Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

ဂျိုလီ ရဲ့ အသက် ၂၀ အရွယ်က ၀တ်လစ်စလစ် ဓါတ်ပုံကို ရောင်းချ



၁၉၉၅ ခုနှစ်က ရိုက်ကူးထားတဲ့ ဟောလီးဝုဒ် မင်းသမီး Angelina Jolie ရဲ့ ၀တ်လစ်စလစ် ဓါတ်ပုံကို လန်ဒန် မြို့က ပြခန်းတစ်ခုမှာ ရောင်းချဖို့ ပြသထားတာ ကိုတွေ့ရပါတယ်။ ထို ဓါတ်ပုံကို ရိုက်ကူးစဉ်က ဂျိုလီ ဟာ အသက် ၂၀ ပဲ ရှိပါသေးတယ်။

ထို ဓါတ်ပုံ ကို ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံ ဆရာ ကတော့ Kate Garner ဖြစ်ပြီး ထို ဓါတ်ပုံကို Zebra One ဓါတ်ပုံ ပြခန်းမှာ ဒေါ်လာ ၂၈၈၀ နဲ့ ၀ယ်ယူ ရရှိ နိုင်မှာ ဖြစ်ပါတယ်။

ထို ဓါတ်ပုံထဲမှာတော့ Angelina Jolie ဟာ သူမ ရဲ့ ဒူးခေါင်းတွေနဲ့ တစ်ကိုယ်လုံးကို ကာကွယ်ထားပြီး ခြေကျင်းဝတ်မှာ ဖဲကြိုးနဲ့ချည်ထားပြီး သူမ ကိုယ်တိုင်ကတော့ Garner ရဲ့ ကင်မရာ မှန်ဘီလူး ကို စိုက်ကြည့်နေခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျိုလီ ဟာ အသစ်ထွက်မယ့် "By The Sea" ဆိုတဲ့ ရုပ်ရှင်ကို သူမ ရဲ့ ခင်ပွန်းဖြစ်သူ Brad Pitt နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ ထို ဇာတ်လမ်းကိုတော့ ဂျိုလီ ကိုယ်တိုင်ပဲ ဒါရိုက်တာ အဖြစ် ရိုက်ကူထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment