Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

မီဒီယာသမားမ်ား ေရးသားခ်က္ေၾကာင့္ ေရြးေကာက္ပြဲ ေကာ္မရွင္ နစ္မြန္းေနရဟု ေကာ္မရွင္ဥကၠ႒ ဦးတင္ေအး ဆုိ


အေျခခံမဲဆႏၵရွင္စာရင္း ျပည့္စံုမွန္ကန္မႈ မရွိျခင္းသည္ မီဒီယာသမားမ်ားေၾကာင့္ ျဖစ္ေၾကာင္း ၊ မီဒီယာသမားမ်ား၏ ေရးသားခ်က္ေၾကာင့္ ေရြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ နစ္မြန္းေနရေၾကာင္း ေရြးေကာက္ပြဲ ေကာ္မရွင္ဥကၠ႒ ဦးတင္ေအးက စက္တင္ဘာ ၂၉ ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕၊ ေအာင္ျမတ္ခန္းမ၌ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႔ဆံုစဥ္ ေျပာၾကား လိုက္သည္။

“ကြ်န္ေတာ္တို႔ ေကာ္မရွင္က မီဒီယာေတြရဲ႕ ေရးသားခ်က္ေတြေၾကာင့္ နစ္မြန္းေနတာပါ ။ မီဒီယာက အေျခခံမဲဆႏၵရွင္ စာရင္း မမွန္ဘူးလို႔ ေျပာေနေတာ့ လူေတြက မဲစာရင္းလာမၾကည့္ၾကဘူး ။ ဒါေၾကာင့္ လိုအပ္တဲ့ ပံုစံ(၃-က) တို႔ ၊ ပံုစံ(၄)တို႔ကို မျဖည့္ေတာ့ဘူး ။ ဒါေၾကာင့္ မမွန္တာပါ ” ဟု ေရြးေကာ္ပြဲေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးက ေျပာသည္ ။

ယခင္က မဲစာရင္း ၃၀ ရာခိုင္ႏႈန္းသာ မွန္ကန္ႏိုင္သည္ဟု ေျပာဆိုျခင္းသည္ ေနျပည္ေတာ္ၿမိဳ႕နယ္အတြင္းရွိ မဲဆႏၵရွင္ ေျခာက္သိန္းေက်ာ္တြင္ ႏွစ္သိန္းေက်ာ္သာ လာေရာက္ၾကည့္ရႈ၍ လိုအပ္ေသာပံုစံ ျဖည့္သြင္းျခင္းေၾကာင့္ ထိုသို႔ ခန္႔မွန္းတြက္ခ်က္ ေျပာဆိုျခင္းျဖစ္ေၾကာင္း ၎ကေျပာၾကားခဲ့သည္ ။

“မီဒီယာေတြအေနနဲ႔ မဲစာရင္းမွားတယ္ဆိုတာ ေထာက္ျပတာပါ ။ ေ၀ဖန္တာ မဟုတ္ဘူး ။ နားလည္မႈေတြ လြဲေနတာပါ ။ ၿပီးေတာ့ ေကာ္မရွင္ကလည္း မီဒီယာဘက္က ေမးရင္လည္း ျပန္လည္ေျဖၾကားျခင္း မရွိသလို ဒီပြဲလုပ္တာလည္း မသိရဘူး ။ ေမးခြန္းေမးရာမွာလည္း ကြ်န္ေတာ္တို႔အတြက္ အစီအစဥ္မရွိတာ ေတြ႔ရတယ္” ဟု တာခ်ီလိတ္ သတင္းေအဂ်င္စီမွ CEO ကိုေဇာင္းက ေျပာသည္ ။

မဲဆႏၵရွင္စာရင္း အျပည့္အ၀ မွန္ကန္ရန္ ႏိုင္ငံေရးပါတီႏွင့္ လူမႈအဖြဲ႔စည္းမ်ား ၊ မဲဆႏၵရွင္မ်ား ပူးေပါင္းေဆာင္ ရြက္မွသာ ျဖစ္ႏိုင္ေၾကာင္း ၊ ယခု ျမန္မာႏိုင္ငံတြင္ ပူးေပါင္းေဆာင္ရြက္ေသာ အေလ့အထ မရွိဘဲ အျပစ္ေျပာဆိုေနၿပီး ၂၀၁၅ ေရြးေကာက္ပြဲအတြက္ မဲဆႏၵရွင္ စာရင္းကိစၥတြင္ ထိခိုက္လာႏိုင္ေၾကာင္း ၎က ေျပာၾကားခဲ့သည္ ။

