CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, September 20, 2015
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆၀၀၀ ေက်ာ္မွာ ဖြင့္ဟမေျပာလို႔တဲ့ လိင္တူခ်င္းခ်စ္ခင္စံုမက္သူ LGBT ေတြပါ၀င္မႈရွိလာတယ္
ေရြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆၀၀၀ ေက်ာ္ထဲမွာ ဖြင့္ဟေျပာလို႔မရတဲ့ လိင္တူခ်င္းခ်စ္ခင္စံုမက္သူ LGBT ေတြပါ၀င္မႈရွိလာတယ္လို႔ လိင္တူခ်င္းခ်စ္ခင္စံုမက္သူ LGBT ေတြအေရး တက္ၾကြစြာ လႈပ္ရွား ေဆာင္ရြက္ေနသူ လူ႔အခြင့္အေရးပညာေပးလုပ္ငန္းေတြကို လုပ္ေဆာင္ေနတဲ့ Equality Myanmar ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
MCN သတင္းဌာနက စီစဥ္တင္ဆက္ေနတဲ့ Streamiz Show အစီအစဥ္အတြက္ အေမရိကန္ျပည္ေထာင္စုမွာ ေရာက္ရွိေနတဲ့ ဦးေအာင္မ်ိဳးမင္းကို ဆက္သြယ္ေမးျမန္းစဥ္ ေျဖၾကားမႈေတြထဲမွာ သူက အဲ့ဒီလို ထုတ္ေဖာ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။
ဒါအျပင္ ဖြဲ႔စည္းအပံုအေျခခံဥပေဒအရ လိင္တူခ်င္း ခ်စ္ခင္စံုမက္သူေတြရဲ႕ ေရြးေကာက္တင္ေျမႇာက္ခံပိုင္ကို ဥပေဒအရ ကန္႔သက္ထားမႈမရွိေပမယ့္လည္း လူ႔အဖြဲ႔အစည္းရဲ႕ လိင္တူခ်င္း ခ်စ္ခင္စံုမက္သူေတြအေပၚ နားလည္ လက္ခံႏိုင္မႈအလြန္တရာ နည္းပါးေနေသးတာေၾကာင့္ ေရြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြထဲက လိင္တူခ်င္းခ်စ္ခင္စံုမက္သူေတြ မိမိကိုယ္မိမိ လိင္တူခ်င္း ခ်စ္ခင္စံုမက္သူပါလို႔ ထုတ္ေဖာ္ေျပာဆိုၿပီး ေရြးေကာက္ပြဲမွာ ၀င္ေရာက္မယွဥ္ၿပိဳင္ႏိုင္တာျဖစ္တယ္လို႔လည္း ေျပာၾကားလိုက္တာျဖစ္ပါတယ္။
အျပည့္အစံုကိုေတာ့ မၾကာခင္မွာ တင္ဆက္ေပးဖို႔ရွိေနတဲ့ MCN သတင္းခန္းရဲ႕ Streamiz Show အစီအစဥ္ မွာ ေစာင့္ေမွ်ာ္ၾကည့္ရႈ႕ႏိုင္မွာျဖစ္ပါတယ္။
ဒီအစီအစဥ္မွာဆိုရင္ေတာ့ ျမန္မာျပည္ထဲက လိင္တူခ်င္းခ်စ္ခင္စံုမက္သူ LGBT ေတြ ေရြးေကာက္ပြဲကို ဘယ္လို ပါ၀င္ၾကမွာလဲ။ LGBT ေတြက ဘယ္လို ကိုယ္စားလွယ္ေလာင္းေတြကို ဆႏၵမဲေပး ေရြးခ်ယ္ၾကမလဲ။ လြတ္လပ္သန္႔ရွင္းၿပီး တရားမွ်တမႈရွိတဲ့ ေရြးေကာက္တစ္ရပ္ျဖစ္ဖို႔ LGBT ေတြ ဘယ္လို ပါ၀င္ေဆာင္ရြက္ေနၾကလဲ။ ႏိုင္ငံသားတစ္ေယာက္ခ်င္းစီရဲ႕ အျမင့္ဆံုးအခြင့္အေရးျဖစ္တဲ့ လြတ္လပ္စြာေရြးခ်ယ္တင္ေျမႇာက္ခြင့္ေတြကိုေရာ LGBT ေတြ အျပည့္အ၀ရၾကရဲ႕လား။ ေရြးေကာက္ပြဲ ကာလအတြင္းမွာ LGBT ေတြရဲ႕ ျဖစ္တည္မႈကို ပ်က္ရယ္ျပဳတဲ့ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္တဲ့ လုပ္ရပ္ေတြ မျဖစ္ေပၚဖို႔ LGBT ေတြရဲ႕အေရးေဆာင္ရြက္ေနသူေတြ ဘာေတြျပင္ဆင္ထားၾကလဲ စတဲ့ အေၾကာင္းအရာေတြကို ေတြ႔ျမင္ၾကရမွာျဖစ္ပါတယ္။
http://www.mcntv.biz/2015-general-election/4115/
...........................................................
လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်မှာ ဖွင့်ဟမပြောလို့တဲ့ လိင်တူချင်းချစ်ခင်စုံမက်သူ LGBT တွေပါ၀င်မှုရှိလာတယ်
ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော်ထဲမှာ ဖွင့်ဟပြောလို့မရတဲ့ လိင်တူချင်းချစ်ခင်စုံမက်သူ LGBT တွေပါ၀င်မှုရှိလာတယ်လို့ လိင်တူချင်းချစ်ခင်စုံမက်သူ LGBT တွေအရေး တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေသူ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ Equality Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
MCN သတင်းဌာနက စီစဉ်တင်ဆက်နေတဲ့ Streamiz Show အစီအစဉ်အတွက် အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းစဉ် ဖြေကြားမှုတွေထဲမှာ သူက အဲ့ဒီလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါအပြင် ဖွဲ့စည်းအပုံအခြေခံဥပဒေအရ လိင်တူချင်း ချစ်ခင်စုံမက်သူတွေရဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ကို ဥပဒေအရ ကန့်သက်ထားမှုမရှိပေမယ့်လည်း လူ့အဖွဲ့အစည်းရဲ့ လိင်တူချင်း ချစ်ခင်စုံမက်သူတွေအပေါ် နားလည် လက်ခံနိုင်မှုအလွန်တရာ နည်းပါးနေသေးတာကြောင့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲက လိင်တူချင်းချစ်ခင်စုံမက်သူတွေ မိမိကိုယ်မိမိ လိင်တူချင်း ချစ်ခင်စုံမက်သူပါလို့ ထုတ်ဖော်ပြောဆိုပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်မယှဉ်ပြိုင်နိုင်တာဖြစ်တယ်လို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။
အပြည့်အစုံကိုတော့ မကြာခင်မှာ တင်ဆက်ပေးဖို့ရှိနေတဲ့ MCN သတင်းခန်းရဲ့ Streamiz Show အစီအစဉ် မှာ စောင့်မျှော်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာဆိုရင်တော့ မြန်မာပြည်ထဲက လိင်တူချင်းချစ်ခင်စုံမက်သူ LGBT တွေ ရွေးကောက်ပွဲကို ဘယ်လို ပါ၀င်ကြမှာလဲ။ LGBT တွေက ဘယ်လို ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေး ရွေးချယ်ကြမလဲ။ လွတ်လပ်သန့်ရှင်းပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်တစ်ရပ်ဖြစ်ဖို့ LGBT တွေ ဘယ်လို ပါ၀င်ဆောင်ရွက်နေကြလဲ။ နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ အမြင့်ဆုံးအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာရွေးချယ်တင်မြှောက်ခွင့်တွေကိုရော LGBT တွေ အပြည့်အဝရကြရဲ့လား။ ရွေးကောက်ပွဲ ကာလအတွင်းမှာ LGBT တွေရဲ့ ဖြစ်တည်မှုကို ပျက်ရယ်ပြုတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ လုပ်ရပ်တွေ မဖြစ်ပေါ်ဖို့ LGBT တွေရဲ့အရေးဆောင်ရွက်နေသူတွေ ဘာတွေပြင်ဆင်ထားကြလဲ စတဲ့ အကြောင်းအရာတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆၀၀၀ ေက်ာ္မွာ ဖြင့္ဟမေျပာလို႔တဲ့ လိင္တူခ်င္းခ်စ္ခင္စံုမက္သူ LGBT ေတြပါ၀င္မႈရွိလာတယ္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
September 20, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
September 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment