Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

ေမာင္းႏွင္လာေသာ ခရီးသည္တင္ မွန္လုံယာဥ္ကို ေလးခြျဖင့္ ပစ္ခတ္ခဲ့သူအား ဖမ္းမိ


ေနျပည္ေတာ္၊ စက္တင္ဘာ ၃၀

၂၀၁၅ ခုႏွစ္၊ စက္တင္ဘာလ ၂၉ ရက္ေန႔ ညေန ၅ နာရီ ၂၀ မိနစ္အခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္(၄၂/၅-၆)ၾကားတြင္ ခရီးသည္တင္ မွန္လုံယာဥ္အား ေလးခြျဖင့္ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းအရ ေဘာနတ္ႀကီးအျမန္လမ္းမႀကီး ရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့သည္။

စစ္ေဆးခ်က္အရ မႏၲေလးမွ ရန္ကုန္သို႔ မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕၊ ဗဟိုကြက္သစ္ရပ္ကြက္ေန ဦးကိုကိုဦး(၃၃)ႏွစ္ ေမာင္းႏွင္လာေသာ 7J/×××× ျမသရဖူ ခရီးသည္တင္ယာဥ္အား လမ္း၏ယာဘက္ျခမ္းမွ လူတစ္ဦးက ေလးခြျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရွိရၿပီး ပစ္ခတ္မႈေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိမႈမရွိဘဲ ယာဥ္မွာ ယာဘက္ထိုင္ခုံအမွတ္(၁၁/၁၂)အနီးရွိ ေလကာမွန္ကြဲ၊ တန္ဖိုးေငြက်ပ္(၅)သိန္းခန႔္ ပ်က္စီးဆုံးရႈံး ခဲ့ေၾကာင္း ေတြ႕ရွိရသည္။


သတင္းရလၽွင္ရျခင္း ေဘာနတ္ႀကီးအျမန္လမ္းမႀကီးရဲစခန္းမွ တပ္ဖြဲ႕ဝင္ မ်ားက ေလးခြျဖင့္ပစ္ခတ္သြားသူအား ဖမ္းဆီးရမိေရးအတြက္ အခင္းျဖစ္ေနရာအနီး ဝိုင္းဝန္းပိတ္ဆို႔ ရွာေဖြခဲ့ရာ အျမန္လမ္းမႀကီးအေနာက္ဘက္ ကိုက္(၁၂၀)ခန႔္အကြာ ေတာင္ကုန္းေပၚရွိ ျခဳံစပ္အနီး၌ ပုန္းေအာင္းေနေသာ ေလးခြျဖင့္ပစ္ခတ္ခဲ့သူ ပဲခူးၿမိဳ႕နယ္၊ ေဘာနတ္ႀကီးေက်းရြာေန မ်ိဳးဆန္းဦး (၁၇)ႏွစ္အား သားေရႀကိဳးတပ္သစ္သားေလးခြ(၁)လက္၊ ငါးမူးလုံးခန႔္ရွိ ေက်ာက္ခဲမ်ိဳးစုံ(၂၂)လုံး၊ လြယ္အိတ္အနီ(၁)လုံး၊ အရိုးအသြား(၂၁)လကၼခန႔္ရွိ ေတာင္ယာသုံး ဓားမ(၁)ေခ်ာင္း၊ ပလိုင္း(၁)လုံး တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့သျဖင့္ ၎အား ေဘာနတ္ႀကီးအျမန္ လမ္းမႀကီးရဲစခန္း (ပ)၁၂/၂၀၁၅၊ ျပစ္မႈပုဒ္မ ၂၇၉-က/၄၄၀ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္
https://www.facebook.com/yezarnimedia
..........................................................


နေပြည်တော်၊ စက်တင်ဘာ ၃၀

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၄၂/၅-၆)ကြားတွင် ခရီးသည်တင် မှန်လုံယာဉ်အား လေးခွဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ ဗဟိုကွက်သစ်ရပ်ကွက်နေ ဦးကိုကိုဦး(၃၃)နှစ် မောင်းနှင်လာသော 7J/×××× မြသရဖူ ခရီးသည်တင်ယာဉ်အား လမ်း၏ယာဘက်ခြမ်းမှ လူတစ်ဦးက လေးခွဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပြီး ပစ်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာ ယာဘက်ထိုင်ခုံအမှတ်(၁၁/၁၂)အနီးရှိ လေကာမှန်ကွဲ၊ တန်ဖိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း တွေ့ရှိရသည်။



သတင်းရလျှင်ရခြင်း ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင် များက လေးခွဖြင့်ပစ်ခတ်သွားသူအား ဖမ်းဆီးရမိရေးအတွက် အခင်းဖြစ်နေရာအနီး ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေခဲ့ရာ အမြန်လမ်းမကြီးအနောက်ဘက် ကိုက်(၁၂၀)ခန့်အကွာ တောင်ကုန်းပေါ်ရှိ ခြုံစပ်အနီး၌ ပုန်းအောင်းနေသော လေးခွဖြင့်ပစ်ခတ်ခဲ့သူ ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာနေ မျိုးဆန်းဦး (၁၇)နှစ်အား သားရေကြိုးတပ်သစ်သားလေးခွ(၁)လက်၊ ငါးမူးလုံးခန့်ရှိ ကျောက်ခဲမျိုးစုံ(၂၂)လုံး၊ လွယ်အိတ်အနီ(၁)လုံး၊ အရိုးအသွား(၂၁)လက္မခန့်ရှိ တောင်ယာသုံး ဓားမ(၁)ချောင်း၊ ပလိုင်း(၁)လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဘောနတ်ကြီးအမြန် လမ်းမကြီးရဲစခန်း (ပ)၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉-က/၄၄၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment