Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

ေဒၚေအာင္ဆန္းစုၾကည္ကို မဲေပးဖို႔ ေဇကမ႓ာဦးခင္ေရႊ တိုက္တြန္း


 ရန္ကုန္တုိင္းေဒသႀကီး၊ ေကာ့မွဴးၿမိဳ႕နယ္မွာ ဒီကေန႔ မဲဆြယ္စည္းရံုးခဲ့တဲ့ အမ်ိဳးသားလႊတ္္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဇကမ႓ာ ဦးခင္ေရႊက ေဒၚေအာင္ဆန္းစုၾကည္ကို မဲေပးဖို႔ ေဒသခံေတြကို တိုက္တြန္းခဲ့ပါတယ္။

ေကာ့မွဴးၿမိဳ႔နယ္ သကူျခံေက်းရြာမွာ ေဒသခံေတြနဲ႔ ေတြ႔ဆံုစဥ္မွာ ကိုယ္စားလွယ္ေလာင္း ဦးခင္ေရႊက တိုက္တြန္းေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

"ေဒၚေအာင္ဆန္းစုၾကည္ဟာ ျပည္သူ႔လႊတ္ေတာ္ရဲ႕ ကိုယ္စားလွယ္အေနနဲ႔ျဖစ္တယ္၊ က်ေနာ္ကိုယ္တိုင္ကိုက ေဒၚစုၾကည္ လာလို႔ရွိရင္ ခင္ဗ်ားတို႔ ဝိုင္းအားေပးၾကပါ၊ သူက ျပည္သူ႔လႊတ္ေတာ္က သူ႔ဘာသာသူသီးျခားပဲ၊ တို႔ၿပိဳင္ဖို႔ဆိုတာလည္း ဘယ္လိုမွၿပိဳင္လို႔မႏိုင္ႏိုင္ဘူး၊ က်ေနာ္က အမ်ဳိးသားလႊတ္ေတာ္မွာ သူကျပည္သူ႔လႊတ္ေတာ္မွာ ျဖစ္တဲ့အတြက္ေၾကာင့္ အမ်ဳိးသားလႊတ္ေတာ္မွာ က်ေနာ့္ကိုမဲထည့္ေပးပါ၊ ျပည္သူ႔လႊတ္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို မဲထည့္ေပးပါ"

ကိုယ္စားလွယ္ေလာင္း ဦးခင္ေရႊဟာ ေကာ့မွဴး၊ ကြမ္းၿခံကုန္း၊ ဆိပ္ႀကီးခေနာင္တုိ၊ ဒလ၊ တြံေတး၊ ကိုကုိးကၽြန္းစတဲ့ ၿမိဳ႔နယ္ ၆ခုပါ၀င္တဲ့ အမ်ဳိးသားလႊတ္ေတာ္ မဲဆႏၵနယ္ ၈ မွာ ၀င္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

ဦးခင္ေရႊက သူ႔အေနနဲ႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ၉၀ရာခိုင္ႏႈန္း နုိင္ေျခရိွေၾကာင္းလည္း ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ယွဥ္ၿပိဳင္မယ့္ ျပည္ခိုင္ၿဖိဳးပါတီက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းဟာ ဦးေက်ာ္ဇင္ဟိန္းျဖစ္ျပီး ေဒသခံ လူငယ္တစ္ဦးျဖစ္ပါတယ္။ ဦးေက်ာ္ဇင္ဟိန္းက ေဒၚေအာင္ဆန္းစုၾကည္ဟာ သူတို႔ ေကာ့မွဴးကေန ယွဥ္ၿပိဳင္တဲ့အတြက္ သူ႔အေနနဲ႔ ဂုဏ္ယူမိေၾကာင္း RFA နဲ႕ ေတြ႕ဆံုေမးျမန္းစဥ္မွာ ေျပာခဲ့ပါတယ္။

ဦးခင္ေရႊဟာ ေကာ့မွဴးၿမိဳ႕နယ္က က်ဳံဒရယ္၊ သကူျခံစတဲ့ ေက်းရြာေတြမွာ မဲဆြယ္စည္းရံုးခဲ့တာျဖစ္ၿပီး ေဒသခံ ၂၀၀ နီးပါးေလာက္ တက္ေရာက္ခဲ့ၾကပါတယ္။

ေကာ့မွဴးၿမိဳ႔နယ္မွာ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္၊ ျပည္ခိုင္ၿဖိဳးပါတီ၊ ညီညြတ္ေသာဒီမုိကရက္တစ္ပါတီ၊ ကရင္ျပည္သူ႔ပါတီ၊ အမ်ဳိးသားတုိးတက္ေရးပါတီ၊ ျမန္မာႏုိင္ငံ ေတာင္သူလယ္သမား ဖံ႔ြၿဖိဳးတုိးတက္ေရးပါတီ၊ ေခတ္သစ္ျပည္သူ႔ပါတီ၊ တုိင္းရင္းသား စည္းလံုးညီညြတ္ေရးပါတီ စတဲ့ ၈ ပါတီအျပင္ တစ္သီးပုဂၢလကိုယ္စားလွယ္ေတြလည္း ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
..................................

 ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှာ ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့တဲ့ အမျိုးသားလွှတ််တော် ကိုယ်စားလှယ်လောင်း ဇေကမ႓ာ ဦးခင်ရွှေက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။

ကော့မှူးမြို့နယ် သကူခြံကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ ကိုယ်စားလှယ်လောင်း ဦးခင်ရွှေက တိုက်တွန်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော်ရဲ့ ကိုယ်စားလှယ်အနေနဲ့ဖြစ်တယ်၊ ကျနော်ကိုယ်တိုင်ကိုက ဒေါ်စုကြည် လာလို့ရှိရင် ခင်ဗျားတို့ ဝိုင်းအားပေးကြပါ၊ သူက ပြည်သူ့လွှတ်တော်က သူ့ဘာသာသူသီးခြားပဲ၊ တို့ပြိုင်ဖို့ဆိုတာလည်း ဘယ်လိုမှပြိုင်လို့မနိုင်နိုင်ဘူး၊ ကျနော်က အမျိုးသားလွှတ်တော်မှာ သူကပြည်သူ့လွှတ်တော်မှာ ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားလွှတ်တော်မှာ ကျနော့်ကိုမဲထည့်ပေးပါ၊ ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ပေးပါ"

ကိုယ်စားလှယ်လောင်း ဦးခင်ရွှေဟာ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ ဒလ၊ တွံတေး၊ ကိုကိုးကျွန်းစတဲ့ မြို့နယ် ၆ခုပါ၀င်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၈ မှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဦးခင်ရွှေက သူ့အနေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၉၀ရာခိုင်နှုန်း နိုင်ခြေရှိကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ ဦးကျော်ဇင်ဟိန်းဖြစ်ပြီး ဒေသခံ လူငယ်တစ်ဦးဖြစ်ပါတယ်။ ဦးကျော်ဇင်ဟိန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ ကော့မှူးကနေ ယှဉ်ပြိုင်တဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူမိကြောင်း RFA နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောခဲ့ပါတယ်။

ဦးခင်ရွှေဟာ ကော့မှူးမြို့နယ်က ကျုံဒရယ်၊ သကူခြံစတဲ့ ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးခဲ့တာဖြစ်ပြီး ဒေသခံ ၂၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။

ကော့မှူးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ ၈ ပါတီအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေလည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment