Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 24, 2015

ေက်ာက္စိမ္းလုပ္ငန္းကို ထိန္းခ်ဳပ္ကာ ႀကီးပြားေနသူမ်ား Global Witness ထုတ္ေဖာ္

ဓာတ္ပုံ− ေအအက္ဖ္ပီ
ေရြးေကာက္ပြဲ က်င္းပရန္ ႏွစ္ပတ္သာ လုိေတာ့ခ်ိန္တြင္ Glo-bal Witness အဖြဲ႕က အေမရိကန္ေဒၚလာ ဘီလီယံဆယ္ခ်ီ၍ရေသာ ျမန္မာ့ေက်ာက္စိမ္းထုတ္လုပ္မႈလုပ္ငန္းမ်ားကို စစ္ဗိုလ္ခ်ဳပ္ေဟာင္းႀကီးမ်ား၊ မူးယစ္ရာဇာမ်ားႏွင့္ ခ႐ိုနီကုမၸဏီမ်ား၊လက္နက္ကိုင္မ်ားက ထိန္းခ်ဳပ္လုပ္ကိုင္လ်က္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္သည္။
‘ေက်ာက္စိမ္း-ျမန္မာႏိုင္ငံ ၏ ႀကီးမားသည့္ ႏိုင္ငံေတာ္လွ်ိဳ႕ ၀ွက္ခ်က္’ အမည္ရွိ Global Witness ၏ တစ္ႏွစ္ၾကာ စံုစမ္း ေဖာ္ထုတ္ထားေသာ အစီရင္ခံစာ တြင္ ျမန္မာႏိုင္ငံ၏ ေက်ာက္စိမ္း ထုတ္လုပ္မႈသည္ ၂၀၁၄ တစ္ႏွစ္ တည္းမွာပင္ အေမရိကန္ေဒၚလာ ၃၁ ဘီလီယံထိရွိေၾကာင္း ဆိုသည္။ ယင္းကိန္းဂဏန္းသည္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းအသားတင္ကုန္ထုတ္လုပ္မႈတန္ဖိုး(GDP) ၏ ထက္၀က္ခန္႔ရွိၿပီး က်န္းမာေရးအသံုးစရိတ္၏ ၄၆ ဆရွိပါသည္။ သို႔ေသာ္ ေဒသခံ ျပည္သူမ်ား အက်ိဳးေက်းဇူးမ်ားစြာ ခံစားရေပ။
ဓာတ္ပုံ− ေအအက္ဖ္ပီ
အဂၤလန္ႏိုင္ငံ အေျခစိုက္ Global Witness သည္ ပဋိပကၡ မ်ား၊ ျခစားမႈမ်ားႏွင့္ သဘာ၀ပတ္၀န္းက်င္ထိခိုက္မႈမ်ား စုံစမ္းေဖာ္ထုတ္ေနေသာ အဖြဲ႕အစည္းျဖစ္သည္။
        အစီရင္ခံစာတြင္ ေဖာ္ျပသည္မွာ အာဏာရွင္ေဟာင္း ဦးသန္းေရႊ၊ အာဏာရပါတီမွ ထိပ္ပိုင္းေခါင္းေဆာင္မ်ားျဖစ္သည့္ ၀န္ႀကီးဦး အုန္းျမင့္ႏွင့္ ဦးေမာင္ေမာင္သိမ္းတို႔ အပါအ၀င္ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသည့္ ပုဂၢိဳလ္မ်ား၏ မိသားစုမ်ားသည္ ေက်ာက္စိမ္း လုပ္ငန္းတြင္ အဓိကလုပ္ကိုင္ေန သူမ်ားဟု ေဖာ္ျပထားသည္။ ထို႔အျပင္ အေမရိကန္ႏိုင္ငံက ပိတ္ဆို႔ အေရးယူထားသည့္ မူးယစ္ရာဇာ ေ၀ေရွာက္ခန္သည္ နာမည္ခံကုမၸဏီအမ်ားအျပားမွတစ္ဆင့္ ဤလုပ္ငန္းတြင္လႊမ္းမုိးထားႏိိုင္သည့္ အခန္းက႑ကို ယူထားသည္။ တစ္ခ်ိန္တည္းမွာပင္ ျမန္မာ စစ္တပ္ကလည္း ကိုယ္ပိုင္လုပ္ငန္းစုႀကီးမ်ားမွ အျမတ္ေ၀စုႀကီးႀကီးကို ရယူထားသည့္အျပင္ ကခ်င္ျပည္နယ္အတြင္း အရာရွိမ်ားကလည္း ၿခိမ္းေျခာက္ေငြညႇစ္ေတာင္းဆိုမႈမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္ေနသည္ဟုဆုိသည္။
‘‘ျမန္မာျပည္က ေက်ာက္ စိမ္းလုပ္ငန္းဟာ ေခတ္သစ္သမိုင္း မွာသဘာ၀သယံဇာတေတြကို အ ႀကီးမားဆံုး ခိုးယူလုယက္မႈႀကီးလို႔ ဆိုေကာင္းဆိုႏိုင္ပါတယ္။ ၂၀၁၁ ကစလို႔ တံဆိပ္ေျပာင္းတပ္ထား တဲ့ အစိုးရက သူတို႔ဟာ အတိတ္ က ရက္စက္တဲ့ စစ္အုပ္ခ်ဳပ္ေရး စနစ္၊ ခ႐ိုနီစနစ္နဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ စာမ်က္ႏွာကို လွန္ လိုက္ေတာ့မယ္လို႔ ကမၻာကိုေၾက ညာခဲ့တယ္။ ဒါေပမဲ့ တိုင္းျပည္ရဲ႕ အဖိုးတန္ဆံုးသဘာ၀အရင္းအျမစ္ျဖစ္ၿပီး စြဲမက္စရာ အရည္အေသြးနဲ႔ ေတာက္ပတဲ့ေက်ာက္မ်က္ရတနာျဖစ္တဲ့ ေက်ာက္စိမ္းက႑မွာေတာ့ လက္ေတြ႕အေျခအေနက တစ္မ်ိဳးတစ္ဖံုျဖစ္ေနပါတယ္’’ဟုု Global Witness မွ ေလ့လာသံုးသပ္သူ ဂ်ဴမန္ခတ္ဘာက ေျပာၾကားသည္။
အစီရင္ခံစာကို ဖတ္ၾကားေနသူတစ္ဦး  ဓာတ္ပံု − ေဂ်ေမာင္ေမာင္(အမရပူရ)
‘‘ဒီလိုအလြန္ႀကီးမားၿပီး ညစ္ ပတ္ထားတဲ့ လုပ္ငန္းကို စစ္ဗိုလ္ ခ်ဳပ္ေဟာင္းေတြ၊ အေမရိကန္က ပိတ္ဆို႔အေရးယူထားတဲ့ ဘိန္းရာ ဇာေတြနဲ႔ ေသနတ္ကိုင္ထားတဲ့သူ ေတြက ဆက္ၿပီးထိန္းခ်ဳပ္ထားၾက ပါတယ္။ နာမည္ခံကုမၸဏီနဲ႔ နာ မည္ခံပိုင္ရွင္ေတြရဲ႕ ေနာက္ကြယ္ ကေန ဒီေရေပၚဆီေတြက ႀကီးမား တဲ့ အျမတ္ေတြကို ထုတ္ယူေနၾက တယ္။ ဒါေပမဲ့ ေဒသခံေတြက ေတာ့ အခြင့္အေရးခ်ိဳးေဖာက္ခံေန ရၿပီး သူတို႔ရဲ႕ သဘာ၀အရင္းအ ျမစ္အေမြအႏွစ္ေတြဟာသူတို႔ေျခ ေထာက္ေအာက္ကေန လုယက္ ခံေနရတာကို ဒီအတိုင္းၾကည့္ေန ရတယ္’’
ေက်ာက္စိမ္းလုပ္ငန္းတြင္ အမ်ားဆံုးရင္းႏွီးလုပ္ကိုင္သည့္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ားသည္၎ တို႔၏ လုပ္ငန္းမ်ားကို တရား၀င္ ထုတ္ေဖာ္ ေျပာၾကားထားျခင္း၊ သတင္းအခ်က္အလက္မ်ားကို ပြင့္လင္းျမင္သာစြာ ခ်ျပျခင္းမရွိ ဟု GW က ဆိုသည္။
သို႔ေသာ္ သမၼတ႐ံုး ၫႊန္ ၾကားေရးမွဴး ဦးေဇာ္ေဌးကမူ ယခု အစိုးရသည္ EITI ကို အေကာင္ အထည္ေဖာ္ေနေသာ အစိုးရအျဖစ္ ပြင့္လင္းျမင္သာမႈကို ျပန္ လည္ထိန္းေက်ာင္းလုပ္ကိုင္ေန ေၾကာင္း၊ ယေန႔ေခတ္တြင္ ခ႐ိုနီ၊ ဦးပိုင္အပါအ၀င္မည္သည့္ကုမၸ ဏီကိုမွ် သီးျခားအခြင့္အေရး မ ေပးထားေၾကာင္း တုံ႔ျပန္ေျဖၾကား ခဲ့သည္။
‘‘အရင္တုန္းက ပါမစ္တစ္ ေစာင္ ေတာလံုးေျပာင္ဆိုတာမ်ိဳး ေတြ မရွိခဲ့ဘူးလားေမးရင္ ရွိခဲ့မွာ ပါပဲ။ ဒါေပမဲ့ ဒီေန႔ေခတ္မွာေတာ့ မရေတာ့ပါဘူး။ ဦးပိုင္ဆိုရင္ လည္း အခုဆိုရင္ သီးျခားအခြင့္ အေရးမရေတာ့ပါဘူး။ ခ႐ိုနီေတြ  လည္း အလားတူပါပဲ။ သတ္မွတ္ ထားတဲ့ ဥပေဒလုပ္ထံုးလုပ္နည္း ေတြနဲ႔အညီ လုပ္ေဆာင္ေနၾကပါ တယ္။ ဦးပိုင္က ရရွိတဲ့ အက်ိဳးအ ျမတ္ေတြကို စစ္သည္မိသားစုေတြ သက္သာ ေခ်ာင္ခ်ိေရးအတြက္ ေဆာင္ရြက္ေပးေနတယ္ဆိုတာ သိရပါတယ္။ အရင္တုန္းက စစ္ အုပ္ခ်ဳပ္ေရးမွာ အခြင့္ထူးခံခ႐ိုနီေတြ ႀကီးစိုးခဲ့ေပမယ့္ ဒီဘက္ ေခတ္မွာ ဥပေဒနဲ႔အညီ ပြင့္လင္း ျမင္သာမႈရွိရွိ လုပ္ေဆာင္ေနပါ ၿပီ။ ဦးပိုင္တို႔၊ MEC တို႔ဆိုရင္ အ ခြန္အမ်ားဆံုးေပးေဆာင္တဲ့ ထိပ္ ဆံုးလုပ္ငန္းေတြမွာ ပါ၀င္ေနတာ ေတြ႕ႏိုင္ပါတယ္။ ၿခံဳလိုက္ရင္ ဥပ ေဒနဲ႔အညီ ေဆာင္ရြက္ၾကရတဲ့ ေခတ္ေရာက္လာၿပီ၊ EITI အဖြဲ႕ ၀င္ျဖစ္လာၿပီ။ ဒါက အစိုးရဘက္  က ေဆာင္ရြက္ေနတာ။ ဆက္ လက္ၿပီးေတာ့ ေျပာရမယ္ဆိုရင္ ဒီနယ္ေျမေဒသ ၿငိမ္းခ်မ္းဖို႔၊ လက္ နက္ကိုင္ေတြ ထိိန္းခ်ဳပ္ထားရာက ေန ဥပေဒနဲ႔ထိန္းခ်ဳပ္ႏိုင္တဲ့အေျခ အေနေရာက္ဖို႔ အဓိကအခ်က္ျဖစ္ တယ္ဆိုတာ ေတြ႕ႏိုင္ပါတယ္။အ တိုခ်ဳပ္ျပန္ေျပာရရင္ ၿငိမ္းခ်မ္း ေရးအဓိကပါပဲ’’ ဟု သမၼတ႐ံုး ၫႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးက ေျပာသည္။
ေက်ာက္စိမ္းလုပ္ငန္းမွ ဘီ လီယံႏွင့္ခ်ီ၍ ဆံုး႐ံႈးမႈမ်ားရွိေန ျခင္းကို သံုးသပ္ေျဖၾကားရာတြင္ ပထ၀ီႏိုင္ငံေရးအရ တ႐ုတ္ႏိုင္ငံ ႏွင့္ဆက္စပ္ေနျခင္း၊ နယ္စပ္မ်ဥ္း တစ္ေလွ်ာက္ လက္နက္ကိုင္အဖြဲ႕ မ်ားရွိေနျခင္း၊ နယ္စပ္မွ ေက်ာက္ စိမ္း၊ သစ္၊ မူးယစ္ေဆး၀ါး အပါ အ၀င္ တရားမ၀င္ေမွာင္ခိုကုန္ကူး မႈ ႀကီးႀကီးမားမားရွိေနျခင္းတို႔ကို သိရွိထားသည္ဟု ဦးေဇာ္ေဌးကဆိုသည္။
လက္နက္ကိုင္တိုက္ပြဲမ်ား ေၾကာင့္ တရားဥပေဒမစိုးမိုးႏိုင္၊ နယ္စပ္မထိန္းခ်ဳပ္ႏိုင္သျဖင့္ တ ႐ုတ္ႏုိင္ငံယူနန္ျပည္နယ္ထဲတြင္ ေက်ာက္စိမ္းမ်ား ေအာက္ေစ်းျဖင့္အျမတ္ထုတ္ခံေနရျခင္းျဖစ္ေၾကာင္း၊ ယင္းကို ဘီလီယံေဒၚလာ ဘစ္ဇနက္ဟုေခၚေၾကာင္း၊ အေျခခံ အေၾကာင္းတရားမွာ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ရွိေနျခင္းေၾကာင့္ျဖစ္ေၾကာင္း ၎ကဆို သည္။
ဗုိလ္ခ်ဳပ္မွဴးႀကီး(ၿငိမ္း)သန္းေရႊ၊ ယခု ေမြးေရ၀န္ႀကီး ဦးအုန္းျမင့္၊ ျပည္ခိုင္ၿဖိဳး အတြင္းေရးမွဴးေဟာင္း ဦးေမာင္ေမာင္သိမ္း၊ လူကယ္ျပန္ ဒုတိယ၀န္ႀကီး ဦးဘုန္းေဆြ၊ဆက္ သြယ္ေရးႏွင့္ သတင္းအခ်က္အ လက္နည္းပညာ၀န္ႀကီးဌာန ဒုတိ ယ၀န္ႀကီး၊ ကာကြယ္ေရး၀န္ႀကီး ဌာန ၫႊန္ၾကားေရးမွဴးေဟာင္း ဦးသန္း၀င္းတို႔သည္ ေက်ာက္စိမ္းမွ ေငြအေျမာက္အျမားရေနေၾကာင္း GW ကဆိုသည္။
ႀကိဳင္အျပည္ျပည္ဆုိင္ရာ ကုမၸဏီ၏ လုပ္ကြက္ကို ၾကည့္႐ႈေနသူတစ္ဦး (ဓာတ္ပံု − မင္းေဇယ်)
ဦးသန္းေရႊ၊ ဦးေမာင္ေမာင္ သိမ္းႏွင့္ ဦးအုန္းျမင့္တို႔၏ မိသား စုမ်ားသည္ လုပ္ပိုင္ခြင့္မ်ားစြာကို ခ်ဳပ္ကိုင္ကာ ၎တို႔အားလံုးသည္ ၂၀၁၄ ေက်ာက္စိမ္းအေရာင္းျပပြဲ (အစိုးရတရား၀င္ေက်ာက္စိမ္းအ ေရာင္းျပပြဲ)တြင္ အခြန္မေဆာင္ မီ ေရာင္းခ်ေငြေဒၚလာသန္း ၂၂၀ ႏွင့္ ၂၀၁၃ အေရာင္းျပပြဲတြင္ကန္ ေဒၚလာ ၆၇ သန္းရရွိခဲ့ၾကသည္။ ဦးသန္းေရႊမိသားစုပါ၀င္ေနသည္ ဟု Global Witness က ယံုၾကည္ ထားသည့္ အျခားကုမၸဏီတစ္ခု သည္ ၂၀၁၃ ႏွင့္ ၂၀၁၄ အေရာင္း ျပပြဲႏွစ္ခုေပါင္းတြင္ ေဒၚလာသန္း  ၁၅၀ ဖိုး ထပ္မံေရာင္းခ်ႏိုင္ခဲ့သည္။
ထို႔အျပင္ မူးယစ္ရာဇာတစ္ ဦးမွာ အေမရိကန္အစိုးရက ေဒၚ လာ ႏွစ္သန္းဆုေၾကးေငြ ထုတ္ျခင္း ခံထားရသည့္ ‘၀’ ျပည္ ေသြးစည္းညီၫြတ္ေရးပါတီမွ ေ၀ ဆူးက်န္ျဖစ္သည္။ ခ႐ိုနီကုမၸဏီ မ်ားတြင္ ဦးအိုက္ေထြး၏ အဲဗား ၀မ္းနားကုမၸဏီ၊ KBZ ဂ႐ု(ပ္)၊ ေအးရွားေ၀ါလ္ႏွင့္ထူးဂ႐ု(ပ္) တို႔ ပါ၀င္သည္ဟုဆိုသည္။
ေက်ာက္စိမ္းလုပ္ငန္းတြင္ တပ္မေတာ္မွ တစ္ဦးခ်င္းစီပါ၀င္ သည့္အျပင္ စစ္တပ္ပိုင္ကုမၸဏီ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ လည္္းပါ၀င္သည္။
ေမြးေရ ၀န္ႀကီး ဦီးအုန္းျမင့္ မီဒီယာသို႔ ေပးထားသည့္လက္ကိုင္ဖုန္းသို႔ 7Day က ေခၚဆိုေသာ္လည္းဖုန္းလက္ခံေျဖၾကားျခင္းမရွိေပ။
ကုမၸဏီမ်ား၏ ႐ံုးဖုန္းနံပါတ္ မ်ားကို ဆက္သြယ္ေမးျမန္းရန္ ႀကိဳးစားခဲ့ေသာ္လည္း ကုမၸဏီသံုး ခုမွာ ဆက္သြယ္ခြင့္မရခဲ့ဘဲ KBZ ကုမၸဏီကိုသာ ဆက္သြယ္ေမး ျမန္းခြင့္ရခဲ့သည္။
