Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

ညီမျဖစ္သူကို ျပက္ရယ္ျပဳခဲ့လုိ႕ ေနာင္တရေနတဲ့ ထြန္းအိျႏၵာဗို

           လာမည့္ ေရြးေကာက္ပြဲတြင္ NLD ပါတီကေန အမတ္ေလာင္းအျဖစ္ ဒဂုံၿမိဳ႕နယ္မွ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ေဒါက္တာ သက္သက္ခိုင္အား ငယ္စဥ္က သူမ၏ အျပဳအမူမ်ားႏွင့္ စိတ္ဓာတ္မ်ားကို ေလွာင္ေျပာင္ခဲ့ေသာေၾကာင့္ ယခုအခါ ေနာင္တရမိေၾကာင္း အစ္မျဖစ္သူ အကယ္ဒမီ ထြန္းအိျႏၵာဗို က ေျပာသည္။

““ေဒၚသက္သက္ခုိင္ ကေတာ့ ကၽြန္မရဲ႕ ညီမအရင္း ဆိုတာလည္း တစ္ပိုင္းေပါ့ေနာ္။ ကၽြန္မတုိ႔ မိသားစုတစ္စု တည္းကေန ႀကီးျပင္းလာေတာ့ ငယ္ငယ္ကတည္းက သူ႔စိတ္ဓာတ္ကို သိခဲ့ရတယ္။ ငယ္ငယ္ကတည္းက တိုင္းျပည္အတြက္ အလုပ္လုပ္ခ်င္ တယ္လို႔ တစ္ခ်ိန္လုံး ေျပာတယ္။ ပညာေတြ သင္ၿပီးေတာ့မွ တစ္ေန႔ေန႔ တိုင္းျပည္အတြက္ ကူညီျဖစ္ေအာင္ ကူညီမယ္လုိ႔ တစ္ခ်ိန္လုံး ေျပာေနေတာ့ ကေလးအခ်င္းခ်င္းေပါ့။ အဲဒီတုန္းက သူလည္းငယ္ ကိုယ္လည္းငယ္ဆိုေတာ့ ကၽြန္မတို႔ကေတာ့ ၀ိုင္းဟားတဲ့ ဘက္ကေန သူ႔ကိုတုံ႔ျပန္ခဲ့ၾကမိ ပါတယ္။ မျဖစ္ႏိုင္ဘူးေပါ့ေနာ္။ အဆင့္ဆင့္ ဒီလိုအုပ္ခ်ဳပ္ေရး စနစ္မွာ ႀကီးျပင္းခဲ့ရသူ အေနနဲ႔ တျခားတိုင္းျပည္ေတြလို လြတ္လပ္တဲ့ အခြင့္အေရး ဆိုတာရမွာလည္း မဟုတ္ေတာ့ေလ။ ျပက္ရယ္ျပဳတဲ့ အေျပာေတြကို ေျပာခဲ့ဖူးပါတယ္။ အဲဒီအတြက္ေၾကာင့္ ကၽြန္မအခု ေနာင္တသိပ္ရပါတယ္။ အဲဒီေတာ့ ကၽြန္မတုိ႔ရဲ႕ ေနာင္အနာဂတ္ ေတြမွာလည္း ထပ္တူက်ႏိုင္မယ္၊ မက်ႏိုင္ဘူး ဆိုတာကလည္း အစိုးရအဖြဲ႕က ဘယ္အစိုးရ အဖြဲ႕လည္း ဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ လက္ရွိ အစိုးရအဖြဲ႕ကိုပဲ နာမည္ေျပာင္းၿပီး ထပ္သြားမယ္ ဆိုရင္ေတာ့ ေမွ်ာ္လင့္စရာ မရွိပါဘူး””ဟု ထြန္းအိျႏၵာဗို ကေျပာသည္။

ထြန္းအိျႏၵာဗိုသည္ အသက္ (၅၀)ရွိၿပီ ျဖစ္ကာ ေရြးေကာက္ပြဲ မ်ားတြင္လည္း မဲသုံးႀကိမ္ ေပးခဲ့ဖူးေၾကာင္း ႏို၀င္ဘာလ (၈)ရက္ ေရြးေကာက္ပြဲတြင္ လည္းမဲေပးမည္ ျဖစ္ေၾကာင္းေျပာသည္။
http://messengernewsjournal.com/entertainment/detail.php?id=45789
................................

           လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီကနေ အမတ်လောင်းအဖြစ် ဒဂုံမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ သက်သက်ခိုင်အား ငယ်စဉ်က သူမ၏ အပြုအမူများနှင့် စိတ်ဓာတ်များကို လှောင်ပြောင်ခဲ့သောကြောင့် ယခုအခါ နောင်တရမိကြောင်း အစ်မဖြစ်သူ အကယ်ဒမီ ထွန်းအိန္ဒြာဗို က ပြောသည်။““ဒေါ်သက်သက်ခိုင် ကတော့ ကျွန်မရဲ့ ညီမအရင်း ဆိုတာလည်း တစ်ပိုင်းပေါ့နော်။ ကျွန်မတို့ မိသားစုတစ်စု တည်းကနေ ကြီးပြင်းလာတော့ ငယ်ငယ်ကတည်းက သူ့စိတ်ဓာတ်ကို သိခဲ့ရတယ်။ ငယ်ငယ်ကတည်းက တိုင်းပြည်အတွက် အလုပ်လုပ်ချင် တယ်လို့ တစ်ချိန်လုံး ပြောတယ်။ ပညာတွေ သင်ပြီးတော့မှ တစ်နေ့နေ့ တိုင်းပြည်အတွက် ကူညီဖြစ်အောင် ကူညီမယ်လို့ တစ်ချိန်လုံး ပြောနေတော့ ကလေးအချင်းချင်းပေါ့။ အဲဒီတုန်းက သူလည်းငယ် ကိုယ်လည်းငယ်ဆိုတော့ ကျွန်မတို့ကတော့ ၀ိုင်းဟားတဲ့ ဘက်ကနေ သူ့ကိုတုံ့ပြန်ခဲ့ကြမိ ပါတယ်။ မဖြစ်နိုင်ဘူးပေါ့နော်။ အဆင့်ဆင့် ဒီလိုအုပ်ချုပ်ရေး စနစ်မှာ ကြီးပြင်းခဲ့ရသူ အနေနဲ့ တခြားတိုင်းပြည်တွေလို လွတ်လပ်တဲ့ အခွင့်အရေး ဆိုတာရမှာလည်း မဟုတ်တော့လေ။ ပြက်ရယ်ပြုတဲ့ အပြောတွေကို ပြောခဲ့ဖူးပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မအခု နောင်တသိပ်ရပါတယ်။ အဲဒီတော့ ကျွန်မတို့ရဲ့ နောင်အနာဂတ် တွေမှာလည်း ထပ်တူကျနိုင်မယ်၊ မကျနိုင်ဘူး ဆိုတာကလည်း အစိုးရအဖွဲ့က ဘယ်အစိုးရ အဖွဲ့လည်း ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ကိုပဲ နာမည်ပြောင်းပြီး ထပ်သွားမယ် ဆိုရင်တော့ မျှော်လင့်စရာ မရှိပါဘူး””ဟု ထွန်းအိန္ဒြာဗို ကပြောသည်။ ထွန်းအိန္ဒြာဗိုသည် အသက် (၅၀)ရှိပြီ ဖြစ်ကာ ရွေးကောက်ပွဲ များတွင်လည်း မဲသုံးကြိမ် ပေးခဲ့ဖူးကြောင်း နိုဝင်ဘာလ (၈)ရက် ရွေးကောက်ပွဲတွင် လည်းမဲပေးမည် ဖြစ်ကြောင်းပြောသည်။

No comments:

Post a Comment