၂ဝ၁၆ခုႏွစ္မွာ အေမရိကန္ႏိုင္ငံသမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဟီလာရီကလင္တန္ဟာ ၂ဝ၁၃ခုႏွစ္က လန္ဒန္ၿမိဳ႕Chatham Houseမွာ “The Royal Institute of International Affairs”ဆုကိုယူဖို႔ သြားေရာက္ခဲ့ပါတယ္။
အဲဒီေန႔က မိုးအရမ္း႐ြာေနခဲ့ၿပီး သူရဲ႕ကိုယ္ရံေတာ္ငါးဦးဟာ ကားရပ္နားရာေနရာမွာရပ္ထားတဲ့ ကားထဲမွာ ဟီလာရီကိုေစာင့္ေနခဲ့ပါတယ္။ အဲဒီကားရပ္နားရာေနရာက တစ္နာရီ စတာလင္(၃.၃ဝ)ေပါင္ေပးရတဲ့ေနရာျဖစ္ပါတယ္။ ဒါေပမယ့္ ကိုယ္ရံေတာ္ေတြက ကားထဲမွာလူ႐ွိေနရင္ ကားရပ္နားခေပးစရာမလိုဘူးလို႔ ထင္ခဲ့ပါတယ္။ ၿပီးေတာ့ သူတို႔ဟာ ႀကီးမားတဲ့တာဝန္ကိုထမ္း႐ြက္ေနၾကသူမို႔ ကားရပ္နားခကို အေလးမထားခဲ့ၾကပါဘူး။
ယာဥ္ထိန္းသိမ္းေရးဝန္ထမ္းက သူတို႔ကို သတ္မွတ္တဲ့ကားရပ္နားခ်ိန္ေက်ာ္ရင္ ရပ္နားခေပးေဆာင္ရမယ့္အေၾကာင္း ယဥ္ယဥ္ေက်းေက်း ႐ွင္းျပခဲ့ပါတယ္။ တကယ္လို႔ ယာဥ္ရပ္နားခမေပးေဆာင္ရင္ သတ္မွတ္ထားတဲ့ျပစ္ဒဏ္ခံရမယ္လို႔လည္း ေျပာပါတယ္။ ရပ္နားခမေပးေဆာင္ခ်င္ရင္ အခမဲ့ယာဥ္ရပ္နားတဲ့ေနရာ႐ွာၿပီး ရပ္နားႏိုင္တယ္လို႔လည္း ႐ွင္းျပပါတယ္။ ဒါေပမယ့္ ကိုယ္ရံေတာ္ေတြက ဂ႐ုမစိုက္ခဲ့ပါဘူး။
သတ္မွတ္ထားတဲ့ရပ္နားခ်ိန္ ၄၅မိနစ္ေက်ာ္လြန္တာနဲ႔ ယာဥ္ထိန္းသိမ္းေရးဝန္ထမ္းဟာ ေပါင္၈ဝေပးေဆာင္ရမယ့္ ျပစ္ဒဏ္စာ႐ြက္တစ္႐ြက္ကိုေရးၿပီး ဟီလာရီစီးလာတဲ့ကားျပတင္းေပါက္ေပၚမွာ တင္ထားခဲ့လိုက္ပါတယ္။ ျပစ္ဒဏ္စာ႐ြက္ေပၚမွာက သတ္မွတ္ထားတဲ့ျပစ္ဒဏ္ေငြကို ၁၄ရက္အတြင္းေပးေဆာင္ပါက ဒဏ္ေငြတစ္ဝက္ေလ်ာ့ေပါ့ႏိုင္ေၾကာင္း၊ သတ္မွတ္ရက္ေက်ာ္လြန္ပါက အားလံုးေပးေဆာင္ရမည္ျဖစ္ေၾကာင္း၊ အကယ္၍ တမင္မေပးေဆာင္ပါက ယာဥ္ထိန္းဌာနမွ တရား႐ံုးသို႔တိုင္ၾကားႏိုင္ေၾကာင္း၊ တရား႐ံုးမွတဆင့္ တရားစဲြဆိုႏိုင္ေၾကာင္း ေသေသခ်ာခ်ာေရးသားထားပါတယ္။
ယာဥ္ထိန္းဝန္ထမ္းက “ခင္ဗ်ားတို႔က ထူးျခားတဲ့ဧည့္သည္ေတာ္ေတြဆိုတာ ကၽြန္ေတာ္သိတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က ကၽြန္ေတာ့္ရဲ႕တာဝန္ကို ထမ္းေဆာင္ေနတာပါ။ ေနာင္ျဖစ္လာမယ့္အက်ဳိးရလဒ္က ကၽြန္ေတာ္နဲ႔မဆိုင္ေတာ့ပါဘူး” လို႔ဆိုပါတယ္။
ဒီအျဖစ္အပ်က္ကို ဟီလာရီသိၿပီးတဲ့ေနာက္ မ်က္ႏွာပ်က္သြားတယ္ဆိုေပမယ့္ အဂၤလန္အစိုးရဆီ ဒီျပစ္ဒဏ္ေငြကို မင္းတို႔ကိုယ္တိုင္ေဆာင္ပါလို႔ ကိုယ္ရံေတာ္ေတြကိုမေျပာခဲ့သလို ျပစ္ဒဏ္လြတ္ကင္းခြင့္ေပးဖို႔ သံတမန္ေရးရာကိုလည္း အသံုးမျပဳခဲ့ပါဘူး။ ၂ရက္အၾကာမွာ သူ႔ကိုင္ပိုင္ခရက္တစ္ကတ္န႔ဲ ျပစ္ဒဏ္ေငြေပါင္ ၄ဝကိုေပးေဆာင္ခဲ့ပါတယ္။
ဒါကို ကိုယ္ရံေတာ္တစ္ဦးသိေတာ့ မေက်မနပ္နဲ႔ “တစ္ဘက္က ခင္ဗ်ားကို ဆုခ်ီးျမႇင့္ၿပီး တစ္ဘက္က ဒီလိုယာဥ္နားခေလးေတာင္ အလြတ္မေပးပါလား။ ဒါဟာ လူကိုတမင္ခံရခက္ေအာင္ လုပ္တာနဲ႔ မတူဘူးလား” လို႔ဆိုေတာ့ ဟီလာရီက …
“အဲဒီ ယာဥ္ထိန္းဝန္ထမ္းက ေလးစားအတုယူထိုက္တဲ့လူဆိုတာကို မင္းတို႔မသိၾကဘူးလား။ ျပည္တြင္းမွာပဲေနေန ဘယ္ေဒသပဲေရာက္ေရာက္ အဲဒီေဒသရဲ႕ဥပေဒနဲ႔ စည္းကမ္းစည္းမ်ဥ္းေတြကိုေဖာက္ဖ်က္ဖို႔ ငါတို႔မွာအရည္အခ်င္းမ႐ွိဘူး၊ ဆင္ျခင္ေတြေပးစရာမ႐ွိဘူး” လို႔ ျပန္ေျဖခဲ့ပါတယ္။
source: http://www.dailymail.co.uk/…/Hillary-Clinton-pays-40-fine-L…
ႏိုင္းႏိုင္းစေန (Sept. 15. 2015)
.............................................................................
ဟီလာရီနဲ့ ပြစ်ဒဏ်စာရွက်
၂ဝ၁၆ခုနှစ်မှာ အမေရိကန်နိုင်ငံသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်ဟာ ၂ဝ၁၃ခုနှစ်က လန်ဒန်မြို့Chatham Houseမှာ “The Royal Institute of International Affairs”ဆုကိုယူဖို့ သွားရောက်ခဲ့ပါတယ်။
အဲဒီနေ့က မိုးအရမ်းရွာနေခဲ့ပြီး သူရဲ့ကိုယ်ရံတော်ငါးဦးဟာ ကားရပ်နားရာနေရာမှာရပ်ထားတဲ့ ကားထဲမှာ ဟီလာရီကိုစောင့်နေခဲ့ပါတယ်။ အဲဒီကားရပ်နားရာနေရာက တစ်နာရီ စတာလင်(၃.၃ဝ)ပေါင်ပေးရတဲ့နေရာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ရံတော်တွေက ကားထဲမှာလူရှိနေရင် ကားရပ်နားခပေးစရာမလိုဘူးလို့ ထင်ခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ ကြီးမားတဲ့တာဝန်ကိုထမ်းရွက်နေကြသူမို့ ကားရပ်နားခကို အလေးမထားခဲ့ကြပါဘူး။
ယာဉ်ထိန်းသိမ်းရေးဝန်ထမ်းက သူတို့ကို သတ်မှတ်တဲ့ကားရပ်နားချိန်ကျော်ရင် ရပ်နားခပေးဆောင်ရမယ့်အကြောင်း ယဉ်ယဉ်ကျေးကျေး ရှင်းပြခဲ့ပါတယ်။ တကယ်လို့ ယာဉ်ရပ်နားခမပေးဆောင်ရင် သတ်မှတ်ထားတဲ့ပြစ်ဒဏ်ခံရမယ်လို့လည်း ပြောပါတယ်။ ရပ်နားခမပေးဆောင်ချင်ရင် အခမဲ့ယာဉ်ရပ်နားတဲ့နေရာရှာပြီး ရပ်နားနိုင်တယ်လို့လည်း ရှင်းပြပါတယ်။ ဒါပေမယ့် ကိုယ်ရံတော်တွေက ဂရုမစိုက်ခဲ့ပါဘူး။
သတ်မှတ်ထားတဲ့ရပ်နားချိန် ၄၅မိနစ်ကျော်လွန်တာနဲ့ ယာဉ်ထိန်းသိမ်းရေးဝန်ထမ်းဟာ ပေါင်၈ဝပေးဆောင်ရမယ့် ပြစ်ဒဏ်စာရွက်တစ်ရွက်ကိုရေးပြီး ဟီလာရီစီးလာတဲ့ကားပြတင်းပေါက်ပေါ်မှာ တင်ထားခဲ့လိုက်ပါတယ်။ ပြစ်ဒဏ်စာရွက်ပေါ်မှာက သတ်မှတ်ထားတဲ့ပြစ်ဒဏ်ငွေကို ၁၄ရက်အတွင်းပေးဆောင်ပါက ဒဏ်ငွေတစ်ဝက်လျော့ပေါ့နိုင်ကြောင်း၊ သတ်မှတ်ရက်ကျော်လွန်ပါက အားလုံးပေးဆောင်ရမည်ဖြစ်ကြောင်း၊ အကယ်၍ တမင်မပေးဆောင်ပါက ယာဉ်ထိန်းဌာနမှ တရားရုံးသို့တိုင်ကြားနိုင်ကြောင်း၊ တရားရုံးမှတဆင့် တရားစွဲဆိုနိုင်ကြောင်း သေသေချာချာရေးသားထားပါတယ်။
ယာဉ်ထိန်းဝန်ထမ်းက “ခင်ဗျားတို့က ထူးခြားတဲ့ဧည့်သည်တော်တွေဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ရဲ့တာဝန်ကို ထမ်းဆောင်နေတာပါ။ နောင်ဖြစ်လာမယ့်အကျိုးရလဒ်က ကျွန်တော်နဲ့မဆိုင်တော့ပါဘူး” လို့ဆိုပါတယ်။
ဒီအဖြစ်အပျက်ကို ဟီလာရီသိပြီးတဲ့နောက် မျက်နှာပျက်သွားတယ်ဆိုပေမယ့် အင်္ဂလန်အစိုးရဆီ ဒီပြစ်ဒဏ်ငွေကို မင်းတို့ကိုယ်တိုင်ဆောင်ပါလို့ ကိုယ်ရံတော်တွေကိုမပြောခဲ့သလို ပြစ်ဒဏ်လွတ်ကင်းခွင့်ပေးဖို့ သံတမန်ရေးရာကိုလည်း အသုံးမပြုခဲ့ပါဘူး။ ၂ရက်အကြာမှာ သူ့ကိုင်ပိုင်ခရက်တစ်ကတ်နဲ့ ပြစ်ဒဏ်ငွေပေါင် ၄ဝကိုပေးဆောင်ခဲ့ပါတယ်။
ဒါကို ကိုယ်ရံတော်တစ်ဦးသိတော့ မကျေမနပ်နဲ့ “တစ်ဘက်က ခင်ဗျားကို ဆုချီးမြှင့်ပြီး တစ်ဘက်က ဒီလိုယာဉ်နားခလေးတောင် အလွတ်မပေးပါလား။ ဒါဟာ လူကိုတမင်ခံရခက်အောင် လုပ်တာနဲ့ မတူဘူးလား” လို့ဆိုတော့ ဟီလာရီက …
“အဲဒီ ယာဉ်ထိန်းဝန်ထမ်းက လေးစားအတုယူထိုက်တဲ့လူဆိုတာကို မင်းတို့မသိကြဘူးလား။ ပြည်တွင်းမှာပဲနေနေ ဘယ်ဒေသပဲရောက်ရောက် အဲဒီဒေသရဲ့ဥပဒေနဲ့ စည်းကမ်းစည်းမျဉ်းတွေကိုဖောက်ဖျက်ဖို့ ငါတို့မှာအရည်အချင်းမရှိဘူး၊ ဆင်ခြင်တွေပေးစရာမရှိဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။
source: http://www.dailymail.co.uk/…/Hillary-Clinton-pays-40-fine-L…
နိုင်းနိုင်းစနေ (Sept. 15. 2015)
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, September 20, 2015
ဟီလာရီနဲ႔ ျပစ္ဒဏ္စာ႐ြက္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
September 20, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
September 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment