Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

အကုသိုလ္ျဖစ္တာမ်ိဳးေတြသာ ေတြေန႔ရတဲ့ ေ့ဖစ္ဘြတ္ခ္ကုိ မသံုးျဖစ္ေတာ့ပဲ Instagram သာ သံုးျဖစ္တယ္လုိ႕ ဆုိလာတဲ့ ၀တ္မႈန္ေရႊရည္

၂၀၁၅ ထဲမွာ ကားၾကီးေတြကို စီစစ္ေရြးခ်ယ္ၿပီးရုိက္ျဖစ္တဲ့ ၀တ္မႈန္ေရႊရည္က သံုးကားသာ ရုိက္ကူးထားၿပီး ကားၾကီးအေနနဲ႕ထပ္ရုိက္ဖုိ႕လက္ခံထားတာေတြ ရွိေသးသလို ၀တ္မႈန္ေရႊရည္ Collection မွာလဲ လူတန္းစားမေရြး ၀ယ္ယူႏုိင္မဲ့ ပစၥည္းသစ္တစ္ခုကို ၂၀၁၅ ထဲမွာ ထုတ္ဖို႕ရွိေသးတယ္လို႕ ဆုိလာပါတယ္။ လက္ရွိမွာေတာ့ ေဇရဲထက္နဲ႕ ၀ိဥာဥ္ကားတစ္ကားကို ရုိက္ကူးေနတယ္လို႕သိရတာေၾကာင့္ သူမရွိရာ ရႈတင္သို႕သြားေရာက္ေတြ႕ဆံုေမးျမန္းျဖစ္တဲ့အခါ

-အခုရုိက္တဲ့ ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

ဒီေန႕ရုိက္တဲ့ကားေလးကေတာ့ ၀ိဥာဥ္ဆန္ဆန္ဇာတ္ေလးပါပဲ။ ကစ္ကေတာ့ သာမာန္မိန္းကေလးေပါ့။ ဒါေပမဲ့ ေကာင္မေလးက အၾကားအျမင္နဲ႕ေဗဒင္တြက္ၾကည့္တဲ့အခါမွာ ေသေန႕ေစ့ေနတဲ့ အတြက္ေၾကာင့္မို႕လို႕ သူ႕အိမ္ကေယာက်ာ္းေပးစားၿပီးေတာ့ သူ႕ရဲ႕သက္တမ္းကို ဆြဲဆန္႕တာေပါ့။ အဲ့ဒီမွာ ေကာင္မေလးက မ်က္ၾကည္လႊာခြဲၿပီးတဲ့ေနာက္ပိုင္းမွာ ကုိယ္မျမင္ရတဲ့ ၀ိဥာဥ္ေလာကမွာရွိတဲ့အရာေတြကို ျမင္ရတာေပါ့။

-ကစ္က အေရွ႕မွာလဲ ၀ိဥာဥ္ကားေလးေတြ အရုိက္မ်ားတယ္ေနာ္။ အျပင္ေလာကမွာေရာ ၀ိဥာဥ္ေတြဘာေတြကို အယံုအၾကည္ရွိလား။

ရွိပါတယ္။ ကုိယ္မျမင္ရတဲ့ေလာကမွာ ရွိမွာေပါ့ေနာ္။

-ကစ္ဒီကားၿပီးရင္ေရာ ဘာကားေတြလက္ခံထားတာရွိဦးမလဲ။

ဗီဒီယိုကေတာ့ ဒီကားၿပီးရင္ မရွိေတာ့ဘူး။ လက္ခံထားတာက ရုပ္ရွင္ကားၾကီးေတြကေတာ့ ရွိေသးတယ္။

-၂၀၁၅ထဲမွာကားၾကီးဘယ္ႏွစ္ကားရုိက္ျဖစ္လဲ။

သံုးကားပဲ ရုိက္ရပါေသးတယ္။

-အဲ့ဒါဆို ဒီႏွစ္ထဲမွာ ကစ္ကားၾကီးအေနနဲ႕ ရုိက္တာနည္းတယ္လို႕ေျပာလို႕ရလား။

အမွန္အတိုင္းေျပာရရင္ နည္းပါတယ္။ ဘာလို႕လဲဆုိေတာ့ ကစ္အေနနဲ႕က ရုပ္ရွင္ကားကို စီစစ္လိုက္တဲ့ သေဘာပဲေပါ့။ ကစ္ ကို ဆယ္ကားလာေပးရင္ ႏွစ္ကားေလာက္ပဲရုိက္ျဖစ္ေတာ့တယ္။

-အေရွ႕မွာ ကစ္ကုိစိုင္းနဲ႕ကားၾကီးတစ္ကားကို cancel လုပ္လုိက္တာေတြ႕ရတယ္။ အဲ့ဒီအေၾကာင္းေလးကိုလဲေျပာျပေပးပါဦး။

အဲ့ဒီကားကေျပာရရင္ အေၾကာင္းအရင္းေတြအမ်ားၾကီးပါပဲ။ အရွည္ၾကီးပါပဲ။ ကစ္မၾကိဳက္လို႕လဲ မဟုတ္ပါဘူး။ ဇာတ္ညႊန္းထဲကအတိုင္း ၀တၳဳထဲက အတိုင္း ဇာတ္ညႊန္းခြဲတာ မဟုတ္တဲ့ ျပသနာကစတာေပါ့။

-တျခားမင္းသမီးေတြ အဲ့ဒီလိုတစ္ခါမွမျဖစ္ၾကဘူး။ ကစ္ က်မွထူးထူးျခားျခားစျဖစ္တယ္ေနာ္။

ဟုတ္ ကစ္လဲ ထူးထူးျခားျခားျဖစ္လုိ႕အံ့ၾသေနတာ။ ကစ္ဘ၀မွာလဲ ဒါပထမဦးဆံုးျဖစ္ဖူးတာပဲ။

-ေနာက္ကားေတြမွာေရာ ကာရုိက္တာပိုင္းနဲ႕ပတ္သက္ၿပီး ဘယ္လိုမ်ိဳးေလးေရြးခ်ယ္စိစစ္သြားမလဲ။

ကစ္လဲ တတ္ႏုိင္သေလာက္ေတာ့ေရြးေနတာေပါ့။ ဒါေပမဲ့ အခုကဘာျဖစ္လဲဆုိေတာ့ ဇာတ္ကားေတြ အမ်ားၾကီးရုိက္ထားတာလဲရွိတယ္။ ဒီအႏုပညာေလာကထဲမွာ ရုိက္ေနၾကတဲ့ ဇာတ္ေတြကလဲအမ်ားၾကီးပဲ။ ဇာတ္ေတြက တျဖည္းျဖည္းနဲ႕ရုိက္တာမ်ားလာတဲ့အခါမွာ ထပ္လာတာမ်ိဳးေတြ၊ တူတာမ်ိဳးေတြ ဥပမာ ကိုယ္မဟုတ္ရင္ေတာင္ တျခားမင္းသမီးမင္းသား ရုိက္ထားတာမ်ိဳးေတြက ကိုယ္နဲ႕ခပ္ဆင္ဆင္ျဖစ္ေနတတ္တယ္။ အဲ့ဒီအေပၚမွာ ဘာျဖစ္လဲဆုိေတာ့ ကစ္တုိ႕မွာ မရုိက္ရေသးတဲ့ ဇာတ္လမ္းေတြ၊ မရုိက္ျဖစ္ေသးတဲ့ ဇာတ္လမ္းေတြ ကာရုိက္တာေတြလဲ အမ်ားၾကီးက်န္ပါေသးတယ္။ ဇာတ္ကားတစ္ကားရုိက္ဖို႕ဆုိတာလဲ ကိုယ္ရုိက္ဖို႕အခြင့္အေရးလဲရဦးမွ အေၾကာင္းအရင္း တုိက္ဆိုင္မွ ရုိက္ရတာမ်ိဳးေတြလဲ ရွိတယ္ေလ။ အားလံုး၀ိုင္းတုိင္ပင္ၿပီးၾကိဳးစားမွလဲျဖစ္မွာဆိုေတာ့ အဲ့ဒီလိုျဖစ္ဖုိ႕လဲေမွ်ာ္လင့္ေနတယ္။ ကုိယ္ရိုက္မဲ့ဒါရုိက္တာ၊ မင္းသားနဲ႕စုစုစည္းစည္းေလးေလး တိုင္ပင္ဖို႕၊ ညွိႏိႈင္းဖို႕ေတြလဲရွိပါတယ္။

-ကစ္ ရဲ႕ collection ပစၥည္းေလးေတြ အသစ္ထပ္ထုတ္ဖုိ႕ရွိတယ္လို႕လဲၾကားတယ္။

ဟုတ္ရွိပါတယ္။ အခုေလာေလာဆယ္က စီစဥ္ေနတုန္းပါပဲ။ တကယ္စထုတ္ၿပီဆုိ ကစ္ေျပာပါ့မယ္။

-အေရွ႕ကထုတ္ထားတဲ့ပစၥည္းေလးေတြဆုိလဲ Quality အရမ္းေကာင္းတယ္။ ဒါေပမဲ့ေစ်းအေနအထားက တခ်ိဳ႕မ၀ယ္ႏုိင္တဲ့ အေနအထားေလးေတြလဲရွိေတာ့ သူတို႕အတြက္ေရာ ကစ္ဘယ္လိုေလးစဥ္းစားထားလဲ။

-အားလံုးနဲ႕Fair ျဖစ္မဲ့ေစ်း၊ အားလံုး၀ယ္ႏုိင္ေလာက္မဲ့ေစ်းတစ္ခုေပါ့။ ဘာ့ေၾကာင့္လဲဆိုေတာ့ ကစ္က ကစ္ထုတ္တဲ့ Product ကို ကြာလတီေကာင္းေကာင္းလုပ္တယ္။ အမွန္အတိုင္းေျပာရင္ အက်ိဳးအျမတ္ကုိ အဓိကမထားပါဘူး။ ပရိသတ္ေတြအတြက္ အမွတ္တရလဲျဖစ္ေစခ်င္တဲ့ အတြက္ေၾကာင့္မို႕လို႕ ကြာလတီကို ေကာင္းေကာင္းလုပ္ပါတယ္။ ကြာလတီေကာင္းေကာင္းလုပ္တဲ့အေပၚမွာ တခ်ိဳ႕၀ယ္ႏုိင္တဲ့သူနဲ႕မ၀ယ္ႏုိင္တဲ့သူနဲ႕ကြဲသြားတာေပါ့။ ဒါေပမဲ့ ေစ်းကို အားလံုး၀ယ္ႏုိင္မဲ့ ေစ်း နဲ႕ထုတ္ႏုိင္မဲ့ပစၥည္း လူမ်ားစုသံုးႏုိင္မဲ့၀ယ္ႏုိင္မဲ့ေစ်းနဲ႕ လုပ္လုိ႕ရမဲ့ ပစၥည္းကို ထုတ္ဖို႕ရွိပါတယ္။ ပစၥည္းေပၚမွာေတာ့ မူတည္တာေပါ့ေနာ္။ ဒီႏွစ္ထဲမွာျဖစ္ဖုိ႕မ်ားပါတယ္။

-အႏုပညာရွင္ေတြေတာ္ေတာ္မ်ားမ်ားအေနနဲ႕လူမႈကြန္ယက္ကေန စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ တုိက္ခုိက္တာမ်ိဳးေတြ အမ်ားဆံုးၾကံဳရတယ္ေပါ့။ ညီမေလးအေနနဲ႕ေရာ အဲ့ဒီလိုမ်ိဳးၾကံဳရတာေတြေရာရွိလား။

ကစ္ကေတာ့ အျမဲတမ္းၾကံဳေနရတာပဲ။ ေဖ့စ္ဘုတ္က သိတဲ့အတိုင္းပဲေလ။ ဒါေပမဲ့ေဖ့စ္ဘုတ္ဆိုတာကလဲ အတည္ျပဳလို႕မရပါဘူး။ ေဖ့စ္ဘုတ္ဆိုတာကျမန္မာႏုိင္ငံနဲ႕ၾကည့္မယ္ဆုိရင္သံုးတဲ့သူက အရမ္းနည္းတယ္။ တစ္ႏုိင္ငံလံုး အေနအထားမဟုတ္ဘူး။ ေဖ့စ္ဘုတ္သံုးေနတဲ့သူေတြက တခ်ိဳ႕ကလဲ တကယ္ကုိ အလုပ္အတြက္ သံုးေနတာမ်ိဳးေတြ၊ ေၾကာ္ျငာအတြက္သံုးေနတာမ်ိဳးေတြလဲရွိတယ္။ တခ်ိဳ႕က်ေတာ့လဲ ဘာအလုပ္အတြက္မွမဟုတ္ပဲ သူမ်ားကုိေစာ္ကားၿပီး ထုိင္ဆဲဖို႕အတြက္ သီးသန္႕သံုးတာမ်ိဳးလဲရွိတယ္။ အဲ့ဒီအေပၚမွာေတာ့ ခံစားခ်က္မရွိဘူး။ ဒါကိုလဲ သြားၿပီးခံစားေနလို႕မရဘူး။ တျဖည္းျဖည္းနဲ႕သံုးေနတဲ့သူေတြသိလာမွာပဲ။ အခုမွစသံုးတဲ့သူေတြကေတာ့ သိခ်င္မွသိမယ္။ သံုးတာၾကာလာတာနဲ႕အမွ် သိလာမယ္။ တခ်ိဳ႕ Page ေတြဆိုလဲရွိတယ္။ သူတို႕နာမည္ၾကီးခ်င္လို႕သူတို႕ like မ်ားခ်င္လို႕လူစိတ္၀င္စားေအာင္ လုပ္ၾကံဖန္တီးတာမ်ိဳးေတြ ရွိတယ္။ အခုဆိုရင္ကစ္နဲ႕ အလုပ္တြဲလုပ္ေနတဲ့မင္းသားဆိုရင္လဲ သူဆိုရင္လဲ မ်ိဳးစံု နာမည္ဖ်က္ခံရတယ္။ တုိက္ခုိက္ခံရတယ္။ အဲ့ဒီရဲ႕ဆိုးက်ိဳးက ဘာလဲဆုိေတာ့ ကစ္ကေတာ့ေျပာပါတယ္။ အဲ့ဒီကကဖြတာေပါ့။ ဖြတယ္ဆုိကတည္းက နာမည္ၾကီးေနတဲ့ သူကုိပဲ အသံုးခ်ၿပီးဖြမွာေပါ့။ မင္းသားမင္းသမီးကို ခုတံုးလုပ္ၿပီးဖြတာေပါ့။ ေဖ့စ္ဘုတ္က မသံုးရင္ေတာ့ေကာင္းတယ္။ သံုးရင္ေတာ့ အကုသိုလ္ျဖစ္တာမ်ိဳးေတြေတြ႕ရတာေပါ့။ ဘလိုင္းၾကီး လူလဲမျမင္ပဲ ထုိင္ဆဲေနတာမ်ိဳးေတြလဲ ရွိေတာ့ေလ။ အခုကစ္ဆုိ ေဖ့စ္ဘုတ္ကုိ သံုးကုိမသံုးေတာ့ဘူး။ Fanpage ပဲသံုးတယ္။ မရွိေတာ့လဲ ဘာမွျဖစ္မသြားဘူး။ ေဖ့စ္ဘုတ္မသံုးေတာ့ စိတ္ကသိကေအာက္ေတာ့မျဖစ္ေတာ့ဘူးေပါ့။ တခါတေလက်ေတာ့လဲ ကိုယ့္ကုိမဟုတ္ပဲနဲ႕ေျပာေနတာမ်ိဳးေတြရွိတယ္။ အဲ့ဒီလိုမ်ိဳးဆုိ ကစ္ကမေျဖရွင္းဘူး။ ေျဖရွင္းစရာမလိုဘူးလို႕လဲထင္တယ္။ ေဖ့စ္ဘုတ္ဆိုတာ ေကာင္းတာေတြရွိသလို မေကာင္းတာေတြလဲရွိတယ္။ ပရိသတ္အတြက္ ကုိယ္ဘာလုပ္ေနလဲဆိုတာကုိေျပာျပခ်င္ရင္ေတာ့ေကာင္းတယ္။ က်န္တာကေတာ့ ဆဲေနတာပဲေတြ႕ေနရတယ္။ အဲ့ဒီမွာမွ လူေတြရဲ႕စိတ္ဓာတ္ကို ျမင္လာရတယ္။ တခ်ိဳ႕ေတြကိုေျပာတာပါ။ အားလံုးကိုမရည္ရြယ္ပါဘူး။ တိုက္ခုိက္ခံရလားဆုိေတာ့ တိုက္ခုိက္ခံရလဲေခါင္းထဲ မထည့္ဘူး။ ကိုယ့္ကိုခ်စ္တဲ့သူရွိသလို မုန္းတဲ့သူလဲရွိမွာပဲ။ ကိုယ့္ကိုခ်စ္တဲ့ ကိုယ့္ပရိသတ္အတြက္ မွန္မွန္ကန္ကန္လုပ္ေနတယ္။ အဲ့ဒီအတြက္ကိုယ့္လိပ္ျပာကိုယ္လံုတယ္။ က်န္တာကေတာ့ ဘယ္သူပဲ ဘာေျပာေျပာေခါင္းထဲမထည့္ဘူး။ ကစ္ေဖ့စ္ဘုတ္ မသံုးဘူး။ Personal account လံုး၀ မသံုးဘူး။ ဒါေပမဲ့ Instagram ေတာ့သံုးတယ္။ Instagram ကေတာ့ အေႏွာင့္အယွက္ကင္းတယ္။ ထုိင္ဆဲေနတဲ့သူေတြလဲ မရွိဘူး။ Instagram သံုးရတာ စိတ္ခ်မ္းသာတယ္။ သူက Privacy ရွိတယ္လို႕ ခံစားရတယ္။

-လက္ရွိအခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။

အခ်စ္ေရးကိုေတာ့ မေျဖေပးပါဘူး ။

trend myanmar
.......................................
အကုသိုလ်ဖြစ်တာမျိုးတွေသာ တွေနေ့ရတဲ့ ေ့ဖစ်ဘွတ်ခ်ကို မသုံးဖြစ်တော့ပဲ Instagram သာ သုံးဖြစ်တယ်လို့ ဆိုလာတဲ့ ၀တ်မှုန်ရွှေရည်

၂၀၁၅ ထဲမှာ ကားကြီးတွေကို စီစစ်ရွေးချယ်ပြီးရိုက်ဖြစ်တဲ့ ၀တ်မှုန်ရွှေရည်က သုံးကားသာ ရိုက်ကူးထားပြီး ကားကြီးအနေနဲ့ထပ်ရိုက်ဖို့လက်ခံထားတာတွေ ရှိသေးသလို ၀တ်မှုန်ရွှေရည် Collection မှာလဲ လူတန်းစားမရွေး ၀ယ်ယူနိုင်မဲ့ ပစ္စည်းသစ်တစ်ခုကို ၂၀၁၅ ထဲမှာ ထုတ်ဖို့ရှိသေးတယ်လို့ ဆိုလာပါတယ်။ လက်ရှိမှာတော့ ဇေရဲထက်နဲ့ ၀ိဉာဉ်ကားတစ်ကားကို ရိုက်ကူးနေတယ်လို့သိရတာကြောင့် သူမရှိရာ ရှုတင်သို့သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်တဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ဒီနေ့ရိုက်တဲ့ကားလေးကတော့ ၀ိဉာဉ်ဆန်ဆန်ဇာတ်လေးပါပဲ။ ကစ်ကတော့ သာမာန်မိန်းကလေးပေါ့။ ဒါပေမဲ့ ကောင်မလေးက အကြားအမြင်နဲ့ဗေဒင်တွက်ကြည့်တဲ့အခါမှာ သေနေ့စေ့နေတဲ့ အတွက်ကြောင့်မို့လို့ သူ့အိမ်ကယောကျာ်းပေးစားပြီးတော့ သူ့ရဲ့သက်တမ်းကို ဆွဲဆန့်တာပေါ့။ အဲ့ဒီမှာ ကောင်မလေးက မျက်ကြည်လွှာခွဲပြီးတဲ့နောက်ပိုင်းမှာ ကိုယ်မမြင်ရတဲ့ ၀ိဉာဉ်လောကမှာရှိတဲ့အရာတွေကို မြင်ရတာပေါ့။

-ကစ်က အရှေ့မှာလဲ ၀ိဉာဉ်ကားလေးတွေ အရိုက်များတယ်နော်။ အပြင်လောကမှာရော ၀ိဉာဉ်တွေဘာတွေကို အယုံအကြည်ရှိလား။

ရှိပါတယ်။ ကိုယ်မမြင်ရတဲ့လောကမှာ ရှိမှာပေါ့နော်။

-ကစ်ဒီကားပြီးရင်ရော ဘာကားတွေလက်ခံထားတာရှိဦးမလဲ။

ဗီဒီယိုကတော့ ဒီကားပြီးရင် မရှိတော့ဘူး။ လက်ခံထားတာက ရုပ်ရှင်ကားကြီးတွေကတော့ ရှိသေးတယ်။

-၂၀၁၅ထဲမှာကားကြီးဘယ်နှစ်ကားရိုက်ဖြစ်လဲ။

သုံးကားပဲ ရိုက်ရပါသေးတယ်။

-အဲ့ဒါဆို ဒီနှစ်ထဲမှာ ကစ်ကားကြီးအနေနဲ့ ရိုက်တာနည်းတယ်လို့ပြောလို့ရလား။

အမှန်အတိုင်းပြောရရင် နည်းပါတယ်။ ဘာလို့လဲဆိုတော့ ကစ်အနေနဲ့က ရုပ်ရှင်ကားကို စီစစ်လိုက်တဲ့ သဘောပဲပေါ့။ ကစ် ကို ဆယ်ကားလာပေးရင် နှစ်ကားလောက်ပဲရိုက်ဖြစ်တော့တယ်။

-အရှေ့မှာ ကစ်ကိုစိုင်းနဲ့ကားကြီးတစ်ကားကို cancel လုပ်လိုက်တာတွေ့ရတယ်။ အဲ့ဒီအကြောင်းလေးကိုလဲပြောပြပေးပါဦး။

အဲ့ဒီကားကပြောရရင် အကြောင်းအရင်းတွေအများကြီးပါပဲ။ အရှည်ကြီးပါပဲ။ ကစ်မကြိုက်လို့လဲ မဟုတ်ပါဘူး။ ဇာတ်ညွှန်းထဲကအတိုင်း ၀တ္ထုထဲက အတိုင်း ဇာတ်ညွှန်းခွဲတာ မဟုတ်တဲ့ ပြသနာကစတာပေါ့။

-တခြားမင်းသမီးတွေ အဲ့ဒီလိုတစ်ခါမှမဖြစ်ကြဘူး။ ကစ် ကျမှထူးထူးခြားခြားစဖြစ်တယ်နော်။

ဟုတ် ကစ်လဲ ထူးထူးခြားခြားဖြစ်လို့အံ့သြနေတာ။ ကစ်ဘဝမှာလဲ ဒါပထမဦးဆုံးဖြစ်ဖူးတာပဲ။

-နောက်ကားတွေမှာရော ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလေးရွေးချယ်စိစစ်သွားမလဲ။

ကစ်လဲ တတ်နိုင်သလောက်တော့ရွေးနေတာပေါ့။ ဒါပေမဲ့ အခုကဘာဖြစ်လဲဆိုတော့ ဇာတ်ကားတွေ အများကြီးရိုက်ထားတာလဲရှိတယ်။ ဒီအနုပညာလောကထဲမှာ ရိုက်နေကြတဲ့ ဇာတ်တွေကလဲအများကြီးပဲ။ ဇာတ်တွေက တဖြည်းဖြည်းနဲ့ရိုက်တာများလာတဲ့အခါမှာ ထပ်လာတာမျိုးတွေ၊ တူတာမျိုးတွေ ဥပမာ ကိုယ်မဟုတ်ရင်တောင် တခြားမင်းသမီးမင်းသား ရိုက်ထားတာမျိုးတွေက ကိုယ်နဲ့ခပ်ဆင်ဆင်ဖြစ်နေတတ်တယ်။ အဲ့ဒီအပေါ်မှာ ဘာဖြစ်လဲဆိုတော့ ကစ်တို့မှာ မရိုက်ရသေးတဲ့ ဇာတ်လမ်းတွေ၊ မရိုက်ဖြစ်သေးတဲ့ ဇာတ်လမ်းတွေ ကာရိုက်တာတွေလဲ အများကြီးကျန်ပါသေးတယ်။ ဇာတ်ကားတစ်ကားရိုက်ဖို့ဆိုတာလဲ ကိုယ်ရိုက်ဖို့အခွင့်အရေးလဲရဦးမှ အကြောင်းအရင်း တိုက်ဆိုင်မှ ရိုက်ရတာမျိုးတွေလဲ ရှိတယ်လေ။ အားလုံးဝိုင်းတိုင်ပင်ပြီးကြိုးစားမှလဲဖြစ်မှာဆိုတော့ အဲ့ဒီလိုဖြစ်ဖို့လဲမျှော်လင့်နေတယ်။ ကိုယ်ရိုက်မဲ့ဒါရိုက်တာ၊ မင်းသားနဲ့စုစုစည်းစည်းလေးလေး တိုင်ပင်ဖို့၊ ညှိနှိုင်းဖို့တွေလဲရှိပါတယ်။

-ကစ် ရဲ့ collection ပစ္စည်းလေးတွေ အသစ်ထပ်ထုတ်ဖို့ရှိတယ်လို့လဲကြားတယ်။

ဟုတ်ရှိပါတယ်။ အခုလောလောဆယ်က စီစဉ်နေတုန်းပါပဲ။ တကယ်စထုတ်ပြီဆို ကစ်ပြောပါ့မယ်။

-အရှေ့ကထုတ်ထားတဲ့ပစ္စည်းလေးတွေဆိုလဲ Quality အရမ်းကောင်းတယ်။ ဒါပေမဲ့စျေးအနေအထားက တချို့မဝယ်နိုင်တဲ့ အနေအထားလေးတွေလဲရှိတော့ သူတို့အတွက်ရော ကစ်ဘယ်လိုလေးစဉ်းစားထားလဲ။

-အားလုံးနဲ့Fair ဖြစ်မဲ့စျေး၊ အားလုံးဝယ်နိုင်လောက်မဲ့စျေးတစ်ခုပေါ့။ ဘာ့ကြောင့်လဲဆိုတော့ ကစ်က ကစ်ထုတ်တဲ့ Product ကို ကွာလတီကောင်းကောင်းလုပ်တယ်။ အမှန်အတိုင်းပြောရင် အကျိုးအမြတ်ကို အဓိကမထားပါဘူး။ ပရိသတ်တွေအတွက် အမှတ်တရလဲဖြစ်စေချင်တဲ့ အတွက်ကြောင့်မို့လို့ ကွာလတီကို ကောင်းကောင်းလုပ်ပါတယ်။ ကွာလတီကောင်းကောင်းလုပ်တဲ့အပေါ်မှာ တချို့ဝယ်နိုင်တဲ့သူနဲ့မဝယ်နိုင်တဲ့သူနဲ့ကွဲသွားတာပေါ့။ ဒါပေမဲ့ စျေးကို အားလုံးဝယ်နိုင်မဲ့ စျေး နဲ့ထုတ်နိုင်မဲ့ပစ္စည်း လူများစုသုံးနိုင်မဲ့ဝယ်နိုင်မဲ့စျေးနဲ့ လုပ်လို့ရမဲ့ ပစ္စည်းကို ထုတ်ဖို့ရှိပါတယ်။ ပစ္စည်းပေါ်မှာတော့ မူတည်တာပေါ့နော်။ ဒီနှစ်ထဲမှာဖြစ်ဖို့များပါတယ်။

-အနုပညာရှင်တွေတော်တော်များများအနေနဲ့လူမှုကွန်ယက်ကနေ စိတ်အနှောင့်အယှက်ဖြစ်အောင် တိုက်ခိုက်တာမျိုးတွေ အများဆုံးကြုံရတယ်ပေါ့။ ညီမလေးအနေနဲ့ရော အဲ့ဒီလိုမျိုးကြံုရတာတွေရောရှိလား။

ကစ်ကတော့ အမြဲတမ်းကြံုနေရတာပဲ။ ဖေ့စ်ဘုတ်က သိတဲ့အတိုင်းပဲလေ။ ဒါပေမဲ့ဖေ့စ်ဘုတ်ဆိုတာကလဲ အတည်ပြုလို့မရပါဘူး။ ဖေ့စ်ဘုတ်ဆိုတာကမြန်မာနိုင်ငံနဲ့ကြည့်မယ်ဆိုရင်သုံးတဲ့သူက အရမ်းနည်းတယ်။ တစ်နိုင်ငံလုံး အနေအထားမဟုတ်ဘူး။ ဖေ့စ်ဘုတ်သုံးနေတဲ့သူတွေက တချို့ကလဲ တကယ်ကို အလုပ်အတွက် သုံးနေတာမျိုးတွေ၊ ကြော်ငြာအတွက်သုံးနေတာမျိုးတွေလဲရှိတယ်။ တချို့ကျတော့လဲ ဘာအလုပ်အတွက်မှမဟုတ်ပဲ သူများကိုစော်ကားပြီး ထိုင်ဆဲဖို့အတွက် သီးသန့်သုံးတာမျိုးလဲရှိတယ်။ အဲ့ဒီအပေါ်မှာတော့ ခံစားချက်မရှိဘူး။ ဒါကိုလဲ သွားပြီးခံစားနေလို့မရဘူး။ တဖြည်းဖြည်းနဲ့သုံးနေတဲ့သူတွေသိလာမှာပဲ။ အခုမှစသုံးတဲ့သူတွေကတော့ သိချင်မှသိမယ်။ သုံးတာကြာလာတာနဲ့အမျှ သိလာမယ်။ တချို့ Page တွေဆိုလဲရှိတယ်။ သူတို့နာမည်ကြီးချင်လို့သူတို့ like များချင်လို့လူစိတ်ဝင်စားအောင် လုပ်ကြံဖန်တီးတာမျိုးတွေ ရှိတယ်။ အခုဆိုရင်ကစ်နဲ့ အလုပ်တွဲလုပ်နေတဲ့မင်းသားဆိုရင်လဲ သူဆိုရင်လဲ မျိုးစုံ နာမည်ဖျက်ခံရတယ်။ တိုက်ခိုက်ခံရတယ်။ အဲ့ဒီရဲ့ဆိုးကျိုးက ဘာလဲဆိုတော့ ကစ်ကတော့ပြောပါတယ်။ အဲ့ဒီကကဖွတာပေါ့။ ဖွတယ်ဆိုကတည်းက နာမည်ကြီးနေတဲ့ သူကိုပဲ အသုံးချပြီးဖွမှာပေါ့။ မင်းသားမင်းသမီးကို ခုတုံးလုပ်ပြီးဖွတာပေါ့။ ဖေ့စ်ဘုတ်က မသုံးရင်တော့ကောင်းတယ်။ သုံးရင်တော့ အကုသိုလ်ဖြစ်တာမျိုးတွေတွေ့ရတာပေါ့။ ဘလိုင်းကြီး လူလဲမမြင်ပဲ ထိုင်ဆဲနေတာမျိုးတွေလဲ ရှိတော့လေ။ အခုကစ်ဆို ဖေ့စ်ဘုတ်ကို သုံးကိုမသုံးတော့ဘူး။ Fanpage ပဲသုံးတယ်။ မရှိတော့လဲ ဘာမှဖြစ်မသွားဘူး။ ဖေ့စ်ဘုတ်မသုံးတော့ စိတ်ကသိကအောက်တော့မဖြစ်တော့ဘူးပေါ့။ တခါတလေကျတော့လဲ ကိုယ့်ကိုမဟုတ်ပဲနဲ့ပြောနေတာမျိုးတွေရှိတယ်။ အဲ့ဒီလိုမျိုးဆို ကစ်ကမဖြေရှင်းဘူး။ ဖြေရှင်းစရာမလိုဘူးလို့လဲထင်တယ်။ ဖေ့စ်ဘုတ်ဆိုတာ ကောင်းတာတွေရှိသလို မကောင်းတာတွေလဲရှိတယ်။ ပရိသတ်အတွက် ကိုယ်ဘာလုပ်နေလဲဆိုတာကိုပြောပြချင်ရင်တော့ကောင်းတယ်။ ကျန်တာကတော့ ဆဲနေတာပဲတွေ့နေရတယ်။ အဲ့ဒီမှာမှ လူတွေရဲ့စိတ်ဓာတ်ကို မြင်လာရတယ်။ တချို့တွေကိုပြောတာပါ။ အားလုံးကိုမရည်ရွယ်ပါဘူး။ တိုက်ခိုက်ခံရလားဆိုတော့ တိုက်ခိုက်ခံရလဲခေါင်းထဲ မထည့်ဘူး။ ကိုယ့်ကိုချစ်တဲ့သူရှိသလို မုန်းတဲ့သူလဲရှိမှာပဲ။ ကိုယ့်ကိုချစ်တဲ့ ကိုယ့်ပရိသတ်အတွက် မှန်မှန်ကန်ကန်လုပ်နေတယ်။ အဲ့ဒီအတွက်ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ ကျန်တာကတော့ ဘယ်သူပဲ ဘာပြောပြောခေါင်းထဲမထည့်ဘူး။ ကစ်ဖေ့စ်ဘုတ် မသုံးဘူး။ Personal account လုံးဝ မသုံးဘူး။ ဒါပေမဲ့ Instagram တော့သုံးတယ်။ Instagram ကတော့ အနှောင့်အယှက်ကင်းတယ်။ ထိုင်ဆဲနေတဲ့သူတွေလဲ မရှိဘူး။ Instagram သုံးရတာ စိတ်ချမ်းသာတယ်။ သူက Privacy ရှိတယ်လို့ ခံစားရတယ်။

-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။

အချစ်ရေးကိုတော့ မဖြေပေးပါဘူး ။

trend myanmar

No comments:

Post a Comment