Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

သင့္ကေလး အႏိုင္က်င့္ခံေနရျပီဆိုတာ သိတာနဲ႔ မိဘေတြအေနနဲ႕ ခ်က္ခ်င္း လုပ္ေဆာင္သင့္တဲ့ အခ်က္ (၃)ခ်က္



ကေလးတိုင္း အႏိုင္က်င့္တာ ခံဖူးၾကပါတယ္။ ကေလးတိုင္းက သူတို႔ရဲ႕ေၾကာက္စိတ္၊ အားငယ္စိတ္ေတြေၾကာင့္ အႏိုင္က်င့္ခံရတတ္ပါတယ္။ ဒါမွမဟုတ္ရင္ သူတို႔ ကိုယ္တိုင္က အႏိုင္က်င့္မခံရေအာင္ အႏိုင္က်င့္တတ္တဲ့ လူနဲ႔ေပါင္းျပီး အေပၚစီး အႏိုင္ယူမယ္ဆိုတဲ့ ရပ္တည္ခ်က္ေတြနဲ႔ အျခားကေလးေတြကို အႏိုင္က်င့္တတ္ၾကပါတယ္။
အႏိုင္က်င့္တယ္ဆိုတာကို ဘာကိုဆိုလိုတာလဲ။ တစ္ဦးတစ္ေယာက္ ဒါမွမဟုတ္ အဖြဲ႔လိုက္အေနနဲ႔ အျခားတစ္ဦး တစ္ေယာက္ကို ကိုယ္ထိလက္ေရာက္ေနွာင့္ယွက္ျခင္း၊ စကားနဲ႔ေႏွာင့္ယွက္ျခင္း၊ စိတ္ဒဏ္ရာရေအာင္ ေစာ္ကားေႏွာင့္ယွက္ျခင္း စတဲ့ လုပ္ရပ္အားလံုးကို ဆိုလိုတာပါ။ က်ားေပါက္စႏွစ္ေကာင္ လံုးေထြးသတ္ပုတ္ေနတဲ့ အမူအရာကို ခ်စ္စရာေကာင္းတယ္လို႔ ထင္ၾကတယ္။ တကယ္တမ္းက အႏိုင္ရဖို႔အတြက္ အျခားတစ္ေယာက္ကို နာက်င္ေအာင္လုပ္ျပီး အႏိုင္က်င့္ျခင္းနဲ႔ တူပါတယ္။ အႏိုင္ယူတဲ့စိတ္က ဘ၀မွာျပႆနာမ်ိဳးစံုနဲ႔ အျခားလူေတြကို အႏိုင္က်င့္လာတတ္ၾကပါတယ္။
စေနာက္ျခင္းနဲ႕ အႏိုင္က်င့္ျခင္းဟာ အုပ္စုထဲမွာျဖစ္ေစ ေက်ာင္းမွာျဖစ္ေစ အသင္းအဖြဲ႔မွာျဖစ္ေစ မိသားစုထဲမွာျဖစ္ေစ ဓေလ့တစ္ခုျဖစ္ပါတယ္။ ဥပမာေပးရမယ့္ဆိုရင္ျဖင့္ ပညာေရး အသင္းအဖြဲ႔မ်ား၊ ကလပ္အဖြဲ႔မ်ားနဲ႔ အတတ္ပညာပိုင္းေဆြးေႏြးၾကတဲ့ အဖြဲ႔ေတြမွာ အျဖစ္မ်ားပါတယ္။ တစ္ဖြဲ႔လံုးကေနျပီးေတာ့ စေနာက္ျပီး စကားႏိုင္လုယူဖို႔အတြက္ အျပည့္အ၀ေထာက္ခံမယ္ ဆိုရင္ေတာ့ အဖြဲ႔ထဲမွာ ရပ္တည္ဖို႔ရန္ လူတိုင္းအတြက္ ပိုျပီးခက္ခဲပါတယ္။
ဒါေၾကာင့္ ေက်ာင္းအတြင္း ကေလးတိုင္းကို ရမ္းကားစေနာက္ျခင္းနဲ႔ အႏိုင္က်င့္ျခင္းကို တားဆီးဖို႔နည္းလမ္းမ်ားကို သုေတသနပညာရွင္ေတြနဲ႔ စာေရးဆရာေတြက ေထာက္ျပထားပါတယ္။ သူတို႔ရဲ႕ၾကိဳးစားမႈက အရာထင္ေပမယ့္ တားဆီးဖို႔ နည္းလမ္းေတြကိုေတာ့ ေသေသခ်ာခ်ာ ထိန္းသိမ္းထားဖို႔ လိုအပ္ပါတယ္။ ဒီေတာ့ မိဘမ်ားအေနနဲ႔ေကာ ဘာေတြလုပ္ႏိုင္မလဲ။
မိဘေတြ ကေလးအနား ပတ္၀န္းက်င္မွာ မရွိတဲ့အခ်ိန္မွာ ကိုယ့္ကိုကိုယ္ ကာကြယ္တတ္ဖို႔အတြက္ စိတ္ခံစားခ်က္မ်ားနဲ႔ အႏိုင္က်င့္တဲ့ အျပဳအမူေတြကို ကေလးငယ္မ်ားကို အိမ္မွာေျပာျပထားသင့္ပါတယ္။ကိုယ့္ကေလး အႏိုင္က်င့္ မခံရေအာင္ ဒီအခ်က္ (၃)ခ်က္ကို မိဘမ်ားအေနနဲ႔ သိထားသင့္ပါတယ္။
၁) မိသားစုထဲမွာလည္း အႏိုင္က်င့္တဲ့အျပဳအမူေတြကိုမလုပ္ဖို႔ ပိတ္ပင္ထားရမယ္၊ နားလည္ရမယ္၊ သိရမယ္။
စေနာက္ျခင္းနဲ႔ အႏိုင္က်င့္ျခင္းက ရလာႏိုင္တဲ့ စိတ္ဒဏ္ရာ၊ စိတ္ခံစားခ်က္မ်ားကိုလည္း နားလည္ရမယ္။ ကေလးေတြ စကားစေျပာတတ္တဲ့အခ်ိန္ကစျပီး စိတ္ခံစားခ်က္ေတြကို သိျမင္နားလည္ႏိုင္တဲ့ အေလ့အက်င့္ေတြကို ေလ့က်င့္ထားေပးဖို႔က အေရးၾကီးတဲ့ အခ်က္ျဖစ္ေၾကာင္းကို နားလည္ထားပါ။ ကေလးေတြက သူတို႔ရဲ႕ကိုယ္ပိုင္ယံုၾကည္ခ်က္ေတြနဲ႔ ပတ္သက္ျပီး စေနာက္ခံရျပီးဆိုတာနဲ႔ ဒါမွမဟုတ္ ႏုိင္ထက္စီးနင္း ခံရျပီးဆိုတာနဲ႔ မိဘေတြကို သူတို႔ရဲ႕စိတ္ခံစားခ်က္ေတြ ေျပာျပဖို႔ လိုအပ္ေၾကာင္းကို နားလည္ထားပါေစ။
၂) စိတ္ဒဏ္ရာကို ျမန္ျမန္ေမ့ေပ်ာက္ဖို႔အတြက္ သင္ေပးထားပါ။
စိတ္ဒဏ္ရာေတြကို ျပန္လည္တံု႔ျပန္ႏိုင္ဖို႔အတြက္ စိတ္ဓါတ္ဖြံ႕ျဖိဳးတဲ့ ခံစားခ်က္ေရြးခ်ယ္ခ်က္မ်ားကို နားလည္ထားမယ္ဆိုလ်ွင္ ပိုျပီး စိတ္သက္သာရာရေစပါတယ္။ တကယ္လို႔အဲ့ဒီခံစားခ်က္ေတြကို မေရြးခ်ယ္ထားဘူးဆိုလ်ွင္ စေနာက္ခံရျခင္းနဲ႔ ႏိုင္ထက္စီးနင္းခံရျခင္းေၾကာင့္ ရထားတဲ့ စိတ္ဒဏ္ရာကို ျပန္လည္မွတ္မိလာျပီး ထိုခံစားခ်က္မ်ားက ငါတို႔ကိုယ္တိုင္ရဲ႕ ျပဳမူဆက္ဆံပံုနဲ႔ အတြင္းစိတ္ခံစားခ်က္အထိ လြမ္းမိုးခံေနရပါလိမ့္မယ္။ ဘ၀ရဲ႕ဒုကၡေတြကို ခါးစီး တံုျပန္ေနခ်ိန္မွာ အားေပးျပီး ေထာက္ခံခ်က္မ်ားမ်ားေပးေလေလ ကေလးေတြက စိတ္ဒဏ္ရာ၊ စိတ္ခံစားခ်က္ေတြကို ျမန္ျမန္ေမ့ေပ်ာက္ထားႏိုင္ေလေလပါပဲ။
၃) ကေလးေတြ အႏိုင္က်င့္ခံရတဲ့အခါမွာ အႏိုင္က်င့္မခံဖို႔အတြက္ တိုက္တြန္းထားပါ။
အႏိုင္က်င့္မခံရဖို႔အတြက္ဆိုရင္ အႏိုင္က်င့္တဲ့လူကို လူစြမ္းေကာင္းလုပ္ျပီး ျပန္တိုက္ခိုက္စရာမလိုပါဘူး။ အႏိုင္က်င့္တဲ့လူဘက္က ရပ္တည္ေနမယ့္အစား အႏိုင္က်င့္ခံရတဲ့လူနဲ႔ သူငယ္ခ်င္းအျဖစ္ရပ္တည္ေပးျခင္းက အေကာင္းဆံုး နည္းလမ္းျဖစ္ပါတယ္။ တစ္ျခားနည္းလမ္းကေတာ့ အႏိုင္က်င့္ေနျပီဆိုပါက ျပန္လည္တိုင္ၾကားရပါမယ္။ ဒါမွ ကေလးငယ္ေတြရဲ႕ ကိုယ္ပိုင္ပံုရိပ္ေတြမွာ ယံုၾကည္ခ်က္ သန္မာလာျပီး အားသာခ်က္ အျပည့္ျဖင့္ၾကင္နာတတ္တဲ့ ခံစားခ်က္မ်ားကို တည္ေဆာက္လာႏိုင္ဖို႔အတြက္ အႏိုင္က်င့္ျခင္းအျပဳအမူေတြကို ပိတ္ပင္တားဆီးထားရပါမယ္။
ဘာလို႔သူက ပစ္မွတ္ျဖစ္လာသလဲဆိုျပီေတာ့ ကေလးေတြကေမးပါလိမ့္မယ္။ အဓိကအခ်က္က ေၾကာက္ရြံ႕တဲ့ အမူအရာက အႏိုင္က်င့္ခံရဖို႔အတြက္ ပစ္မွတ္ျဖစ္တာပါ။ အႏိုင္က်င့္ခံရတာကို ဖံုးကြယ္ထားျပီးေနမယ္ဆိုရင္လည္း ကိုယ့္ကိုကိုယ္ အႏိုင္က်င့္မခံရေအာင္ မကာကြယ္ႏိုင္ပါဘူး။ အေကာင္းဆံုးကေတာ့ သားေကာင္မျဖစ္ေအာင္ ေရွာင္ထားႏိုင္ဖို႔က အလံုျခံဳဆံုးျဖစ္ပါတယ္။
Ref:yourtango 
http://www.trend.com.mm/2015/09/30/lifestyle-7759
................................................................................................

သင့်ကလေး အနိုင်ကျင့်ခံနေရပြီဆိုတာ သိတာနဲ့ မိဘတွေအနေနဲ့ ချက်ချင်း လုပ်ဆောင်သင့်တဲ့ အချက် (၃)ချက်

Zune 
ကလေးတိုင်း အနိုင်ကျင့်တာ ခံဖူးကြပါတယ်။ ကလေးတိုင်းက သူတို့ရဲ့ကြောက်စိတ်၊ အားငယ်စိတ်တွေကြောင့် အနိုင်ကျင့်ခံရတတ်ပါတယ်။ ဒါမှမဟုတ်ရင် သူတို့ ကိုယ်တိုင်က အနိုင်ကျင့်မခံရအောင် အနိုင်ကျင့်တတ်တဲ့ လူနဲ့ပေါင်းပြီး အပေါ်စီး အနိုင်ယူမယ်ဆိုတဲ့ ရပ်တည်ချက်တွေနဲ့ အခြားကလေးတွေကို အနိုင်ကျင့်တတ်ကြပါတယ်။
အနိုင်ကျင့်တယ်ဆိုတာကို ဘာကိုဆိုလိုတာလဲ။ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့လိုက်အနေနဲ့ အခြားတစ်ဦး တစ်ယောက်ကို ကိုယ်ထိလက်ရောက်နှောင့်ယှက်ခြင်း၊ စကားနဲ့နှောင့်ယှက်ခြင်း၊ စိတ်ဒဏ်ရာရအောင် စော်ကားနှောင့်ယှက်ခြင်း စတဲ့ လုပ်ရပ်အားလုံးကို ဆိုလိုတာပါ။ ကျားပေါက်စနှစ်ကောင် လုံးထွေးသတ်ပုတ်နေတဲ့ အမူအရာကို ချစ်စရာကောင်းတယ်လို့ ထင်ကြတယ်။ တကယ်တမ်းက အနိုင်ရဖို့အတွက် အခြားတစ်ယောက်ကို နာကျင်အောင်လုပ်ပြီး အနိုင်ကျင့်ခြင်းနဲ့ တူပါတယ်။ အနိုင်ယူတဲ့စိတ်က ဘဝမှာပြဿနာမျိုးစုံနဲ့ အခြားလူတွေကို အနိုင်ကျင့်လာတတ်ကြပါတယ်။
စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းဟာ အုပ်စုထဲမှာဖြစ်စေ ကျောင်းမှာဖြစ်စေ အသင်းအဖွဲ့မှာဖြစ်စေ မိသားစုထဲမှာဖြစ်စေ ဓလေ့တစ်ခုဖြစ်ပါတယ်။ ဥပမာပေးရမယ့်ဆိုရင်ဖြင့် ပညာရေး အသင်းအဖွဲ့များ၊ ကလပ်အဖွဲ့များနဲ့ အတတ်ပညာပိုင်းဆွေးနွေးကြတဲ့ အဖွဲ့တွေမှာ အဖြစ်များပါတယ်။ တစ်ဖွဲ့လုံးကနေပြီးတော့ စနောက်ပြီး စကားနိုင်လုယူဖို့အတွက် အပြည့်အဝထောက်ခံမယ် ဆိုရင်တော့ အဖွဲ့ထဲမှာ ရပ်တည်ဖို့ရန် လူတိုင်းအတွက် ပိုပြီးခက်ခဲပါတယ်။
ဒါကြောင့် ကျောင်းအတွင်း ကလေးတိုင်းကို ရမ်းကားစနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းကို တားဆီးဖို့နည်းလမ်းများကို သုတေသနပညာရှင်တွေနဲ့ စာရေးဆရာတွေက ထောက်ပြထားပါတယ်။ သူတို့ရဲ့ကြိုးစားမှုက အရာထင်ပေမယ့် တားဆီးဖို့ နည်းလမ်းတွေကိုတော့ သေသေချာချာ ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီတော့ မိဘများအနေနဲ့ကော ဘာတွေလုပ်နိုင်မလဲ။
မိဘတွေ ကလေးအနား ပတ်ဝန်းကျင်မှာ မရှိတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ဖို့အတွက် စိတ်ခံစားချက်များနဲ့ အနိုင်ကျင့်တဲ့ အပြုအမူတွေကို ကလေးငယ်များကို အိမ်မှာပြောပြထားသင့်ပါတယ်။ကိုယ့်ကလေး အနိုင်ကျင့် မခံရအောင် ဒီအချက် (၃)ချက်ကို မိဘများအနေနဲ့ သိထားသင့်ပါတယ်။
၁) မိသားစုထဲမှာလည်း အနိုင်ကျင့်တဲ့အပြုအမူတွေကိုမလုပ်ဖို့ ပိတ်ပင်ထားရမယ်၊ နားလည်ရမယ်၊ သိရမယ်။
စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းက ရလာနိုင်တဲ့ စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်များကိုလည်း နားလည်ရမယ်။ ကလေးတွေ စကားစပြောတတ်တဲ့အချိန်ကစပြီး စိတ်ခံစားချက်တွေကို သိမြင်နားလည်နိုင်တဲ့ အလေ့အကျင့်တွေကို လေ့ကျင့်ထားပေးဖို့က အရေးကြီးတဲ့ အချက်ဖြစ်ကြောင်းကို နားလည်ထားပါ။ ကလေးတွေက သူတို့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်တွေနဲ့ ပတ်သက်ပြီး စနောက်ခံရပြီးဆိုတာနဲ့ ဒါမှမဟုတ် နိုင်ထက်စီးနင်း ခံရပြီးဆိုတာနဲ့ မိဘတွေကို သူတို့ရဲ့စိတ်ခံစားချက်တွေ ပြောပြဖို့ လိုအပ်ကြောင်းကို နားလည်ထားပါစေ။
၂) စိတ်ဒဏ်ရာကို မြန်မြန်မေ့ပျောက်ဖို့အတွက် သင်ပေးထားပါ။
စိတ်ဒဏ်ရာတွေကို ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက် စိတ်ဓါတ်ဖွံ့ဖြိုးတဲ့ ခံစားချက်ရွေးချယ်ချက်များကို နားလည်ထားမယ်ဆိုလျှင် ပိုပြီး စိတ်သက်သာရာရစေပါတယ်။ တကယ်လို့အဲ့ဒီခံစားချက်တွေကို မရွေးချယ်ထားဘူးဆိုလျှင် စနောက်ခံရခြင်းနဲ့ နိုင်ထက်စီးနင်းခံရခြင်းကြောင့် ရထားတဲ့ စိတ်ဒဏ်ရာကို ပြန်လည်မှတ်မိလာပြီး ထိုခံစားချက်များက ငါတို့ကိုယ်တိုင်ရဲ့ ပြုမူဆက်ဆံပုံနဲ့ အတွင်းစိတ်ခံစားချက်အထိ လွမ်းမိုးခံနေရပါလိမ့်မယ်။ ဘဝရဲ့ဒုက္ခတွေကို ခါးစီး တုံပြန်နေချိန်မှာ အားပေးပြီး ထောက်ခံချက်များများပေးလေလေ ကလေးတွေက စိတ်ဒဏ်ရာ၊ စိတ်ခံစားချက်တွေကို မြန်မြန်မေ့ပျောက်ထားနိုင်လေလေပါပဲ။
၃) ကလေးတွေ အနိုင်ကျင့်ခံရတဲ့အခါမှာ အနိုင်ကျင့်မခံဖို့အတွက် တိုက်တွန်းထားပါ။
အနိုင်ကျင့်မခံရဖို့အတွက်ဆိုရင် အနိုင်ကျင့်တဲ့လူကို လူစွမ်းကောင်းလုပ်ပြီး ပြန်တိုက်ခိုက်စရာမလိုပါဘူး။ အနိုင်ကျင့်တဲ့လူဘက်က ရပ်တည်နေမယ့်အစား အနိုင်ကျင့်ခံရတဲ့လူနဲ့ သူငယ်ချင်းအဖြစ်ရပ်တည်ပေးခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ တစ်ခြားနည်းလမ်းကတော့ အနိုင်ကျင့်နေပြီဆိုပါက ပြန်လည်တိုင်ကြားရပါမယ်။ ဒါမှ ကလေးငယ်တွေရဲ့ ကိုယ်ပိုင်ပုံရိပ်တွေမှာ ယုံကြည်ချက် သန်မာလာပြီး အားသာချက် အပြည့်ဖြင့်ကြင်နာတတ်တဲ့ ခံစားချက်များကို တည်ဆောက်လာနိုင်ဖို့အတွက် အနိုင်ကျင့်ခြင်းအပြုအမူတွေကို ပိတ်ပင်တားဆီးထားရပါမယ်။
ဘာလို့သူက ပစ်မှတ်ဖြစ်လာသလဲဆိုပြီတော့ ကလေးတွေကမေးပါလိမ့်မယ်။ အဓိကအချက်က ကြောက်ရွံ့တဲ့ အမူအရာက အနိုင်ကျင့်ခံရဖို့အတွက် ပစ်မှတ်ဖြစ်တာပါ။ အနိုင်ကျင့်ခံရတာကို ဖုံးကွယ်ထားပြီးနေမယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ် အနိုင်ကျင့်မခံရအောင် မကာကွယ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ သားကောင်မဖြစ်အောင် ရှောင်ထားနိုင်ဖို့က အလုံခြုံဆုံးဖြစ်ပါတယ်။
Ref:yourtango 
http://www.trend.com.mm/2015/09/30/lifestyle-7759

No comments:

Post a Comment