Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 12, 2015

တင်ပါးကြီးတဲ့ အမျိုးသမီးတွေ ဆီးချိုရောဂါ ဖြစ်နိုင်ချေ နည်း



သစ်တော်သီးလို ခန္ဓာကိုယ်မျိုးရှိတဲ့ အမျိုးသမီးတွေဟာ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားဖို့အခွင့်အလမ်းနည်းစေတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

သစ်တော်သီး ခန္ဓာကိုယ်ဆိုတာဟာ တင်ပါး ကြီးတဲ့ အမျိုးသမီးတွေကို ဆိုလိုတာပါ။ ဒီလေ့လာမှုကဖော်ပြခဲ့တာကတော့ အဆီပါဝင်မှုများတဲ့ တင်ပါးကြီးကြီးတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ တင်ပါးသေးငယ်တဲ့ အမျိုးသမီး တွေထက်စာရင် ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်းနည်းစေတယ် ဆိုတာပါပဲ။

ဒါဟာ မွေးကတည်းက လက်ဆင့်ကမ်းပါလာခဲ့တဲ့ မျိုးရိုး ဗီဇ ဆိုင်ရာ ကွဲပြားခြားနား မှုကို ကျေးဇူးတင်ရမှာပါ။ ဖြစ်နိုင်ချေရှိတဲ့ မျိုးရိုးဗီဇကတော့ KLF14 ဖြစ်ပြီး ထို မျိုးရိုးဗီဇဟာ အဆီ သိုလှောင်တဲ့ ဆဲလ်တွေကို ကွဲပြားခြားနားစွာ လုပ်ဆောင်စေပြီး အမျိုးသမီးတွေရဲ့ တင်ပါး ပုံစံ အရွယ်အစားတွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

လေ့လာမှု က ပြသခဲ့တာကတော့ တင်ပါးကြီးတဲ့ အမျိုးသမီးတွေဟာ ထို မျိုးရိုးဗီဇ မှာ အဓိက အားဖြင့် ကွဲပြားခြားနားနေကြတယ်လို့ သိရပါတယ်။သုတေသီတွေ ထပ်မံ ရှာဖွေတွေ့ရှိခဲ့တာကတော့ KLF14 သက်ရောက်မှု တွေနဲ့ အဆီတစ်သျှူးတွေ ရဲ့ ရလဒ်ဟာ မိခင် ဆီက ရလာခဲ့တဲ့ မျိုးရိုးဗီဇ လက်ဆင့်ကမ်းမှု ဖြစ်တယ်ဆိုတာပါပဲ။

"ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဆင့်မှာဆိုရင် ထို မျိုးရိုးဗီဇ ကွဲပြားခြားနားမှုကြောင့်ဖြစ်တဲ့ အဆီသိုလှောင်ခြင်းတွေဟာ ကိုယ်အလေးချိန်ပေါ်မှာ ပြောင်းလဲသွားစေခြင်းမရှိပေမယ့် အမျိုးသမီးတွေရဲ့ တင်ပါး ပုံစံ အရွယ်အစားအပေါ်မှာတော့ သက်ရောက်မှု ရှိခဲ့ပါတယ်။" လို့ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Kerrin Small က ဆိုပါတယ်။

ဒီလေ့လာတွေ့ရှိမှုတွေကိုတော့ လူသားမျိုးရိုးဗီဇဆိုင်ရာ အမေရိကန် လူ့အဖွဲ့အစည်း ရဲ့ Baltimore မြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် အစည်းအဝေးပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror
..................................................................................

တင္ပါးကြီးတဲ့ အမိုးသမီးတြေ ဆီးခိုရောဂျါဖစ်နိုင်ခေ် နည်း

သစ်တော်သီးလို ခန္ဓာကိုယ္မိုးရွိတဲ့ အမိုးသမီးတြေဟာ ဆီးခိုသြေးခို ရောဂျါဖစ္ပြားဖို့အခြင့်အလမ်းနည်းစေတယ္လို့ သုတေသန အသစ္တစ္ခုက ဖော်ျပလိုက္ပါတယ်။

သစ်တော်သီး ခန္ဓာကိုယ္ဆိုတာဟာ တင္ပါး ကြီးတဲ့ အမိုးသမီးတြေကို ဆိုလိုတာပါ။ ဒီလေ့လာမှုကေဖာ်ျပခဲ့တာကေတာ့ အဆီပါဝင္မှုမ်ားတဲ့ တင္ပါးကြီးကြီးတြေ ပိုင္ဆိုင္ထားတဲ့ အမိုးသမီးတြေဟာ တင္ပါးသေးငယ္တဲ့ အမိုးသမီး တြေထက္စာရင် ဆီးခို ၊ သြေးခို ရောဂျါဖစ္ပြားဖို့ အခြင့်အလမ်းနည်းစေတယ် ဆိုတာပါပဲ။

ဒါဟာ မြေးကတည်းက လက္ဆင့်ကမ်းပါလာခဲ့တဲ့ မိုးရိုး ဗီဇ ဆိုင်ရာ ကျြဲပာျးခားနား မှုကို ကေ်းဇူးတင်ရမွာပါ။ျဖစ်နိုင်ခ်ေရွိတဲ့ မိုးရိုးဗီဇကေတာ့ KLF14ျဖစ်ပြီး ထို မိုးရိုးဗီဇဟာ အဆီ သိုလွောင္တဲ့ ဆဲလ်တြေကို ကျြဲပာျးခားနားစြာ လုပ်ဆောင်စေပြီး အမိုးသမီးတြေရဲ့ တင္ပါး ပုံစံ အရြယ်အစားတြေကျိုဖစ်ပေါ်စေတာပျဲဖစ္ပါတယ်။

လေ့လာမှု ကျပသခဲ့တာကေတာ့ တင္ပါးကြီးတဲ့ အမိုးသမီးတြေဟာ ထို မိုးရိုးဗီဇ မွာ အဓိက အာျးဖင့် ကျြဲပာျးခားနားနေကြတယ္လို့ သိရပါတယ်။သုတေသီတြေ ထပ္မံ ရွာဖြေတြ့ရွိခဲ့တာကေတာ့ KLF14 သက်ရောက္မှု တြေနဲ့ အဆီတစ်သွ်ူးတြေ ရဲ့ ရလဒ်ဟာ မိခင် ဆီက ရလာခဲ့တဲ့ မိုးရိုးဗီဇ လက္ဆင့်ကမ်းမျှုဖစ္တယ္ဆိုတာပါပဲ။

"ခန္ဓာကိုယ္တစ္ခုလုံးရဲ့ အဆင့်မွာဆိုရင် ထို မိုးရိုးဗီဇ ကျြဲပာျးခားနားမှုကြောင့်ျဖစ္တဲ့ အဆီသိုလွောင်ျခင်းတြေဟာ ကိုယ်ေအလးခိန်ပေါ်မွာျေပာင်းလဲသြားဈေခင်းမရွိပေမယ့် အမိုးသမီးတြေရဲ့ တင္ပါး ပုံစံ အရြယ်အစားအေပ်ါမွာတော့ သက်ရောက္မှု ရွိခဲ့ပါတယ်။" လို့ ထိုလေ့လာမှု ကို ဦးဆောင္ခဲ့တဲ့ ဒေါက္တာ Kerrin Small က ဆိုပါတယ်။

ဒီလေ့လာတြေ့ရွိမှုတြေကိုတော့ လူသားမိုးရိုးဗီဇဆိုင်ရာ အေမရိကန် လူ့အဖြဲ့အစည်း ရဲ့ Baltimore မြို့မျွာပုလုပ္ခဲ့တဲ့ နွစ္ပတ္လည် အစည်းအေ၀းပြဲမွာ ထုတ်ဖော်ျေပာကြားခဲ့ပါတယ်။

( Mario )

#သစ္ထူးလြင်(က်န်းမာရေး)
#health.thithtoolwin.com

Ref : Mirror

No comments:

Post a Comment