Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

ကန္ သံတမန္တို႔ အႏၱရာယ္ Hillary ရွင္းျပ

ရီပတ္ဘလစ္ကန္ေတြ ဦးေဆာင္တဲ့ ေအာက္ လႊတ္ေတာ္ ေကာ္မတီက ၾကားနာ စစ္ေဆးပြဲ တက္ေရာက္တဲ့ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္း Hillary Clinton။ (ေအာက္တိုဘာ ၂၂၊ ၂၀၁၅)
 အႏၱရာယ္မ်ားတဲ့ ကမာၻႀကီးကုိ ဦးေဆာင္ရာမွာ အေမရိကန္ ျပည္ေထာင္စု အေနနဲ႔ သံတမန္ေရး ႀကိဳးပမ္းမႈေတြကုိ သက္စြန္႔ဆံဖ်ား ဆက္လက္ႀကိဳးပမ္း သြားရမွာ ျဖစ္တဲ့အေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္း Hillary Clinton ကေျပာၾကားလုိက္ပါတယ္။ ၂၀၁၂ ခုႏွစ္က လစ္ဗ်ားႏုိင္ငံ ဘင္ဂါဇီၿမိဳ႕မွာ အေသအေပ်ာက္ေတြ ႀကံဳခဲ့ရတဲ့ အေမရိကန္ ေကာင္စစ္၀န္႐ုံး တုိက္ခုိက္ခံရမႈအတြက္ ရီပတ္ဘလစ္ကန္ေတြ ဦးေဆာင္တဲ့ ေအာက္လႊတ္ေတာ္ ေကာ္မတီတရပ္က ၾကားနာစစ္ေဆးရာမွာ ၀န္ႀကီးေဟာင္းက ေျပာၾကားသြားခဲ့တာပါ။

စက္တင္ဘာလ ၁၁ ရက္ေန႔ တုိက္ခုိက္မႈမျဖစ္ခင္နဲ႔ တုိက္ခုိက္ခံရၿပီး ေနာက္ပုိင္း ကာလေတြမွာ ၀န္ႀကီးေဟာင္းရဲ႕ အခန္းက႑နဲ႔ ပတ္သက္လုိ႔ ၾကာသပေတးေန႔က အခ်ိန္အေတာ္ၾကာ ေမးခြန္းေတြနဲ႔ ရင္ဆုိင္ခဲ့ရတဲ့ Mrs. Clinton ကေတာ့ သံအမတ္ႀကီး Christopher Stevens နဲ႔ ေနာက္ထပ္ အေမရိကန္ ၃ ေယာက္ ေသဆုံးခဲ့တဲ့ ကိစၥကုိ ထိန္းထိန္းသိမ္းသိမ္းနဲ႔ ေျဖၾကားသြားပါတယ္။

အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ အႏၱရာယ္မ်ားတဲ့ ကမာၻႀကီးကုိ ဦးေဆာင္ ရမွာျဖစ္သလုိ၊ အေမရိကန္ သံတမန္ေတြ အေနနဲ႔လည္း အႏၱရာယ္မ်ား တဲ့ ေနရာေတြမွာ အေမရိကန္ကုိ ဆက္လက္ ကုိယ္စားျပဳ တာ၀န္ယူၾကရမွာ ျဖစ္ တယ္လုိ႔လည္း ေျပာဆုိခဲ့တာပါ။ ၿပီးျပည့္စုံတဲ့ လုံၿခံဳေရးမ်ဳိးကုိ ဘယ္ေတာ့မွ ရႏုိင္မွာ မဟုတ္ဘူးလုိ႔လည္း ေျပာဆုိသြားပါတယ္။

အေမရိကန္ကုိ ကာကြယ္ဖုိ႔၊ အေမရိကန္ရဲ႕ အက်ဳိးစီးပြားနဲ႔ စံတန္ဘုိးေတြ ေရွ႕တန္းေရာက္ လာေစဖုိ႔ မလဲႊသာမေရွာင္သာ အႏၱရာယ္ေတြကုိ လည္း ရင္ဆုိင္ၾကရမွာ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။ စစ္ေသြးႂကြအျဖစ္ သံသယရွိသူေတြက ဗုံးေတြ၊ ေသနတ္ေတြ၊ ေမာ္တာေတြနဲ႔ အေမရိကန္ ေကာင္စစ္၀န္႐ုံး ကုိ က်ဳးေက်ာ္ တုိက္ခုိက္ခဲ့ၾကတဲ့ အတြက္ ကမာၻတ၀ွမ္းက အေမရိကန္ရဲ႕ ႀကိဳးပမ္းမႈေတြကုိ ေလွ်ာ့ခ်ပစ္လုိ႔ မျဖစ္ႏုိင္ဘူးလုိ႔လည္း ေျပာဆုိသြားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............

ရီပတ်ဘလစ်ကန်တွေ ဦးဆောင်တဲ့ အောက် လွှတ်တော် ကော်မတီက ကြားနာ စစ်ဆေးပွဲ တက်ရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton။ (အောက်တိုဘာ ၂၂၊ ၂၀၁၅)
 အန္တရာယ်များတဲ့ ကမ္ဘာကြီးကို ဦးဆောင်ရာမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ သံတမန်ရေး ကြိုးပမ်းမှုတွေကို သက်စွန့်ဆံဖျား ဆက်လက်ကြိုးပမ်း သွားရမှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကပြောကြားလိုက်ပါတယ်။ ၂၀၁၂ ခုနှစ်က လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့မှာ အသေအပျောက်တွေ ကြုံခဲ့ရတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုအတွက် ရီပတ်ဘလစ်ကန်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော် ကော်မတီတရပ်က ကြားနာစစ်ဆေးရာမှာ ၀န်ကြီးဟောင်းက ပြောကြားသွားခဲ့တာပါ။

စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်မှုမဖြစ်ခင်နဲ့ တိုက်ခိုက်ခံရပြီး နောက်ပိုင်း ကာလတွေမှာ ၀န်ကြီးဟောင်းရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ကြာသပတေးနေ့က အချိန်အတော်ကြာ မေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Mrs. Clinton ကတော့ သံအမတ်ကြီး Christopher Stevens နဲ့ နောက်ထပ် အမေရိကန် ၃ ယောက် သေဆုံးခဲ့တဲ့ ကိစ္စကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြေကြားသွားပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အန္တရာယ်များတဲ့ ကမ္ဘာကြီးကို ဦးဆောင် ရမှာဖြစ်သလို၊ အမေရိကန် သံတမန်တွေ အနေနဲ့လည်း အန္တရာယ်များ တဲ့ နေရာတွေမှာ အမေရိကန်ကို ဆက်လက် ကိုယ်စားပြု တာဝန်ယူကြရမှာ ဖြစ် တယ်လို့လည်း ပြောဆိုခဲ့တာပါ။ ပြီးပြည့်စုံတဲ့ လုံခြံုရေးမျိုးကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။

အမေရိကန်ကို ကာကွယ်ဖို့၊ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ စံတန်ဘိုးတွေ ရှေ့တန်းရောက် လာစေဖို့ မလွှဲသာမရှောင်သာ အန္တရာယ်တွေကို လည်း ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ စစ်သွေးကြွအဖြစ် သံသယရှိသူတွေက ဗုံးတွေ၊ သေနတ်တွေ၊ မော်တာတွေနဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး ကို ကျုးကျော် တိုက်ခိုက်ခဲ့ကြတဲ့ အတွက် ကမ္ဘာတဝှမ်းက အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို လျှော့ချပစ်လို့ မဖြစ်နိုင်ဘူးလို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment