Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 28, 2015

ဂရိနိုင်ငံတွင် ရှေးဟောင်းနန်းတော်ပျက် တစ်ခုကို သုတေသီများ ရှာဖွေတွေ့ရှိ



Ancient Greek palace unearthed near Sparta dates back to 17th century BC

အေသင် ၊ ၂၇-၈-၂၀၁၅

ဂရိနိုင်ငံ ရှေးဟောင်း သုတေသန  ပညာရှင် များသည် ဘီစီ ၁၇ ရာစု Mycenaean ခေတ် အစပိုင်းက တည်ရှိခဲ့သော ရှေးဟောင်း နန်းတော်ပျက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ယင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ဘီစီ ၁၆ နှင့် ၁၇ ရာစု အတွင်းက ဆောက်လုပ်ခဲ့ဖွယ် ရှိသည့် အဆိုပါ နန်းတော်တွင် အခန်းပေါင်း ၁ဝ ခန်း ပါဝင်ပြီး ယင်း နန်းတော်ကို ပညာရှင်များက စပါတာမြို့ အနီး၌ ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန က သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် သုတေသီ များသည် ယင်းနေရာတွင် နံရံဆေးရေး ပန်းချီ အပိုင်းအစများ၊ ဓားရှည်များ၊ နွားသိုးခေါင်းများ၊ ဘာသာရေး ဆိုင်ရာ ပစ္စည်းများနှင့် ရွှံ့စေးဖြင့် ပြုလုပ်ထားသော ရုပ်တုများ ကိုလည်း ရှာဖွေတွေ့ရှိ ခဲ့သည်။

ပညာရှင် များသည် အဆိုပါ ဒေသအတွင်း၌ ရှာဖွေ တူးဖော်ရေး လုပ်ငန်းများကို ၂ဝဝ၉ ခုနှစ်မှ စတင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ယင်း နေရာအနီးမှ Linear B အမည်ရှိ ဘာသာရေး အခမ်းအနားများ၊ အမည်များနှင့် နန်းတော်များ အကြောင်းကို လက်ရေးမူဖြင့် ရေးသား ထားသော ကျောက်စာများ ကိုလည်း တူးဖော်တွေ့ရှိ ခဲ့သည်။

ယခု ရှာဖွေတွေ့ရှိ မှုကြောင့် အဆိုပါ ဒေသအတွင်း နေထိုင်ခဲ့သည့် လူ့အဖွဲ့အစည်း ၊ စီးပွားရေး ၊ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးတို့ကို သုတေသန ပြုလုပ်ရာတွင် ပိုမို အထောက်အကူ ပြုပေးနိုင်မည် ဖြစ်ပြီး Mycenaean ခေတ်ကာလ အတွင်းက လူများ၏ ဘာသာစကား၊ ဘာသာရေး အယူဝါဒများ နှင့် သက်ဆိုင်သည့် အချက်အလက် များကို လေ့လာနိုင်မည် ဖြစ်ကြောင်း သုတေသီ များက ပြောကြား ထားသည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment