Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 20, 2015

အထက္တန္းေက်ာင္းသူကိုးဦးကို မဖြယ္မရာ ျပဳသည့္ ရဟန္းတစ္ပါး ဖမ္းမိ

 ပဲခူးတုိင္းေဒသႀကီး မဂၤလာရာမဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းတြင္ အထက္ တန္းေက်ာင္းသူ ကိုးဦးကို မဖြယ္ မရာ ျပဳလုပ္သူရဟန္းတစ္ပါး ကို လူ၀တ္လဲကာ ဖမ္းဆီးအေရး ယူထားေၾကာင္း သတင္းရရွိသည္။

မဂၤလာရာမ ဘုန္းေတာ္ႀကီး ေက်ာင္းတြင္ အနီးရွိေက်းရြာမ်ား မွ လာေရာက္ပညာသင္ၾကား ေသာ အထက္တန္းေက်ာင္းသူ ကိုးဦးကို မဖြယ္မရာ ျပဳလုပ္သည့္ ရဟန္းကို ၿမိဳ႕နယ္ဂိုဏ္းေပါင္းစုံ စည္းကမ္းထိန္းသိမ္းေရးက လူ ၀တ္လဲကာ စက္တင္ဘာ ၁၉ ရက္၌ ပဲခူးၿမိဳ႕မအမွတ္(၂)ရဲ စခန္းတြင္ အမႈဖြင့္တုိင္ၾကားထား ေၾကာင္း ပဲခူးၿမိဳ႕၌ေနထုိင္သူ ကိုေအာင္သစၥာက ေျပာသည္။

‘‘အခုအမႈျဖစ္တဲ့ ဘုန္းႀကီး က ဒီေက်ာင္းတုိက္မွာ ခဏလာ တည္းတဲ့ ဘုန္းႀကီးပါ။ သူေနတဲ့ ေက်ာင္းက ေဇာင္းတူဓမၼရတနာ ေက်ာင္းတုိက္မွာေနတဲ့ ငယ္ျဖဴ ဘုန္းႀကီးပါ။ မဂၤလာရာမ ေက်ာင္းမွာ ဒီအနီးအနား ရြာေတြက အ ဆင္မေျပတဲ့ ကေလးေတြကို ေက်ာင္းမွာေက်ာင္းအိပ္ ေက်ာင္း စား စာသင္ေပးတယ္။ ဒီအထဲက မွ ဆယ္တန္းေက်ာင္းသူကို မဖြယ္မရာလုပ္တယ္။ ေနာက္ဆုံးတစ္ ေယာက္က ေျပာျပမွသိတယ္’’ ဟု ကိုေအာင္သစၥာက ေျပာသည္။
 မဖြယ္မရာ ျပဳလုပ္သည့္ ဦး၀ဏၰသည္ အသက္ (၅၈)ႏွစ္ ခန္႔ရွိၿပီး ၃၈ ၀ါခန္႔ရွိကာ ငယ္စဥ္ကပင္ သကၤန္းဆီးခဲ့သူျဖစ္သည္။ ေဆးကုသျခင္း၊ အ႐ိုးအေၾကာကု သေပးျခင္းႏွင့္ တရားေဟာေျပာ ရာတြင္လည္း ေကာင္းမြန္သူျဖစ္ ေၾကာင္း ပဲခူးၿမိဳ႕တြင္ ေနထုိင္သူ ကိုသူရက ေျပာသည္။

   ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ေတာ့ အြန္လိုင္းသတင္းေတြကေန ၾကားေနရပါတယ္။ ဘယ္လိုျဖစ္ တာလဲဆိုေတာ့ ကြၽန္ေတာ္တို႔ လည္း သြားၿပီး မစစ္ရေသးေတာ့ ေသခ်ာမသိေသးဘူး။ ဒီေန႔က ႐ံုးပိတ္ရက္လည္းျဖစ္ေနေတာ့ ေသခ်ာမေျပာႏိုင္ေသးပါဘူး။ တကယ္သာ အျပစ္က်ဴးလြန္ခဲ့ရင္ ေတာ့ ဥပေဒအတိုင္း ျဖစ္မွာပါဟု ပဲခူးတိုင္းေဒသႀကီး သာသနာေရး ၀န္ႀကီးဌာနမွ တာ၀န္ရွိသူတစ္ဦး က ေျပာသည္။

အဆုိပါ အမႈကို က်ဴးလြန္သူ ဦး၀ဏၰသည္ ပထမေန႔တြင္ ေက်ာင္းသူေလးဦးကို ညစ္ညမ္း ကားမ်ား ျပသခဲ့သည္။ ေနာက္ရက္တြင္ ေနာက္ထပ္ ေက်ာင္း သူေလးဦးကို ကိုင္တြယ္နမ္း႐ႈပ္ခဲ့ ၿပီး ေနာက္ဆုံးေက်ာင္းသူက ဆြမ္းစားရန္သြားေရာက္ေခၚ ပင့္ေဆာင္ရာ ေပါင္ေပၚတင္ကာ မဖြယ္မရာ ျပဳလုပ္ခဲ့ၿပီးေနာက္ အဆုိပါ ေက်ာင္းသူ ငိုေနသည္ကို ဆရာမက စစ္ေမးရာမွ ေပၚ ေပါက္ခဲ့ေၾကာင္း ပဲခူးရဲစခန္းမွ ရဲအရာ ရွိတစ္ဦးက ေျပာသည္။

အဆုိပါ ျပစ္မႈက်ဴးလြန္သည့္ ဦး၀ဏၰသည္ မိမိသေဘာအရ လူ ၀တ္လဲကာ အျပစ္ကို၀န္ခံခဲ့ၿပီး ပဲခူးအမွတ္(၂)ရဲစခန္းမွ ၄၉၉/၂၀၁၅ ျပစ္မႈပုဒ္မ ၃၇၆/၅၁၁/၂၉၅(က) ျဖင့္ အမႈဖြင့္ထား ေၾကာင္း သိရသည္။

7daydaily
.....................................
အထက်တန်းကျောင်းသူကိုးဦးကို မဖွယ်မရာ ပြုသည့် ရဟန်းတစ်ပါး ဖမ်းမိ

   ပဲခူးတိုင်းဒေသကြီး မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အထက် တန်းကျောင်းသူ ကိုးဦးကို မဖွယ် မရာ ပြုလုပ်သူရဟန်းတစ်ပါး ကို လူဝတ်လဲကာ ဖမ်းဆီးအရေး ယူထားကြောင်း သတင်းရရှိသည်။

မင်္ဂလာရာမ ဘုန်းတော်ကြီး ကျောင်းတွင် အနီးရှိကျေးရွာများ မှ လာရောက်ပညာသင်ကြား သော အထက်တန်းကျောင်းသူ ကိုးဦးကို မဖွယ်မရာ ပြုလုပ်သည့် ရဟန်းကို မြို့နယ်ဂိုဏ်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးက လူ ၀တ်လဲကာ စက်တင်ဘာ ၁၉ ရက်၌ ပဲခူးမြို့မအမှတ်(၂)ရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း ပဲခူးမြို့၌နေထိုင်သူ ကိုအောင်သစ္စာက ပြောသည်။

‘‘အခုအမှုဖြစ်တဲ့ ဘုန်းကြီး က ဒီကျောင်းတိုက်မှာ ခဏလာ တည်းတဲ့ ဘုန်းကြီးပါ။ သူနေတဲ့ ကျောင်းက ဇောင်းတူဓမ္မရတနာ ကျောင်းတိုက်မှာနေတဲ့ ငယ်ဖြူ ဘုန်းကြီးပါ။ မင်္ဂလာရာမ ကျောင်းမှာ ဒီအနီးအနား ရွာတွေက အ ဆင်မပြေတဲ့ ကလေးတွေကို ကျောင်းမှာကျောင်းအိပ် ကျောင်း စား စာသင်ပေးတယ်။ ဒီအထဲက မှ ဆယ်တန်းကျောင်းသူကို မဖွယ်မရာလုပ်တယ်။ နောက်ဆုံးတစ် ယောက်က ပြောပြမှသိတယ်’’ ဟု ကိုအောင်သစ္စာက ပြောသည်။

မဖွယ်မရာ ပြုလုပ်သည့် ဦးဝဏ္ဏသည် အသက် (၅၈)နှစ် ခန့်ရှိပြီး ၃၈ ၀ါခန့်ရှိကာ ငယ်စဉ်ကပင် သင်္ကန်းဆီးခဲ့သူဖြစ်သည်။ ဆေးကုသခြင်း၊ အရိုးအကြောကု သပေးခြင်းနှင့် တရားဟောပြော ရာတွင်လည်း ကောင်းမွန်သူဖြစ် ကြောင်း ပဲခူးမြို့တွင် နေထိုင်သူ ကိုသူရက ပြောသည်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တော့ အွန်လိုင်းသတင်းတွေကနေ ကြားနေရပါတယ်။ ဘယ်လိုဖြစ် တာလဲဆိုတော့ ကျွန်တော်တို့ လည်း သွားပြီး မစစ်ရသေးတော့ သေချာမသိသေးဘူး။ ဒီနေ့က ရုံးပိတ်ရက်လည်းဖြစ်နေတော့ သေချာမပြောနိုင်သေးပါဘူး။ တကယ်သာ အပြစ်ကျူးလွန်ခဲ့ရင် တော့ ဥပဒေအတိုင်း ဖြစ်မှာပါဟု ပဲခူးတိုင်းဒေသကြီး သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ အမှုကို ကျူးလွန်သူ ဦးဝဏ္ဏသည် ပထမနေ့တွင် ကျောင်းသူလေးဦးကို ညစ်ညမ်း ကားများ ပြသခဲ့သည်။ နောက်ရက်တွင် နောက်ထပ် ကျောင်း သူလေးဦးကို ကိုင်တွယ်နမ်းရှုပ်ခဲ့ ပြီး နောက်ဆုံးကျောင်းသူက ဆွမ်းစားရန်သွားရောက်ခေါ် ပင့်ဆောင်ရာ ပေါင်ပေါ်တင်ကာ မဖွယ်မရာ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ကျောင်းသူ ငိုနေသည်ကို ဆရာမက စစ်မေးရာမှ ပေါ် ပေါက်ခဲ့ကြောင်း ပဲခူးရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သည့် ဦးဝဏ္ဏသည် မိမိသဘောအရ လူ ၀တ်လဲကာ အပြစ်ကိုဝန်ခံခဲ့ပြီး ပဲခူးအမှတ်(၂)ရဲစခန်းမှ ၄၉၉/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁/၂၉၅(က) ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

7daydaily

No comments:

Post a Comment