Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 24, 2015

ၿဂိဳလ္စီးၿဂိဳလ္နင္း မေကာင္းေသာ ေရြးေကာက္ပြဲေန႔ႏွင့္ ဆင္ျခင္စရာမ်ား

တစ္ကမၻာလုံး တစ္ႏိုင္ငံလုံး စိတ္၀င္စားေနခဲ့ၾကေသာ ႏိုင္ငံေတာ္ ေရြးေကာက္ပဲြ ေန႔ကေတာ့ ႏို၀င္ဘာလ (၈)ရက္ တနဂၤေႏြေန႔မွာ က်င္းပၾကေတာ့မည္ ျဖစ္သလို ျပည္သူေတြနဲ႔ ကမၻာ႔မီဒီယာ ေလာကႀကီး တစ္ခုလုံးက ေရြးေကာက္ပြဲႀကီးက မွ်မွ်တတ ရွိပါ့မလားဆိုတဲ့ သံသယစိတ္မ်ား ရွိေနၾကပါတယ္။ ၂၀၁၂ခုႏွစ္ ၾကားျဖတ္ ေရြးေကာက္ပြဲမွာ လစ္လပ္ေနတဲ့ အမတ္ေနရာ အမ်ားဆုံး ရရွိခဲ့တာမို႔ ၂၀၁၂မွာလည္း မွ်တတဲ့ ၾကားျဖတ္ ေရြးေကာက္ပြဲလို႔ပဲ မွတ္ခ်က္ေပးမယ္ဆိုလည္း မွားစရာ မရွိႏိုင္ေပ။ သို႔ျဖစ္၍ ဒီမိုကေရစီေဟ့လို႔ ဆိုၿပီး ေရြးေကာက္ပြဲ စတင္က်င္းပကတည္းက မွ်မွ်တတ ရွိခဲ့တာမို႔ ေရြးေကာက္ပြဲ အစဥ္အလာ ေကာင္းခဲ့တယ္လို႔ ဆိုရမွာျဖစ္သလို လာမည့္ ႏို၀င္ဘာ ေရြးေကာက္ပြဲႀကီးကလည္း အမ်ားျပည္သူတို႔ သံသယကင္းလို႔ မွ်တတဲ့ ေရြးေကာက္ပြဲႀကီးပဲ ဧကံျဖစ္မွာပါလို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။

လက္ရွိ လႈပ္ရွားမႈ အင္အားအရ NLDပဲ ဧကံႏိုင္ရမယ္လို႔ ျပည္သူေတြက အပိုင္တြက္ထားေလာက္တဲ့ အေျခအေနမွာ ရွိေနသလို အတိုက္ခံ ေခါင္းေဆာင္ကလည္း ပါတီထဲမွာ ျပည္သူခ်စ္တဲ့ အႏုပညာရွင္ေတြ၊ ေမာ္ဒယ္ေတြနဲ႔ အင္အားျဖည့္ထားတာမို႔ မိမိ အစိုးရ ဖြဲ႔ေလာက္တဲ့ အမတ္အေရအတြက္ ရႏိုင္လိမ့္မယ္လို႔ အင္အားအျပည့္နဲ႔ ေမွ်ာ္လင့္ထားမွာပါပဲလို႔ ဆိုရင္လည္း မွားႏိုင္စရာ မရွိပါဘူး။

သို႔ေသာ္ ေရြးေကာက္ပြဲ က်င္းပမယ့္ ႏိုင္၀င္ဘာလ (၈)ရက္ေန႔ရဲ႕ ဇာတာစန္းလဂ္ တို႔ကေတာ့ မေကာင္းလွပါဘူး။ ဒီေန႔ဒီရက္နဲ႔ အခ်ိန္က အစိုးရသစ္ ေမြးဖြားမည့္ ဇာတာ-စန္းလဂ္ တစ္ခုလည္း ျဖစ္ေနပါတယ္။ ဒီေရြးေကာက္ပြဲေန႔ရဲ႕ ထူးျခားခ်က္ကေတာ့ (၁) ႏိုင္ငံေတာ္ ဇာတာရဲ႕စန္း တနလၤာ၊ (၂) ႏိုင္ငံေတာ္ သမၼတႀကီး ဇာတာရဲ႕စန္း တနလၤာ၊ (၃) အတိုက္ခံ ေခါင္းေဆာင္ ဇာတာပါစန္း တနလၤာနဲ႔ (၄)ေရြးေကာက္ပြဲေန႔ရဲ႕ စန္း တနလၤာ စတဲ့ တိုင္းျပည္မွာ အေရးပါလွတဲ့ ဇာတာတို႔၏ စန္းတို႔အေပၚ ပါပအားႀကီးေသာ Mars အဂၤါႏွင့္ ရာဟုတို႔က စီးေနခ်ိန္ ျဖစ္ေနသလို တခ်ိန္တည္းမွာ Marsအဂၤါထက္ ပါပအားႀကီးေနေသာ Uranus ယူေရးနပ္စ္က အထက္ပါ စန္း၄ပါးစလုံးကို ၁၈၀ ဒီဂရီ သမသတ္ အျမင္အယွဥ္ ရွိေနျပန္ပါတယ္။ ေနာက္ထိုအခ်ိန္မွာ ႏိုင္ငံေတာ္ ဇာတာ၏ ၿဗိစၦာလဂ္ေပၚ စေန စီးေနခ်ိန္နဲ႔လည္း တိုက္ဆိုင္လို႔ ေနျပန္ပါတယ္။

ဒုတိယမၸိ တစ္ခါသ႐ုပ္ေဖာ္ထားျပန္တာက ထို Mars အဂၤါနဲ႔ ရာဟုတို႔က Sagittarius Ascendant ဓႏုလဂ္ျဖစ္တဲ့ အတိုက္ခံ ေခါင္းေဆာင္ရဲ႕ MC ဆယ္တန္႔ဘာ၀ အေပၚကို ျဖတ္သန္းခ်ိန္နဲ႔လည္း တိုက္ဆိုင္ေနသလို ထိုစန္းေပၚ စီးနင္းေနတဲ့ MC-Mar အဂၤါက တိုက္ခံေခါင္းေဆာင္ရဲ႕ Ascendant လဂ္ကို ၉၀ဒီဂရီ ကိန္းအျမင္လည္း ရွိေနျပန္ပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး။ လႊတ္ေတာ္ဥကၠ႒ သူရေရႊမန္းရဲ႕ ေကာဇာမွ Uranusႏွင့္ ယွဥ္ေနတဲ့ မိန္စန္း တနလၤာကိုလည္း ကန္ရာသီက Mar အဂၤါနဲ႔ ရာဟုတို႔ ၁၈၀ဒီဂရီ သမၼတသက္ အျမင္ရွိ ေနျပန္ပါတယ္။

တခါ ေရြးေကာက္ပြဲကို စလို႔ နံနက္ ၉နာရီ အတြင္းမွာေတာ့ ေရြးေကာက္ပြဲ ဇာတာက Scorpion Assendant အၿဗိစၦာလဂ္ ျဖစ္ေနမွာျဖစ္ၿပီး စေနလဂ္ေပၚ စီးေနမွာျဖစ္သလို အကယ္၍ နံနက္ ၉နာရီ ထိုးတာနဲ႔ ေရြးေကာက္ပြဲ ဇာတာလဂ္က အတိုင္ခံေခါင္းေဆာင္ရဲ႕ ဓႏုလဂ္နဲ႔ ထပ္သြားမွာ ျဖစ္ပါတယ္။ ဒီလို နံနက္ ၉နာရီ ထိုးတာနဲ႔တခါ ေရြးေကာက္ပြဲ ဇာတာရဲ႕ MC ဆယ္တန္႔ဘာ၀ကို Marအဂၤါ -ရာဟုစန္းနဲ႔ နိစ္ေသာၾကာတို႔ ျဖတ္သန္းခ်ိန္နဲ႔ တိုက္ဆိုင္သြားမွာ ျဖစ္သလို ေရြးေကာက္ပြဲ ဇာတာရဲ႕ ဓႏုလဂ္ရယ္ Uranus ယူေရးနပ္စ္ရယ္ ေစာေစာက Marအဂၤါ+ရာဟု+စန္း+နိစ္ေသာံၾကာတို႔နဲ႔ ကိန္းႀတိဂုံး မိသြားမွာ ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ ေရြးေကာက္ပြဲ ဇာတာမွာ ပါပ(ၿဂိဳဟ္ဆိုး)ေတြ အားအႀကီးဆုံး စိုးမိုးေနခ်ိန္လည္း ျဖစ္သြားမွာ ျဖစ္ပါတယ္။

ေအာက္တိုဘာလ ၃၁ရက္ ေန႔ေလာက္ကစၿပီး Mar အဂၤါၿဂိဳဟ္က ကန္ရာသီနဲ႔ Declimation အနီးဆုံးကို ေရာက္လာမွာ ျဖစ္သလို ႏို၀င္ဘာလ ၃ရက္ေန႔မွ စၿပီး Marအဂၤါက ရာဟုနဲ႔ Declimation အနီးဆုံးေရာက္လို႔ ဒီဇင္ဘာလ ၂၃ရက္အတြင္း အဂၤါက ကန္ရာသီမွာ ရွိေနဦးမွာ ျဖစ္ပါတယ္။

သို႔ျဖစ္၍ ဤမွ်ပါပ(ၿဂိဳဟ္ဆိုး)ေတြ အားႀကီးလႊမ္းမိုးေနေသာ ေရြးေကာက္ပြဲေန႔မွာ ထင္တာေတြ မျဖစ္သလုိ မထင္မွတ္ေတြလည္း ျဖစ္လာႏိုင္သလို ေရြးေကာက္ပြဲေန႔ရဲ႕ လက္တစ္ကမ္း အလိုနဲ႔ ေရြးေကာက္ပြဲ ရလဒ္ရဲ႕ ေနာက္ပိုင္းရက္ေတြမွာ လူစုလူေ၀းနဲ႔ လႈပ္ရွားမႈမ်ား ရွိေနမည္ဆိုပါက မထင္မွတ္ဘဲ အဓိက႐ုန္းေတြ၊ ေသြးထြက္သံယိုမႈေတြ၊ အဖမ္းအဆီးေတြ စတဲ့ အနိ႒ာ႐ုံေတြကို အလြယ္တကူ သ႐ုပ္ေဖာ္လာႏိုင္ ျဖစ္ပါတယ္။

သို႔ျဖစ္၍ ႏို၀င္ဘာလ ၂ရက္ ေန႔ကစၿပီး ေရြးေကာက္ပြဲအတြက္ လူအင္အားနဲ႔ လမ္းမေပၚတက္ၿပီး မဲဆြဲတာမ်ိဳးေတြ လုပ္ၾကမယ္ဆိုရင္ ပါတီတိုင္းက အထူးသတိထား ဆင္ျခင္ၾကရမွာ ျဖစ္သလို ေရြးေကာက္ပြဲ ေကာ္မရွင္က ခ်မွတ္ထားတဲ့ စည္းကမ္း ေဘာင္အတြင္းမွ လႈပ္ရွားေနၾကမည္ ဆိုေတာင္ မေမွ်ာ္လင့္ဘဲ အနိ႒ာ႐ုံေတြကို သ႐ုပ္ေဖာ္လာႏိုင္ပါတယ္။ ဒီဇင္ဘာ ၂၄ အတြင္း အဂၤါ+ရာဟု+ Uranusနဲ႔ ေရြးေကာက္ပြဲရဲ႕ ဓႏုလဂ္တို႔၏ ကိန္းႀတိဂုံး မိေနတာမ်ိဳးက အားရွိေနဦးမွာမို႔ ေရြးေကာက္၏ ရလဒ္ ေနာက္ကြယ္မွာလည္း မေၾကလည္မႈေတြ ေက်နပ္ခ်က္ေတြက အန္ထြက္လာႏိုင္တာမို႔ ပါတီတိုင္းက မိမိတို႔ရဲ႕ ပါတီလႈပ္ရွားမႈေၾကာင့္ တိုင္းျပည္အတြက္ မင္းေျပာင္းမင္းလြဲ မတိုင္ခင္ တိုင္းျပည္မွာ အနိ႒ာ႐ုံေတြ မျဖစ္ရေအာင္ေတာ့ အထူးသိထားၾကရမွာ ျဖစ္ပါတယ္။ ဇမၻဴဒီပါ နိမိတ္ထြန္းတဲ့ ေတာင္ကၽြန္းမွာ တည္ေနတဲ့ ျမန္မာျပည္အတြက္ နိမိတ္က အေရးပါလွတာမို႔ လာမည့္ ေရြးေကာက္ပြဲ မတိုင္ခင္ သို႔မဟုတ္ ေရြးေကာက္ပြဲအၿပီး မင္းေျပာင္းမင္းလြဲ မတိုင္ခင္မွာ အနိ႒ာ႐ုံေတြနဲ႔ ကင္းေနဖို႔ေတာ့ အထူးလိုအပ္ပါတယ္။ အကယ္၍ ေရြးေကာက္ပြဲက အနိ႒ာ႐ုံေတြနဲ႔ ယွဥ္သြားမယ္ဆိုရင္ အနိ႒ာ႐ုံနဲ႔ ယွဥ္သြားတဲ့ ေရြးေကာက္ပြဲက ေပါက္ဖြားလာတဲ့ မင္းနဲ႔ အစိုးရက တိုင္းျပည္ကို ႏိုင္နင္းစြာ ထိမ္းသိမ္းႏိုင္စြမ္းက ဘယ္လိုမွ မရွိႏိုင္သလို ဒုတိယ ဒီမိုကေရစီ ၅ႏွစ္ သက္တမ္းအတြင္း တိုင္းျပည္က ယိမ္းယိုင္သြားႏိုင္ပါသည္။ အဆုံးအစြန္ဆုံး တိုင္းျပည္ပင္ ၿပိဳကြဲသြားႏိုင္တဲ့ အထိ ျပည္တြင္းစစ္ စတဲ့ အနိ႒ာ႐ုံေတြအထိ ျဖစ္သြားႏိုင္ပါတယ္။
ေရြးေကာက္ပြဲနဲ႔ မင္းေျပာင္းမင္းလြဲ အခ်ိန္မွာ နိမိတ္ မေကာင္းခဲ့ရင္ ဘာေတြျဖစ္တတ္လဲ ဆိုတာကို အေမရိကန္တို႔ရဲ႕ ၂၀၀၀ခုႏွစ္ ေရြးေကာက္ပြဲမွာ ႐ႈံးသြားတဲ့ Al-Goreက သူ႐ႈံးသြားတာကို မေက်နပ္လို႔ ျပႆနာတက္ရာ ဒီကိစၥက ဗဟိုတရား႐ုံးကို ေရာက္သြားၿပီး တရား႐ုံးက အႏိုင္အ႐ႈံးကို ဆုံးျဖတ္ေပးခဲ့ပါတယ္။ ဒီေတာ့ G.W Bushကို တရား႐ုံးက တရားသူႀကီး (၁၀) ေယာက္အနက္ ကေန ၇ေယာက္က အႏိုင္ေပးလိုက္ပါတယ္။ ဒီေတာ့ ႐ႈံးသြားတဲ့ Al-Gore ျပႆနာရွာလို႔ အေမရိကန္ သမၼတကို တရား႐ုံးက ေရြးခ်ယ္ေပးလိုက္ရတာမို႔ ဒီနိမိတ္ G.W Bush လက္ထက္ အေမရိကန္ ျပည္ေထာင္စုႀကီးကို သမိုင္းတြင္ေအာင္ ထိခိုက္ဆုံး႐ႈံး နစ္နာသြားေစခဲ့ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ တရား႐ုံး ဆိုတာက ေခါင္းေဆာင္ေရြးတဲ့ ေနရာ မဟုတ္ပါဘူး။ တရားခံေရြးတဲ့ ေနရာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ G.W Bush နန္းတက္ၿပီးတာနဲ႔ တစ္ႏွစ္ မျပည့္ခင္မွာပဲ Osama Bin Laden က W.T.C (World trade Centre) ကမၻာ႔ကုန္သြယ္ေရး အေဆာက္အဦး ညီေနာင္ကို ခရီးသည္ေလယာဥ္ ႏွစ္စင္းနဲ႔ ၀င္ေရာက္တိုက္ခိုက္ ဖ်က္စီးပစ္ၿပီး အေမရိကန္တို႔အတြက္ ခမ္းနားတဲ့ အနိ႒ာ႐ုံ သမိုင္းတစ္ခု ေရးေပးသြားႏိုင္ခဲ့ပါတယ္။ အဲဒီေန႔ကစၿပီး အေမရိကန္ေတြက Osama Bin Laden အၾကမ္းဖက္ သင္တန္းေက်ာင္း ရွိရာ အာဖဂန္နစၥတန္ကို စစ္ေရးအရ အေရးယူခဲ့ရျခင္း တခါ စစ္မီးကူးလို႔ ဆဒန္ဟူစိန္ကို စစ္ေရးအရ အေရးယူရတာမ်ိဳးေတြ က ရွိလာၿပီး ယေန႔တိုင္ စစ္ႏြံထဲကေန ႐ုန္းမထြက္ႏိုင္ပဲ ျဖစ္ရကာ G.W Bush ကလည္း တိုင္းျပည္ စီးပြားေရး က်ရျခင္းနဲ႔ စစ္ရဲ႕တရားခံ အျဖစ္ သတ္မွတ္ခံေနခဲ့ရပါတယ္။

ဒါေတြက ေရြးေကာက္ပြဲ သို႔မဟုတ္ မင္းေျပာင္းမင္းလႊဲ ျဖစ္ခ်ိန္မွာ အနိ႒ာ႐ုံနိမိတ္နဲ႔ ယွဥ္သြားလို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ မၾကာခင္ ရွိလာမယ့္ ေရြးေကာက္ပြဲႀကီး ေန႔မွာ ေကာင္းကင္မွ ၿဂိဳဟ္တို႔၏ Conbinationတို႔က ျမန္မာ့ ထိပ္တန္းေခါင္းေဆာင္ အားလုံးနဲ႔ ညိႇေနတာမို႔ ေရြးေကာက္ပြဲႀကီးမွာ အနိ႒ာ႐ုံနဲ႔ ကင္းေအာင္ အဘက္ဘက္က သတိတရားနဲ႔ ဆင္ျခင္စရာမ်ားက ရွိေနပါသည္။

ယေန႔ မိမိတို႔ မင္းျဖစ္ေရးထက္ ယေန႔ ကမၻာေပၚမွာ ကြန္ျမဴနစ္နဲ႔ စစ္အစိုးရကေန ဒီမိုကေရစီကို ေျပာင္းလိုက္တဲ့ ႏိုင္ငံေတြျဖစ္တဲ့ ႐ုရွား-အီရတ္-လစ္ဗ်ား-ယူဂိုဆလပ္နဲ႔ ပါကစၥတန္တို႔က ဘာေၾကာင့္ၿပိဳကြဲၿပီး ေသြးေခ်ာင္းေတြ စီးေနၾကရတာလဲ ဆိုတာကို Analyzeလုပ္ၾကဖို႔ လိုသလို စစ္အစိုးရကေန ဒီမိုကေရစီကို ေျပာင္းေနၾကတာပါလား။ ႐ုရွားလို ၿပိဳကြဲၿပီး အီရတ္လိုမ်ား ျပည္တြင္းစစ္ ျဖစ္လို႔ ေသြးေခ်ာင္း စီးေနမွျဖင့္လို႔ ေတြးေၾကာက္ေနတဲ့ ေခါင္းေဆာင္မ်ိဳး တစ္ေယာက္မွ မရွိရင္ေတာ့ တိုင္းျပည္နဲ႔ ထိုက္တန္တဲ႔ အမ်ိဳးဘာသာ သာသနာနဲ႔ ဗမာထီးနန္းကို ကာကြယ္ေစာင့္ေရွာက္မယ့္ ေခါင္းေဆာင္ တစ္ေယာက္ကို ဘယ္လိုမွ မရႏိုင္ေတာ့ဘဲ တိုင္းျပည္ရဲ႕ အနာဂတ္ကလည္း ရင္ေလးစရာ ရင္ေမာစရာေတြပဲ ျဖစ္လာႏိုင္ပါတယ္။

ဘဲလားေလဘာတီ
........................
ဂြိုလ်စီးဂြိုလ်နင်း မကောင်းသော ရွေးကောက်ပွဲနေ့နှင့် ဆင်ခြင်စရာများ

တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံး စိတ်ဝင်စားနေခဲ့ကြသော နိုင်ငံတော် ရွေးကောက်ပွဲ နေ့ကတော့ နိုဝင်ဘာလ (၈)ရက် တနင်္ဂနွေနေ့မှာ ကျင်းပကြတော့မည် ဖြစ်သလို ပြည်သူတွေနဲ့ ကမ္ဘာ့မီဒီယာ လောကကြီး တစ်ခုလုံးက ရွေးကောက်ပွဲကြီးက မျှမျှတတ ရှိပါ့မလားဆိုတဲ့ သံသယစိတ်များ ရှိနေကြပါတယ်။ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ အမတ်နေရာ အများဆုံး ရရှိခဲ့တာမို့ ၂၀၁၂မှာလည်း မျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲလို့ပဲ မှတ်ချက်ပေးမယ်ဆိုလည်း မှားစရာ မရှိနိုင်ပေ။ သို့ဖြစ်၍ ဒီမိုကရေစီဟေ့လို့ ဆိုပြီး ရွေးကောက်ပွဲ စတင်ကျင်းပကတည်းက မျှမျှတတ ရှိခဲ့တာမို့ ရွေးကောက်ပွဲ အစဉ်အလာ ကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်သလို လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲကြီးကလည်း အများပြည်သူတို့ သံသယကင်းလို့ မျှတတဲ့ ရွေးကောက်ပွဲကြီးပဲ ဧကံဖြစ်မှာပါလို့ မျှော်လင့်နိုင်ပါတယ်။

လက်ရှိ လှုပ်ရှားမှု အင်အားအရ NLDပဲ ဧကံနိုင်ရမယ်လို့ ပြည်သူတွေက အပိုင်တွက်ထားလောက်တဲ့ အခြေအနေမှာ ရှိနေသလို အတိုက်ခံ ခေါင်းဆောင်ကလည်း ပါတီထဲမှာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ၊ မော်ဒယ်တွေနဲ့ အင်အားဖြည့်ထားတာမို့ မိမိ အစိုးရ ဖွဲ့လောက်တဲ့ အမတ်အရေအတွက် ရနိုင်လိမ့်မယ်လို့ အင်အားအပြည့်နဲ့ မျှော်လင့်ထားမှာပါပဲလို့ ဆိုရင်လည်း မှားနိုင်စရာ မရှိပါဘူး။

သို့သော် ရွေးကောက်ပွဲ ကျင်းပမယ့် နိုင်ဝင်ဘာလ (၈)ရက်နေ့ရဲ့ ဇာတာစန်းလဂ် တို့ကတော့ မကောင်းလှပါဘူး။ ဒီနေ့ဒီရက်နဲ့ အချိန်က အစိုးရသစ် မွေးဖွားမည့် ဇာတာ-စန်းလဂ် တစ်ခုလည်း ဖြစ်နေပါတယ်။ ဒီရွေးကောက်ပွဲနေ့ရဲ့ ထူးခြားချက်ကတော့ (၁) နိုင်ငံတော် ဇာတာရဲ့စန်း တနင်္လာ၊ (၂) နိုင်ငံတော် သမ္မတကြီး ဇာတာရဲ့စန်း တနင်္လာ၊ (၃) အတိုက်ခံ ခေါင်းဆောင် ဇာတာပါစန်း တနင်္လာနဲ့ (၄)ရွေးကောက်ပွဲနေ့ရဲ့ စန်း တနင်္လာ စတဲ့ တိုင်းပြည်မှာ အရေးပါလှတဲ့ ဇာတာတို့၏ စန်းတို့အပေါ် ပါပအားကြီးသော Mars အင်္ဂါနှင့် ရာဟုတို့က စီးနေချိန် ဖြစ်နေသလို တချိန်တည်းမှာ Marsအင်္ဂါထက် ပါပအားကြီးနေသော Uranus ယူရေးနပ်စ်က အထက်ပါ စန်း၄ပါးစလုံးကို ၁၈၀ ဒီဂရီ သမသတ် အမြင်အယှဉ် ရှိနေပြန်ပါတယ်။ နောက်ထိုအချိန်မှာ နိုင်ငံတော် ဇာတာ၏ ဗြိစ္ဆာလဂ်ပေါ် စနေ စီးနေချိန်နဲ့လည်း တိုက်ဆိုင်လို့ နေပြန်ပါတယ်။

ဒုတိယမ္ပိ တစ်ခါသရုပ်ဖော်ထားပြန်တာက ထို Mars အင်္ဂါနဲ့ ရာဟုတို့က Sagittarius Ascendant ဓနုလဂ်ဖြစ်တဲ့ အတိုက်ခံ ခေါင်းဆောင်ရဲ့ MC ဆယ်တန့်ဘာဝ အပေါ်ကို ဖြတ်သန်းချိန်နဲ့လည်း တိုက်ဆိုင်နေသလို ထိုစန်းပေါ် စီးနင်းနေတဲ့ MC-Mar အင်္ဂါက တိုက်ခံခေါင်းဆောင်ရဲ့ Ascendant လဂ်ကို ၉၀ဒီဂရီ ကိန်းအမြင်လည်း ရှိနေပြန်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းရဲ့ ကောဇာမှ Uranusနှင့် ယှဉ်နေတဲ့ မိန်စန်း တနင်္လာကိုလည်း ကန်ရာသီက Mar အင်္ဂါနဲ့ ရာဟုတို့ ၁၈၀ဒီဂရီ သမ္မတသက် အမြင်ရှိ နေပြန်ပါတယ်။

တခါ ရွေးကောက်ပွဲကို စလို့ နံနက် ၉နာရီ အတွင်းမှာတော့ ရွေးကောက်ပွဲ ဇာတာက Scorpion Assendant အဗြိစ္ဆာလဂ် ဖြစ်နေမှာဖြစ်ပြီး စနေလဂ်ပေါ် စီးနေမှာဖြစ်သလို အကယ်၍ နံနက် ၉နာရီ ထိုးတာနဲ့ ရွေးကောက်ပွဲ ဇာတာလဂ်က အတိုင်ခံခေါင်းဆောင်ရဲ့ ဓနုလဂ်နဲ့ ထပ်သွားမှာ ဖြစ်ပါတယ်။ ဒီလို နံနက် ၉နာရီ ထိုးတာနဲ့တခါ ရွေးကောက်ပွဲ ဇာတာရဲ့ MC ဆယ်တန့်ဘာဝကို Marအင်္ဂါ -ရာဟုစန်းနဲ့ နိစ်သောကြာတို့ ဖြတ်သန်းချိန်နဲ့ တိုက်ဆိုင်သွားမှာ ဖြစ်သလို ရွေးကောက်ပွဲ ဇာတာရဲ့ ဓနုလဂ်ရယ် Uranus ယူရေးနပ်စ်ရယ် စောစောက Marအင်္ဂါ+ရာဟု+စန်း+နိစ်သောံကြာတို့နဲ့ ကိန်းတြိဂုံး မိသွားမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲ ဇာတာမှာ ပါပ(ဂြိုဟ်ဆိုး)တွေ အားအကြီးဆုံး စိုးမိုးနေချိန်လည်း ဖြစ်သွားမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၃၁ရက် နေ့လောက်ကစပြီး Mar အင်္ဂါဂြိုဟ်က ကန်ရာသီနဲ့ Declimation အနီးဆုံးကို ရောက်လာမှာ ဖြစ်သလို နိုဝင်ဘာလ ၃ရက်နေ့မှ စပြီး Marအင်္ဂါက ရာဟုနဲ့ Declimation အနီးဆုံးရောက်လို့ ဒီဇင်ဘာလ ၂၃ရက်အတွင်း အင်္ဂါက ကန်ရာသီမှာ ရှိနေဦးမှာ ဖြစ်ပါတယ်။

သို့ဖြစ်၍ ဤမျှပါပ(ဂြိုဟ်ဆိုး)တွေ အားကြီးလွှမ်းမိုးနေသော ရွေးကောက်ပွဲနေ့မှာ ထင်တာတွေ မဖြစ်သလို မထင်မှတ်တွေလည်း ဖြစ်လာနိုင်သလို ရွေးကောက်ပွဲနေ့ရဲ့ လက်တစ်ကမ်း အလိုနဲ့ ရွေးကောက်ပွဲ ရလဒ်ရဲ့ နောက်ပိုင်းရက်တွေမှာ လူစုလူဝေးနဲ့ လှုပ်ရှားမှုများ ရှိနေမည်ဆိုပါက မထင်မှတ်ဘဲ အဓိကရုန်းတွေ၊ သွေးထွက်သံယိုမှုတွေ၊ အဖမ်းအဆီးတွေ စတဲ့ အနိဋ္ဌာရုံတွေကို အလွယ်တကူ သရုပ်ဖော်လာနိုင် ဖြစ်ပါတယ်။

သို့ဖြစ်၍ နိုဝင်ဘာလ ၂ရက် နေ့ကစပြီး ရွေးကောက်ပွဲအတွက် လူအင်အားနဲ့ လမ်းမပေါ်တက်ပြီး မဲဆွဲတာမျိုးတွေ လုပ်ကြမယ်ဆိုရင် ပါတီတိုင်းက အထူးသတိထား ဆင်ခြင်ကြရမှာ ဖြစ်သလို ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားတဲ့ စည်းကမ်း ဘောင်အတွင်းမှ လှုပ်ရှားနေကြမည် ဆိုတောင် မမျှော်လင့်ဘဲ အနိဋ္ဌာရုံတွေကို သရုပ်ဖော်လာနိုင်ပါတယ်။ ဒီဇင်ဘာ ၂၄ အတွင်း အင်္ဂါ+ရာဟု+ Uranusနဲ့ ရွေးကောက်ပွဲရဲ့ ဓနုလဂ်တို့၏ ကိန်းတြိဂုံး မိနေတာမျိုးက အားရှိနေဦးမှာမို့ ရွေးကောက်၏ ရလဒ် နောက်ကွယ်မှာလည်း မကြေလည်မှုတွေ ကျေနပ်ချက်တွေက အန်ထွက်လာနိုင်တာမို့ ပါတီတိုင်းက မိမိတို့ရဲ့ ပါတီလှုပ်ရှားမှုကြောင့် တိုင်းပြည်အတွက် မင်းပြောင်းမင်းလွဲ မတိုင်ခင် တိုင်းပြည်မှာ အနိဋ္ဌာရုံတွေ မဖြစ်ရအောင်တော့ အထူးသိထားကြရမှာ ဖြစ်ပါတယ်။ ဇမ္ဘူဒီပါ နိမိတ်ထွန်းတဲ့ တောင်ကျွန်းမှာ တည်နေတဲ့ မြန်မာပြည်အတွက် နိမိတ်က အရေးပါလှတာမို့ လာမည့် ရွေးကောက်ပွဲ မတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲအပြီး မင်းပြောင်းမင်းလွဲ မတိုင်ခင်မှာ အနိဋ္ဌာရုံတွေနဲ့ ကင်းနေဖို့တော့ အထူးလိုအပ်ပါတယ်။ အကယ်၍ ရွေးကောက်ပွဲက အနိဋ္ဌာရုံတွေနဲ့ ယှဉ်သွားမယ်ဆိုရင် အနိဋ္ဌာရုံနဲ့ ယှဉ်သွားတဲ့ ရွေးကောက်ပွဲက ပေါက်ဖွားလာတဲ့ မင်းနဲ့ အစိုးရက တိုင်းပြည်ကို နိုင်နင်းစွာ ထိမ်းသိမ်းနိုင်စွမ်းက ဘယ်လိုမှ မရှိနိုင်သလို ဒုတိယ ဒီမိုကရေစီ ၅နှစ် သက်တမ်းအတွင်း တိုင်းပြည်က ယိမ်းယိုင်သွားနိုင်ပါသည်။ အဆုံးအစွန်ဆုံး တိုင်းပြည်ပင် ပြိုကွဲသွားနိုင်တဲ့ အထိ ပြည်တွင်းစစ် စတဲ့ အနိဋ္ဌာရုံတွေအထိ ဖြစ်သွားနိုင်ပါတယ်။
ရွေးကောက်ပွဲနဲ့ မင်းပြောင်းမင်းလွဲ အချိန်မှာ နိမိတ် မကောင်းခဲ့ရင် ဘာတွေဖြစ်တတ်လဲ ဆိုတာကို အမေရိကန်တို့ရဲ့ ၂၀၀၀ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ Al-Goreက သူရှုံးသွားတာကို မကျေနပ်လို့ ပြဿနာတက်ရာ ဒီကိစ္စက ဗဟိုတရားရုံးကို ရောက်သွားပြီး တရားရုံးက အနိုင်အရှုံးကို ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒီတော့ G.W Bushကို တရားရုံးက တရားသူကြီး (၁၀) ယောက်အနက် ကနေ ရယောက်က အနိုင်ပေးလိုက်ပါတယ်။ ဒီတော့ ရှုံးသွားတဲ့ Al-Gore ပြဿနာရှာလို့ အမေရိကန် သမ္မတကို တရားရုံးက ရွေးချယ်ပေးလိုက်ရတာမို့ ဒီနိမိတ် G.W Bush လက်ထက် အမေရိကန် ပြည်ထောင်စုကြီးကို သမိုင်းတွင်အောင် ထိခိုက်ဆုံးရှုံး နစ်နာသွားစေခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တရားရုံး ဆိုတာက ခေါင်းဆောင်ရွေးတဲ့ နေရာ မဟုတ်ပါဘူး။ တရားခံရွေးတဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒါကြောင့် G.W Bush နန်းတက်ပြီးတာနဲ့ တစ်နှစ် မပြည့်ခင်မှာပဲ Osama Bin Laden က W.T.C (World trade Centre) ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦး ညီနောင်ကို ခရီးသည်လေယာဉ် နှစ်စင်းနဲ့ ၀င်ရောက်တိုက်ခိုက် ဖျက်စီးပစ်ပြီး အမေရိကန်တို့အတွက် ခမ်းနားတဲ့ အနိဋ္ဌာရုံ သမိုင်းတစ်ခု ရေးပေးသွားနိုင်ခဲ့ပါတယ်။ အဲဒီနေ့ကစပြီး အမေရိကန်တွေက Osama Bin Laden အကြမ်းဖက် သင်တန်းကျောင်း ရှိရာ အာဖဂန်နစ္စတန်ကို စစ်ရေးအရ အရေးယူခဲ့ရခြင်း တခါ စစ်မီးကူးလို့ ဆဒန်ဟူစိန်ကို စစ်ရေးအရ အရေးယူရတာမျိုးတွေ က ရှိလာပြီး ယနေ့တိုင် စစ်နွံထဲကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်ရကာ G.W Bush ကလည်း တိုင်းပြည် စီးပွားရေး ကျရခြင်းနဲ့ စစ်ရဲ့တရားခံ အဖြစ် သတ်မှတ်ခံနေခဲ့ရပါတယ်။

ဒါတွေက ရွေးကောက်ပွဲ သို့မဟုတ် မင်းပြောင်းမင်းလွှဲ ဖြစ်ချိန်မှာ အနိဋ္ဌာရုံနိမိတ်နဲ့ ယှဉ်သွားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခင် ရှိလာမယ့် ရွေးကောက်ပွဲကြီး နေ့မှာ ကောင်းကင်မှ ဂြိုဟ်တို့၏ Conbinationတို့က မြန်မာ့ ထိပ်တန်းခေါင်းဆောင် အားလုံးနဲ့ ညှိနေတာမို့ ရွေးကောက်ပွဲကြီးမှာ အနိဋ္ဌာရုံနဲ့ ကင်းအောင် အဘက်ဘက်က သတိတရားနဲ့ ဆင်ခြင်စရာများက ရှိနေပါသည်။

ယနေ့ မိမိတို့ မင်းဖြစ်ရေးထက် ယနေ့ ကမ္ဘာပေါ်မှာ ကွန်မြူနစ်နဲ့ စစ်အစိုးရကနေ ဒီမိုကရေစီကို ပြောင်းလိုက်တဲ့ နိုင်ငံတွေဖြစ်တဲ့ ရုရှား-အီရတ်-လစ်ဗျား-ယူဂိုဆလပ်နဲ့ ပါကစ္စတန်တို့က ဘာကြောင့်ပြိုကွဲပြီး သွေးချောင်းတွေ စီးနေကြရတာလဲ ဆိုတာကို Analyzeလုပ်ကြဖို့ လိုသလို စစ်အစိုးရကနေ ဒီမိုကရေစီကို ပြောင်းနေကြတာပါလား။ ရုရှားလို ပြိုကွဲပြီး အီရတ်လိုများ ပြည်တွင်းစစ် ဖြစ်လို့ သွေးချောင်း စီးနေမှဖြင့်လို့ တွေးကြောက်နေတဲ့ ခေါင်းဆောင်မျိုး တစ်ယောက်မှ မရှိရင်တော့ တိုင်းပြည်နဲ့ ထိုက်တန်တဲ့ အမျိုးဘာသာ သာသနာနဲ့ ဗမာထီးနန်းကို ကာကွယ်စောင့်ရှောက်မယ့် ခေါင်းဆောင် တစ်ယောက်ကို ဘယ်လိုမှ မရနိုင်တော့ဘဲ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း ရင်လေးစရာ ရင်မောစရာတွေပဲ ဖြစ်လာနိုင်ပါတယ်။

ဘဲလားလေဘာတီ

No comments:

Post a Comment