CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, September 13, 2015
ရတနာပြပွဲတွင် အစပြောက် ခိုးယူသွားသည့် ဒေါ်လာ သုံးသိန်းတန်စိန်
စက်တင်္ဘာလ ၁၃
နိုင်ငံတကာာ ကျောက်ကုန်သည်တွေ အများဆုံး လာရောက် ကြည့်ရှု ကြသည့် ထိုင်းနိုင်ငံ မွန်ထောင်ဌာနီက ရတနာပြပွဲ မှာ လုံခြုံရေးများ ထူထပ်စွာ စောင့် ကြပ်နေသည့်ကြားမှာ ဒေါ်လာသုံးသိန်း တန် စိန်ကို စက္ကန့် ပိုင်းအတွင် ခိုးယူသွားခဲ့သူ တရုတ်နိုင်ငံသူ ကျန်စူလင် Jiangsu Liang တို့ စုံတွဲက စိန်များကို ကြည့်ရှုနေရင်း အတုနဲ့ အစစ်လဲသွားခဲ့တာပါ။
ရတနာ ပြပွဲက CCTV ကင်မယာ မှတ်တမ်းနဲ့  ချက်ချင်း လိုက်ပြီး မင်္သကာသူ စုံတွဲကို ဖမ်းဆီးနိုင်ခဲ့ ပေမယ့်သူတို့ ဘာမှမသိရကြောင်း ငြင်းဆိုခဲ့ပါတယ်၊
သူတို့ နေတဲ့ ဟော်တည်ခန်းမှာ အသေးစိတ်ရှာကြတာ စိန်ကို မတွေ့ ရ ပါဘူး၊ သက်သေခံ စိန် ကိုမတွေ့ ရင် ကျန်စူလင် ကို လွှတ်ပေးရပါလိမ့်မယ်။
အမှုလိုက်ရာမှာ ဇွဲမလျှော့တဲ့ ထိုင်းရဲအရာရှိတွေက အဆိုပါစုံတွဲကို နောက်ဆုံး ဆေးရုံခေါ်ပြီး တကိုယ်လုံး စကင်ဖတ် ဓါတ်မှန်ရိုက်စစ်ဆေးတော့မှ အမျိုးသမီး ကိုယ်ထဲမှာ စိန်လုံးကို မြိုထားတာ ရှာတွေ့ ခဲ့ပါတယ်။
ဆရာဝန်တွေ မခွဲစိတ်ရဘဲ ၁၂နာရီကျော် ၀မ်းနုတ်ဆေးနဲ့ အစာအိမ်ကို ဆေးပြီး ထွက်လာတဲ့ အစာဟောင်းတွေကို စကာနဲ့  အထပ်ထပ် စစ်ပြီး စိန်ကို ပြန်ရအောင်ယူခဲ့ရပါတယ်။
Social Action for Women - SAW
Community Organization
https://www.facebook.com/Social-Action-for-Women-SAW
ရတနာပြပွဲတွင် အစပြောက် ခိုးယူသွားသည့် ဒေါ်လာ သုံးသိန်းတန်စိန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 13, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment