Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 20, 2015

ကိုယ္စားလွယ္ေလာင္း ၁၀၀ ေက်ာ္ ေရြးေကာက္ပြဲ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ပယ္ခ်ခံရ

မဲဆႏၵရွင္စာရင္းမ်ားကို ယခုလ ၁၄ ရက္ေန႔က စတင္ေၾကညာထားရာ သာေကတ၌ လာေရာက္ၾကည့္႐ႈ႕ေနသူတစ္ဦး။ ေအာင္ျမင္ရဲေဇာ္/ျမန္မာတိုင္း(မ္)မဲဆႏၵရွင္စာရင္းမ်ားကို ယခုလ ၁၄ ရက္ေန႔က စတင္ေၾကညာထားရာ သာေကတ၌ လာေရာက္ၾကည့္႐ႈ႕ေနသူတစ္ဦး။ ေအာင္ျမင္ရဲေဇာ္/ျမန္မာတိုင္း(မ္)
အိအိတိုးလြင္   |   Wednesday, 16 September 2015
မၾကာမီ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲ တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္ ေလွ်ာက္ထားသူ
ကိုယ္စားလွယ္ေလာင္း ၆,၀၀၀ ေက်ာ္အနက္ ၁၀၀ ေက်ာ္ကို ျပည္ေထာင္စုေရြးေကာက္ပြဲ
ေကာ္မရွင္က ပယ္ခ်လိုက္သည္။

စက္တင္ဘာလ ၁၁ ရက္ေန႔က ထုတ္ျပန္လိုက္သည့္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္၏
ကိုယ္စားလွယ္ေလာင္းအတည္ျပဳစာရင္းအရ ႏုိ၀င္ဘာလ ၈ ရက္ေန႔ က်င္းပမည့္ ေရြးေကာက္ပြဲတြင္
ယွဥ္ၿပိဳင္ရန္ မူလ ေလွ်ာက္ထားသည့္ ကိုယ္စားလွယ္ေလာင္း ၆,၁၈၉ ဦးအနက္ ၆,၀၆၅
ေရြးခ်ယ္ခံရၿပီး ၁၂၄ ေယာက္ ပယ္ခ်ခံလုိက္ရျခင္းျဖစ္သည္။

ပယ္ခ်ခံလုိက္ရသည့္ ၁၂၄ ေယာက္အနက္ အမ်ားစုမွာ ရန္ကုန္တုိင္းေဒသႀကီးႏွင့္
ရခုိင္ျပည္နယ္တုိ႔မွျဖစ္သည္။

အမ်ဳိးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္က ရွစ္ဦး၊ အမ်ဳိးသား ဒီမုိကေရစီ အင္အားစုပါတီက သံုးဦး၊
ရွမ္းတုိင္းရင္းသားမ်ား ဒီမုိကရက္တစ္ပါတီက ႏွစ္ဦး၊ ဒီမုိကေရစီႏွင့္ လူ႔အခြင့္အေရးပါတီက ၁၆ ဦး၊
အမ်ဳိးသား ဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ပါတီက ေျခာက္ဦး၊ အမ်ဳိးသား ဖြံ႕ၿဖိဳးတိုးတက္ေရး
ဒီမုိကရက္တစ္ပါတီက ငါးဦး အျပင္ တစ္သီးပုဂၢလ ကိုယ္စားလွယ္မ်ားလည္း ပါ၀င္သည္။

ပယ္ခ်ခံရသည့္ အဓိက အေၾကာင္းျပခ်က္မွာ လႊတ္ေတာ္ေရြးေကာက္ပြဲဆုိင္ရာ ဥပေဒ ပုဒ္မ ၈ (က)
ႏွင့္ ၁၀ (င)အရ ျဖစ္သည္။

ျပည္သူ႔ လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္ႏွင့္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး လႊတ္ေတာ္
ေရြးေကာက္ပြဲဆုိင္ရာ ဥပေဒပုဒ္မ ၈ (က)အရ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအျဖစ္
အမည္စာရင္း တင္သြင္းသည့္အခ်ိန္တြင္ ျပည္သူ႔လႊတ္ေတာ္အတြက္ အသက္ ၂၅ ႏွစ္ ျပည့္ၿပီးသူ၊
အမ်ဳိးသားလႊတ္ေတာ္ႏွင့္ ျပည္နယ္ႏွင့္ တုိင္းေဒသႀကီးအတြက္ အသက္ ၃၀ ႏွစ္ဟု
သတ္မွတ္ထားၿပီး ကုိယ္စားလွယ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္ရသည့္ အခ်ိန္ႏွင့္ ျမန္မာႏုိင္ငံတြင္
တစ္ဆက္တည္း အနည္းဆံုး ၁၀ ႏွစ္ အေျခခ်ေနထုိင္ခဲ့သူ ျဖစ္ရမည္ဟု ေဖာ္ျပထားသည္။

ထုိ႔ျပင္ ပုဒ္မ ၁၀ (င)အရ ကုိယ္စားလွယ္ေလာင္း၏ မိဘမ်ားမွာ ၎ေမြးဖြားသည့္ အခ်ိန္တြင္
ႏုိင္ငံသား မျဖစ္ပါက ေရြးေကာက္တင္ေျမႇာက္ခြင့္ မရိွေစရဟု ျပ႒ာန္းထားသည္။

"ပါတီက စုစုေပါင္း ရွစ္ေယာက္ပယ္ခံရတယ္။ အဓိက ျမန္မာႏုိင္ငံမွာေနတာ ၁၀ ႏွစ္
တစ္ဆက္တည္းမျဖစ္တာရယ္၊ ေနာက္သူ ေမြးတဲ့အခ်ိန္မွာ မိဘေတြက ႏုိင္ငံသား မျဖစ္ဘူးလုိ႔
ယူဆခံရတဲ့ အတြက္ပါ။ သက္ဆုိင္ရာ ေကာ္မတီေတြမွာေတာ့ အားလံုးအတြက္ အယူခံ၀င္တယ္။
ဒါေပမဲ့ ေနာက္ဆံုး ပယ္ခ်ခံလုိက္ရတာပဲ"ဟု အမ်ဳိးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္မွ
ဗဟုိအလုပ္အမႈေဆာင္အဖြဲ႕၀င္ ဦး၀င္းထိန္က ေျပာသည္။

ကိုယ္စားလွယ္ေလာင္းအမ်ားစု ပယ္ခ်ခံရသည့္ ပါတီမွာ ဒီမုိကေရစီႏွင့္ လူ႔အခြင့္အေရးပါတီျဖစ္ၿပီး
အမည္စာရင္း တင္သြင္းသည့္ ကိုယ္စားလွယ္ေလာင္း ၁၇ ေယာက္အနက္ ၁၆ ေယာက္
အပယ္ခံရျပီး ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္အတြက္ တစ္ဦးသာ ယွဥ္ၿပိဳင္ခြင့္ရသည္။

ထို႔ျပင္ အမ်ဳိးသား ဖြ႕ံၿဖိဳးတုိးတက္ေရးႏွင့္ ၿငိမ္ခ်မ္းေရးပါတီမွာလည္း ကုိယ္စားလွယ္ေလာင္းအားလံုး
ပယ္ခ်ခံခဲ့ရသည္။

"ကြ်န္ေတာ့္ပါတီက ေျခာက္ေယာက္တင္တာ ေျခာက္ေယာက္စလုံး အပယ္ခံရတယ္။ အဓိက
အခ်က္က မိဘေတြက ေမြးတဲ့အခ်ိန္မွာ ႏုိင္ငံသား မျဖစ္လို႔ဆုိၿပီး ေကာ္မရွင္က
အေၾကာင္းျပန္ပါတယ္။ ကြ်န္ေတာ္တုိ႔ ျပည္နယ္အဆင့္မွာေကာ၊ ဗဟုိအဆင့္အထိ
ဥပေဒေၾကာင္းအရ အယူခံ၀င္ပါတယ္။ အခု ေတာ့အခ်ိန္ကုန္၊ လူပမ္း ျဖစ္တာေပါ့" ဟု
ပါတီ ဥကၠ႒ ဦးေဇာ္မင္းက ေျပာသည္။

မြတ္စလင္အမ်ားစု ပါ၀င္သည့္ ၎တုိ႔ ပါတီနည္းတူ အျခားပါတီမ်ားမွ
ကိုယ္စားလွယ္ေလာင္းမ်ားလည္း ပယ္ခ်ခံရမႈမ်ား ရိွေနရာ ေကာ္မရွင္၏ ဆံုးျဖတ္ခ်က္မွာ
ဥပေဒေၾကာင္းအရ မဟုတ္ဘဲ အစုိးရ၏ မူ၀ါဒေပၚတြင္ မူတည္ေနသည္ဟု ယူဆမိေၾကာင္း
ဦးေဇာ္မင္းက ေျပာသည္။

သို႔ေသာ္ ကိုယ္စားလွယ္အမ်ားစုကို ပယ္ခ်ခဲ့သည့္ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ ေရြးေကာက္ပြဲ
ေကာ္မရွင္အရာရိွ ဦးဆန္း၀င္းထြန္းကမူ ေကာ္မရွင္အေနျဖင့္ ကိုယ္စားလွယ္ေလာင္းမ်ား
စစ္ေဆးရာတြင္ လူမ်ဳိးေရး၊ ဘာသာေရးကို အေျခခံျခင္းမရိွဘဲ ဥပေဒေၾကာင္းအရသာ
ေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္ဟု ေျပာသည္။

"မေက်နပ္ဘူးဆုိရင္ တစ္ပတ္အတြင္း ဥပေဒေၾကာင္းအရ ျပည္နယ္ကို အယူခံ၀င္ႏုိင္ပါတယ္။
အယူခံ အဆင့္ကေတာ့ ျပည္နယ္ကပဲ ဆံုးျဖတ္တာ ျဖစ္တဲ့အတြက္ ဒါေတြကလည္း အဆင့္ဆင့္
စစ္ေဆးၿပီးမွ အတည္ျပဳ ေပးလုိ႕ ရတာမ်ဳိးပါ" ဟု ဦးဆန္း၀င္းထြန္းက ေျပာသည္။

မူလက သတ္မွတ္ထားသည့္ မဲဆႏၵနယ္ ၁,၁၇၁ အနက္ ၁၂ ေနရာအတြက္ ယွဥ္ၿပိဳင္ရန္
အမည္စာရင္း တင္သြင္းထားျခင္း မရွိသျဖင့္ အတည္ျပဳ စာရင္းတြင္ ပါ၀င္သည့္
ကုိယ္စားလွယ္ေလာင္းမ်ားသည္ ၁,၁၅၉ ေနရာအတြက္သာ ယွဥ္ၿပိဳင္ၾကရမည္ျဖစ္သည္။

၎မဲဆႏၵနယ္မ်ားအနက္ ရွမ္းျပည္နယ္တြင္ ကုိယ္စားလွယ္ေလာင္း အမ်ားဆံုး ယွဥ္ၿပိဳင္ျခင္းျဖစ္ၿပီး
ဒုတိယ အမ်ားဆံုးမွာ ရန္ကုန္တုိင္းေဒသႀကီးျဖစ္သည္။
http://myanmar.mmtimes.com/index.php/national-news/15888-2015-09-15-20-19-05.html
..................................
 ကိုယ်စားလှယ်လောင်း ၁၀၀ ကျော် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ချခံရ

    Print

    အိအိတိုးလွင်   |   Wednesday, 16 September 2015

မဲဆန္ဒရှင်စာရင်းများကို ယခုလ ၁၄ ရက်နေ့က စတင်ကြေညာထားရာ သာကေတ၌ လာရောက်ကြည့်ရှု့နေသူတစ်ဦး။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)မဲဆန္ဒရှင်စာရင်းများကို ယခုလ ၁၄ ရက်နေ့က စတင်ကြေညာထားရာ သာကေတ၌ လာရောက်ကြည့်ရှု့နေသူတစ်ဦး။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

မကြာမီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသူ
ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော်အနက် ၁၀၀ ကျော်ကို ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်က ပယ်ချလိုက်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏
ကိုယ်စားလှယ်လောင်းအတည်ပြုစာရင်းအရ နို၀င်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင်
ယှဉ်ပြိုင်ရန် မူလ လျှောက်ထားသည့် ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦးအနက် ၆,၀၆၅
ရွေးချယ်ခံရပြီး ၁၂၄ ယောက် ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

ပယ်ချခံလိုက်ရသည့် ၁၂၄ ယောက်အနက် အများစုမှာ ရန်ကုန်တိုင်းဒေသကြီးနှင့်
ရခိုင်ပြည်နယ်တို့မှဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရှစ်ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက သုံးဦး၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက နှစ်ဦး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ၁၆ ဦး၊
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီက ခြောက်ဦး၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး
ဒီမိုကရက်တစ်ပါတီက ငါးဦး အပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါ၀င်သည်။

ပယ်ချခံရသည့် အဓိက အကြောင်းပြချက်မှာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၈ (က)
နှင့် ၁၀ (င)အရ ဖြစ်သည်။

ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၈ (က)အရ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်
အမည်စာရင်း တင်သွင်းသည့်အချိန်တွင် ပြည်သူ့လွှတ်တော်အတွက် အသက် ၂၅ နှစ် ပြည့်ပြီးသူ၊
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအတွက် အသက် ၃၀ နှစ်ဟု
သတ်မှတ်ထားပြီး ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ရသည့် အချိန်နှင့် မြန်မာနိုင်ငံတွင်
တစ်ဆက်တည်း အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပုဒ်မ ၁၀ (င)အရ ကိုယ်စားလှယ်လောင်း၏ မိဘများမှာ ၎င်းမွေးဖွားသည့် အချိန်တွင်
နိုင်ငံသား မဖြစ်ပါက ရွေးကောက်တင်မြှောက်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

"ပါတီက စုစုပေါင်း ရှစ်ယောက်ပယ်ခံရတယ်။ အဓိက မြန်မာနိုင်ငံမှာနေတာ ၁၀ နှစ်
တစ်ဆက်တည်းမဖြစ်တာရယ်၊ နောက်သူ မွေးတဲ့အချိန်မှာ မိဘတွေက နိုင်ငံသား မဖြစ်ဘူးလို့
ယူဆခံရတဲ့ အတွက်ပါ။ သက်ဆိုင်ရာ ကော်မတီတွေမှာတော့ အားလုံးအတွက် အယူခံဝင်တယ်။
ဒါပေမဲ့ နောက်ဆုံး ပယ်ချခံလိုက်ရတာပဲ"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

ကိုယ်စားလှယ်လောင်းအများစု ပယ်ချခံရသည့် ပါတီမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီဖြစ်ပြီး
အမည်စာရင်း တင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၁၇ ယောက်အနက် ၁၆ ယောက်
အပယ်ခံရပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရသည်။

ထို့ပြင် အမျိုးသား ဖွ့ံဖြိုးတိုးတက်ရေးနှင့် ငြိမ်ချမ်းရေးပါတီမှာလည်း ကိုယ်စားလှယ်လောင်းအားလုံး
ပယ်ချခံခဲ့ရသည်။

"ကျွန်တော့်ပါတီက ခြောက်ယောက်တင်တာ ခြောက်ယောက်စလုံး အပယ်ခံရတယ်။ အဓိက
အချက်က မိဘတွေက မွေးတဲ့အချိန်မှာ နိုင်ငံသား မဖြစ်လို့ဆိုပြီး ကော်မရှင်က
အကြောင်းပြန်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်အဆင့်မှာကော၊ ဗဟိုအဆင့်အထိ
ဥပဒေကြောင်းအရ အယူခံဝင်ပါတယ်။ အခု တော့အချိန်ကုန်၊ လူပမ်း ဖြစ်တာပေါ့" ဟု
ပါတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ပြောသည်။

မွတ်စလင်အများစု ပါ၀င်သည့် ၎င်းတို့ ပါတီနည်းတူ အခြားပါတီများမှ
ကိုယ်စားလှယ်လောင်းများလည်း ပယ်ချခံရမှုများ ရှိနေရာ ကော်မရှင်၏ ဆုံးဖြတ်ချက်မှာ
ဥပဒေကြောင်းအရ မဟုတ်ဘဲ အစိုးရ၏ မူဝါဒပေါ်တွင် မူတည်နေသည်ဟု ယူဆမိကြောင်း
ဦးဇော်မင်းက ပြောသည်။

သို့သော် ကိုယ်စားလှယ်အများစုကို ပယ်ချခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွေးကောက်ပွဲ
ကော်မရှင်အရာရှိ ဦးဆန်းဝင်းထွန်းကမူ ကော်မရှင်အနေဖြင့် ကိုယ်စားလှယ်လောင်းများ
စစ်ဆေးရာတွင် လူမျိုးရေး၊ ဘာသာရေးကို အခြေခံခြင်းမရှိဘဲ ဥပဒေကြောင်းအရသာ
ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

"မကျေနပ်ဘူးဆိုရင် တစ်ပတ်အတွင်း ဥပဒေကြောင်းအရ ပြည်နယ်ကို အယူခံဝင်နိုင်ပါတယ်။
အယူခံ အဆင့်ကတော့ ပြည်နယ်ကပဲ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ဒါတွေကလည်း အဆင့်ဆင့်
စစ်ဆေးပြီးမှ အတည်ပြု ပေးလို့ ရတာမျိုးပါ" ဟု ဦးဆန်းဝင်းထွန်းက ပြောသည်။

မူလက သတ်မှတ်ထားသည့် မဲဆန္ဒနယ် ၁,၁၇၁ အနက် ၁၂ နေရာအတွက် ယှဉ်ပြိုင်ရန်
အမည်စာရင်း တင်သွင်းထားခြင်း မရှိသဖြင့် အတည်ပြု စာရင်းတွင် ပါ၀င်သည့်
ကိုယ်စားလှယ်လောင်းများသည် ၁,၁၅၉ နေရာအတွက်သာ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

၎င်းမဲဆန္ဒနယ်များအနက် ရှမ်းပြည်နယ်တွင် ကိုယ်စားလှယ်လောင်း အများဆုံး ယှဉ်ပြိုင်ခြင်းဖြစ်ပြီး
ဒုတိယ အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်သည်။

No comments:

Post a Comment