ေနာက္ဆံုးထုတ္ျပန္ေသာ မဲဆႏၵရွင္စာရင္းအား စက္တင္ဘာလ ၂၇ ရက္အထိ ျပည္တြင္း၌ ကပ္ထားၿပီး မွားယြင္းမႈမ်ားကို ျပင္ဆင္ခဲ့ေသာ္လည္း ၃၀ ရာခိုင္ႏႈန္းသာ မဲစာရင္းမွာ မွန္ႏိုင္သည္ဟု ဦးတင္ေအးက မီဒီယာမ်ားသို႔ ေျပာၾကားထားဖူးသည္ ။

သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
....................

အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှု မရှိခြင်းသည် မီဒီယာသမားများကြောင့် ဖြစ်ကြောင်း ၊ မီဒီယာသမားများ၏ ရေးသားချက်ကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နစ်မွန်းနေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၂၉ ရက်နေ့က တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

“ကျွန်တော်တို့ ကော်မရှင်က မီဒီယာတွေရဲ့ ရေးသားချက်တွေကြောင့် နစ်မွန်းနေတာပါ ။ မီဒီယာက အခြေခံမဲဆန္ဒရှင် စာရင်း မမှန်ဘူးလို့ ပြောနေတော့ လူတွေက မဲစာရင်းလာမကြည့်ကြဘူး ။ ဒါကြောင့် လိုအပ်တဲ့ ပုံစံ(၃-က) တို့ ၊ ပုံစံ(၄)တို့ကို မဖြည့်တော့ဘူး ။ ဒါကြောင့် မမှန်တာပါ ” ဟု ရွေးကော်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည် ။

ယခင်က မဲစာရင်း ၃၀ ရာခိုင်နှုန်းသာ မှန်ကန်နိုင်သည်ဟု ပြောဆိုခြင်းသည် နေပြည်တော်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ခြောက်သိန်းကျော်တွင် နှစ်သိန်းကျော်သာ လာရောက်ကြည့်ရှု၍ လိုအပ်သောပုံစံ ဖြည့်သွင်းခြင်းကြောင့် ထိုသို့ ခန့်မှန်းတွက်ချက် ပြောဆိုခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည် ။

“မီဒီယာတွေအနေနဲ့ မဲစာရင်းမှားတယ်ဆိုတာ ထောက်ပြတာပါ ။ ဝေဖန်တာ မဟုတ်ဘူး ။ နားလည်မှုတွေ လွဲနေတာပါ ။ ပြီးတော့ ကော်မရှင်ကလည်း မီဒီယာဘက်က မေးရင်လည်း ပြန်လည်ဖြေကြားခြင်း မရှိသလို ဒီပွဲလုပ်တာလည်း မသိရဘူး ။ မေးခွန်းမေးရာမှာလည်း ကျွန်တော်တို့အတွက် အစီအစဉ်မရှိတာ တွေ့ရတယ်” ဟု တာချီလိတ် သတင်းအေဂျင်စီမှ CEO ကိုဇောင်းက ပြောသည် ။

မဲဆန္ဒရှင်စာရင်း အပြည့်အဝ မှန်ကန်ရန် နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့စည်းများ ၊ မဲဆန္ဒရှင်များ ပူးပေါင်းဆောင် ရွက်မှသာ ဖြစ်နိုင်ကြောင်း ၊ ယခု မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်သော အလေ့အထ မရှိဘဲ အပြစ်ပြောဆိုနေပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကိစ္စတွင် ထိခိုက်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည် ။

နောက်ဆုံးထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းအား စက်တင်ဘာလ ၂၇ ရက်အထိ ပြည်တွင်း၌ ကပ်ထားပြီး မှားယွင်းမှုများကို ပြင်ဆင်ခဲ့သော်လည်း ၃၀ ရာခိုင်နှုန်းသာ မဲစာရင်းမှာ မှန်နိုင်သည်ဟု ဦးတင်အေးက မီဒီယာများသို့ ပြောကြားထားဖူးသည် ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment