အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၏ သံတြဲခရီးစဥ္ အတြင္း ဆႏၵျပရန္ လူႏွစ္ဦးက သံတြဲျမိဳ႕နယ္ ရဲစခန္းတြင္ ေအာက္တိုဘာလ ၁၃ ရက္ေန႕က ခြင့္ျပဳခ်က္ေတာင္းခံ ထားသည္ဟု သတင္းရရွိသည္။
“ ဟုတ္ပါတယ္ဗ်ာ။ ဦးသိန္းေရႊနဲ႕ ဦးစံတင္တို႕က တင္ထားပါတယ္။ ခြင့္ျပဳမယ္/ ခြင့္မျပဳဆိုတာကေတာ့ မသိရေသးပါဘူးခင္ဗ်ား။ သူတို႕ကို အခ်က္အလက္ေတြ မျပည့္စံုေသးတဲ့ အတြက္ ရံုးကို ေခၚထားပါတယ္” ဟု သံတြဲျမိဳ႕နယ္မွဴးက ေျပာၾကားသည္။
ဆႏၵျပရန္ ေလွ်ာက္ထားရသည့္ ရည္ရြယ္ခ်က္မွာ “ ေဒၚေအာင္ဆန္း စုၾကည္ခရီးစဥ္အား ရခိုင္ျပည္သူမ်ား ကန္႕ကြက္ျခင္း” ဟုသာ ပါရွိသည္ဟု ဆိုသည္။
“ သူတို႕ ဆႏၵျပဖို႕ တင္ထားတဲ့ ေန႕က ၁၈ ရက္ေန႕ဆိုေတာ့ သတ္မွတ္ခ်က္နဲ႕ မညီ ျဖစ္ေနတယ္။ ဒါေၾကာင့္ သူတို႕ကို ရဲစခန္းကို ေခၚထားပါတယ္” ဟု ဆက္လက္ ေျပာဆိုသည္။
သံတြဲေဒသခံမ်ားအၾကားတြင္ ယခု ဆႏၵျပရန္ ျငိမ္းစုစီ တင္သူႏွစ္ဦးမွာ ေဒသခံမ်ား မဟုတ္ၾကသျဖင့္ သံတြဲျမိဳ႕၏ ပံုရိပ္ကိုဖ်က္လို၍ ယခုလို ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း ေ၀ဖန္မႈမ်ား ထြက္ေပၚေနသျဖင့္ သူတို႕မွာ သံတြဲ ေဒသခံမ်ား ဟုတ္မဟုတ္ကို ဆက္လက္ေမးျမန္းရာ “ တစ္ေယာက္ ကိုသိန္းေရႊက စစ္ေတြကပါ။ ေနာက္ ဦးစံတင္က ဂ်ိေတၱာကပါ” ဟု ေျပာဆိုသည္။
“ ဥပေဒမွာက ႏိုင္ငံသား တစ္ဦးဦးက ျဖစ္ေစ၊ အဖြဲ႕အစည္း တစ္ခုခုက ျဖစ္ေစဆိုတာကေတာ့ ပါတယ္ခင္ဗ်ား။ ကၽြန္ေတာ္တို႕က လက္ခံျပီးေတာ့ ျမိဳ႕နယ္ ေထြအုပ္တို႕ဆီက ခြင့္ျပဳခ်က္ေတြေတာ့ ယူရေသးတယ္ဗ်ာ” ဟု ျမိဳ႕နယ္မွဴးက ဆိုသည္။
ဆႏၵျပရန္ ေလွ်ာက္ထားသူ ဦးသိန္းေရႊႏွင့္ ဦးစံတင္အား ဆက္သြယ္ရန္ၾကိဳးစားေသာ္လည္း အဆက္အသြယ္ မရရွိခဲ့ပါ။
ေဒၚေအာင္ဆန္းစုၾကည္ သံတြဲသို႕ လာေရာက္စဥ္ ဆႏၵျပပြဲျဖစ္ပြားပါက ယင္းကဆင့္ အၾကမ္းဖက္မႈမ်ား ေပၚေပါက္လာမည္ကို သံတြဲ ေဒသခံမ်ားက စိုးရိမ္လ်က္ ရွိေနေၾကာင္း သိရွိရသည္။
Arakan State
https://www.facebook.com/NarinjaraNews
..................................
သံတွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြမည့် အစီအစဉ် ကာယကံရှင်များ ပြန်ရုတ်သိမ်းသွားဟုဆို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သံတွဲခရီးစဉ် အတွင်း ဆန္ဒပြရန် လူနှစ်ဦးက သံတွဲမြို့နယ် ရဲစခန်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ခွင့်ပြုချက်တောင်းခံ ထားသည်ဟု သတင်းရရှိသည်။
“ ဟုတ်ပါတယ်ဗျာ။ ဦးသိန်းရွှေနဲ့ ဦးစံတင်တို့က တင်ထားပါတယ်။ ခွင့်ပြုမယ်/ ခွင့်မပြုဆိုတာကတော့ မသိရသေးပါဘူးခင်ဗျား။ သူတို့ကို အချက်အလက်တွေ မပြည့်စုံသေးတဲ့ အတွက် ရုံးကို ခေါ်ထားပါတယ်” ဟု သံတွဲမြို့နယ်မှူးက ပြောကြားသည်။
ဆန္ဒပြရန် လျှောက်ထားရသည့် ရည်ရွယ်ချက်မှာ “ ဒေါ်အောင်ဆန်း စုကြည်ခရီးစဉ်အား ရခိုင်ပြည်သူများ ကန့်ကွက်ခြင်း” ဟုသာ ပါရှိသည်ဟု ဆိုသည်။
“ သူတို့ ဆန္ဒပြဖို့ တင်ထားတဲ့ နေ့က ၁၈ ရက်နေ့ဆိုတော့ သတ်မှတ်ချက်နဲ့ မညီ ဖြစ်နေတယ်။ ဒါကြောင့် သူတို့ကို ရဲစခန်းကို ခေါ်ထားပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
သံတွဲဒေသခံများအကြားတွင် ယခု ဆန္ဒပြရန် ငြိမ်းစုစီ တင်သူနှစ်ဦးမှာ ဒေသခံများ မဟုတ်ကြသဖြင့် သံတွဲမြို့၏ ပုံရိပ်ကိုဖျက်လို၍ ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသဖြင့် သူတို့မှာ သံတွဲ ဒေသခံများ ဟုတ်မဟုတ်ကို ဆက်လက်မေးမြန်းရာ “ တစ်ယောက် ကိုသိန်းရွှေက စစ်တွေကပါ။ နောက် ဦးစံတင်က ဂျိတ္တောကပါ” ဟု ပြောဆိုသည်။
“ ဥပဒေမှာက နိုင်ငံသား တစ်ဦးဦးက ဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုခုက ဖြစ်စေဆိုတာကတော့ ပါတယ်ခင်ဗျား။ ကျွန်တော်တို့က လက်ခံပြီးတော့ မြို့နယ် ထွေအုပ်တို့ဆီက ခွင့်ပြုချက်တွေတော့ ယူရသေးတယ်ဗျာ” ဟု မြို့နယ်မှူးက ဆိုသည်။
ဆန္ဒပြရန် လျှောက်ထားသူ ဦးသိန်းရွှေနှင့် ဦးစံတင်အား ဆက်သွယ်ရန်ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
ဒေါ်အောင်ဆန်းစုကြည် သံတွဲသို့ လာရောက်စဉ် ဆန္ဒပြပွဲဖြစ်ပွားပါက ယင်းကဆင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည်ကို သံတွဲ ဒေသခံများက စိုးရိမ်လျက် ရှိနေကြောင်း သိရှိရသည်။
Arakan State
https://www.facebook.com/NarinjaraNews
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, October 14, 2015
သံတြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္အား ဆႏၵျပမည့္ အစီအစဥ္ ကာယကံရွင္မ်ား ျပန္ရုတ္သိမ္းသြားဟုဆို
Labels:
Arakan,
city,
Election,
NLD,
ရခိုင္ျပည္နယ္
သံတြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္အား ဆႏၵျပမည့္ အစီအစဥ္ ကာယကံရွင္မ်ား ျပန္ရုတ္သိမ္းသြားဟုဆို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 14, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 14, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment