Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 9, 2015

လိင် ပြောင်းလဲထားတဲ့ Caitlyn Jenner က Angelina Jolie ရဲ့ ဖက်ရှင်စတိုင်တွေကို မှီငြမ်းလေ့ရှိတယ်လို့ဆို



ယောကျာ်း ဘ၀ မှ မိန်းမ ဘ၀ အဖြစ်သို့ လိင် ပြောင်းလဲထားတဲ့ နာမည်ကျော်တီဗီစတား Caitlyn Jenner က အော်စကာဆုရမင်းသမီး Angelina Jolie ရဲ့ ဖက်ရှင်စတိုင်တွေကို မှီငြမ်းလေ့ရှိတယ်လို့ ဆိုလာပါတယ်။

 “ စံနှုန်းအနေနဲ့ ကျွန်မအတွက် အရာရာတိုင်းနဲ့ တွဲဖက်လုပ်ကိုင်နိုင်ဖို့ ကျွမ်းကျင်လိမ္မာရာတစ်ခု အမှန်တကယ် လိုအပ်ပါတယ်။ တကယ်တော့ နာမည်ကျော် စတိုင်လစ်တစ်ယောက်ဖြစ်တဲ့ Jen Rade က Angelina Jolie ကို ဖက်ရှင်ပိုင်းဆိုင်ရာတွေ ပြင်ဆင်ခြယ်သပေးတာဖြစ်ပြီး ကျွန်မက သူ့ပုံစံကို သဘောကျပါတယ်။ အရမ်း လွတ်လပ်ပေါ့ပါးတယ်၊ ကျက်သရေရှိတယ်၊ ခေတ်မီစတိုင်ကျတယ်လေ။ ကျွန်မ သူနဲ့ သေလောက်အောင် တွေ့ချင်ပါတယ်” လို့ တနင်္ဂနွေနေ့မှ ထုတ်လွှင့်မယ့်  I Am Cait ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်စီးရီး ရဲ့ နောက်ထပ်အခန်းသစ်အတွက် ရိုက်ကူးချိန်က ပြောကြားခဲ့ပါတယ်။

ဒီအခန်းသစ်မှာ Rade က Jennerရဲ့အိမ်ကို ရောက်နေပြီး ၂၀၁၅ Espy မှာ ကျင်းပမယ့် Arthur Ashe Courage ဆု တက်ရောက်ရယူမယ့်  Jenner အတွက် အ၀တ်အစားဖက်ရှင်ပိုင်းဆိုင်ရာ ကူညီပြင်ဆင်ပေးနေတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျူလိုင်လကစပြီး လိင်ပြောင်းလဲထားတဲ့ Transgender အမျိုးသမီးအဖြစ် Jenner ရဲ့ နေထိုင်မှုဘ၀ကို ရိုက်ကူးတင်ဆက်နေတာဖြစ်ပါတယ်။

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ Bruce Jenner (ယခု Caitlyn Jenner) ဟာ အရွယ်ရောက်ပြီး သားသမီး ၆ ယောက်ရှိပြီး ဇနီးဟောင်း Kris Jenner ရဲ့ သမီးဖြစ်တဲ့ Kim Kardashian ရဲ့ ပထွေးလည်းဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment