Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 9, 2015

ပရိတ်သတ်တစ်ယောက်ကို စင်ပေါ်ကနေ ဂရမ်မာ သင်ပေးခဲ့တဲ့ Harry Styles



ဆယ်ကျော်သက် လူငယ်များနဲ့ မိန်းကလေး ပရိတ်သတ် တို့အသည်းစွဲ One Direction အဖွဲ့ဝင် Harry Styles ဟာ ဂရမ်မာ ကျောင်းဆရာ တစ်ယောက် ဖြစ်ခဲ့ရပါတယ်။

Philadelphia ပြည်နယ်မှာ ကျင်းပခဲ့တဲ့ One Direction အဖွဲ့ရဲ့ ဖျော်ဖြေပွဲမှာ မိန်းကလေး ပရိတ်သတ်တစ်ယောက်ဟာ ဆိုင်းဘုတ် စာရွက်တစ်ရွက်ကို ကိုင်မြှောက်ခဲ့ပြီး ထို မိန်းကလေး ကို Harry Styles က ဂရမ်မာ သင်ကြားပြသပေးခဲ့တာ ဖြစ်ပါတယ်။

ထို မိန်းကလေး ကိုင်မြှောက်ထားခဲ့တဲ့ ဆိုင်းဘုတ် စာရွက်မှာတော့ "Hi Harry!Your So Nice" လို့ ရေးသားထားတာကို Harry က သီချင်းသီဆိုဖျော်ဖြေနေစဉ်မှာပဲ စင်ပေါ်ကနေ လှမ်းတွေ့လိုက်တာဖြစ်ပါတယ်။ အဲဒီနောက်သူက ဖျော်ဖြေရေးကို ရပ်ဖို့ ပြောလိုက်ပြီး ထိုမိန်းကလေး ပရိတ်သတ်ကို သူ့ဆီ ဆိုင်းဘုတ် စာရွက် ယူလာပေးဖို့ အချက်ပြလိုက်ပါတယ်။

အဲဒီနောက်မှာတော့ Harry က မာကာ တစ်ချောင်း ကို ယူပြီး ထို ဆိုင်းဘုတ်မှာရေးထားတဲ့ "Hi Harry!Your So Nice" ကို "Hi Harry!You're So Nice" ဆိုတဲ့ ဂရမ်မာ အမှန်စာသား တစ်ခုဖြစ်သွားအောင် ပြင်ဆင်ရေးသားပေးလိုက်ပါတယ်။ ပြီးတဲ့နောက်လည်း "Thank you,Love Harry" လို့လည်း အမှတ်တရ လက်မှတ်ရေးထိုးပေးလိုက်ပါသေးတယ်။

ထို ဆိုင်းဘုတ်စာရွက်ကို ကိုင်မြှောက်ထားခဲ့တဲ့ Taelor Ford ဆိုတဲ့ မိန်းကလေး ကတော့ သူမရဲ့ Twitter စာမျက်နှာမှာ Harry ဂရမ်မာ ပြင်ဆင်ပေးခဲ့တဲ့ ဆိုင်းဘုတ် ကို ဓါတ်ပုံရိုက်ပြီးတင်ထားပါတယ်။ "ဖျော်ဖြေပွဲပြီးတဲ့နောက် ငါ အဲဒီ စာရွက်ကို ထိတောင်မထိရက်တော့ပါဘူး" လို့ Taelor ကဆိုထားပါသေးတယ်။

Harry Styles ဟာ One Direction အဖွဲ့ရဲ့ လတ်တလော နယ်လှည့်ဖျော်ဖြေပွဲတွေမှာ ပရိတ်သတ်တွေနဲ့ အရင်းနှီးဆုံး တုံ့ပြန်မှု တွေ ဆက်တိုက်လုပ်နေတာကိုလည်း တွေ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment