Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 18, 2015

လူသေတွေနဲ့ အကောင်းဆုံး selfie ရိုက်နိုင်သူတွေကို ဆုပေးနေတဲ့ ရုရှား လူမှုကွန်ရက်တစ်ခုကို ရဲတွေ စုံစမ်းစစ်ဆေးနေ

ရုရှားရဲတွေဟာ နာမည်ကြီးလူမှုကွန်ရက်တစ်ခုပေါ်က အွန်လိုင်းဓာတ်ပုံပြိုင်ပွဲတစ်ခုကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

နေ့ စဉ်သုံးစွဲသူဦးရေ သန်း ၇၀ ကျော်ရှိတဲ့ Facebook ပုံစံ ရုရှားလူမှုကွန်ရက်ဆိုက် တစ်ခု VK က အွန်လိုင်းစာမျက်နှာတစ်ခုဟာ အသုံးပြုသူတွေကို လူသေနဲ့ ရိုက်ထားတဲ့ selfie တွေ တင်ခိုင်းပြီး အကောင်းဆုံးဓာတ်ပုံကို ရူဘယ်ငွေ ၅၀၀၀ (ပေါင် ၅၀) ချီးမြှင့်လျက်ရှိပါတယ်။ အဆိုပါပြိုင်ပွဲ စီစဉ်သူတွေဟာ အနိဠာရုံပြိုင်ပွဲအတွက် စည်းကမ်းတွေလည်း ချမှတ်ထားပြီး selfie ရိုက်သူတွေအနေနဲ့  ကွယ်လွန်သူဟာ ကောင်းမွန်ရာ ဘုံဘ၀ရောက်ရှိသွားပြီဖြစ်ကြောင်း ပြသတဲ့အနေနဲ့ လူသေနဲ့ selfie ရိုက်ကူးရာမှာ ပြုံးနေရမယ်လို့ ဆိုပါတယ်။

“ကွယ်လွန်ပြီးသူနဲ့ selfie” လို့ အမည်ပေးထားတဲ့ အဆိုပါစာမျက်နှာမှာ နာရေးအိမ်က လူသေအလောင်းတွေနဲ့ selfie ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ပြည့်နှက်နေတယ်လို့  သိရပါတယ်။ ရုရှားရဲတွေဟာ အဆိုပါပြိုင်ပွဲကို စီစဉ်သူတစ်ဦး သို့ မဟုတ် အဖွဲ့ တစ်ခုကို အရေးယူနိုင်ဖို့ အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

အဆိုပါ Page ကို ထူထောင်သူလို့ ပြောကြားထားတဲ့ အသက် ၂၈ နှစ်အရွယ် Polyakov ဆိုသူက “ သေဆုံးသွားပြီဖြစ်တဲ့ ဆွေမျိုးသားချင်းနဲ့ အမှတ်တရဓာတ်ပုံရိုက်တာက မကောင်းတဲ့ အလုပ်မဟုတ်ပါဘူး” လို့ ရှင်းပြခဲ့ပါတယ်။

trend myanmar

No comments:

Post a Comment