Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 17, 2015

ပြိတ္တာများကို ကိုယ်ချင်းစာမိတဲ့ည(မင်းသားကြီးကျော်သူ)


ယနေ့ညဖက်ပြိတ္တာနှစ်ကောင်ရဲ့အားပြိုင်ပွဲ ရိုက်ကူးရန်နေ့လည်၃နာရီအချိန်မှစတင်ပြီး
မိတ်ကပ်Effect များအား၃နာရီကျော်ခန့် ပြင်ဆင် လိမ်းချယ်ထားပြီးလက်သည်း ရှည်ကြီး များနှင့်မျက်နှာမှတတ်ဆင်ထားသောအမွှေး အမျှင်များအပြင်ပါးစပ်တွင်တတ်ဆင်ထား သောသွား အစွယ်တို့ကြောင့်ထမင်းလည်း မစားနိုင်အပေါ့အပါးလည်းမသွားနိုင်ဖြစ်ခဲ့ကာ ရိုက်ကွင်းသို့ည၉နာရီခန့်ရောက်ရှိခဲ့ပြီးကင်မရာ အဖွဲ့မှ ရိုက်ကူးရန် မီးအလင်းအမှောင်များ ချိန်တွယ် နေစဉ်လျှပ်စီးများလက်၍မိုးထစ်ချုန်း သံများနှင့် အတူပြင်းထန်စွာမိုးရွာသွန်းမှုကြောင့် ရိုက်ကွင်းမှတည်းခိုရာနေရာသို့တပ်ခေါက် ပြန်လာခဲ့ရတော့သည်။
ကျွန်တော်သည်ယနေ့ရိုက်ကွင်းအတွက်ပြင် ဆင်မှုပြုရင်းဖြင့်မကျွတ်မလွတ်သောပြိတ္တာ များဘ၀ကိုပို၍ကိုယ်ချင်းစာနာမိတော့သည်။
ထို့ကြောင့် မကြာမီနှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့ မတိုင်မီကိုးရက်အလိုမှစတင်ပြုလုပ်လျက်ရှိသော အကျွတ်အလွတ်ကုသိုလ်ပြုပွဲကိုမပျက်မကွက်အဓိဌာန်ဝင်တော့မည်ဟုဆုံးဖြတ်မိပါတော့သည်။




No comments:

Post a Comment