက္ ေလွ်ာက္ဖူး တာေပ့ါေနာ္။ ေလွ်ာက္ၿပီး လံုၿခံဳေရး ယူေပးတယ္ဆိုေတာ့။ အဲဒီတုန္းက ျပည္သူလူထုက တကယ့္ကိုပဲ တပ္မေတာ္ကို လိႈက္လိႈက္လဲလဲ ပန္းစည္းေပးခ်င္လို႔ လာၾကတယ္။ ၈၈ အေရခင္း ၿပီးေတာ့ ၈၈၊ ၈၉၊ ၉၀၊ ၉၄၊ ၉၅ ေပ့ါေနာ္။ ေနာက္ပိုင္းက်ေတာ့ တစ္ျဖည္းတစ္ျဖည္းနဲ႔ ကြၽန္ေတာ္တို႔ဟာ ျပည္သူလူထုနဲ႔ ေ၀းသြားတယ္။ ကြၽန္ေတာ္က စစ္ေရး မေလွ်ာက္ပဲနဲ႔ လံုၿခံဳေရးပဲ ယူရတယ္။ လံုၿခံဳေရးယူေတာ့ ေတြ႔ေနရတယ္ေပ့ါေနာ္။ လံုၿခံဳေရး ယူရတဲ့အခါက်ေတာ့ ၀င္လာတဲ့လူေတြ ကြၽန္ေတာ္တို႔ လက္မခံေတာ့ဘူး။ လက္မခံေတာ့တဲ့ အျပင္ လာလဲမလာ ၾကေတာ့ဘူ။ အဲလိုမလာေတာ့ ကိုယ္တပ္မိသားစုေတြ အတြင္းစည္း လုပ္ၿပီးေတာ့ ပန္းစည္း ေပးၾကတယ္ေပ့ါ။ အဲဒီေတာ့ Feeling က မရွိေတာ့ဘူးေပ့ါေနာ္။ တကယ္ရင္ထဲက တာ၀န္အရ စြပ္တဲ့သေဘာမ်ဳိး ျဖစ္သြားတယ္။



ဆရာက ဒီေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးတင္ေအးနဲ႔လည္း ဆရာတပည့္ေတြ ျဖစ္တယ္လို႔ ကြၽန္ေတာ္ သိထားတယ္။ ဒီမဲစာရင္းမွားယြင္းတာ ဥမမာ ကြၽန္ေတာ္ ေျပာရမယ္ဆို ဒီျပည္တြင္းထဲမွာဆိုလို႔ရွိရင္ မဲစာရင္းက ၃၀% ေလာက္ပဲ မွန္မယ္လို႔ ေျပာတယ္။ ျပည္ပမွာ ကြၽန္ေတာ္တို႔ ႀကိဳတင္မဲေတြသိတဲ့အတိုင္းပဲ ျပည္ပမွာ ေရာက္ေတာ့အခါက် ေတာ့လည္း ဒီ မဲဆႏၵေလးျပားရရမဲ့ေနရာမွာ သံုးျပားရတယ္၊ ႏွစ္ျပားရတယ္။ သံုးျပားရမည့္ေနရာမွာ ႏွစ္ျပားေလာက္ပဲရတယ္ဆိုေတာ့ ေကာ္မရွင္ဥကၠ႒ တစ္ေယာက္ရဲ့ စီမံခန္႔ခြဲမႈ ဒါမွမဟုတ္ တာ၀န္ခံမႈ တာ၀န္ယူမႈအေပၚမွာေကာ ဆရာဘာမ်ား ေျပာခ်င္လဲ။

ျပည္ေထာင္စု ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးတင္ေအးနဲ႔ ကြၽန္ေတာ္နဲ႔က စီးပြးေရး ဦးပိုင္ လီမိတက္မွာ သူက ဥကၠ႒ေပ့ါေနာ္။ ကြၽန္ေတာ္ ဒါ႐ိုက္တာဆိုေတာ့ သူ႔ေအာက္မွာ ကြၽန္ေတာ္ တာ၀န္ထမ္းေဆာင္ ခဲ့ဘူးပါတယ္။ အဲဒီတုန္းကေတာ့ သူက ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေပါ့ေနာ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တပ္မေတာ္ ဖြဲ႔စည္းပံုအရနဲ႔ လုပ္ကိုင္သြားေတာ့ ဘာဘဲျဖစ္ျဖစ္ေအာက္က အဖြဲ႔ရဲ့ အဖြဲ႔စည္းေတြကလည္း သူ႔လိုလားခ်က္ ဘာညာ တန္းၿပီးေပးလို႔ ရတယ္။ စာရင္းေတြ ဘာေတြ စာရင္းဇယားေတြ ဆိုလည္း Quaility ထြက္တာေပ့ါေနာ္။

ေကာ္မရွင္မွာ သူက တာ၀န္ယူတဲ့အခါ က်ေတာ့ ေကာ္မရွင္ရဲ့ ဖြဲ႔စည္းပံုကို ကြၽန္ေတာ္ထင္တယ္။ ေကာ္မရွင္ရဲ့ ဖြဲ႔စည္းပံုထဲမွာက က်ေတာ့ Well Train နည္းနည္း နည္းတယ္ ထင္တယ္။ နည္းတဲ့အခါက်ေတာ့ သူကေတာ့ နည္းနည္း တြန္းအားေပးမွာဘဲ။ သူဆြဲသေလာက္လဲ ပါခ်င္မွ ပါမွာေပ့ါေနာ္။ ပါခ်င္မွလည္း ပါမယ္။ မပါႏိုင္ေတာ့ ေနာက္တစ္ခါ ဗိုလ္ခ်ဳပ္ႀကီး ဦးတင္ေအး ေအာက္ေျခက ေျပာလို႔ရွိရင္ သူကအိုေက၊ ယံုၾကည္ လြယ္တာေပ့ါေနာ္။ အယံုအၾကည္လြယ္လို႔ ငါ့တပည့္ေတြေျပာတာေတြမွန္တယ္။ အဲဒါမ်ဳိးေတြ သူက နည္းနည္းေလးေတာ့ သေဘာရွိတယ္။ သေဘာရွိတယ္ဆိုေတာ့ အခုက်ေတာ့ အဲဒါေလးေတြ တစ္ခ်က္ပါမယ္ ထင္တယ္။ လက္ေတြ႔က်ေတာ့ ေအာက္မွာ ေအာက္ေျခ ေကာ္မရွင္မွာ အဲလိုျဖစ္မလာဘူး။ အဲေတာ့ ေရွ႕က ေခါင္းတြဲႀကီးက ေမာင္းေနတယ္ ေနာက္က အိပဲ့အိပဲ့ ျဖစ္ေနတယ္။ ဒါေၾကာင့္ မဲစာရင္းေတြက မွားေနတာ။



မဲစာရင္း မွားယြင္းမႈေတြႀကံဳၿပီ၊ ႀကံဳတဲ့အခါက်ေတာ့ လြတ္လပ္ၿပီး မွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္လာမယ္လို႔ေကာ ဘယ္အတိုင္းအတာအထိ ယံုၾကည္လို႔ရမလဲ။

လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲဆိုတာ လြတ္လပ္ေတာ့ လြတ္လပ္မယ္ တရားမွ်တတဲ့ကေတာ့ လံုး၀မျဖစ္ႏိုင္ဘူး။ မဲစည္း႐ံုးရတာက အစဗ်ား၊ ကြၽန္ေတာ္တို႔ တပ္ထဲသြားၿပီး စည္း႐ံုးလို႔မွ မရတာ။ မဲ႐ံုကအစ တပ္ထဲမွာဘဲ မဲ႐ံုလုပ္ထားတယ္ေလ။ ဒါက မမွ်တဘူးေပ့ါ။ မဲစည္း႐ံုးတယ္ စည္း႐ံုးခြင့္ မရဘူး။ ကြၽန္ေတာ္လည္း တပ္မေတာ္သား၊ ကြၽန္ေတာ္လည္း တပ္မေတာ္သား လုပ္ခဲ့ေတာ့ ကြၽန္ေတာ္ စီးပြားေရး ဦးပိုင္ ၂၀၁၀ တုန္းက ဆိုလို႔ရွိရင္ တစ္ျခားပါတီေတာ့ ကြၽန္ေတာ္တို႔ကို မဲစည္း႐ံုးခြင့္ မေျပာဘူး။ ျပည္ေထာင္စု ႀကံ့ခိုင္ေရး ကိုယ္စားလွယ္ေတြက်ေတာ့ လာစည္း႐ံုတယ္။ သူၾကေတာ့ တပ္မေတာ္အရာရွိ ေဟာင္းေတြကို ဒါစည္းလံုးလို႔ရတယ္။ အခုလည္း ကြၽန္ေတာ္ လက္ေတြ႔ခံစားေနရၿပီး၊ ကြၽန္ေတာ္ မတတ္ႏိုင္ဘူးေပ့ါေနာ္။ အဲဒီေတာ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ လြတ္လပ္ေတာ့ရွိမယ္ တရားမွ်တမႈကေတာ့ လံုး၀မရွိဘူး။



အဲဒါဆိုရင္ ဆရာကေျပာၿပီ၊ ဒါဆိုရင္ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ မျဖစ္ႏုိင္ဘူးလို႔ ေျပာတဲ့အခါမွာ တိုက္႐ိုက္ သက္ဆိုင္တာက ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒နဲ႔ သက္ဆိုင္တာေပါ့။ ဆိုတဲ့အခါ က်ေတာ့ ဆရာေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ကိုေကာ ဘာမ်ားေျပာခ်င္လဲ။

ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ႀကီးက ေျပာေနတာဘဲေလ။ တပ္ေတြကိုလည္း မဲဆြယ္ စည္း႐ံုးႏိုင္ေအာင္ သူအေနနဲ႔ ေျပာရမယ္။ ဥပမာဟာ ကိုကိုးကြၽန္း ကိစၥေတြပဲ ၾကည့္ေလ။ ကိုကိုးကြၽန္းကို ကြၽန္ေတာ္တို႔ဆီက ေဟာေျပာခြင့္မရဘူး။ ေျပာခြင့္မရေတာ့ ေကာ္မရွင္ကေတာ့ ေျပာခြင့္ရေအာင္ဆိုၿပီး သူကေန တပ္မေတာ္ကိုလည္း သူက တြန္းအားေပးပါတယ္။ ဒါေပမဲ့သူေျပာတာကို လုိက္မွမလုပ္တာ။ လိုက္မလုပ္ေတာ့ ဘယ္သူ႔မွာ တာ၀န္ရွိလဲဆိုေတာ့ ဒါဟာက ေကာ္မရွင္ေရြးေကာက္ပြဲ ကိစၥျဖစ္တဲ့အတြက္ ေကာ္မရွင္ ျပည္ေထာင္စု ေကာ္မရွင္ဥကၠ႒ပဲေပ့ါ။ အဲဒါေလးေတြက်ေတာ့ဘာလဲ အဲဒါေလးေတြ က်ေတာ့ သူ႔ေကာ္မရွင္ ဥကၠ႒ေျပာတာကို အေကာင္အထည္ လိုက္မေဖာ္တာ ဘာလို႔ မေဖာ္တာလဲ ဘယ္လိုအေရးယူမွာလဲ ဘယ္လို ဥပေဒနဲ႔လုပ္မွာလဲ အဲဒါေလးေတြက ျပတ္ျပတ္သားသားေပ့ါ ဥပေဒ နည္းဥပေဒရွိသင့္တာေပ့ါ။



ဆရာရဲ့မဲဆႏၵရွင္ ျပည္သူေတြကိုေကာ ဆရာဘာမ်ားေျပာခ်င္လဲ။

ကြၽန္ေတာ္ရဲ့ မဲဆႏၵရွင္ေတြကေတာ့ တစ္ျခား ေျပာစရာမရွိပါဘူး၊ ကြၽန္ေတာ္ေျပာတာ အခု ေရြးေကာက္ပြဲကလည္း ၈ ရက္ေန႔မွာ လုပ္ေတာ့မယ္ေလး ေနာက္လည္း မဆုတ္ေတာ့ဘူး ဆိုေတာ့ အဲဒီေန႔မွာ ကြၽန္ေတာ္ႏိုင္ငံသား တစ္ေယာက္အေနနဲ႔ အခြင့္အေရး ရွိသလို ထန္းေဆာင္ရမည့္ တာ၀န္လည္း ရွိပါတယ္။ အဲဒါကို မဲေပးျဖစ္ေအာင္ေပးပါ။ မဲေပးတဲအခါမွာလဲပဲ ပယ္ပဲမျဖစ္ေအာင္ေပ့ါဗ်ာ ကြၽန္ေတာ္တို႔ ပယ္မဲမျဖစ္ေအာင္ မိမိရဲ့ ဆႏၵကို လုပ္ပါ။ တပ္မေတာ္သားေတြ ကိုလည္းပဲ ဒါလွ်ိဳ႕၀ွက္စြားနဲ႔ မဲျဖစ္တဲ့အတြက္ ကိုယ္ႀကိဳက္တဲ့လူကို ရဲရဲ၀ံ့၀ံ့မဲေပးပါ။ ကိုယ့္ဆႏၵကိုပဲ ေဖာ္ထုတ္ပါလို႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။
Credit: mizziam burmese
.........................
ပြည်သူချစ်တဲ့ တပ်မတော်ပြန်ဖြစ်ဖို့ ပြည်သူချစ်သူကိုသာ ထောက်ခံကြရန် ဒုဗိုလ်မှူးကြီး(ငြိမ်း) တိုက်တွန်း

တပ်မတော်တွင် နှစ် ၃၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ရင်းမှူး၊ ဒုတိယ ဗိုလ်မှူးကြီး ရာထူးမှ အနားယူခဲ့သူ ဦးကျော်ဇေယျသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

စီးပွားရေး ဦးပိုင်လီမိတက်တွင် ဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဒု ဗိုလ်မှူးကြီးနှင့် မဇ္ဈိမတို့ တွေ့ဆုံ မေးမြန်းမှုတွင် ပြည်သူချစ်တဲ့ တပ်မတော် ပြန်ဖြစ်ဖို့ ပြည်သူချစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြရန် တပ်မတော်သားများကို တိုက်တွန်းခဲ့သည်။

မဇ္ဈိမနှင့် အင်တာဗျူးတွင် တပ်မတော်သားဘဝ အတွေ့အကြုံနှင့် ယခု ၂၀၁၅ တွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် အမတ်လောင်းဘဝ ကွာခြားပုံတို့ကိုလည်း ပြောဆိုခဲ့သည်။

“၈၈ နောက်ပိုင်းမှာ ပြည်သူလူထုနဲ့ကို ဝေးကွားသွားတယ်ပေ့ါနော်။ ဝေးကွားနေတဲ့ဟာကို ကျွန်တော့်အနေနဲ့က စိတ်ထဲမှာလည်း မကောင်းပါဘူး။ ကျွန်တော်ပြောချင်တာက ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ပြည်သူလူထု ချစ်နေတဲ့ ခေါင်းဆောင်ကို ထောက်ခံမှ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်မယ်” လို့ သူက ဆိုခဲ့သည်။

သူ၏ လုပ်ဖေါ်ကိုင်ဘက်၊ ရဲဘော်ရဲဘက်များ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေး ပါတီဝင်များကိုလည်း အယူအဆချင်း မတူဟုဆိုကာ မည်သူ့အယူအဆက မှန်သည်ကို နိုဝင်ဘာ ၈ ရက်တွင် သိရမည်ဟုဆိုခဲ့သည်။

ရွေးကောက်ပွဲတွင် “တပ်မတော်သားတွေ ကိုလည်းပဲ ဒါလျှို့ဝှက်စွားနဲ့ မဲဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့လူကို ရဲရဲဝံ့ဝံ့မဲပေးပါ” ဟု တိုက်တွန်းသွားခဲ့သည်။ ယခုတွေ့ဆုံမေးမြန်းမှုသည် ပထမပိုင်းဖြစ်ပြီး ဒုတိယပိုင်းကို ဆက်လက် တင်ပြပါမည်။

ကျွန်တော်တို့ အင်တာဗျူးမှာ ပထမပိုင်းမှာ ဆရာပြောခဲ့တာ ရှိတယ်။ အခြေခံဥပဒေ ပြင်ဆင်ဖို့ဒါ လွှတ်တော်ထဲကို ၀င်ရောက်ခြင်း ဖြစ်တယ်။ ဆရာကလည်း တပ်မတော်က အငြိမ်းစား ယူခဲ့သူဆိုတော့ တပ်မတော်သား လုပ်ဖော်ကိုင်ဖက် အချင်းချင်းကနေပြီးတော့ ဆရာကိုဘာတွေများ ထင်မြင်ချက် ပေးကြပါသလဲ။



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထဲမှာ ကျွန်တော်တို့ တစ်ပါတ်စဉ်ထဲ အရာရှိတွေ အများကြီး ပါပါတယ်။ အမျိုးသား လွတ်တော်မှာကော ပြည်သူ့ လွတ်တော်မှာကော အယူအဆကတော့ မတူကြဘူးပေ့ါ။ ကျွန်တော် ၀င်ပြိုင်မယ် သေချာပြီလို့ ထုတ်လိုက်တဲ့အချိန်မှာ ကျွန်တော်က ရေးလိုက်တယ်။ ကျွန်တော်ဝင်ပြိုင်မယ် ကျွန်တော် ဒုတိယ ဗိုလ်မှူးကြီး ကျော်ဇေယျ (ငြိမ်း) ပေါ့။ ဦးကျော်ဇေယျ ဒဂုံမြို့နယ်ကနေ ပြိုင်မယ်ပေါ့။

ကျွန်တော်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတဲ့အတိုင်းပဲ ပြည်သူ့တပ်မတော်ပေ့ါ ပြည်သူ့ တပ်မတော်ကြီးက ပြည်သူလူထု ယုံကြည်ကိုးစား လေးစားရတဲ့၊ ယုံကြည်အားကိုး လေးစားရတဲ့ တပ်မတော်ကြီးဖြစ်အောင် အနှစ်သာရအားဖြင့် ပြည်သူချစ်တဲ့ တပ်မတော်စစ်စစ် ဖြစ်အောင် ကျွန်တော် အတတ်နိုင်ဆုံးလုပ်မယ်ဆိုပြီး ကျွန်တော်ကနေ တင်လိုက်တာ ပေ့ါနော်။

ဒေါက်တာဆိတ်ဖွားကစပြီး နှိပ်တော့တာဘဲ။ ဟာဒီကောင် ဒီအသံပြောင်းသွားပြီ အရင်တုန်းက စီးပွားရေး ဦးပိုင်ဘက်မှာ ဒါရိုင်တာ အလုပ်လုပ်ရတော့ ဒီလေသံ မဟုတ်ပါဘူး။ စီးပွားရေး ဦးပိုင်မှာကြီးပဲ ထုံးစံအတိုင်းပေ့ါဗျား ကျွန်တော့်ကို မိန်းမ ပွေတယ်ပေါ့။ ရှုပ်တယ်ပေါ့ အဲ့ဒါမျိုး တွေပေ့ါ။

နောက် စီးပွားရေး ဦးပိုင်မှာ ကျွန်တော်က အစုရှယ်ရာဌာနမှာ ရှယ်ရာငွေတွေကို ဘုန်းပြီးတော့ ဦးကျော်ဇေယျ သူဌေးဖြစ်ပြီး ထွက်သွားတယ်။ သူအဲဒါမျိုး ပစ်ထည့် လိုက်တာပေ့ါ။ ပြီးတော့ ကျွန်တော်ကလည်း အဲဒါမင်းမှားနေပြီ သတင်းအချက် အလက်တွေ မှားနေပြီး မင်း စီးပွားရေးဦးပိုင်မှာ ဦးကျော်ဇေယျအကြောင်း စီးပွားဦးပိုင် ဆိုတာ ရန်ကုန် ဗိုလ်တစ်ထောင်မှာ နီးနီလေး ၅၁ လမ်းမှာ မင်းသွားမေးကြည့်။ ရှယ်ရာဌနက ၀န်ထမ်းတွေ သွားမေးကြည့် သူ့ဝန်ထမ်း ၅၀ ကျော်ရှိတယ်။ သွားမေးကြည့် နောက်ဆုံးပိတ် အဲဒီမှာ သမ္မတကြီး သမီးတောင်ရှိနေတယ်။ ဦးပိုင်မှာ။ သမ္မတကြီး သမီးနဲ့မင်း အဲဒီလိုအနီးကပ် မင်းနေလို့နေခွင့် အနီးကပ် မင်းသတင်းမရဘူးလာ။ အဲဒီသတင်း တိတိကျကျ မရတာတော့ မင်းတော်တော် ညံ့တဲ့ကောင်းကွား ကျွန်တော်ပြန်လိုက်တော့ နောက်ထပ် ဘာမှမလာတော့ဘူး။



ဒီလို အယူအဆချင်းမတူဘူး။ ဒါဆန့်ကျင်ဘက်ပဲ ဆိုကြပါစို့။ ဒီအယူအဆ မတူတဲ့ ပုဂ္ဂိုလ်တွေကိုကော ဘာများ သတင်းစကား ပါးချင်ပါသလဲ။

အယူအဆကတော့ ဒီမိုကရေစီက သူ့အယူအဆ ကိုယ့်အယူအဆ ပေ့ါနော်။ Message ပေးချင်တာကတော့ ကျွန်တော်တို့ ဒီတပ်မတော်သားတွေဟာ တစ်ကယ်တော့ တစ်ဖြည်းဖြည်းနဲ့ ဒါ ၈၈ နောက်ပိုင်းမှာ ပြည်သူလူထုနဲ့ကို ဝေးကွားသွားတယ်ပေ့ါနော်။ ဝေးကွားနေတဲ့ဟာကို ကျွန်တော့်အနေနဲ့က စိတ်ထဲမှာလည်း မကောင်းပါဘူး။ ကျွန်တော်ပြောချင်တာက ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် ပြည်သူလူထု ချစ်နေတဲ့ ခေါင်းဆောင်ကို ထောက်ခံမှ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်မယ်။ ပြည်သူချစ်တဲ့ပါတီ၊ ပြည်သူချစ်တဲ့ အဖွဲ့အစည်းကို တပ်မတော်ကနေ တပ်မတော်နဲ့ပြည်သူ ကျွန်တော်တို့ ဒီအစိုးရဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီနေကြမှာပဲ။ အကယ်၍များ ကျွန်တော်တို့ အစိုးရဖွဲ့နို်င်ခဲ့လို့ရှိရင် ကျွန်တော်တို့ကလည်း အစိုးရဖြစ်ပေမဲ့လို့ တပ်မတော်ကို ဒါကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ နေရမှာပဲ။ အဲဒီတော့ ပြည်သူချစ်တဲ့အစိုးရကို ပံ့ပိုးတဲ့ တပ်မတော်ဆိုရင် ပြည်သူကလည်း ချစ်ပြီးပေါ့ဗျာ။ အဲဒါလေးကျွန်တော် သတင်းစကား ပါးချင်တာပါ။



ဆရာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးချယ်တယ်။ တစ်ချို့တွေ ကျတော့ ဆရာရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှာ ကျန်ခဲ့ကောင်း ကျန်ခဲ့မယ်။ ဆိုတဲ့အခါကတော့ ကိုယ်စားလှယ်လောင်း နှစ်ခုကတော့ မတူတော့ဘူး။ ဒီဆရာရဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်း ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဘက် ဟောင်းတွေကိုကော ဒီအမှတ်လောင်းတွေပေ့ါ ဒီပုဂ္ဂိုလ်တွေကော ဘာများပြောချင်သလဲ။

ကျွန်တော် ပြောချင်တာကတော့ ဒါသူတို့လည်း သူတို ့အယူအဆပေ့ါ။ ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမှာ သူတို့ပေ့ါ အမှန်တော့ အယူအဆချင်းတော့ မတူဘူး ပေါ့နော်။ ဘယ်အယူအဆက မှန်လဲဆိုတော့ သူတို့ကိုကျွန်တော် နိုဝင်ဘာလ ၈ ရက်နေ့ကျရင် သူတို့သိသွားလိမ့်မယ်။ အဲဒါလေးပဲ ကျွန်တော်ပြောချင်ပါတယ်။



ဟုတ်ကဲ့ တချို့သောသူတွေ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ တစ်ချို့ ကိုယ်စားလှယ် ကနေပြီးတော့ ပုတ်ခတ်ပြီးတော့ မဲဆွယ်တာတွေ ရှိတယ်ဆိုတာ သိမှာပါ။ ဒီလိုမျိုး ပုတ်ခတ်ပြီးတော့ မဲဆွယ်စည်းရုံးတဲ့ အပေါ်မှာကော ဆရာနည်းနည်း ဖြည့်ပြောလို့ ရမလား။

ပထမဆုံး ပြောရရင်တော့ ကျွန်တော်တို့ ပါတီခေါင်းဆောင်ကလည်း ပြောသွားတယ်။ ဒါဥပဒေနှင့် မညီဘူးပေ့ါနော်။ မဲဆွယ် စည်းရုံးတဲ့ နေရာမှာ ဥပဒေနှင့်မညီဘူး။ ဒါအမှန်တော့ ဒါအရေးယူသင့်တယ်ပေ့ါ။ ဒါတွေကလည်းပဲ ဒါတကယ်တမ်းကျတော့ ကျွန်တော်ထင်ပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားနည်းချက် ဒါပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်အောင် အားနည်းသွားအောင် ချိနဲ့သွားအောင် လုပ်တဲ့ သဘောပါဘဲ။ အမှန်တော့ ဒီဟာတွေဟ ဒါမလုပ်သင့်တဲ့ဟာပါ။ မလုပ်သင့်တဲ့ဟာလို့ ကျွန်တော် ပြောချင်ပါတယ်။



ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ သူတို့ပြောတာရှိတယ် နောက်ထပ် ဒီအစိုးရ ဖွဲ့နိုင်လို့ရှိရင် သူတို့ရဲ့ သမ္မတလောင်းဟာ လက်ရှိသမ္မတ ဦးသိန်းစိန် ဖြစ်ပါတယ်လို့ ပြောတယ်။ ဆရာ့အနေနဲ့ကော ဒီလိုမျိုးသူတို့ရဲ့ပြောဆိုချက်ကို ဘယ်လို တုန့်ပြန်ချင်သလဲ။

မဲအပေါ် ပြည်သူလူထုရဲ့ ထောက်ခံပေါ် မူတည်သွားမှာပေ့ါ။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော့် အမြင်ကတော့ အကယ်၍များပေ့ါ ကြ့ံခိုင်ဖွံ့ဖြိုးရေးပါတီက သိတဲ့အတိုင်းပဲ ၂၆% ပေ့ါနော်။ ၂၆% ပြည်ထောင်စု လွှတ်တော်မှာ ၂၆% ဖြစ်သွားလို့ရှိရင်တော့ သေချာတယ်ဗျ။ တပ်မတော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးနဲ့ ပေါင်းမယ်လို့ ကျွန်တော် ပြောတာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ် အငြိမ်းစား ယူသွားတဲ့ ဗိုလ်ချုပ်ကြီးတွေ ဒုတိယဗိုလ်ချုပ်ကြီးတွေက ဘယ်ပါတီကို သွားပြိုင်သလဲ ဒါလေးကို ကြည့်ခြင်းအားဖြင့်ကို ဒီအနာဂတ် ဘယ်လိုလှမ်းတယ်ဆိုတာ ပေါ်နေပြီးပေါ့နော်။ အကယ်၍သာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက ၂၆% သာ ပြည်ထောင်စု လွတ်တော်မှာ ရောက်သွားလို့ရှိရင်တော့ ကျွန်တော်ထင်တယ် သူတို့ပြောတဲ့အတိုင်းဘဲ ဖြစ်မယ်ထင်တယ်။



ဆရာတို့ပါတီ တကယ်လို့ဆရာတို့ အစိုးရအဖွဲ့နိုင်ရင်ကော ဆရာတို့ပါတီက ဘယ်သူ့ကို သမ္မတ ရွေးမလဲ။

ဒါကတော့ ကျွန်တော်တို့ကိုတော့ ပြောလို့မရသေးဘူး ခင်ဗျာ။ ဒါကတော့ ခေါင်းဆောင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်မှာပဲ။ သမ္မတ သူမလုပ်ရလဲ ခေါင်းဆောင်ကတော့ သူပဲဆိုတာကတော့ ဒါပြောပြီးသားပါ။



နောက်ထပ်ထပ်ပြီးတော့ နည်းနည်းမေးရမယ်ဆိုရင် ဆရာအခ ုဒဂုံမြို့နယ်မှာသွားပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့နေတယ်။ ထိတွေ့နေတဲ့ အခါ ပြည်သူလူထုရဲ့ တုန့်ပြန်မှုက ဘယ်လို ပြန်လာသလဲ။

ပြည်သူလူတုရဲ့ Response ကတော့ ကျွန်တော်တို့ တစ်ဖြည်းဖြည်းပေ့ါ ကျွန်တော်တို့အခု မဲဆွယ် စည်းရုံးတာက ရပ်ကွက်တစ်ခုကို တစ်ကြိမ်၊ နှစ်ကြိမ် အနည်းဆုံး ပြီးသွားပြီ။ ပြည်သူ လူထုကတော့ ကျွန်တော်တို့ကို လှိုက်လှိုက်လဲလဲ ကြိုဆိုတယ်။ ကျွန်တော်ဆိုရင် ဒီပန်းစည်းတွေ ဘာတွေ ပေးတယ်ဆိုတာက တကယ် သူတို့ရင်ထဲက ပန်းစည်း စစ်တာပေ့ါနော်။ ကျွန်တော်အရင် တပ်မတော်သား လုပ်တုန်းက အရာရှိငယ် ဘဝတုန်း ကလည်း တကယ်ကို ပြည်သူလူတုက လှိုက်လှိုက်လဲလဲပဲ ချစ်တယ်။ နောက် ၈၈ နောက်ပိုင်းကျတော့ ကျွန်တော်တို့ ဒီကျွန်တော်တို့ စစ်ရေးတပ်တွေ လျှောက်ဖူးပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုလည်း သိမှာပေ့ါ။ လုံခြံုရေးတွေက အနားကပ်လို့မရတော့ဘူး။ ကျွန်တော်တို့ အချင်းချင်းပြောရင် ကျွန်တော်တို့ တပ်မတော်သား အချင်းချင်း မိသားစုတွေဘဲ ပြန်ပေးနေတော့ သိပ်ပြီးတော့ Feeling မလာတော့ ဘူးပေ့ါနော်။ ကိုယ့်လူ အချင်းချင်းဘဲဖြစ်နေတယ်။

ကျွန်တော်ဆိုရင် မျက်ရည်တောင်ဝဲတယ်။ ဒီနောက်ပိုင်းမှာ တကယ့် ပြည်သူလူထုရဲ့ ပန်းစည်းကို ငါရနေပါလား ဆိုတာကို။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော့်အနေနဲ့ စိုးရိမ်ရတာက မဲဆန္ဒနယ်မြေတွေက ပြည်ထောင်စု ရိပ်သာကြီးဆိုရင် လူမရှိတော့ဘူး အဲဒီမှာ မဲအင်အားက တစ်ထောင်ကျော် ပေါက်နေတယ်။ ပိုနေတယ်ပေ့ါ။ အဲဒီလူတွေက ၀န်ထမ်းတွေဆိုတော့ သူတို့က လာပဲပေးမလား၊ ဒါမှမဟုတ်၊ ဘယ်လိုလဲ မသိဘူးပေ့ါလေ။ ကျွန်တော် မသိသေးဘူးပေ့ါ။



အခုနက နည်းနည်းလေး စိတ်ဝင်စားစရာကောင်းတာက ပန်းစည်းချင်း မတူဘူးပေ့ါ။ အဓိပ္ပါယ် နှစ်ခု မတူဘူးပေ့ါ။ တပ်မတော်သား ဘဝတုန်းက ရတဲ့ပန်းစည်းနဲ့ အခု လွတ်တော်ကိုယ်စားလှယ် ဘဝမှာ ရတဲ့ပန်းစည်း အဓိပ္ပါယ် မတူဘူးပေ့ါ။ အဲဒီအဓိပ္ပါယ်လေး နည်းနည်းဖွင့်ပြီးတော့ ဆရာ့ရဲ့ဒီ ပန်းဆီး ရတဲ့အပေါ် ခံစားချက်ကော ဘယ်လိုကွာခြားလဲ။

ကျွန်တော်က အရာရှိငယ်ဘဝတုန်းက ကျွန်တော် စစ်ရေးဘက် လျှောက်ဖူး တာပေ့ါနော်။ လျှောက်ပြီး လုံခြံုရေး ယူပေးတယ်ဆိုတော့။ အဲဒီတုန်းက ပြည်သူလူထုက တကယ့်ကိုပဲ တပ်မတော်ကို လှိုက်လှိုက်လဲလဲ ပန်းစည်းပေးချင်လို့ လာကြတယ်။ ၈၈ အရေခင်း ပြီးတော့ ၈၈၊ ၈၉၊ ၉၀၊ ၉၄၊ ၉၅ ပေ့ါနော်။ နောက်ပိုင်းကျတော့ တစ်ဖြည်းတစ်ဖြည်းနဲ့ ကျွန်တော်တို့ဟာ ပြည်သူလူထုနဲ့ ဝေးသွားတယ်။ ကျွန်တော်က စစ်ရေး မလျှောက်ပဲနဲ့ လုံခြံုရေးပဲ ယူရတယ်။ လုံခြံုရေးယူတော့ တွေ့နေရတယ်ပေ့ါနော်။ လုံခြံုရေး ယူရတဲ့အခါကျတော့ ၀င်လာတဲ့လူတွေ ကျွန်တော်တို့ လက်မခံတော့ဘူး။ လက်မခံတော့တဲ့ အပြင် လာလဲမလာ ကြတော့ဘူ။ အဲလိုမလာတော့ ကိုယ်တပ်မိသားစုတွေ အတွင်းစည်း လုပ်ပြီးတော့ ပန်းစည်း ပေးကြတယ်ပေ့ါ။ အဲဒီတော့ Feeling က မရှိတော့ဘူးပေ့ါနော်။ တကယ်ရင်ထဲက တာဝန်အရ စွပ်တဲ့သဘောမျိုး ဖြစ်သွားတယ်။



ဆရာက ဒီရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့လည်း ဆရာတပည့်တွေ ဖြစ်တယ်လို့ ကျွန်တော် သိထားတယ်။ ဒီမဲစာရင်းမှားယွင်းတာ ဥမမာ ကျွန်တော် ပြောရမယ်ဆို ဒီပြည်တွင်းထဲမှာဆိုလို့ရှိရင် မဲစာရင်းက ၃၀% လောက်ပဲ မှန်မယ်လို့ ပြောတယ်။ ပြည်ပမှာ ကျွန်တော်တို့ ကြိုတင်မဲတွေသိတဲ့အတိုင်းပဲ ပြည်ပမှာ ရောက်တော့အခါကျ တော့လည်း ဒီ မဲဆန္ဒလေးပြားရရမဲ့နေရာမှာ သုံးပြားရတယ်၊ နှစ်ပြားရတယ်။ သုံးပြားရမည့်နေရာမှာ နှစ်ပြားလောက်ပဲရတယ်ဆိုတော့ ကော်မရှင်ဥက္ကဋ္ဌ တစ်ယောက်ရဲ့ စီမံခန့်ခွဲမှု ဒါမှမဟုတ် တာဝန်ခံမှု တာဝန်ယူမှုအပေါ်မှာကော ဆရာဘာများ ပြောချင်လဲ။

ပြည်ထောင်စု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေးနဲ့ ကျွန်တော်နဲ့က စီးပွးရေး ဦးပိုင် လီမိတက်မှာ သူက ဥက္ကဋ္ဌပေ့ါနော်။ ကျွန်တော် ဒါရိုက်တာဆိုတော့ သူ့အောက်မှာ ကျွန်တော် တာဝန်ထမ်းဆောင် ခဲ့ဘူးပါတယ်။ အဲဒီတုန်းကတော့ သူက ဒုတိယ ဗိုလ်ချုပ်ကြီး ပေါ့နော်။ ဒုတိယဗိုလ်ချုပ်ကြီး တပ်မတော် ဖွဲ့စည်းပုံအရနဲ့ လုပ်ကိုင်သွားတော့ ဘာဘဲဖြစ်ဖြစ်အောက်က အဖွဲ့ရဲ့ အဖွဲ့စည်းတွေကလည်း သူ့လိုလားချက် ဘာညာ တန်းပြီးပေးလို့ ရတယ်။ စာရင်းတွေ ဘာတွေ စာရင်းဇယားတွေ ဆိုလည်း Quaility ထွက်တာပေ့ါနော်။

ကော်မရှင်မှာ သူက တာဝန်ယူတဲ့အခါ ကျတော့ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံကို ကျွန်တော်ထင်တယ်။ ကော်မရှင်ရဲ့ ဖွဲ့စည်းပုံထဲမှာက ကျတော့ Well Train နည်းနည်း နည်းတယ် ထင်တယ်။ နည်းတဲ့အခါကျတော့ သူကတော့ နည်းနည်း တွန်းအားပေးမှာဘဲ။ သူဆွဲသလောက်လဲ ပါချင်မှ ပါမှာပေ့ါနော်။ ပါချင်မှလည်း ပါမယ်။ မပါနိုင်တော့ နောက်တစ်ခါ ဗိုလ်ချုပ်ကြီး ဦးတင်အေး အောက်ခြေက ပြောလို့ရှိရင် သူကအိုကေ၊ ယုံကြည် လွယ်တာပေ့ါနော်။ အယုံအကြည်လွယ်လို့ ငါ့တပည့်တွေပြောတာတွေမှန်တယ်။ အဲဒါမျိုးတွေ သူက နည်းနည်းလေးတော့ သဘောရှိတယ်။ သဘောရှိတယ်ဆိုတော့ အခုကျတော့ အဲဒါလေးတွေ တစ်ချက်ပါမယ် ထင်တယ်။ လက်တွေ့ကျတော့ အောက်မှာ အောက်ခြေ ကော်မရှင်မှာ အဲလိုဖြစ်မလာဘူး။ အဲတော့ ရှေ့က ခေါင်းတွဲကြီးက မောင်းနေတယ် နောက်က အိပဲ့အိပဲ့ ဖြစ်နေတယ်။ ဒါကြောင့် မဲစာရင်းတွေက မှားနေတာ။



မဲစာရင်း မှားယွင်းမှုတွေကြံုပြီ၊ ကြံုတဲ့အခါကျတော့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ကော ဘယ်အတိုင်းအတာအထိ ယုံကြည်လို့ရမလဲ။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ လွတ်လပ်တော့ လွတ်လပ်မယ် တရားမျှတတဲ့ကတော့ လုံးဝမဖြစ်နိုင်ဘူး။ မဲစည်းရုံးရတာက အစဗျား၊ ကျွန်တော်တို့ တပ်ထဲသွားပြီး စည်းရုံးလို့မှ မရတာ။ မဲရုံကအစ တပ်ထဲမှာဘဲ မဲရုံလုပ်ထားတယ်လေ။ ဒါက မမျှတဘူးပေ့ါ။ မဲစည်းရုံးတယ် စည်းရုံးခွင့် မရဘူး။ ကျွန်တော်လည်း တပ်မတော်သား၊ ကျွန်တော်လည်း တပ်မတော်သား လုပ်ခဲ့တော့ ကျွန်တော် စီးပွားရေး ဦးပိုင် ၂၀၁၀ တုန်းက ဆိုလို့ရှိရင် တစ်ခြားပါတီတော့ ကျွန်တော်တို့ကို မဲစည်းရုံးခွင့် မပြောဘူး။ ပြည်ထောင်စု ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေကျတော့ လာစည်းရုံတယ်။ သူကြတော့ တပ်မတော်အရာရှိ ဟောင်းတွေကို ဒါစည်းလုံးလို့ရတယ်။ အခုလည်း ကျွန်တော် လက်တွေ့ခံစားနေရပြီး၊ ကျွန်တော် မတတ်နိုင်ဘူးပေ့ါနော်။ အဲဒီတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လွတ်လပ်တော့ရှိမယ် တရားမျှတမှုကတော့ လုံးဝမရှိဘူး။



အဲဒါဆိုရင် ဆရာကပြောပြီ၊ ဒါဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ပြောတဲ့အခါမှာ တိုက်ရိုက် သက်ဆိုင်တာက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ သက်ဆိုင်တာပေါ့။ ဆိုတဲ့အခါ ကျတော့ ဆရာရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကိုကော ဘာများပြောချင်လဲ။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကြီးက ပြောနေတာဘဲလေ။ တပ်တွေကိုလည်း မဲဆွယ် စည်းရုံးနိုင်အောင် သူအနေနဲ့ ပြောရမယ်။ ဥပမာဟာ ကိုကိုးကျွန်း ကိစ္စတွေပဲ ကြည့်လေ။ ကိုကိုးကျွန်းကို ကျွန်တော်တို့ဆီက ဟောပြောခွင့်မရဘူး။ ပြောခွင့်မရတော့ ကော်မရှင်ကတော့ ပြောခွင့်ရအောင်ဆိုပြီး သူကနေ တပ်မတော်ကိုလည်း သူက တွန်းအားပေးပါတယ်။ ဒါပေမဲ့သူပြောတာကို လိုက်မှမလုပ်တာ။ လိုက်မလုပ်တော့ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ ဒါဟာက ကော်မရှင်ရွေးကောက်ပွဲ ကိစ္စဖြစ်တဲ့အတွက် ကော်မရှင် ပြည်ထောင်စု ကော်မရှင်ဥက္ကဋ္ဌပဲပေ့ါ။ အဲဒါလေးတွေကျတော့ဘာလဲ အဲဒါလေးတွေ ကျတော့ သူ့ကော်မရှင် ဥက္ကဋ္ဌပြောတာကို အကောင်အထည် လိုက်မဖော်တာ ဘာလို့ မဖော်တာလဲ ဘယ်လိုအရေးယူမှာလဲ ဘယ်လို ဥပဒေနဲ့လုပ်မှာလဲ အဲဒါလေးတွေက ပြတ်ပြတ်သားသားပေ့ါ ဥပဒေ နည်းဥပဒေရှိသင့်တာပေ့ါ။



ဆရာရဲ့မဲဆန္ဒရှင် ပြည်သူတွေကိုကော ဆရာဘာများပြောချင်လဲ။

ကျွန်တော်ရဲ့ မဲဆန္ဒရှင်တွေကတော့ တစ်ခြား ပြောစရာမရှိပါဘူး၊ ကျွန်တော်ပြောတာ အခု ရွေးကောက်ပွဲကလည်း ၈ ရက်နေ့မှာ လုပ်တော့မယ်လေး နောက်လည်း မဆုတ်တော့ဘူး ဆိုတော့ အဲဒီနေ့မှာ ကျွန်တော်နိုင်ငံသား တစ်ယောက်အနေနဲ့ အခွင့်အရေး ရှိသလို ထန်းဆောင်ရမည့် တာဝန်လည်း ရှိပါတယ်။ အဲဒါကို မဲပေးဖြစ်အောင်ပေးပါ။ မဲပေးတဲအခါမှာလဲပဲ ပယ်ပဲမဖြစ်အောင်ပေ့ါဗျာ ကျွန်တော်တို့ ပယ်မဲမဖြစ်အောင် မိမိရဲ့ ဆန္ဒကို လုပ်ပါ။ တပ်မတော်သားတွေ ကိုလည်းပဲ ဒါလျှို့ဝှက်စွားနဲ့ မဲဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့လူကို ရဲရဲဝံ့ဝံ့မဲပေးပါ။ ကိုယ့်ဆန္ဒကိုပဲ ဖော်ထုတ်ပါလို့ ကျွန်တော်ပြောချင်ပါတယ်။
Credit: mizziam burmese

No comments:

Post a Comment