Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 20, 2015

ကြန္ပ်ဴတာတြင္ မဲစာရင္းထည့္သြင္းမႈ အဂၤလိပ္ အကၡရာအတိုင္း စဥ္ထားသည္ကို မဲစာရင္း ေၾကညာၿပီးမွ သိရဟု ဦးတင္ေအးဆို

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၉။ ။ ကြန္ပ်ဴတာ စနစ္အတြင္း မဲဆႏၵရွင္စာရင္း ထည့္သြင္းရာတြင္ အဂၤလိပ္ အကၡရာ (A-Z) အတိုင္း စဥ္ထားသည္ကို ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးမသိရွိဘဲ ျဖစ္ခဲ့ၿပီး မဲစာရင္း ေၾကညာၿပီးမွသာ သိရွိခဲ့ရသည္ဟု ဦးတင္ေအးကဆိုသည္။

ထို႔ေၾကာင့္ စက္တင္ဘာလ ၁၄ ရက္ မတုိင္ခင္ မဲဆႏၵရွင္စာရင္း ၾကည့္႐ႈမည့္ အမ်ားျပည္သူသုိ႔ ေရြးေကာက္ပြဲ ေကာ္မရွင္က ႀကိဳတင္၍ ပညာေပး လုပ္ေဆာင္ရမည့္ တာ၀န္တစ္ခုကုိ ေမ့ေလွ်ာ့ခဲ့ေၾကာင္းလည္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးတင္ေအးက ဝန္ခံသည္။

“ကြ်န္ေတာ္တုိ႔ က်ေတာ့ ကြန္ပ်ဴတာ ထည့္ရတာကုိး ကြန္ပ်ဴတာထဲ ထည့္ရတဲ့ အခါက်ေတာ့ D(အဂၤလိပ္အကၡရာ) က စလာတဲ့ အမ်ဳိးသမီးက အေပၚေရာက္ေနတာ ဦးဆုိေတာ့ ေအာက္ကုိ ဆင္းသြားတယ္ အဲ့ဒါမ်ဳိးေတြ ျဖစ္ကုန္တာေတြ ရွိတဲ့အခါက်ေတာ့ ကြ်န္ေတာ္တုိ႔က ဒါကုိ လူထုကုိ ႀကိဳ ပညာေပးရမွာ ကြ်န္ေတာ္တုိ႔ မေပးလုိက္မိဘူး” ဟု ဦးတင္ေအးက စက္တင္ဘာလ ၁၉ ရက္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ဒကၡိဏခ႐ိုင္ ပ်ဥ္မနားၿမိဳ႕နယ္ ေရႊခ်ီရပ္ကြပ္ ေကာ္မရွင္အဖြဲ႔ခြဲမ်ားႏွင့္ ေတြ႔ဆုံရာတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ အသီးသီးမွ ထုတ္ျပန္ထားသည့္ မဲဆႏၵရွင္ စာရင္းတြင္ ပါ၀င္သည့္ က်ား၊မ အမည္မ်ားကို ကြန္ပ်ဴတာတြင္ အဂၤလိပ္အကၡရာ အစဥ္လုိက္ ထည့္သြင္း၍ ေၾကညာခဲ့ရရာ လူထုသို႔ ႀကိဳတင္၍ ပညာေပးရမည္ကုိ မေဆာင္ရြက္ႏုိင္ခဲ့ေၾကာင္း ဦးတင္ေအးက ဆုိျခင္းျဖစ္သည္။

ဦးတင္ေအးသည္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ဒကၡိဏခ႐ိုင္ ရပ္ကြက္ ေကာ္မရွင္ အဖြဲ႔ခြဲမ်ားတြင္ မဲဆႏၵရွင္စာရင္း ေၾကညာထားမႈမ်ားကုိ စက္တင္ဘာလ(၁၉)ရက္ေန႔က သြားေရာက္ ၾကည့္႐ႈခဲ့ၿပီး ေကာ္မရွင္အဖြဲ႔ခြဲမ်ားမွ တာ၀န္ရွိသူမ်ားႏွင့္ေတြ႔ဆုံခဲ့သည္။

“မဲစာရင္းေတြ လုိက္ၾကည့္တာပါ အဆင္ေျပ မေျပလုိက္ၾကည့္တာပါပဲ ဘယ္လုိကပ္ထားလဲ လူထုေတြ ရွာရေဖြရ အဆင္ေျပရရဲ႕လား ဒါေလးေတြကုိ လုိက္ၾကည့္တာပါ” ဟု ဦးတင္ေအးက ေျပာသည္။

ထုိ႔ျပင္ အျခားတုိင္းႏွင့္ ျပည္နယ္မ်ားရွိ ရပ္ကြက္ေက်းရြာ ေကာ္မရွင္ ႐ံုးမ်ားတြင္ မဲစာရင္း ေၾကညာထားရွိမႈကုိလည္း သြားေရာက္ ၾကည့္႐ႈမည္ျဖစ္ေၾကာင္းလည္း ဦးတင္းေအးက ေျပာၾကားခဲ့သည္။

မဲစာရင္းၾကည့္႐ႈရာတြင္ အမ်ားျပည္သူမ်ားအေနႏွင့္ မိမိအမည္ရွာ၍ မေတြ႔ပါက အဆင္ေျပေစရန္ ေကာ္မရွင္႐ံုး အဖြဲ႔ခြဲမ်ားတြင္ အကူအညီ ရယူႏုိင္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွ တာ၀န္ရွိသူ တစ္ဦးကေျပာသည္။
Mizzima Burmese
........................................................
ကွန်ပျူတာတွင် မဲစာရင်းထည့်သွင်းမှု အင်္ဂလိပ် အက္ခရာအတိုင်း စဉ်ထားသည်ကို မဲစာရင်း ကြေညာပြီးမှ သိရဟု ဦးတင်အေးဆို

နေပြည်တော်၊ စက်တင်ဘာ ၁၉။ ။ ကွန်ပျူတာ စနစ်အတွင်း မဲဆန္ဒရှင်စာရင်း ထည့်သွင်းရာတွင် အင်္ဂလိပ် အက္ခရာ (A-Z) အတိုင်း စဉ်ထားသည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမသိရှိဘဲ ဖြစ်ခဲ့ပြီး မဲစာရင်း ကြေညာပြီးမှသာ သိရှိခဲ့ရသည်ဟု ဦးတင်အေးကဆိုသည်။

ထို့ကြောင့် စက်တင်ဘာလ ၁၄ ရက် မတိုင်ခင် မဲဆန္ဒရှင်စာရင်း ကြည့်ရှုမည့် အများပြည်သူသို့ ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်၍ ပညာပေး လုပ်ဆောင်ရမည့် တာဝန်တစ်ခုကို မေ့လျှော့ခဲ့ကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဝန်ခံသည်။

“ကျွန်တော်တို့ ကျတော့ ကွန်ပျူတာ ထည့်ရတာကိုး ကွန်ပျူတာထဲ ထည့်ရတဲ့ အခါကျတော့ D(အင်္ဂလိပ်အက္ခရာ) က စလာတဲ့ အမျိုးသမီးက အပေါ်ရောက်နေတာ ဦးဆိုတော့ အောက်ကို ဆင်းသွားတယ် အဲ့ဒါမျိုးတွေ ဖြစ်ကုန်တာတွေ ရှိတဲ့အခါကျတော့ ကျွန်တော်တို့က ဒါကို လူထုကို ကြို ပညာပေးရမှာ ကျွန်တော်တို့ မပေးလိုက်မိဘူး” ဟု ဦးတင်အေးက စက်တင်ဘာလ ၁၉ ရက် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်မနားမြို့နယ် ရွှေချီရပ်ကွပ် ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ ထုတ်ပြန်ထားသည့် မဲဆန္ဒရှင် စာရင်းတွင် ပါ၀င်သည့် ကျား၊မ အမည်များကို ကွန်ပျူတာတွင် အင်္ဂလိပ်အက္ခရာ အစဉ်လိုက် ထည့်သွင်း၍ ကြေညာခဲ့ရရာ လူထုသို့ ကြိုတင်၍ ပညာပေးရမည်ကို မဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးတင်အေးက ဆိုခြင်းဖြစ်သည်။

ဦးတင်အေးသည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲများတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားမှုများကို စက်တင်ဘာလ(၁၉)ရက်နေ့က သွားရောက် ကြည့်ရှုခဲ့ပြီး ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

“မဲစာရင်းတွေ လိုက်ကြည့်တာပါ အဆင်ပြေ မပြေလိုက်ကြည့်တာပါပဲ ဘယ်လိုကပ်ထားလဲ လူထုတွေ ရှာရဖွေရ အဆင်ပြေရရဲ့လား ဒါလေးတွေကို လိုက်ကြည့်တာပါ” ဟု ဦးတင်အေးက ပြောသည်။

ထို့ပြင် အခြားတိုင်းနှင့် ပြည်နယ်များရှိ ရပ်ကွက်ကျေးရွာ ကော်မရှင် ရုံးများတွင် မဲစာရင်း ကြေညာထားရှိမှုကိုလည်း သွားရောက် ကြည့်ရှုမည်ဖြစ်ကြောင်းလည်း ဦးတင်းအေးက ပြောကြားခဲ့သည်။

မဲစာရင်းကြည့်ရှုရာတွင် အများပြည်သူများအနေနှင့် မိမိအမည်ရှာ၍ မတွေ့ပါက အဆင်ပြေစေရန် ကော်မရှင်ရုံး အဖွဲ့ခွဲများတွင် အကူအညီ ရယူနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
Mizzima Burmese

No comments:

Post a Comment