Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

ပညာတတ် ထက်မြက်တဲ့ ကြည်ညိုလေးစားဖွယ်ရာကောင်းတဲ့ ခေါင်းဆောင်ကောင်း တယောက်ကို မဲပေးရွေးချယ်ပေးနိုင်ဖို့ပါ


"နိုင်ငံသားတယောက်အနေနဲ့ အရေးကြီးဆုံး အချက်အဖြစ် နိုင်ငံမှာ ပေါများတဲ့ သယံဇာတတွေနဲ့ လူ့အရင်းအမြစ်တွေကို စနစ်တကျ စီမံပေးနိုင်မယ့် ပညာတတ် ထက်မြက်တဲ့ ကြည်ညိုလေးစားဖွယ်ရာကောင်းတဲ့ ခေါင်းဆောင်ကောင်း တယောက်ကို မဲပေးရွေးချယ်ပေးနိုင်ဖို့ပါ" လို့ ဖြေကြားပြီးနောက် Miss Myanmar International 2015 သရဖူကို ဆွတ်ခူးသွားပါတယ်။
Miss Myanmar International 2015 နောက်ဆုံး အဆင့်ပြိုင်ပွဲကို သြဂုတ်လ ၃၀ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားပြီး အမရာငြိမ်း (ခါးနံပါတ် ၁၄)က အလှမယ် သရဖူကို ဆွတ်ခူးသွားပါတယ်။
အခုပွဲမှာ တခြားအရင်က ကျင်းပခဲ့တဲ့ အလှမယ်ပြိုင်ပွဲတွေထက် ထူးခြားချက်ကတော့ နောက်ဆုံးအအဆင့်မှာ မေးတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီည ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် Final အလှမယ် ၃ယာက်ကို “နိုဝင်ဘာလ ၈ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပပြီး အစိုးရသစ် ပေါ်ထွက်လာပါတော့မယ်၊ အခုထက်ပိုပြီး သာယာဝပြောတဲ့ နိုင်ငံတော်ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ? လို့ နောက်ဆုံးမေးခွန်းထုတ်ခဲ့ပါတယ်။
ဒီမေးခွန်းကို အမရာငြိမ်းက “ဒီထက်ပိုပြီးသာယာ ၀ပြောတဲ့နိုင်ငံဖြစ်ဖို့ အချက် ၅ ချက်လိုတယ်လို့ထင်ပါတယ်။
၁၊ ပြည်တွင်းငြိမ်းချမ်းရေး ၂၊ တရားဥပဒေစိုးမိုးရေး ၃၊ ပညာရေး ၄၊ ကျန်းမာရေး နဲ့ ၅၊ စည်းကမ်းတွေ ရှိဖို့ လိုအပ်ပြီး …
ဒါ့အပြင် နိုင်ငံသားတယောက်အနေနဲ့ အရေးကြီးဆုံး အချက်အဖြစ် နိုင်ငံမှာ ပေါများတဲ့ သယံဇာတတွေနဲ့ လူ့အရင်းအမြစ်တွေကို စနစ်တကျ စီမံပေးနိုင်မယ့် ပညာတတ် ထက်မြက်တဲ့ ကြည်ညိုလေးစားဖွယ်ရာကောင်းတဲ့ ခေါင်းဆောင်ကောင်း တယောက်ကို မဲပေးရွေးချယ်ပေးနိုင်ဖို့ပါ” လို့ ဖြေကြားပြီးနောက် Miss Myanmar International 2015 သရဖူကို ဆွတ်ခူးသွားပါတယ်။
ဒီပြိုင်ပွဲမှာ first runner up သဒ္ဒါမရိုင်ယာ နဲ့ second runner up ခေါင်နန် တို့က အသီးသီး ရရှိကြပါတယ်။ ပြိုင်ပွဲမှာ ဆန်ကာတင် အလှမယ် အယောက် ၂၀ ဟာ ဝတ်စုံ ၄မျိုးကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ Miss Myanmar International 2015 အဖြစ် ရွေးချယ်ခံရသူ အမရာငြိမ်း ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International 2015 မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ရိုက်ကူး – ကောင်းထက်ကျော်
.
Credit : DVB TV

No comments:

Post a Comment