Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

ရွှေ့ပြောင်းသူများ တင်ဆောင်လာသည့် ထရပ်ကားတစ်စီးကို ရဲတပ်ဖွဲ့ဖမ်းဆီး

Children among 26 migrants rescued by Austrian police

ဗီယင်နာ ၊ ၃၁-၈-၂ဝ၁၅

သြစတြီးယား ရဲတပ်ဖွဲ့သည် နိုင်ငံ အနောက်ပိုင်း ဂျာမနီနိုင်ငံနှင့် နယ်စပ် ဘရော်နော အမ်အင်န် မြို့အနီး၌ ရွှေ့ပြောင်း ဒုက္ခသည် ၂၆ ဦး လိုက်ပါ လာသော ထရပ်ကား တစ်စီးကို ဖမ်းဆီးခဲ့ကြောင်း သြဂုတ် ၃၀ ရက်  ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖမ်းဆီးမှုသည် နိုင်ငံ အရှေ့ပိုင်းရှိ အမြန် လမ်းမကြီး ပေါ်တွင် စွန့်ပစ်ထားသော အလားတူ ထရပ်ကား တစ်စီးပေါ်၌ ရုပ်အလောင်း ၇၁ လောင်းကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ ပြီးနောက် နှစ်ရက် အကြာတွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ အဆိုပါ တရားမဝင် ဒုက္ခသည် ၂၆ ဦးမှာ ဆီးရီးယား၊ ဘင်္ဂလားဒေ့ရှ် နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့မှ ဖြစ်ပြီး ၄င်းတို့အနက် ကလေးငယ် သုံးဦးသည် ကျန်းမာရေး အခြေအနေ ဆိုးရွားနေ သောကြောင့် ဆေးကုသမှု ခံယူ နေရကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။

ယင်း ထရပ်ကားအား ဖမ်းဆီးမှုသည် အရေးပါသော အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း၊ ၄င်းယာဉ်အား ဆက်လက် ထွက်ခွာခွင့်ပြု ပါက အခြေအနေမှာ ဆိုးရွား လာနိုင်ကြောင်း တာဝန်ရှိ သူများက ပြောကြား ထားသည်။

သြစတြီးယား နိုင်ငံသို့ ဝင်ရောက် လာသော ဒုက္ခသည် အများစုသည် အိမ်နီးချင်း ဟန်ဂေရီနိုင်ငံ မှတစ်ဆင့် ရောက်ရှိ လာခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment