Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 24, 2015

ရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ မိသားစုမ်ား မိမိတို႔ၾကိဳက္ႏွစ္သက္သည့္ပါတီကို လြတ္လပ္စြာ မဲေပးပိုင္ခြင့္ရိွဟုဆို


ရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ ရဲတပ္ဖဲြ႕၀င္ မိသားစုမ်ားအေနျဖင့္ လာမည့္ေရြးေကာက္ပဲြတြင္ မိမိတို႔ၾကိဳက္ ႏွစ္သက္သည့္ မည္သည့္ပါတီမဆို လြတ္လပ္စြာ မဲေပးပိုင္ခြင့္ေပးထားေၾကာင္းႏွင့္ မဲေပးပိုင္ခြင့္ႏွင့္ပတ္ သက္၍ တစံုတရာခ်ဳပ္ကိုင္ထားျခင္းမရိွေၾကာင္း ရန္ကုန္တိုင္းေဒသၾကီး ရဲတပ္ဖဲြ႕မွဴးရံုးမွ ဒုတိုင္းရဲတပ္ ဖဲြ႕မွဴး ရဲမွဴးၾကီး ၀င္းဗိုလ္က News Watch ဂ်ာနယ္သို႔ ေျပာသည္။

''ရဲ၀န္ထမ္းေတြနဲ႔ သူ႔ရဲ႕မိသားစု ေတြအေနနဲ႔လြတ္လပ္စြာ မဲေပးပိုင္ခြင့္ရိွတာေပါ့။ ဘယ္ပါတီကိုေပးပါ။ ဘယ္ပါတီကိုမေပးပါနဲ႔ ဘာမွမေျပာဘူး။ အဓိက,က ကြ်န္ေတာ္တို႔က ဘာစီစဥ္ေပးရမလဲဆိုေတာ့ မဲေပးပိုင္ခြင့္ရိွသူအားလံုး မဲေပးႏိုင္ေအာင္ ကြ်န္ေတာ္တို႔ပဲ စိစစ္ေပးရတာ။ လံုး၀က်န္လို႔မရဘူး။ အကုန္ ေပး။ ဘယ္သူ႔ကိုေပးပါ မေျပာဘူး။ မဲေပးရဖို႔ပဲလိုတယ္။ ေရြးေကာက္ပဲြလုပ္တဲ့ေန႔မွာ တာ၀န္က်လို႔ လံုး၀မအားတဲ့ ရဲ၀န္ထမ္းေတြဆိုရင္ၾကိဳတင္မဲေပး။ အဲဒီအတြက္လည္း ကြ်န္ေတာ္တို႔ ၾကဳိတင္ေလွ်ာက္ ထားမယ္။ သူ႔လုပ္ထံုးလုပ္နည္းအတိုင္းပဲလုပ္မယ္။ တာ၀န္က်လို႔ မေပးလိုက္တာမ်ဳိးအျဖစ္ မခံႏိုင္ဘူး'' ဟု ရဲမွဴးၾကီး၀င္းဗိုလ္က ဆိုသည္။

ရန္ကုန္တိုင္းေဒသၾကီးအတြင္း ရဲတပ္ဖဲြ႕၀င္အင္အား ၃၀၁၃ ဦးရိွျပီး တျမိဳ႕နယ္လွ်င္ ရဲတပ္ဖဲြ႕အင္အား အရာရိွ ၁၅ ဦးႏွင့္ အျခားအဆင့္ ၈၁ ဦး စုစုေပါင္း ျမဳိ႕နယ္ ရဲစခန္းတခုတြင္ ရဲတပ္ဖဲြ႕ ၉၆ ဦးရိွေၾကာင္း သိရျပီး ၎ရဲတပ္ဖဲြ႕၀င္မ်ားအေနျဖင့္ ေရြးေကာက္ပဲြတြင္ မိမိတို႔ ၾကဳိက္ႏွစ္သက္သည့္ပါတီအား လြတ္ လပ္စြာ မဲေပးခြင့္ရိွေၾကာင္း သိရသည္။

''မဲေပးတဲ့ေနရာမွာ အခုခန္႔ထားတဲ့ အထူးရဲေတြေရာ၊ ရဲတပ္ဖဲြ႕ေတြေရာ ဘာမွ မကန္႔ကြက္ဘူး။ ကြ်န္ ေတာ္တို႔က ဘယ္ပါတီႏိုင္၏၊ ဘယ္သူရံႈး၏ စိတ္မ၀င္စားဘူး။ ကြ်န္ေတာ္တို႔အေနနဲ႔က ေရြးေကာက္ပဲြ လြတ္လပ္မယ္။ တရားမွ်တမယ္။ ေအးေအးခ်မ္းခ်မ္းနဲ႔ ျပီးေျမာက္မယ္။ အဓိက,က ဒါပဲ။ ႏိုင္တာ၊ ရံႈးတာသည္ ျပည္သူေတြက မဲနဲ႔ ဆံုးျဖတ္သြားလိမ့္မယ္။ ဒီေပၚမွာ ဘာမွကန္႔ကြက္မႈမရိွဘူး။ ကြ်န္ေတာ္ ကိုယ္တိုင္လည္း မဲစာရင္းမွာ နာမည္ပါ,ပါတယ္''ဟု ရဲမွဴးၾကီး၀င္းဗိုလ္က ဆက္လက္ေျပာသည္။

ေရြးေကာက္ပဲြ လံုျခဳံေရးအျဖစ္ လက္ရိွခန္႔ထားသည့္ အထူးရဲမ်ားအေနျဖင့္ မိမိတို႔ ျမိဳ႕နယ္အတြင္း၌ တာ၀န္က်သည့္အတြက္ မိမိျမိဳ႕နယ္တြင္ လြတ္လပ္စြာ မဲေပးႏိုင္မည္ျဖစ္ျပီး ၎တို႔အား မဲေပးပိုင္ခြင့္ ႏွင့္ပတ္သက္၍ တစံုတရာခ်ဳပ္ကိုင္ထားမႈမရိွေၾကာင္းႏွင့္ လြတ္လပ္စြာ မဲေပးႏိုင္ေၾကာင္း ရဲမွဴးၾကီးက ဆိုသည္။

ရန္ကုန္တိုင္းေဒသၾကီးအတြင္း မဲရံုေပါင္း ၅၄၉၅ ရံုရိွျပီး ေရြးေကာက္ပဲြအား ႏို၀င္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ရာ အဆိုပါ ေရြးေကာက္ပဲြတြင္ အစိုးရ၀န္ထမ္းမ်ားအေနျဖင့္ လြတ္လပ္စြာ မဲေပးခြင့္ရိွ ေၾကာင္း သိရသည္။

လင္းလင္းေအာင္၊ ေနမင္းခ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
..............................
ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ မိမိတို့ကြိုက်နှစ်သက်သည့်ပါတီကို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိဟုဆို

ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ကြိုက် နှစ်သက်သည့် မည်သည့်ပါတီမဆို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ပေးထားကြောင်းနှင့် မဲပေးပိုင်ခွင့်နှင့်ပတ် သက်၍ တစုံတရာချုပ်ကိုင်ထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်က News Watch ဂျာနယ်သို့ ပြောသည်။

''ရဲဝန်ထမ်းတွေနဲ့ သူ့ရဲ့မိသားစု တွေအနေနဲ့လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတာပေါ့။ ဘယ်ပါတီကိုပေးပါ။ ဘယ်ပါတီကိုမပေးပါနဲ့ ဘာမှမပြောဘူး။ အဓိက,က ကျွန်တော်တို့က ဘာစီစဉ်ပေးရမလဲဆိုတော့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် ကျွန်တော်တို့ပဲ စိစစ်ပေးရတာ။ လုံးဝကျန်လို့မရဘူး။ အကုန် ပေး။ ဘယ်သူ့ကိုပေးပါ မပြောဘူး။ မဲပေးရဖို့ပဲလိုတယ်။ ရွေးကောက်ပွဲလုပ်တဲ့နေ့မှာ တာဝန်ကျလို့ လုံးဝမအားတဲ့ ရဲဝန်ထမ်းတွေဆိုရင်ကြိုတင်မဲပေး။ အဲဒီအတွက်လည်း ကျွန်တော်တို့ ကြိုတင်လျှောက် ထားမယ်။ သူ့လုပ်ထုံးလုပ်နည်းအတိုင်းပဲလုပ်မယ်။ တာဝန်ကျလို့ မပေးလိုက်တာမျိုးအဖြစ် မခံနိုင်ဘူး'' ဟု ရဲမှူးကြီးဝင်းဗိုလ်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၁၃ ဦးရှိပြီး တမြို့နယ်လျှင် ရဲတပ်ဖွဲ့အင်အား အရာရှိ ၁၅ ဦးနှင့် အခြားအဆင့် ၈၁ ဦး စုစုပေါင်း မြို့နယ် ရဲစခန်းတခုတွင် ရဲတပ်ဖွဲ့ ၉၆ ဦးရှိကြောင်း သိရပြီး ၎င်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ ကြိုက်နှစ်သက်သည့်ပါတီအား လွတ် လပ်စွာ မဲပေးခွင့်ရှိကြောင်း သိရသည်။

''မဲပေးတဲ့နေရာမှာ အခုခန့်ထားတဲ့ အထူးရဲတွေရော၊ ရဲတပ်ဖွဲ့တွေရော ဘာမှ မကန့်ကွက်ဘူး။ ကျွန် တော်တို့က ဘယ်ပါတီနိုင်၏၊ ဘယ်သူရှုံး၏ စိတ်မဝင်စားဘူး။ ကျွန်တော်တို့အနေနဲ့က ရွေးကောက်ပွဲ လွတ်လပ်မယ်။ တရားမျှတမယ်။ အေးအေးချမ်းချမ်းနဲ့ ပြီးမြောက်မယ်။ အဓိက,က ဒါပဲ။ နိုင်တာ၊ ရှုံးတာသည် ပြည်သူတွေက မဲနဲ့ ဆုံးဖြတ်သွားလိမ့်မယ်။ ဒီပေါ်မှာ ဘာမှကန့်ကွက်မှုမရှိဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မဲစာရင်းမှာ နာမည်ပါ,ပါတယ်''ဟု ရဲမှူးကြီးဝင်းဗိုလ်က ဆက်လက်ပြောသည်။

ရွေးကောက်ပွဲ လုံခြုံရေးအဖြစ် လက်ရှိခန့်ထားသည့် အထူးရဲများအနေဖြင့် မိမိတို့ မြို့နယ်အတွင်း၌ တာဝန်ကျသည့်အတွက် မိမိမြို့နယ်တွင် လွတ်လပ်စွာ မဲပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့အား မဲပေးပိုင်ခွင့် နှင့်ပတ်သက်၍ တစုံတရာချုပ်ကိုင်ထားမှုမရှိကြောင်းနှင့် လွတ်လပ်စွာ မဲပေးနိုင်ကြောင်း ရဲမှူးကြီးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံပေါင်း ၅၄၉၅ ရုံရှိပြီး ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲတွင် အစိုးရဝန်ထမ်းများအနေဖြင့် လွတ်လပ်စွာ မဲပေးခွင့်ရှိ ကြောင်း သိရသည်။

လင်းလင်းအောင်၊ နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment