Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

သက်တမ်း ၂၅ နှစ်ပြည့် ခဲ့တဲ့ Mr.Bean ဇာတ်ကောင်



ဟာသ သရုပ်ဆောင် Rowan Atkinson ဟာ သူ့ရဲ့ အအောင်မြင်ခဲ့ဆုံး ဇာတ်ရုပ်တစ်ခုဖြစ်တဲ့ Mr.Bean ဇာတ်ကောင် ရဲ့ သက်တမ်း ၂၅ နှစ်ပြည့် ကို ဂုဏ်ပြုတဲ့အနေနဲ့ စက်တင်ဘာ ၆ ရက်နေ့က လန်ဒန်မြို့ မှာရှိတဲ့ ဘက်ကင်ဟမ် နန်းတော်ကို Mr.Bean ဇာတ်ကောင်ပုံစံ နဲ့ သွားရောက်ခဲ့ပါတယ်။

Entertainment Weekly သတင်းဌာနက ဖော်ပြခဲ့တာကတော့ အသက် ၆၀ ရှိနေပြီဖြစ်တဲ့ Rowan Atkinson ဟာ Mr.Bean ဇာတ်ကောင်ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ၁၉၇၆ ခုနှစ်ထုတ် ဗြိတိန် Leyland Mini 1000 ဆိုတဲ့ ကားအသေးလေးကို မောင်းနှင်လာခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲဒီကားကို လည်း Mr.Bean ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုထဲကအတိုင်း ကားခေါင်မိုးပေါ်မှာဆိုဖာ ထိုင်ခုံ တစ်ခုကို တင်ပြီး တံမြက်စည်း နဲ့ ကြိုးတွေကို အသုံးပြုပြီး မောင်းနှင်လာတာပဲ ဖြစ်ပါတယ်။ ကားရဲ့ ဘေးဘက်မှာလည်း #MrBean25 လို့ ရေးသားထားပါသေးတယ်။

ထိုဗီဒီယို ကို YouTube မှာတင်ထားတဲ့အခါ ကြည့်ရှုတဲ့အကြိမ်အရေအတွက် ၃၂၀,၀၀၀ ရှိခဲ့ပြီး Rowan Atkinson မောင်းနှင်လာတဲ့ကားကိုတော့ ရဲတွေကို မော်တော်ဆိုင်ကယ်တွေနဲ့ ရှေ့ပြေး အဖြစ် လမ်းပြခေါ်ဆောင်လာခဲ့ပြီး လမ်းမ ဘေးတစ်ဖက် တစ်ချက်က ကြည့်ရှုသူတွေကတော့ သူတို့ရဲ့ ဖုန်းတွေနဲ့ မှတ်တမ်းတင်နေတာကိုတွေ့ရမှာပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment