Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

အမျိုးသားများရဲ့သုတ်ပိုး ဘေးကင်းလုံခြုံစေမယ့် စမတ်ဖုန်းကာဗာ




Victor.PaaTung

စမတ်ဖုန်းကို ဖောင်းဘီအိတ်ထဲ ထည့်သယ်ရတာ အဆင်ပြေကောင်းပြေနိုင်ပေမယ့် သင့်သုတ်ပိုးအရေတွက်ကို ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။ WaveWall လို့ခေါ်တဲ့ အိတ်ခွံသစ် တစ်မျိုးက သင့်ကပ္ပယ်အိပ်ကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ရောင်ခြည်မှ ကာကွယ်ပေးပါတယ်။

ယင်းအိတ်ခွံကို သားရည်အနက်ဖြင့် ပြုလုပ်ထားတာဖြစ်ပေမယ့် ဓာတ်ရောင်ခြည်တွေ စုပ်ယူတဲ့ အကွယ်အကာပါးအလွှာတစ်ခု ပါဝင်တယ်။

လှပခမ်းနားတဲ့ ဒီအိတ်ခွံက ရေဒီယိုဓာတ်ရောင်ခြည်ကို စုပ်ယူနေပေမယ့် ပုံမှန်ဖုန်းဆစ်နယ်လ်နဲ့ ဝိုင်ဖိုင်က ထိခိုက်ခြင်းမရှိပါဘူး။ ဒါ့ကြောင့်မို့ ဖုန်းခေါ်ဆိုမှုနဲ့ အီးမေးလ်တွေကို လက်ခံရယူနိုင်ပါသေးတယ်။

၎င်းအိတ်ခွံထုတ်လုပ်သော ကုမ္ပဏီရဲ့အဆိုအရ ဖုန်းဓာတ်ရောင်ခြည်ဖြာထွက်ခြင်းဟာ သုတ်ပိုး ထိခိုက်မှုဖြစ်စေနိုင်ကြောင်း အမျိုးသားအများစု မသိကြပါဘူး။ အသက် ၁၈ နဲ့ ၂၅ နှစ်ကြား ကျန်းမာနေသူ လူရွယ်အမျိုးသား ၅ ဦးမှာ ၁ ဦးမှာ သုတ်ပိုးအရေတွက် လျော့နည်းကြောင်း ပြောဆိုကြပါတယ်။

အမျိုးသားများ မျိုးမအောင်တဲ့ ပြသနာဟာ သိပ္ပံဘာသာရပ်နယ်ပယ်မှာ သိသိသာသာ များလာနေကြောင်း သတိထားမိလာတဲ့ အရာတစ်ခုဖြစ်တယ်လို့ WaveWall ရဲ့ မန်နီးဂျင်းဒါရိုက်တာ Harry Gardiner က ရှင်းပြခဲ့ပါတယ်။

ကံကောင်းထောက်မှုစွာနဲ့ ဒီ WaveWall ဟာ မမွေးသေးတဲ့ သင့်အနာဂတ်ကလေးတွေကို ကယ်တင်ပေးနေတဲ့အပြင် သင့်စမတ်ဖုန်းကို ကုပ်မိခြစ်မိခြင်းမရှိအောင်လည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။

Ref: standardmedia
http://www.trend.com.mm/2015/09/01/lifestyle-7544

No comments:

Post a Comment