ဒီ သတင်းဟာ တနလာင်္နေ့ မနက်ရောက်တိုင်း ဦးနှောက်ကြီး ဖယ်ထုတ်ထားချင်တဲ့ သူတွေအတွက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မနက် ၉ နာရီကနေ ၅ နာရီ ဆိုတဲ့အလုပ်ချိန်ဟာ သင့်ကျန်းမာရေး အတွက် မကောင်းပါဘူး။
အချက်အလက် အရ ပြောရမယ်ဆိုရင်တော့ ၀န်ထမ်းတွေကို မနက် ၁၀ နာရီ မတိုင်ခင် အလုပ်စလုပ် စေခြင်းဟာ ညှင်းပန်း နှိပ်စက်မှု တစ်ခုဖြစ်ပြီး ထို ၀န်ထမ်းတွေကို ဖျားနာမှု တွေ အလွယ်တကူ ဖြစ်စေနိုင်တယ်လို့ အောက်စ်ဖို့ဒ် တက္ကသိုလ်က ပညာရှင် တစ်ယောက်က ဆိုလိုက်ပါတယ်။
ဒါဟာ တစ်နေ့တစ်ကြိမ် ပုံမှန် လည်ပတ်နေတဲ့ ခန္ဓာကိုယ် အချိန်စက်ဝိုင်း(Body Clock) ကြောင့်ဖြစ်ပြီး ဒီလို မနက် ၁၀ နာရီ မတိုင်
ခင် အလုပ်လုပ်ခြင်းဟာ တစ်နေကုန်အာရုံစိုက်ဖို့ ခက်ခဲနေစေတတ်တယ်လို့ ဆိုပြီး အသက် ၅၅ နှစ်မတိုင်ခင် အထိ သက်ရောက်မှု တွေရှိနေနိုင်တယ်လို့ ဆိုပါတယ်။
ထို ပညာရှင် ဒေါက်တာ Paul Kelley က "ဒါဟာ လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ ကိစ္စအကြီးကြီးပါ။ ၀န်ထမ်းတွေဟာ အလုပ်ချိန်ကို ၁၀ နာရီ မှ စတင်သင့်ပါတယ်။ ၀န်ထမ်းတွေဟာ များသောအားဖြင့် အိပ်ရေးပျက်နေကြပါတယ်။ ကျွန်တော်တို့ဟာ အိပ်ရေးပျက်တဲ့ လူ့အဖွဲ့အစည်းထဲ ရောက်နေကြပါတယ်။" လို့ဆိုပါတယ်။
လူတွေ ဟာ ၂၄ နာရီ စာ လည်ပတ်မှုကို ပြောင်းလဲလို့ မရနိုင်ပါဘူး။ ဒါကြောင့် အမြဲတမ်း ပုံသေသတ်မှတ်ထားတဲ့အချိန်မှာ အိပ်ရာ ထဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ နေရောင်ခြည် ရဲ့ အထိအတွေ့ကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပြီး နေရောင်ခြည် နဲ့ အဓိက ရင်ဆိုင်ရတာဟာ လူသားတွေရဲ့ အမြင်အာရုံမဟုတ်ပဲ Hypothalamus လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းပဲ ဖြစ်တယ်လို့လည်း ဒေါက်တာ Paul ကဆိုပါတယ်။
ထို ကဲ့သို့ အိပ်ရေးပျက်မှုဟာ ခန္ဓာကိုယ်တွင်း စနစ်တွေကို ကြီးမားတဲ့ ထိခိုက်မှုတွေဖြစ်စေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ စနစ်တွေကို သက်ရောက်မှု ရှိစေနိုင်တယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Metro
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment