Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 30, 2015

ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ဦးတင္ေအးနွင့္အဖြဲ႔ အခ်ိန္မွီႏႈတ္ထြက္ေပး ရန္ ကယန္းျပည္ သစ္ပါတီ ေတာင္းဆို



 စက္တင္ဘာလ ၃၀ ရက္ ၂၀၁၅

 မဲစာရင္းမ်ားမွန္ကန္ေရးမွာ ျပည္သူမ်ားတြင္ တာ၀န္ရိွသည္ဟု ေကာ္မရွင္ ဥကၠဌ၏ ေျပာဆိုခ်က္မွာ ျပည္သူလူထု၏ မူလအခြင့္အေရးကို ထိပါးေစ သည့္ ေျပာဆိုခ်က္ျဖစ္ျပီး မဲစာရင္းမ်ား ၁၀၀ ရာခိုင္ႏႈန္း မွန္ကန္မႈ ရိွေစေရး အတြက္ ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးတင္ေအးနွင့္ တာ၀န္ရိွသူမ်ား အခ်ိန္မွီ ႏႈတ္ထြက္ေပးရန္ ကယန္းျပည္သစ္ပါတီမွ ေတာင္းဆိုလိုက္ပါသည္။

စက္တင္ဘာလ ၂၈ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္လိုက္သည့္ အပစ္ရပ္တိုင္း ရင္းသား လက္နက္ကိုင္ အဖြဲ႔ျဖစ္ ေသာ ကယန္းျပည္သစ္ပါတီမွ ထုတ္ျပန္ သည့္ ေၾကျငာခ်က္တြင္ ေငြက်ပ္သန္းခ်ီ အကုန္ က်ခံျပီး ၅ ႏွစ္ခန္႔ အခ်ိန္ယူျပဳ စု ခဲ့ေသာ မဲစာရင္းမ်ား မွားယြင္းေနျခင္းမွာ ေကာ္မရွင္၏ ညံ႔ဖ်င္းမႈ ကို ေဖာ္ျပေနသည္ဟု ပါရိွသည္။

ပုဂၢိဳလ္ေရးအရ ဦးတင္ေအးကို မုန္းလို႔ မဟုတ္ပါဘူး။ တာ၀န္ မယူႏိုင္တဲ႔ သူျဖစ္လို႔ ႏႈတ္ထြက္ခိုင္းတာပါ ဟု ကယန္းျပည္သစ္ပါတီမွ အေထြေထြ အတြင္းေရးမွဴး ဗိုလ္မွဴးၾကီးေစာလြင္က ေျပာသည္။

ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ အေနျဖင့္ ၃၀ ရာခိုင္ႏႈန္းသား မဲစာရင္း မွန္ ကန္သည္ဟု ၀န္ခံထားျပီး မွားယြင္းေသာ မဲစာရင္းမွာ မဲခိုးလိုက္ျခင္း ပင္ျဖစ္ေၾကာင္း ေၾကျငာခ်က္တြင္ ေဖာ္ျပထားသည္။

ေနာက္ဆံုးထုတ္ျပန္ခဲ့သည့္ အျပီးသတ္မဲစာရင္းတြင္ မွားယြင္းမႈမွား ေျမာက္ျ မား စြာ ျဖစ္ေပၚခဲ့ကာ ေရြးေကာက္ပြဲေက္ာမရွင္ အေပၚ ေ၀ဖန္မႈမ်ားရိွေန ခဲ့သည္။

ကယန္းျပည္သစ္ပါတီမွာ ရွမ္းျပည္နယ္ေတာင္ပိုင္းနွင့္ ကယားျပည္နယ္တြင္ အေျခစိုက္သည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔စည္းျဖစ္ျပီး ဌာခ်ဳပ္မွာ ဖယ္ခံုျမိဳ႕နယ္ ဆီးဘူးေဒသတြင္ ရွိပါသည္။

သွ်မ္းသံေတာ္ဆင့္ / စိုင္းထြန္းေအာင္လြင္
https://www.facebook.com/Panglong.burmese
..............................


 စက်တင်ဘာလ ၃၀ ရက် ၂၀၁၅

 မဲစာရင်းများမှန်ကန်ရေးမှာ ပြည်သူများတွင် တာဝန်ရှိသည်ဟု ကော်မရှင် ဥက္ကဌ၏ ပြောဆိုချက်မှာ ပြည်သူလူထု၏ မူလအခွင့်အရေးကို ထိပါးစေ သည့် ပြောဆိုချက်ဖြစ်ပြီး မဲစာရင်းများ ၁၀၀ ရာခိုင်နှုန်း မှန်ကန်မှု ရှိစေရေး အတွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် တာဝန်ရှိသူများ အချိန်မှီ နှုတ်ထွက်ပေးရန် ကယန်းပြည်သစ်ပါတီမှ တောင်းဆိုလိုက်ပါသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အပစ်ရပ်တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ် သော ကယန်းပြည်သစ်ပါတီမှ ထုတ်ပြန် သည့် ကြေငြာချက်တွင် ငွေကျပ်သန်းချီ အကုန် ကျခံပြီး ၅ နှစ်ခန့် အချိန်ယူပြု စု ခဲ့သော မဲစာရင်းများ မှားယွင်းနေခြင်းမှာ ကော်မရှင်၏ ညံ့ဖျင်းမှု ကို ဖော်ပြနေသည်ဟု ပါရှိသည်။

ပုဂ္ဂိုလ်ရေးအရ ဦးတင်အေးကို မုန်းလို့ မဟုတ်ပါဘူး။ တာဝန် မယူနိုင်တဲ့ သူဖြစ်လို့ နှုတ်ထွက်ခိုင်းတာပါ ဟု ကယန်းပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အနေဖြင့် ၃၀ ရာခိုင်နှုန်းသား မဲစာရင်း မှန် ကန်သည်ဟု ၀န်ခံထားပြီး မှားယွင်းသော မဲစာရင်းမှာ မဲခိုးလိုက်ခြင်း ပင်ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးထုတ်ပြန်ခဲ့သည့် အပြီးသတ်မဲစာရင်းတွင် မှားယွင်းမှုမှား မြောက်ြ မား စွာ ဖြစ်ပေါ်ခဲ့ကာ ရွေးကောက်ပွဲကေ်ာမရှင် အပေါ် ဝေဖန်မှုများရှိနေ ခဲ့သည်။

ကယန်းပြည်သစ်ပါတီမှာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တွင် အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းဖြစ်ပြီး ဌာချုပ်မှာ ဖယ်ခုံမြို့နယ် ဆီးဘူးဒေသတွင် ရှိပါသည်။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese

No comments:

Post a Comment