Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 22, 2015
ဆေးအဖြစ် အသုံးပြုပုံ-
ကျန်းမာရေးသတင်းများ
................................
အသည်းရောင်အသားဝါအတွက် သဘာဝဆေးနည်း
အသည်းရောင်၍ အသားဝါရောဂါဖြစ်နေသူများအတွက် ကျန်းမာရေးသတင်းများမှ သဘာဝဆေးနည်းတစ်မျိုးကို မျှဝေပေးချင်ပါတယ်။
မြန်မာ့ဆေးကျမ်းတွေထဲမှာ ကြက်ဟင်းခါပင်ဟာ အသီး၊ အရွက်၊ အနွယ်၊ အမြှစ် အားလုံးတို့ဟာ ဆေးဖက်တယ်လို့ ဆိုထားပါတယ်။
ကြက်ဟင်းခါးရွက်ကို အသည်းရောင်၍ အသားဝါနေသည့် ရောဂါအတွက် ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
ဆေးအဖြစ် အသုံးပြုပုံ-
-ကြက်ဟင်းခါးရွက် လက်တစ်ဆုပ်ခန့်ကို အရည်ညစ်ယူလိုက်ပါ။
-ဖန်းခါးသီး ၃လုံးခန့်ကို ကျိတ်၍ (ထောင်း၍) အရည်ညစ်ယူလိုက်ပါ။
-၄င်း အရည်နှစ်မျိုးကို ရောစပ်၍ ထမင်းစားဇွန်း တစ်ဇွန်းခန့် သောက်ပါ။
အရသာ အလွန်ခါးနေမည်။ ခါးလွန်း၍ မသောက်နိုင်လျှင် သဘာဝပျားရည်(မွေးပျားမဟုတ်) အနည်းငယ်ရောစပ်၍ သောက်နိုင်ပါသည်။ သကြားမထည့်ရပါ။ တစ်ပတ်ကို ၃ ကြိမ်၊ တစ်လခန့် သောက်ပါက ရောဂါသက်သာ ပျောက်ကင်းပါလိမ့်မည်။
အသည်းရောင်အသားဝါရောဂါဝေဒနာကို ခံစားသူဝေဒနာရှင်တိုင်း ရောဂါပျောက်ကင်း၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ ့နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်း၊ ဆေးဖက်ဝင်အပင်များ
ကျန်းမာရေးသတင်းများ
No comments:
Post a Comment