Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 10, 2015

မြန်မာသင်္ဘောသားများ လိုက်ပါသည့် မလေးရှားကုန်တင်သင်္ဘော ပျောက်ဆုံးနေ

မြန်မာအပါအ၀င် သင်္ဘောသား ၁၄ ဦး လိုက်ပါသွားတဲ့ မလေးရှား ကုန်တင် ပင်လယ်ကူးသင်္ဘာတစီးဟာ တောင်တရုတ်ပင်လယ်ထဲမှာ ပျောက်ဆုံးနေလို့ အာဏာပိုင်တွေက ရှာဖွေနေတယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။

မလေးရှားမှတ်ပုံတင် MV Sah Lian သင်္ဘောဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆာရာဝတ်ပြည်နယ် ကမ်းရိုးတန်းမှာ ခုတ်မောင်းနေစဉ် အဆက်အသွယ် ပြတ်သွားတာဖြစ်ပြီး သင်္ဘောပေါ်မှာ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ အိန္ဒိနိုင်ငံက သင်္ဘောသား ၁၄ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။

သင်္ဘောပေါ်မှာ သံထည်ပစ္စည်းတွေ၊ ပိုက်တွေနဲ့ စားသောက်ကုန်တွေ တင်ဆောင်ထားပြီး ကူချင်းမြို့ကနေ လမ်ဘန်းမြို့ကို သွားနေတာလို့လည်း ဆိုပါတယ်။

မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ ဘူဂျန်ပစ်က သင်္ဘောဟာ ပြန်ပေးဆွဲခံရပြီး မလေးရှား ရေပိုင်နက် အပြင်ဘက်ကို ထွက်သွားပြီလို့ ယုံကြည်တဲ့အကြောင်းနဲ့ တောင်တရုတ်ပင်လယ်အတွင်း မလေးရှားပြည်မကြီးနဲ့ ဘော်နီယိုကျွန်းအကြား အင်ဒိုနီးရှား ရေပိုင်နက် နာတူနာ ကျွန်းနားမှာ ရှိနေနိုင်တယ်လို့ ပြောပါတယ်။

မလေးရှား ရေကြောင်းဌာနက သင်္ဘော ၃ စီးနဲ့ ရှာဖွေနေပြီး ထိုင်းနဲ့ ဗီယက်နမ်တွေကိုလည်း အကူအညီ တောင်းထားတယ်လို့ ပြောပါတယ်။
dvb burmese

No comments:

Post a Comment