‘‘လံုး၀ ထိန္းခ်ဳပ္ထားတာမရွိပါဘူး။ စလုပ္ခဲ့ကတည္းက ေက်ာက္စိမ္းလုပ္ငန္းကို တရား ၀င္ေရာင္းခ်လုပ္ကိုင္ခဲ့ပါတယ္။ အခြန္ေဆာင္ၿပီး ရလာတဲ့ ေငြနဲ႔ ဘဏ္လုပ္ငန္းေတြ လုပ္တာပါ။ ဘာမွ လွ်ိဳ႕၀ွက္ထားတာ မရွိပါ ဘူး။ ပြင့္္လင္းျမင္သာမႈကို အ သားေပးလုပ္ကိုင္ေနတဲ့အတြက္ GW ကိုလည္းကြၽန္ေတာ္တို႔ကိုယ္ တိုင္ အခ်က္အလက္ေတြ ရွင္းျပ ၿပီးေပးခဲ့တာပါ။ အမ်ားနည္းတူ ရင္းႏွီးျမႇဳပ္ႏွံၿပီး လုပ္ကိုင္ေနတဲ့ ကုမၸဏီတစ္ခုပါ’’ဟု KBZ  အႀကီး တန္းအုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာဦးညိဳ ျမင့္ကေျပာသည္။
‘‘ေက်ာက္စိမ္းက ရရွိတဲ့ ပိုက္ဆံေတြကေန ၁ ရာခိုင္ႏႈန္း ေလာက္ကိုပဲ ကခ်င္ျပည္နယ္အ တြက္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ပညာေရးနဲ႔ အေျခခံအေဆာက္အ အံုအတြက္အသံုးခ်မယ္ဆိုရင္ ေတာင္ ကခ်င္ျပည္နယ္ကို အခု လက္ရွိနဲ႔ လံုး၀မတူေအာင္ျပဳလုပ္ ႏိုင္ပါတယ္။ ဒါေပမဲ့ ဒီကထြက္တဲ့ အက်ိဳးအျမတ္ေတြ အားလံုးက လက္တစ္ဆုပ္စာေလာက္ပဲရွိတဲ့  လူနည္းစုဆီကိုပဲ ေရာက္ေနတယ္’’ ဟု ကခ်င္ျပည္နယ္မွ ေဒသခံတစ္ ဦးကေျပာသည္။
ေဒသခံမ်ား အက်ိဳးခံစား ခြင့္မရွိခဲ့ေသာ ေက်ာက္စိမ္းလုပ္ ငန္းမွ သဘာ၀ပတ္၀န္းက်င္ထိ ခိုက္မႈမ်ားႏွင့္သဘာ၀ေဘးအႏၲ ရာယ္ကပ္ဆိုးမ်ားကို ေဒသခံျပည္ သူမ်ား ယေန႔အခ်ိန္အထိ ခံစား ေနရဆဲျဖစ္သည္ဟု GW ဆန္းစစ္မႈက ေထာက္ျပထားသည္။ ေက်ာက္စိမ္းတူးေဖာ္သည့္ ပတ္ ၀န္းက်င္တြင္ လူေသဆံုးသည္အ ထိ အႏၲရာယ္မ်ားလည္းႀကံဳေတြ႕ ရသည္ဟု ဆိုသည္။
‘‘ဒီပိိုက္ဆံေတြဘယ္ေရာက္ သြားလဲဆုိတာ ျပည္သူေတြအေန နဲ႔ အစိုးရကို ေမးသင့္ပါတယ္။ ဘယ္ေနရာမွာ သံုးလိုက္တာလဲ ေမးၾကပါ’’ဟု GW  အေရွ႕ေတာင္ အာရွဒါ႐ိုက္တာ မစၥတာမုိက္ေဒး ဗစ္ကေျပာသည္။
တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕တြင္ KIO/KIA ပါ၀င္ ပတ္သက္မႈရွိေသာ္လည္း ၎တို႔႔ ၏ အခ်က္အလက္မ်ားရရွိျခင္းမရွိ ခဲ့ဟု GW ကဆိုသည္။ KIO/KIA ဘက္မွ ေက်ာက္စိမ္းမွ မည္မွ်ရရွိ သည္ဟု အတိအက်မသိရွိေသာ္ လည္း ၎တို႔ေဒသတြင္ လုပ္ကိုင္ ေနေသာ ကုမၸဏီမ်ားသည္ ထုတ္ လုပ္မႈ၏ ၁၀ ရာခိုင္ႏႈန္းခန္႔ကို KIO/KIA ဘက္သို႔ အခြန္ေပး ေဆာင္ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
အဆိုပါအခ်က္အလက္မ်ား ရရွိရန္ GW သည္ သုေတသန စံုစမ္းေလ့လာမႈကို တစ္ႏွစ္ၾကာျပဳလုပ္ခဲ့ၿပီး ေဒသခံမ်ား၊ ျမန္မာအစိုးရ၊ တ႐ုတ္အစိုးရ ထုတ္ ျပန္ခ်က္ အခ်က္အလက္မ်ား၊ ကုမၸဏီမ်ားကို ေတြ႕ဆံုေမးျမန္းမႈ မ်ားျပဳလုပ္ခဲ့သည္ဟုဆိုသည္။
‘‘ဒီအစီရင္ခံစာမွာ နာမည္ တပ္ေဖာ္ျပထားတဲ့ လူပုဂၢိဳလ္ေတြ အေပၚ အေမရိကန္က ပိတ္ဆို႔ ထားတာေတြ၊ သယံဇာတအရင္း အျမစ္ ထုတ္ယူမႈလုုပ္ငန္း ျပဳျပင္ ေျပာင္းလဲေရးေတြမွာ အေမရိ ကန္က ဦးေဆာင္ပါဝင္ေနတာ ေတြက ေက်ာက္စိမ္းလုပ္ငန္းက ေန စစ္တပ္၊ ခ႐ိုနီနဲ႔ မူးယစ္ရာဇာ ေတြကို ဆြဲထုတ္ဖုိ႔ အေမရိကန္ အတြက္ ထူးျခားတဲ့အေျခအေန တစ္ရပ္ ဖန္တီးေပးထားသလို ျဖစ္ပါတယ္။ ႏုိဝင္ဘာ ေရြး ေကာက္ပြဲကေန ထြက္လာမယ့္ အစုိးရသစ္နဲ႔ ပူးတြဲေဆာင္ရြက္တဲ့ အခါ ဒီအခ်က္ကို အေမရိကန္အ ေနနဲ႔ ဦးစားေပးေဆာင္ရြက္ရမွာ ျဖစ္ပါတယ္’’ဟု ဂ်ဴမန္ခတ္ဘာက ေျပာသည္။
.......................
ကျောက်စိမ်းလုပ်ငန်းကို ထိန်းချုပ်ကာ ကြီးပွားနေသူများ Global Witness ထုတ်ဖော်

Byအိဖြူမွန်On  Sat, 2015-10-24 09:53Issue No.No.896 Saturday, October 24, 2015

ဓာတ်ပုံ− အေအက်ဖ်ပီ
ရွေးကောက်ပွဲ ကျင်းပရန် နှစ်ပတ်သာ လိုတော့ချိန်တွင် Glo-bal Witness အဖွဲ့က အမေရိကန်ဒေါ်လာ ဘီလီယံဆယ်ချီ၍ရသော မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှုလုပ်ငန်းများကို စစ်ဗိုလ်ချုပ်ဟောင်းကြီးများ၊ မူးယစ်ရာဇာများနှင့် ခရိုနီကုမ္ပဏီများ၊လက်နက်ကိုင်များက ထိန်းချုပ်လုပ်ကိုင်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

‘ကျောက်စိမ်း-မြန်မာနိုင်ငံ ၏ ကြီးမားသည့် နိုင်ငံတော်လျှို့ ၀ှက်ချက်’ အမည်ရှိ Global Witness ၏ တစ်နှစ်ကြာ စုံစမ်း ဖော်ထုတ်ထားသော အစီရင်ခံစာ တွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း ထုတ်လုပ်မှုသည် ၂၀၁၄ တစ်နှစ် တည်းမှာပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံထိရှိကြောင်း ဆိုသည်။ ယင်းကိန်းဂဏန်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(GDP) ၏ ထက်ဝက်ခန့်ရှိပြီး ကျန်းမာရေးအသုံးစရိတ်၏ ၄၆ ဆရှိပါသည်။ သို့သော် ဒေသခံ ပြည်သူများ အကျိုးကျေးဇူးများစွာ ခံစားရပေ။



ဓာတ်ပုံ− အေအက်ဖ်ပီ

အင်္ဂလန်နိုင်ငံ အခြေစိုက် Global Witness သည် ပဋိပက္ခ များ၊ ခြစားမှုများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ စုံစမ်းဖော်ထုတ်နေသော အဖွဲ့အစည်းဖြစ်သည်။

        အစီရင်ခံစာတွင် ဖော်ပြသည်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ အာဏာရပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ၀န်ကြီးဦး အုန်းမြင့်နှင့် ဦးမောင်မောင်သိမ်းတို့ အပါအဝင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပုဂ္ဂိုလ်များ၏ မိသားစုများသည် ကျောက်စိမ်း လုပ်ငန်းတွင် အဓိကလုပ်ကိုင်နေ သူများဟု ဖော်ပြထားသည်။ ထို့အပြင် အမေရိကန်နိုင်ငံက ပိတ်ဆို့ အရေးယူထားသည့် မူးယစ်ရာဇာ ဝေရှောက်ခန်သည် နာမည်ခံကုမ္ပဏီအများအပြားမှတစ်ဆင့် ဤလုပ်ငန်းတွင်လွှမ်းမိုးထားနိိုင်သည့် အခန်းကဏ္ဍကို ယူထားသည်။ တစ်ချိန်တည်းမှာပင် မြန်မာ စစ်တပ်ကလည်း ကိုယ်ပိုင်လုပ်ငန်းစုကြီးများမှ အမြတ်ဝေစုကြီးကြီးကို ရယူထားသည့်အပြင် ကချင်ပြည်နယ်အတွင်း အရာရှိများကလည်း ခြိမ်းခြောက်ငွေညှစ်တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ဟုဆိုသည်။

‘‘မြန်မာပြည်က ကျောက် စိမ်းလုပ်ငန်းဟာ ခေတ်သစ်သမိုင်း မှာသဘာဝသယံဇာတတွေကို အ ကြီးမားဆုံး ခိုးယူလုယက်မှုကြီးလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ၂၀၁၁ ကစလို့ တံဆိပ်ပြောင်းတပ်ထား တဲ့ အစိုးရက သူတို့ဟာ အတိတ် က ရက်စက်တဲ့ စစ်အုပ်ချုပ်ရေး စနစ်၊ ခရိုနီစနစ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စာမျက်နှာကို လှန် လိုက်တော့မယ်လို့ ကမ္ဘာကိုကြေ ညာခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အဖိုးတန်ဆုံးသဘာဝအရင်းအမြစ်ဖြစ်ပြီး စွဲမက်စရာ အရည်အသွေးနဲ့ တောက်ပတဲ့ကျောက်မျက်ရတနာဖြစ်တဲ့ ကျောက်စိမ်းကဏ္ဍမှာတော့ လက်တွေ့အခြေအနေက တစ်မျိုးတစ်ဖုံဖြစ်နေပါတယ်’’ဟုု Global Witness မှ လေ့လာသုံးသပ်သူ ဂျူမန်ခတ်ဘာက ပြောကြားသည်။



အစီရင်ခံစာကို ဖတ်ကြားနေသူတစ်ဦး  ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

‘‘ဒီလိုအလွန်ကြီးမားပြီး ညစ် ပတ်ထားတဲ့ လုပ်ငန်းကို စစ်ဗိုလ် ချုပ်ဟောင်းတွေ၊ အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့ ဘိန်းရာ ဇာတွေနဲ့ သေနတ်ကိုင်ထားတဲ့သူ တွေက ဆက်ပြီးထိန်းချုပ်ထားကြ ပါတယ်။ နာမည်ခံကုမ္ပဏီနဲ့ နာ မည်ခံပိုင်ရှင်တွေရဲ့ နောက်ကွယ် ကနေ ဒီရေပေါ်ဆီတွေက ကြီးမား တဲ့ အမြတ်တွေကို ထုတ်ယူနေကြ တယ်။ ဒါပေမဲ့ ဒေသခံတွေက တော့ အခွင့်အရေးချိုးဖောက်ခံနေ ရပြီး သူတို့ရဲ့ သဘာဝအရင်းအ မြစ်အမွေအနှစ်တွေဟာသူတို့ခြေ ထောက်အောက်ကနေ လုယက် ခံနေရတာကို ဒီအတိုင်းကြည့်နေ ရတယ်’’

ကျောက်စိမ်းလုပ်ငန်းတွင် အများဆုံးရင်းနှီးလုပ်ကိုင်သည့် စစ်ဗိုလ်ချုပ်ဟောင်းများသည်၎င်း တို့၏ လုပ်ငန်းများကို တရားဝင် ထုတ်ဖော် ပြောကြားထားခြင်း၊ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိ ဟု GW က ဆိုသည်။

သို့သော် သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကမူ ယခု အစိုးရသည် EITI ကို အကောင် အထည်ဖော်နေသော အစိုးရအဖြစ် ပွင့်လင်းမြင်သာမှုကို ပြန် လည်ထိန်းကျောင်းလုပ်ကိုင်နေ ကြောင်း၊ ယနေ့ခေတ်တွင် ခရိုနီ၊ ဦးပိုင်အပါအဝင်မည်သည့်ကုမ္ပ ဏီကိုမျှ သီးခြားအခွင့်အရေး မ ပေးထားကြောင်း တုံ့ပြန်ဖြေကြား ခဲ့သည်။

‘‘အရင်တုန်းက ပါမစ်တစ် စောင် တောလုံးပြောင်ဆိုတာမျိုး တွေ မရှိခဲ့ဘူးလားမေးရင် ရှိခဲ့မှာ ပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ မရတော့ပါဘူး။ ဦးပိုင်ဆိုရင် လည်း အခုဆိုရင် သီးခြားအခွင့် အရေးမရတော့ပါဘူး။ ခရိုနီတွေ  လည်း အလားတူပါပဲ။ သတ်မှတ် ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်း တွေနဲ့အညီ လုပ်ဆောင်နေကြပါ တယ်။ ဦးပိုင်က ရရှိတဲ့ အကျိုးအ မြတ်တွေကို စစ်သည်မိသားစုတွေ သက်သာ ချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတာ သိရပါတယ်။ အရင်တုန်းက စစ် အုပ်ချုပ်ရေးမှာ အခွင့်ထူးခံခရိုနီတွေ ကြီးစိုးခဲ့ပေမယ့် ဒီဘက် ခေတ်မှာ ဥပဒေနဲ့အညီ ပွင့်လင်း မြင်သာမှုရှိရှိ လုပ်ဆောင်နေပါ ပြီ။ ဦးပိုင်တို့၊ MEC တို့ဆိုရင် အ ခွန်အများဆုံးပေးဆောင်တဲ့ ထိပ် ဆုံးလုပ်ငန်းတွေမှာ ပါ၀င်နေတာ တွေ့နိုင်ပါတယ်။ ခြုံလိုက်ရင် ဥပ ဒေနဲ့အညီ ဆောင်ရွက်ကြရတဲ့ ခေတ်ရောက်လာပြီ၊ EITI အဖွဲ့ ၀င်ဖြစ်လာပြီ။ ဒါက အစိုးရဘက်  က ဆောင်ရွက်နေတာ။ ဆက် လက်ပြီးတော့ ပြောရမယ်ဆိုရင် ဒီနယ်မြေဒေသ ငြိမ်းချမ်းဖို့၊ လက် နက်ကိုင်တွေ ထိိန်းချုပ်ထားရာက နေ ဥပဒေနဲ့ထိန်းချုပ်နိုင်တဲ့အခြေ အနေရောက်ဖို့ အဓိကအချက်ဖြစ် တယ်ဆိုတာ တွေ့နိုင်ပါတယ်။အ တိုချုပ်ပြန်ပြောရရင် ငြိမ်းချမ်း ရေးအဓိကပါပဲ’’ ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

ကျောက်စိမ်းလုပ်ငန်းမှ ဘီ လီယံနှင့်ချီ၍ ဆုံးရှုံးမှုများရှိနေ ခြင်းကို သုံးသပ်ဖြေကြားရာတွင် ပထဝီနိုင်ငံရေးအရ တရုတ်နိုင်ငံ နှင့်ဆက်စပ်နေခြင်း၊ နယ်စပ်မျဉ်း တစ်လျှောက် လက်နက်ကိုင်အဖွဲ့ များရှိနေခြင်း၊ နယ်စပ်မှ ကျောက် စိမ်း၊ သစ်၊ မူးယစ်ဆေးဝါး အပါ အဝင် တရားမဝင်မှောင်ခိုကုန်ကူး မှု ကြီးကြီးမားမားရှိနေခြင်းတို့ကို သိရှိထားသည်ဟု ဦးဇော်ဌေးကဆိုသည်။

လက်နက်ကိုင်တိုက်ပွဲများ ကြောင့် တရားဥပဒေမစိုးမိုးနိုင်၊ နယ်စပ်မထိန်းချုပ်နိုင်သဖြင့် တ ရုတ်နိုင်ငံယူနန်ပြည်နယ်ထဲတွင် ကျောက်စိမ်းများ အောက်စျေးဖြင့်အမြတ်ထုတ်ခံနေရခြင်းဖြစ်ကြောင်း၊ ယင်းကို ဘီလီယံဒေါ်လာ ဘစ်ဇနက်ဟုခေါ်ကြောင်း၊ အခြေခံ အကြောင်းတရားမှာ လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကဆို သည်။

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ၊ ယခု မွေးရေဝန်ကြီး ဦးအုန်းမြင့်၊ ပြည်ခိုင်ဖြိုး အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်း၊ လူကယ်ပြန် ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန ဒုတိ ယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးဟောင်း ဦးသန်းဝင်းတို့သည် ကျောက်စိမ်းမှ ငွေအမြောက်အမြားရနေကြောင်း GW ကဆိုသည်။



ကြိုင်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ၏ လုပ်ကွက်ကို ကြည့်ရှုနေသူတစ်ဦး (ဓာတ်ပုံ − မင်းဇေယျ)

ဦးသန်းရွှေ၊ ဦးမောင်မောင် သိမ်းနှင့် ဦးအုန်းမြင့်တို့၏ မိသား စုများသည် လုပ်ပိုင်ခွင့်များစွာကို ချုပ်ကိုင်ကာ ၎င်းတို့အားလုံးသည် ၂၀၁၄ ကျောက်စိမ်းအရောင်းပြပွဲ (အစိုးရတရားဝင်ကျောက်စိမ်းအ ရောင်းပြပွဲ)တွင် အခွန်မဆောင် မီ ရောင်းချငွေဒေါ်လာသန်း ၂၂၀ နှင့် ၂၀၁၃ အရောင်းပြပွဲတွင်ကန် ဒေါ်လာ ၆၇ သန်းရရှိခဲ့ကြသည်။ ဦးသန်းရွှေမိသားစုပါ၀င်နေသည် ဟု Global Witness က ယုံကြည် ထားသည့် အခြားကုမ္ပဏီတစ်ခု သည် ၂၀၁၃ နှင့် ၂၀၁၄ အရောင်း ပြပွဲနှစ်ခုပေါင်းတွင် ဒေါ်လာသန်း  ၁၅၀ ဖိုး ထပ်မံရောင်းချနိုင်ခဲ့သည်။

ထို့အပြင် မူးယစ်ရာဇာတစ် ဦးမှာ အမေရိကန်အစိုးရက ဒေါ် လာ နှစ်သန်းဆုကြေးငွေ ထုတ်ခြင်း ခံထားရသည့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီမှ ဝေ ဆူးကျန်ဖြစ်သည်။ ခရိုနီကုမ္ပဏီ များတွင် ဦးအိုက်ထွေး၏ အဲဗား ၀မ်းနားကုမ္ပဏီ၊ KBZ ဂရု(ပ်)၊ အေးရှားဝေါလ်နှင့်ထူးဂရု(ပ်) တို့ ပါ၀င်သည်ဟုဆိုသည်။

ကျောက်စိမ်းလုပ်ငန်းတွင် တပ်မတော်မှ တစ်ဦးချင်းစီပါ၀င် သည့်အပြင် စစ်တပ်ပိုင်ကုမ္ပဏီ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် လည််းပါ၀င်သည်။

မွေးရေ ၀န်ကြီး ဦီးအုန်းမြင့် မီဒီယာသို့ ပေးထားသည့်လက်ကိုင်ဖုန်းသို့ 7Day က ခေါ်ဆိုသော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ကုမ္ပဏီများ၏ ရုံးဖုန်းနံပါတ် များကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ကုမ္ပဏီသုံး ခုမှာ ဆက်သွယ်ခွင့်မရခဲ့ဘဲ KBZ ကုမ္ပဏီကိုသာ ဆက်သွယ်မေး မြန်းခွင့်ရခဲ့သည်။

‘‘လုံးဝ ထိန်းချုပ်ထားတာမရှိပါဘူး။ စလုပ်ခဲ့ကတည်းက ကျောက်စိမ်းလုပ်ငန်းကို တရား ၀င်ရောင်းချလုပ်ကိုင်ခဲ့ပါတယ်။ အခွန်ဆောင်ပြီး ရလာတဲ့ ငွေနဲ့ ဘဏ်လုပ်ငန်းတွေ လုပ်တာပါ။ ဘာမှ လျှို့ဝှက်ထားတာ မရှိပါ ဘူး။ ပွင့််လင်းမြင်သာမှုကို အ သားပေးလုပ်ကိုင်နေတဲ့အတွက် GW ကိုလည်းကျွန်တော်တို့ကိုယ် တိုင် အချက်အလက်တွေ ရှင်းပြ ပြီးပေးခဲ့တာပါ။ အများနည်းတူ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုပါ’’ဟု KBZ  အကြီး တန်းအုပ်ချုပ်မှု ဒါရိုက်တာဦးညို မြင့်ကပြောသည်။

‘‘ကျောက်စိမ်းက ရရှိတဲ့ ပိုက်ဆံတွေကနေ ၁ ရာခိုင်နှုန်း လောက်ကိုပဲ ကချင်ပြည်နယ်အ တွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံအဆောက်အ အုံအတွက်အသုံးချမယ်ဆိုရင် တောင် ကချင်ပြည်နယ်ကို အခု လက်ရှိနဲ့ လုံးဝမတူအောင်ပြုလုပ် နိုင်ပါတယ်။ ဒါပေမဲ့ ဒီကထွက်တဲ့ အကျိုးအမြတ်တွေ အားလုံးက လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့  လူနည်းစုဆီကိုပဲ ရောက်နေတယ်’’ ဟု ကချင်ပြည်နယ်မှ ဒေသခံတစ် ဦးကပြောသည်။

ဒေသခံများ အကျိုးခံစား ခွင့်မရှိခဲ့သော ကျောက်စိမ်းလုပ် ငန်းမှ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုများနှင့်သဘာဝဘေးအန္တ ရာယ်ကပ်ဆိုးများကို ဒေသခံပြည် သူများ ယနေ့အချိန်အထိ ခံစား နေရဆဲဖြစ်သည်ဟု GW ဆန်းစစ်မှုက ထောက်ပြထားသည်။ ကျောက်စိမ်းတူးဖော်သည့် ပတ် ၀န်းကျင်တွင် လူသေဆုံးသည်အ ထိ အန္တရာယ်များလည်းကြံုတွေ့ ရသည်ဟု ဆိုသည်။

‘‘ဒီပိိုက်ဆံတွေဘယ်ရောက် သွားလဲဆိုတာ ပြည်သူတွေအနေ နဲ့ အစိုးရကို မေးသင့်ပါတယ်။ ဘယ်နေရာမှာ သုံးလိုက်တာလဲ မေးကြပါ’’ဟု GW  အရှေ့တောင် အာရှဒါရိုက်တာ မစ္စတာမိုက်ဒေး ဗစ်ကပြောသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွင် KIO/KIA ပါ၀င် ပတ်သက်မှုရှိသော်လည်း ၎င်းတို့့ ၏ အချက်အလက်များရရှိခြင်းမရှိ ခဲ့ဟု GW ကဆိုသည်။ KIO/KIA ဘက်မှ ကျောက်စိမ်းမှ မည်မျှရရှိ သည်ဟု အတိအကျမသိရှိသော် လည်း ၎င်းတို့ဒေသတွင် လုပ်ကိုင် နေသော ကုမ္ပဏီများသည် ထုတ် လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်ကို KIO/KIA ဘက်သို့ အခွန်ပေး ဆောင်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါအချက်အလက်များ ရရှိရန် GW သည် သုတေသန စုံစမ်းလေ့လာမှုကို တစ်နှစ်ကြာပြုလုပ်ခဲ့ပြီး ဒေသခံများ၊ မြန်မာအစိုးရ၊ တရုတ်အစိုးရ ထုတ် ပြန်ချက် အချက်အလက်များ၊ ကုမ္ပဏီများကို တွေ့ဆုံမေးမြန်းမှု များပြုလုပ်ခဲ့သည်ဟုဆိုသည်။

‘‘ဒီအစီရင်ခံစာမှာ နာမည် တပ်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တွေ အပေါ် အမေရိကန်က ပိတ်ဆို့ ထားတာတွေ၊ သယံဇာတအရင်း အမြစ် ထုတ်ယူမှုလုုပ်ငန်း ပြုပြင် ပြောင်းလဲရေးတွေမှာ အမေရိ ကန်က ဦးဆောင်ပါဝင်နေတာ တွေက ကျောက်စိမ်းလုပ်ငန်းက နေ စစ်တပ်၊ ခရိုနီနဲ့ မူးယစ်ရာဇာ တွေကို ဆွဲထုတ်ဖို့ အမေရိကန် အတွက် ထူးခြားတဲ့အခြေအနေ တစ်ရပ် ဖန်တီးပေးထားသလို ဖြစ်ပါတယ်။ နိုဝင်ဘာ ရွေး ကောက်ပွဲကနေ ထွက်လာမယ့် အစိုးရသစ်နဲ့ ပူးတွဲဆောင်ရွက်တဲ့ အခါ ဒီအချက်ကို အမေရိကန်အ နေနဲ့ ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ဂျူမန်ခတ်ဘာက ပြောသည်။

No comments:

Post a Comment